စစ်တွေမြို့၌ အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား

2649
စော(NP News) - ဩဂုတ် ၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အသက် (၄၂)အရွယ်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၉ရက်)၊ မွန်းလွဲ (၂)နာရီခွဲအချိန်တွင် စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ စက်ရုံလမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်ဖောင်ဒေးရှင်းအသင်းထံမှ သိရသည်။
အဆိုပါ အမျိုးသားသည် အိမ်ရှေ့လှေကားရှိ အမိုးထုတ်တန်း၌ ဆွဲကြိုးချ အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘာကြောင့်သတ်သေသွားတယ်လိုတော့ အိမ်သားတွေက မပြောဘူး။ ဒါပေမယ့် သူ့ကို ဒီနေ့ညနေ(၃) နာရီလောက်ကျရင် ဆေးခန်းသွားပြရမယ်တော့ပြောတယ်။ သူသတ်သေတဲ့အချိန်မှာအိမ်သားတွေက ဥပုဒ်သွားစောင့်ကြလို့ ဘယ်သူမှမရှိဘူး။ အိမ်နီးနားချင်းကမြင်လို့ သိတာပါ။ သူကဖားကန့်က ပြန်လာတာ တစ်လနှစ်လလောက်ပဲရှိသေးတယ်”ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသားသည် အသက် (၄၂)အရွယ်ရှိ ဦးမျိုးလင်းဖြစ်ပြီး စစ်တွေပြည့်သူဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
zawgyi version
စစ္ေတြၿမိဳ႕၌ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္မႈျဖစ္ပြား
ေစာ(NP News) - ဩဂုတ္ ၉
ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕တြင္ အသက္ (၄၂)အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဩဂုတ္လ ၉ရက္)၊ မြန္းလြဲ (၂)နာရီခြဲအခ်ိန္တြင္ စစ္ေတြၿမိဳ႕၊ ႐ြာႀကီးေျမာက္ရပ္ကြက္၊ စက္႐ုံလမ္း၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊေရာင္ေဖာင္ေဒးရွင္းအသင္းထံမွ သိရသည္။
အဆိုပါ အမ်ိဳးသားသည္ အိမ္ေရွ႕ေလွကားရွိ အမိုးထုတ္တန္း၌ ဆြဲႀကိဳးခ် အဆုံးစီရင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဘာေၾကာင့္သတ္ေသသြားတယ္လိုေတာ့ အိမ္သားေတြက မေျပာဘူး။ ဒါေပမယ့္ သူ႔ကို ဒီေန႔ညေန(၃) နာရီေလာက္က်ရင္ ေဆးခန္းသြားျပရမယ္ေတာ့ေျပာတယ္။ သူသတ္ေသတဲ့အခ်ိန္မွာအိမ္သားေတြက ဥပုဒ္သြားေစာင့္ၾကလို႔ ဘယ္သူမွမရွိဘူး။ အိမ္နီးနားခ်င္းကျမင္လို႔ သိတာပါ။ သူကဖားကန႔္က ျပန္လာတာ တစ္လႏွစ္လေလာက္ပဲရွိေသးတယ္”ဟု ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္းအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါအမ်ိဳးသားသည္ အသက္ (၄၂)အ႐ြယ္ရွိ ဦးမ်ိဳးလင္းျဖစ္ၿပီး စစ္ေတြျပည့္သူေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။