မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် (၁၉)ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်မှု ဘုတလင်မြို့၌ ဖြစ်ပွား

1318
မျိုးကြီး (NP News) - သြဂုတ် ၈
မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် (၁၉)ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားမှု စစ်ကိုင်းတိုင်း၊ ဘုတင်လင်မြို့၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အင်အား(၂၀)ဦးခန့်ရှိသော အကြမ်းဖက်အဖွဲ့သည် ယမန်နေ့(သြဂုတ်လ ၇ ရက်)၊ နေ့လည် ၁ နာရီ ၄၅ မိနစ်အချိန်တွင် ဘုတလင်မြို့နယ်မီးသတ်ရုံးသို့ လာရောက်ကာ လက်နက်ကြီးဖြင့် (၃)ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှအရာရှိတစ်ဦးက NP News ကို ပြောသည်။
အကြမ်းဖက်အဖွဲ့သည် ယင်းကဲ့သို့ ပစ်ခတ်ခဲ့ပြီးနောက် မီးသတ်ရုံးအတွင်းသို့ ဝင်ရောက်လာကာ ရုံးအတွင်း၌ လက်နက်ကြီး ဘေးအန္တရာယ်ရှောင်ရှားနေသည့် မီးသတ်တပ်ဖွဲ့ဝင် (၁၁)ဦးနှင့် ၎င်းတို့၏ မိသားစုဝင် (၈)ဦး စုစုပေါင်း(၁၉)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
“အကြမ်းဖက်အင်အား (၂၀)လောက်က မီးသတ်စခန်းနားကို ရောက်လာတယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ မီးသတ်စခန်းကို (၃)ချက်လောက်ပစ်တယ်။ ပစ်တော့ မီးသတ်တပ်ဖွဲ့ဝင်ရော၊ မိသားစုဝင်တွေရောက စခန်းက နှစ်ထပ်ဆိုတော့ အောက်ထပ်မှာ စုနေကြတာပေါ့။ စုနေတဲ့အချိန်မှာ ဝင်လာပြီးတော့ အကုန်လုံးကို ခေါ်သွားတာပေါ့။ ကားလည်း နှစ်စီးပါသွားတယ်။ မီးသတ်ကားပေါ်တင်ပြီး ခေါ်သွားတာပေါ့။ မိသားစုဝင်က (၈)ယောက်၊ တပ်ဖွဲ့ဝင်က (၁၁)ယောက် စုစုပေါင်း (၁၉)ယောက်ပေါ့။ အဲဒီအထဲမှာ (၃)နှစ်သားကလေးတွေ ပါတယ်။ ကလေးအမေတွေရော ပါသွားတာပေါ့” ဟု မီးသတ်တပ်ဖွဲ့မှ အရာရှိက ပြောသည်။
၎င်းကဲ့သို့ အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသော မီးသတ်တပ်ဖွဲ့ဝင်များအနက် ကံကောင်းစွာဖြင့် ကလေးအား ကျောင်းလိုက်ပို့ပေးနေသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးနှင့် ဈေးဝယ်ထွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှာ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ခဲ့သည်။
ထိုသို့ ဖမ်းဆီးခံခဲ့ရသော မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ အခြေအနေအား လိုက်လံစုံစမ်းနေသော်လည်း လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။
“ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေဆိုတာ ပြည်သူလူထုကြားမှာ အနီးဆုံးရှိပြီးတော့မှ ပြည်သူလူထုရဲ့ မီးဘေးလုံခြုံရေးကို တာဝန်ထမ်းဆောင်တဲ့သူတွေပါ။ ဘယ်အစိုးရပဲ တက်တက်၊ ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ် အရေးကြီးတာက မြို့ထဲရွာထဲမှာ မီးမလောင်ဖို့။ အခုဆိုရင် သဘာဝဘေးအန္တရာယ်တွေ ကျရောက်တယ်။ သစ်ပင်တွေလဲတယ်၊ ကားတိုက်မှုတွေဖြစ်တယ်ဆိုရင် လူတွေကို ကူညီဖို့ ရှိနေတဲ့အဖွဲ့အစည်းပါ။ ကျွန်တော်တို့က အားကိုးရာမဲ့တာပေါ့ဗျာ။ ဘာလက်နက်မှ မရှိတာ။ ရေနဲ့ ပက်ရုံကလွဲလို့ ဘာမှလုပ်လို့ မရဘူး။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သေနတ်လည်း ရှိတာမဟုတ်ဘူး။ အခုလို ဝင်အလုပ်ခံရတာ တော်တော်စိတ်မကောင်း ဖြစ်တယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေဆိုတာ ပြည်သူလူထုကို ဘယ်လိုကူညီရမလဲ စဉ်းစားနေတဲ့သူတွေပါ” ဟု မီးသတ်အရာရှိတစ်ဦးက ပြောသည်။
ကမ္ဘာပေါ်ရှိ စစ်ပွဲများ၌ မီးသတ်တပ်ဖွဲ့ဝင်များကို လက်နက်ကိုင်များက ရန်ရှာတိုက်ခိုက်ခြင်းမရှိသော် လည်း မြန်မာနိုင်ငံ၌ ယခုကဲ့သို့ မီးသတ်တပ်ဖွဲ့ဝင်များ ရန်ပြုခံနေရသည်မှာ မဖြစ်သင့်ကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
ထို့ကြောင့် ဘုတလင်မြို့နယ်မီးသတ်ရုံးမှ ဖမ်းဆီးခေါ်ဆောင်သွားသော မီးသတ်တပ်ဖွဲ့ဝင် (၁၁)ဦးနှင့် ကလေးသူငယ်များ အပါအဝင် မိသားစုဝင် (၈)ဦး စုစုပေါင်း (၁၉)ဦးကို ပြန်လည်လွှတ်ပေးစေလိုကြောင်း မီးသတ်အရာရှိက တောင်းဆိုထားသည်။
အဆိုပါ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို NUG လက်အောက်ခံ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္ (၁၉)ဦးကို အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးေခၚေဆာင္မႈ ဘုတလင္ၿမိဳ႕၌ ျဖစ္ပြား
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၈
မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္ (၁၉)ဦးကို အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားမႈ စစ္ကိုင္းတိုင္း၊ ဘုတင္လင္ၿမိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
အင္အား(၂၀)ဦးခန႔္ရွိေသာ အၾကမ္းဖက္အဖြဲ႕သည္ ယမန္ေန႔(ၾသဂုတ္လ ၇ ရက္)၊ ေန႔လည္ ၁ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ဘုတလင္ၿမိဳ႕နယ္မီးသတ္႐ုံးသို႔ လာေရာက္ကာ လက္နက္ႀကီးျဖင့္ (၃)ခ်က္ခန႔္ ပစ္ခတ္ခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕မွအရာရွိတစ္ဦးက NP News ကို ေျပာသည္။
အၾကမ္းဖက္အဖြဲ႕သည္ ယင္းကဲ့သို႔ ပစ္ခတ္ခဲ့ၿပီးေနာက္ မီးသတ္႐ုံးအတြင္းသို႔ ဝင္ေရာက္လာကာ ႐ုံးအတြင္း၌ လက္နက္ႀကီး ေဘးအႏၲရာယ္ေရွာင္ရွားေနသည့္ မီးသတ္တပ္ဖြဲ႕ဝင္ (၁၁)ဦးႏွင့္ ၎တို႔၏ မိသားစုဝင္ (၈)ဦး စုစုေပါင္း(၁၉)ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
