မာရဝိဇယရုပ်ပွားတော် နှင့် ကျောက်စာရုံစေတီများကို စတင်ဖူးမြော်ခွင့်ရသည့် ပထမဆုံးနေ့၌ ဘုရားဖူးပြည်သူ (၁၀၀၀၀)နီးပါး လာရောက်ဟုဆို

5929
ယွန်း (NP News) - သြဂုတ် ၈
မာရဝိဇယရုပ်ပွားတော်ကြီး နှင့် ကျောက်စာရုံစေတီများကို စတင်ဖူးမြော်ခွင့်ရသည့် ပထမနေ့၌ ဘုရားဖူးပြည်သူ (၁၀၀၀၀)နီးပါး လာရောက်ဖူးမြော်ခဲ့ကြောင်း သတင်းရရှိသည်။

မာရဝိဇယရုပ်ပွားတော်ကြီးကို ယနေ့(သြဂုတ်လ ၈ ရက်)မှ သြဂုတ်လ(၁၆)ရက်အထိ မည်သူမဆို လုံခြုံ ရေးအရ စစ်ဆေးမှုခံယူပြီး အခမဲ့ဝင်ရောက် ဖူးမြော်ကြည်ညိုခွင့်ပြုထားကြောင်း နစကမှ ထုတ်ပြန်ထားပြီးဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်အရ ယနေ့တွင် ဘုရားဖူးလာရောက်သူဦးရေသည် (၁ဝဝဝဝ) နီးပါးရှိခဲ့ကြောင်း မာရဝိဇယဗုဒ္ဓဥယျာဥ်တော်မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
“ဘုရားဖူးလာရောက်သူတွေထဲမှာ ဌာနဆိုင်ရာကလူတွေလည်း ပါတယ်။ မနက်(၆)နာရီကနေ (၅)နာရီအထိကိုပေါ့။ ခုထိလည်း လာနေကြတုန်းပါပဲ။ ပြည်ပဘုရားဖူးကတော့ မရှိသေးဘူး” ဟု ၎င်းက NP News ကိုပြောသည်။
လာရောက်ဖူးမြော်သူများတွင် သံဃာ(၃၉၉)ပါး အပါအဝင် သီလရှင် (၇၅)ပါး၊ ဌာနဆိုင်ရာဝန်ထမ်း (၄ဝဝဝ)နီးပါး၊ ပြည်သူ (၆ဝဝဝ)ကျော် တို့ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် ရုပ်ပွားတော်ကြီးအား အခမဲ့လာရောက်ဖူးမြော်ခွင့်ပေးထားပြီး သြဂုတ်လ(၁၆)ရက်နောက် ပိုင်းမှစတင်၍ နိုင်ငံတကာ ထုံးတမ်းအစဥ်အလာနှင့်အညီ သတ်မှတ်အခကြေးငွေဖြင့် ဖူးမြော်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်း လင်း တောက်ပလျက်ရှိစေရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်ချက်(၄)ရပ်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။

zawgyi version
မာရဝိဇယ႐ုပ္ပြားေတာ္ ႏွင့္ ေက်ာက္စာ႐ုံေစတီမ်ားကို စတင္ဖူးေျမာ္ခြင့္ရသည့္ ပထမဆုံးေန႔၌ ဘုရားဖူးျပည္သူ (၁၀၀၀၀)နီးပါး လာေရာက္ဟုဆို
ယြန္း (NP News) - ၾသဂုတ္ ၈
မာရဝိဇယ႐ုပ္ပြားေတာ္ႀကီး ႏွင့္ ေက်ာက္စာ႐ုံေစတီမ်ားကို စတင္ဖူးေျမာ္ခြင့္ရသည့္ ပထမေန႔၌ ဘုရားဖူးျပည္သူ (၁၀၀၀၀)နီးပါး လာေရာက္ဖူးေျမာ္ခဲ့ေၾကာင္း သတင္းရရွိသည္။
မာရဝိဇယ႐ုပ္ပြားေတာ္ႀကီးကို ယေန႔(ၾသဂုတ္လ ၈ ရက္)မွ ၾသဂုတ္လ(၁၆)ရက္အထိ မည္သူမဆို လုံၿခဳံ ေရးအရ စစ္ေဆးမႈခံယူၿပီး အခမဲ့ဝင္ေရာက္ ဖူးေျမာ္ၾကည္ညိဳခြင့္ျပဳထားေၾကာင္း နစကမွ ထုတ္ျပန္ထားၿပီးျဖစ္သည္။
အဆိုပါ ထုတ္ျပန္ခ်က္အရ ယေန႔တြင္ ဘုရားဖူးလာေရာက္သူဦးေရသည္ (၁ဝဝဝဝ) နီးပါးရွိခဲ့ေၾကာင္း မာရဝိဇယဗုဒၶဥယ်ာဥ္ေတာ္မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
“ဘုရားဖူးလာေရာက္သူေတြထဲမွာ ဌာနဆိုင္ရာကလူေတြလည္း ပါတယ္။ မနက္(၆)နာရီကေန (၅)နာရီအထိကိုေပါ့။ ခုထိလည္း လာေနၾကတုန္းပါပဲ။ ျပည္ပဘုရားဖူးကေတာ့ မရွိေသးဘူး” ဟု ၎က NP News ကိုေျပာသည္။
လာေရာက္ဖူးေျမာ္သူမ်ားတြင္ သံဃာ(၃၉၉)ပါး အပါအဝင္ သီလရွင္ (၇၅)ပါး၊ ဌာနဆိုင္ရာဝန္ထမ္း (၄ဝဝဝ)နီးပါး၊ ျပည္သူ (၆ဝဝဝ)ေက်ာ္ တို႔ပါဝင္ေၾကာင္း သိရသည္။
လက္ရွိတြင္ ႐ုပ္ပြားေတာ္ႀကီးအား အခမဲ့လာေရာက္ဖူးေျမာ္ခြင့္ေပးထားၿပီး ၾသဂုတ္လ(၁၆)ရက္ေနာက္ ပိုင္းမွစတင္၍ ႏိုင္ငံတကာ ထုံးတမ္းအစဥ္အလာႏွင့္အညီ သတ္မွတ္အခေၾကးေငြျဖင့္ ဖူးေျမာ္ခြင့္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ျမန္မာႏိုင္ငံ ေထရဝါဒဗုဒၶသာသနာေတာ္ႀကီး ခိုင္မာစြာထြန္း လင္း ေတာက္ပလ်က္ရွိေစရန္၊ ျမန္မာႏိုင္ငံသည္ ေထရဝါဒဗုဒၶဘာသာကိုးကြယ္မႈ၏ ဗဟိုခ်က္ျဖစ္ေစရန္၊ ႏိုင္ငံေတာ္ႀကီး သာယာဝေျပာမႈရွိေစရန္ႏွင့္ ကမာၻႀကီးၿငိမ္းခ်မ္းသာယာမႈျဖစ္ေစရန္ ရည္႐ြယ္ခ်က္(၄)ရပ္ျဖင့္ တည္ထားကိုးကြယ္ခဲ့ျခင္းျဖစ္သည္။