ဘရိုက်တန်ဂိုးသမား ဆန်းချက်ကို (၇)နှစ်သက်တမ်းစာချုပ်ဖြင့် အပြီးသတ်ခေါ်ယူလိုက်တဲ့ ချဲလ်ဆီး

 375

Pika (NP News) - သြဂုတ် ၆

ချယ်လ်ဆီးအသင်းသည် ဘရိုက်တန်ဂိုးသမား ရောဘတ်ဆန်းချက်ကို ပေါင်(၂၅)သန်းဖြင့် အပြီးသတ်ခေါ်ယူလိုက် ပြီဖြစ်ကြောင်း အတည်ပြုပြောခဲ့သည်။

ဆန်းချက်သည် ချဲလ်ဆီးအသင်းတွင် (၂ဝ၃ဝ) ပြည့်နှစ်အထိ ကစားရမည့် (၇)နှစ်သက်တမ်းရှိ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး နံပါတ်(၁)ဂျာစီကို ရယူနိုင်ရန်အတွက် ချဲလ်ဆီးဂိုးသမား Kepa Arrizabalaga နှင့် ယှဉ်ပြိုင် သွားရန် ရည်မှန်းထားကြောင်း သိရသည်။

ချဲလ်ဆီးအသင်းတွဲဖက်အားကစားဒါရိုက်တာ Paul Winstanley နှင့် Laurence Stewart က "ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာတဲ့အတွက် ဆန်းချက်ကို တကယ်ကိုကျေးဇူးတင်မိပါတယ်။ပြီးတော့ ဆန်းချက်ကို ခေါ်ယူလိုက်နိုင် ခြင်းဟာ ကျွန်တော်တို့အသင်းရဲ့ဂိုးသမားပိုင်းနဲ့ပတ်သက်ပြီး နောက်ထပ်ကောင်းမွန်တဲ့အရည်အသွေးရှိတဲ့လူကို ထည့်သွင်းနိုင်ခဲ့တာပါပဲ။ ဆန်းချက်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကာကွယ်ပေးမှုတွေ လုပ်နိုင်ခဲ့တယ်ဆို တာကိုသက်သေပြနိုင်ခဲ့သလို သူ့နိုင်ငံအသင်းအတွက်လည်း အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ လာမယ့် ပရီးမီးယားလိဂ်ရာသီမှာ နည်းပြပိုချက်တီနိုနဲ့ ဆန်းချက်တို့ ဘယ်လိုအလုပ်တွဲလုပ်သွားမလဲဆိုတာကို ကြည့်ရဖို့ အတွက် တကယ်ကိုစိတ်လှုပ်ရှားမိပါတယ်" ဟု ပြောခဲ့သည်။

ဆန်းချက်သည် လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလတွင် ချဲလ်ဆီးအသင်းက ခေါ်ယူလိုက်သော နောက်ဆုံး ကစားသမားတစ်ဦးဖြစ်ကြောင်း သိရသည်။ ဆန်းချက်သည် ဘရိုက်တန်အသင်းတွင် ကစားနေစဉ်အချိန်တည်းက Levi Colwill ၊Marc Cucurella တို့နှင့် သိကျွမ်းခဲ့ပြီး စပိန်လက်ရွေးစင်အသင်းတွင် Kepa Arrizabalaga နှင့် လက်တွဲကစားခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version;
ဘ႐ိုက္တန္ဂိုးသမား ဆန္းခ်က္ကို (၇)ႏွစ္သက္တမ္းစာခ်ဳပ္ျဖင့္ အၿပီးသတ္ေခၚယူလိုက္တဲ့ ခ်ဲလ္ဆီး
Pika (NP News) - ၾသဂုတ္ ၆

ခ်ယ္လ္ဆီးအသင္းသည္ ဘ႐ိုက္တန္ဂိုးသမား ေရာဘတ္ဆန္းခ်က္ကို ေပါင္(၂၅)သန္းျဖင့္ အၿပီးသတ္ေခၚယူလိုက္ ၿပီျဖစ္ေၾကာင္း အတည္ျပဳေျပာခဲ့သည္။

ဆန္းခ်က္သည္ ခ်ဲလ္ဆီးအသင္းတြင္ (၂ဝ၃ဝ) ျပည့္ႏွစ္အထိ ကစားရမည့္ (၇)ႏွစ္သက္တမ္းရွိ သေဘာတူစာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္ၿပီး နံပါတ္(၁)ဂ်ာစီကို ရယူႏိုင္ရန္အတြက္ ခ်ဲလ္ဆီးဂိုးသမား Kepa Arrizabalaga ႏွင့္ ယွဥ္ၿပိဳင္ သြားရန္ ရည္မွန္းထားေၾကာင္း သိရသည္။

ခ်ဲလ္ဆီးအသင္းတြဲဖက္အားကစားဒါ႐ိုက္တာ Paul Winstanley ႏွင့္ Laurence Stewart က "ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕လာတဲ့အတြက္ ဆန္းခ်က္ကို တကယ္ကိုေက်းဇူးတင္မိပါတယ္။ၿပီးေတာ့ ဆန္းခ်က္ကို ေခၚယူလိုက္ႏိုင္ ျခင္းဟာ ကြၽန္ေတာ္တို႔အသင္းရဲ႕ဂိုးသမားပိုင္းနဲ႔ပတ္သက္ၿပီး ေနာက္ထပ္ေကာင္းမြန္တဲ့အရည္အေသြးရွိတဲ့လူကို ထည့္သြင္းႏိုင္ခဲ့တာပါပဲ။ ဆန္းခ်က္ဟာ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးကာကြယ္ေပးမႈေတြ လုပ္ႏိုင္ခဲ့တယ္ဆို တာကိုသက္ေသျပႏိုင္ခဲ့သလို သူ႔ႏိုင္ငံအသင္းအတြက္လည္း အေကာင္းဆုံးစြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။ လာမယ့္ ပရီးမီးယားလိဂ္ရာသီမွာ နည္းျပပိုခ်က္တီႏိုနဲ႔ ဆန္းခ်က္တို႔ ဘယ္လိုအလုပ္တြဲလုပ္သြားမလဲဆိုတာကို ၾကည့္ရဖို႔ အတြက္ တကယ္ကိုစိတ္လႈပ္ရွားမိပါတယ္" ဟု ေျပာခဲ့သည္။

ဆန္းခ်က္သည္ လက္ရွိေႏြရာသီအေျပာင္းအေ႐ႊ႕ကာလတြင္ ခ်ဲလ္ဆီးအသင္းက ေခၚယူလိုက္ေသာ ေနာက္ဆုံး ကစားသမားတစ္ဦးျဖစ္ေၾကာင္း သိရသည္။ ဆန္းခ်က္သည္ ဘ႐ိုက္တန္အသင္းတြင္ ကစားေနစဥ္အခ်ိန္တည္းက Levi Colwill ၊Marc Cucurella တို႔ႏွင့္ သိကြၽမ္းခဲ့ၿပီး စပိန္လက္ေ႐ြးစင္အသင္းတြင္ Kepa Arrizabalaga ႏွင့္ လက္တြဲကစားခဲ့ဖူးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.