“အၾကမ္းဖက္အင္အား (၂၀)ေလာက္က မီးသတ္စခန္းနားကို ေရာက္လာတယ္။ ၿပီးေတာ့ လက္နက္ႀကီးေတြနဲ႔ မီးသတ္စခန္းကို (၃)ခ်က္ေလာက္ပစ္တယ္။ ပစ္ေတာ့ မီးသတ္တပ္ဖြဲ႕ဝင္ေရာ၊ မိသားစုဝင္ေတြေရာက စခန္းက ႏွစ္ထပ္ဆိုေတာ့ ေအာက္ထပ္မွာ စုေနၾကတာေပါ့။ စုေနတဲ့အခ်ိန္မွာ ဝင္လာၿပီးေတာ့ အကုန္လုံးကို ေခၚသြားတာေပါ့။ ကားလည္း ႏွစ္စီးပါသြားတယ္။ မီးသတ္ကားေပၚတင္ၿပီး ေခၚသြားတာေပါ့။ မိသားစုဝင္က (၈)ေယာက္၊ တပ္ဖြဲ႕ဝင္က (၁၁)ေယာက္ စုစုေပါင္း (၁၉)ေယာက္ေပါ့။ အဲဒီအထဲမွာ (၃)ႏွစ္သားကေလးေတြ ပါတယ္။ ကေလးအေမေတြေရာ ပါသြားတာေပါ့” ဟု မီးသတ္တပ္ဖြဲ႕မွ အရာရွိက ေျပာသည္။
၎ကဲ့သို႔ အၾကမ္းဖက္အဖြဲ႕၏ ဖမ္းဆီးျခင္းခံခဲ့ရေသာ မီးသတ္တပ္ဖြဲ႕ဝင္မ်ားအနက္ ကံေကာင္းစြာျဖင့္ ကေလးအား ေက်ာင္းလိုက္ပို႔ေပးေနသည့္ မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦးႏွင့္ ေဈးဝယ္ထြက္ေနသည့္ မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦးမွာ ဖမ္းဆီးခံရျခင္းမွ လြတ္ေျမာက္ခဲ့သည္။
ထိုသို႔ ဖမ္းဆီးခံခဲ့ရေသာ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ား၏ အေျခအေနအား လိုက္လံစုံစမ္းေနေသာ္လည္း လက္ရွိအခ်ိန္ထိ အဆက္အသြယ္မရေသးေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ တပ္ဖြဲ႕ဝင္ေတြဆိုတာ ျပည္သူလူထုၾကားမွာ အနီးဆုံးရွိၿပီးေတာ့မွ ျပည္သူလူထုရဲ႕ မီးေဘးလုံၿခဳံေရးကို တာဝန္ထမ္းေဆာင္တဲ့သူေတြပါ။ ဘယ္အစိုးရပဲ တက္တက္၊ ဘယ္သူပဲ အုပ္ခ်ဳပ္အုပ္ခ်ဳပ္ အေရးႀကီးတာက ၿမိဳ႕ထဲ႐ြာထဲမွာ မီးမေလာင္ဖို႔။ အခုဆိုရင္ သဘာဝေဘးအႏၲရာယ္ေတြ က်ေရာက္တယ္။ သစ္ပင္ေတြလဲတယ္၊ ကားတိုက္မႈေတြျဖစ္တယ္ဆိုရင္ လူေတြကို ကူညီဖို႔ ရွိေနတဲ့အဖြဲ႕အစည္းပါ။ ကြၽန္ေတာ္တို႔က အားကိုးရာမဲ့တာေပါ့ဗ်ာ။ ဘာလက္နက္မွ မရွိတာ။ ေရနဲ႔ ပက္႐ုံကလြဲလို႔ ဘာမွလုပ္လို႔ မရဘူး။ ကြၽန္ေတာ္တို႔က ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔ ေသနတ္လည္း ရွိတာမဟုတ္ဘူး။ အခုလို ဝင္အလုပ္ခံရတာ ေတာ္ေတာ္စိတ္မေကာင္း ျဖစ္တယ္။ မီးသတ္တပ္ဖြဲ႕ဝင္ေတြဆိုတာ ျပည္သူလူထုကို ဘယ္လိုကူညီရမလဲ စဥ္းစားေနတဲ့သူေတြပါ” ဟု မီးသတ္အရာရွိတစ္ဦးက ေျပာသည္။
ကမာၻေပၚရွိ စစ္ပြဲမ်ား၌ မီးသတ္တပ္ဖြဲ႕ဝင္မ်ားကို လက္နက္ကိုင္မ်ားက ရန္ရွာတိုက္ခိုက္ျခင္းမရွိေသာ္ လည္း ျမန္မာႏိုင္ငံ၌ ယခုကဲ့သို႔ မီးသတ္တပ္ဖြဲ႕ဝင္မ်ား ရန္ျပဳခံေနရသည္မွာ မျဖစ္သင့္ေၾကာင္းလည္း ၎က ထပ္မံေျပာသည္။
ထို႔ေၾကာင့္ ဘုတလင္ၿမိဳ႕နယ္မီးသတ္႐ုံးမွ ဖမ္းဆီးေခၚေဆာင္သြားေသာ မီးသတ္တပ္ဖြဲ႕ဝင္ (၁၁)ဦးႏွင့္ ကေလးသူငယ္မ်ား အပါအဝင္ မိသားစုဝင္ (၈)ဦး စုစုေပါင္း (၁၉)ဦးကို ျပန္လည္လႊတ္ေပးေစလိုေၾကာင္း မီးသတ္အရာရွိက ေတာင္းဆိုထားသည္။
အဆိုပါ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ားကို NUG လက္ေအာက္ခံ ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(ပကဖ)က ဖမ္းဆီးထိန္းသိမ္းထားျခင္းျဖစ္ေၾကာင္း သိရသည္။