ဗြိတိန်ကမ္ဘာ့ထရိုင်ရက်သလွန် ချန်ပီယံရှစ် အားကစားပြိုင်ပွဲမှာ ရေမသန့်ရှင်းမှုကြောင့် ရေကူးပြိုင်ပွဲဝင် အနည်းဆုံး ၅၇ ဦး ဖျားနာခဲ့ရ

 594

ရောင်နီ (NP News) - သြဂုတ် ၈

ဗြိတိန်နိုင်ငံ၊ ကမ္ဘာ့ထရိုင်ရက်သလွန် ချန်ပီယံရှစ်အားကစားပြိုင်ပွဲမှာ ပင်လယ်ရေ ရေကူးပြိုင်ပွဲမှ ပြိုင်ပွဲဝင် အနည်းဆုံး လူ ၅၇ ဦးထက်မနည်း ဝမ်းလျှောခြင်းနဲ့ အော့အန်ခြင်းတို့ ခံစားခဲ့ရကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ (သြဂုတ်လ ၆ ရက်) က ဗြိတိန်အရှေ့မြောက်ပိုင်း၊ ဆန်းဒါးလန်းမြို့၊ Roker ကမ်းခြေမှာ ကမ္ဘာ့ထရိုင်ရက်သလွန် ချန်ပီယံရှစ်အားကစားပြိုင်ပွဲ ကျင်းပခဲ့ပြီး လူပေါင်း ၂ဝဝဝ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး UK Health Security Agency က ရောဂါဖြစ်ပွားရခြင်းနဲ့ ဖြစ်နိုင်ချေအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး ထိခိုက်ခဲ့သူတွေဆီက နမူနာတစ်ခုစီယူကာ စမ်းသပ်စစ်ဆေးမယ်လို့ သိရပါတယ်။

ပြိုင်ပွဲမစမီ ရက်ပိုင်းအလို ဇူလိုင်လ နှောင်းပိုင်းက Roker ကမ်းခြေမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီမှ ပြုလုပ်တဲ့ ပုံမှန်စမ်းသပ်စစ်ဆေးမှုများအရ ရေထဲမှာ E coli ဘတ်တီးရီးယားများ မြင့်မားစွာ ပါဝင်နေတာတွေ့ရပါတယ်။ ဒါပေမယ့် ဗြိတိန်ထရိန်ရက်တလွန် အုပ်ချုပ်ရေးအဖွဲ့ က သီတင်းပတ်ကုန် ပွဲစဉ်များအပြီးမှာမှ အဆိုပါသတင်းကို ထုတ်ပြန်ခဲ့ပါတယ်။

ပါဝင်သူတွေထဲက တစ်ဦးဖြစ်တဲ့ သြစတြေးလျအားကစားသမား ဂျိတ်ဘရစ်ဝစ်စတယ်က ၄င်းပြိုင်ပွဲဝင်ပြီးကတည်းက အဆိပ်သင့်လက္ခဏာတွေ ခံစားခဲ့ရပြီး Roker ကမ်းခြေရဲ့ရေစမ်းသပ်မှုရလဒ်တွေ ထွက်လာကတည်းက ရေကူးပြိုင်ပွဲကို ဖျက်သိမ်းလိုက်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါကမ်းခြေဟာ မိလ္လာစွန့်ထုတ်မှုနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူများနဲ့ အစိုးရကြား ကာလရှည်ကြာ အငြင်းပွားနေတဲ့နေရာလည်းဖြစ်ပါတယ်။ ၂ဝ၂၁ ခုနှစ်မှစ Roker ကမ်းခြေမှာ ရေအရည်အသွေး အပျက်သဘောဆောင်တဲ့သက်ရောက်မှုတွေ ရှိနေကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ရေအရည်အသွေး ယာယီကျဆင်းသွားတာဖြစ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင် အေဂျင်စီက ပြောကြားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မှာလည်း မကြာသေးမီက မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေထုညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အိုလံပစ်အကြိုဖွင့်ပွဲ ရေကူးပြိုင်ပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။

Zawgyi Version;
ၿဗိတိန္ကမာၻ႔ထ႐ိုင္ရက္သလြန္ ခ်န္ပီယံရွစ္ အားကစားၿပိဳင္ပြဲမွာ ေရမသန္႔ရွင္းမႈေၾကာင့္ ေရကူးၿပိဳင္ပြဲဝင္ အနည္းဆုံး ၅၇ ဦး ဖ်ားနာခဲ့ရ
ေရာင္နီ (NP News) - ၾသဂုတ္ ၈

ၿဗိတိန္ႏိုင္ငံ၊ ကမာၻ႔ထ႐ိုင္ရက္သလြန္ ခ်န္ပီယံရွစ္အားကစားၿပိဳင္ပြဲမွာ ပင္လယ္ေရ ေရကူးၿပိဳင္ပြဲမွ ၿပိဳင္ပြဲဝင္ အနည္းဆုံး လူ ၅၇ ဦးထက္မနည္း ဝမ္းေလွ်ာျခင္းနဲ႔ ေအာ့အန္ျခင္းတို႔ ခံစားခဲ့ရေၾကာင္း က်န္းမာေရးတာဝန္ရွိသူေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြ (ၾသဂုတ္လ ၆ ရက္) က ၿဗိတိန္အေရွ႕ေျမာက္ပိုင္း၊ ဆန္းဒါးလန္းၿမိဳ႕၊ Roker ကမ္းေျခမွာ ကမာၻ႔ထ႐ိုင္ရက္သလြန္ ခ်န္ပီယံရွစ္အားကစားၿပိဳင္ပြဲ က်င္းပခဲ့ၿပီး လူေပါင္း ၂ဝဝဝ ခန႔္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး UK Health Security Agency က ေရာဂါျဖစ္ပြားရျခင္းနဲ႔ ျဖစ္ႏိုင္ေခ်အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနၿပီး ထိခိုက္ခဲ့သူေတြဆီက နမူနာတစ္ခုစီယူကာ စမ္းသပ္စစ္ေဆးမယ္လို႔ သိရပါတယ္။

ၿပိဳင္ပြဲမစမီ ရက္ပိုင္းအလို ဇူလိုင္လ ေႏွာင္းပိုင္းက Roker ကမ္းေျခမွာ ပတ္ဝန္းက်င္ထိန္းသိမ္းေရး ေအဂ်င္စီမွ ျပဳလုပ္တဲ့ ပုံမွန္စမ္းသပ္စစ္ေဆးမႈမ်ားအရ ေရထဲမွာ E coli ဘတ္တီးရီးယားမ်ား ျမင့္မားစြာ ပါဝင္ေနတာေတြ႕ရပါတယ္။ ဒါေပမယ့္ ၿဗိတိန္ထရိန္ရက္တလြန္ အုပ္ခ်ဳပ္ေရးအဖြဲ႕ က သီတင္းပတ္ကုန္ ပြဲစဥ္မ်ားအၿပီးမွာမွ အဆိုပါသတင္းကို ထုတ္ျပန္ခဲ့ပါတယ္။

ပါဝင္သူေတြထဲက တစ္ဦးျဖစ္တဲ့ ၾသစေၾတးလ်အားကစားသမား ဂ်ိတ္ဘရစ္ဝစ္စတယ္က ၄င္းၿပိဳင္ပြဲဝင္ၿပီးကတည္းက အဆိပ္သင့္လကၡဏာေတြ ခံစားခဲ့ရၿပီး Roker ကမ္းေျခရဲ႕ေရစမ္းသပ္မႈရလဒ္ေတြ ထြက္လာကတည္းက ေရကူးၿပိဳင္ပြဲကို ဖ်က္သိမ္းလိုက္သင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဆိုပါကမ္းေျခဟာ မိလႅာစြန႔္ထုတ္မႈနဲ႔ ပတ္သက္ၿပီး တက္ႂကြလႈပ္ရွားသူမ်ားနဲ႔ အစိုးရၾကား ကာလရွည္ၾကာ အျငင္းပြားေနတဲ့ေနရာလည္းျဖစ္ပါတယ္။ ၂ဝ၂၁ ခုႏွစ္မွစ Roker ကမ္းေျခမွာ ေရအရည္အေသြး အပ်က္သေဘာေဆာင္တဲ့သက္ေရာက္မႈေတြ ရွိေနေၾကာင္း၊ မိုးသည္းထန္စြာ ႐ြာသြန္းျခင္း အပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေရအရည္အေသြး ယာယီက်ဆင္းသြားတာျဖစ္ႏိုင္ေၾကာင္း သဘာဝပတ္ဝန္းက်င္ ေအဂ်င္စီက ေျပာၾကားခဲ့ပါတယ္။

ျပင္သစ္ႏိုင္ငံ ပဲရစ္မွာလည္း မၾကာေသးမီက မိုးသည္းထန္စြာ ႐ြာသြန္းၿပီးေနာက္ ေရထုညစ္ညမ္းမႈ ျဖစ္ေပၚခဲ့ျခင္းေၾကာင့္ အိုလံပစ္အႀကိဳဖြင့္ပြဲ ေရကူးၿပိဳင္ပြဲကို ဖ်က္သိမ္းခဲ့ရပါတယ္။

Related news

© 2021. All rights reserved.