မလေးရှားနိုင်ငံ၊ မလကာ မှာ စားသောက်ဆိုင်ကို တိရစ္ဆာန်ရုံလိုထားရှိကာ ဝယ်သူကို ဆွဲဆောင်တဲ့ စားသောက်ဆိုင် ခုနစ်ရက် ပိတ်သိမ်းခံရ

123

ရောင်နီ (NP News) - စက်တင်ဘာ ၂၃
မလေးရှားနိုင်ငံ၊ မလကာရှိ စားသောက်ဆိုင်တစ်ခုဟာ အယ်လ်ပါကာဆိတ်နဲ့ အခြားတိရစ္ဆာန်တွေကို ဆိုင် ထဲမှာ ဖျော်ဖြေရေးအနေနဲ့ မွေးထားတဲ့အတွက် ခုနှစ်ရက် အပိတ်ခံခဲ့ရပါတယ်။
Melaka Historic City Council (MBMB) က အဆိုပါစားသောက်ဆိုင်ကို ခုနစ်ရက်ကြာ ပိတ်သိမ်းဖို့ အမိန့်ထုတ်ကာ ဒဏ်ငွေ ရင်းဂစ် ၁၀,၂၅၀ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ပိုင်ရှင်ကိုလည်း သန့်ရှင်းရေး လုပ်ဖို့နဲ့ ခြံဝင်းအတွင်းမှာရှိတဲ့ တိရစ္ဆာန်အားလုံးကို ဖယ်ရှားဖို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ အဲဒီတိရစ္ဆာန်တွေ ထဲမှာ အယ်လ်ပါကာ၊ ဆိတ်၊ ဘဲ၊ ငန်း၊ ယုန်နဲ့ ကြောင်တွေ ပါဝင်ပြီး စားသောက်ဆိုင်ကို တိရစ္ဆာန်ရုံလို ပြောင်းလဲ ထားခဲ့တာကြောင့် ၎င်းကို တင်းတင်းကြပ်ကြပ် တားမြစ်ပါတယ်လို့ MBMB အကြီးအကဲ ဖြစ်သူ မစ္စတာရှယ် ဒန်အော့မန် က ပြောကြားပါတယ်။ ဒီလိုပုံစံနဲ့ လည်ပတ်နေတဲ့စားသောက်ဆိုင်ကို ကျွန်တော်တို့ ပထမဆုံး ကြုံခဲ့ရ တာပါပဲ” လို့ ၎င်းက ဆိုပါတယ်။
အဲဒီစားသောက်ဆိုင်ဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလကမှ အစားအသောက်လုပ်ငန်းလိုင်စင် စရရှိခဲ့တာဖြစ်ပြီး ပိုင်ရှင်ဖြစ်သူက ဇွန်လမှ စတင်ကာ တိရစ္ဆာန် ၂၃ ကောင်ထိ တဖြည်းဖြည်း မွေးမြူလာခဲ့တယ်လို့ စစ်ဆေးမှုတွေအရ သိရပါတယ်။

Zawgyi Version:
မေလးရွားႏိုင္ငံ၊ မလကာ မွာ စားေသာက္ဆိုင္ကို တိရစာၦန္႐ုံလိုထားရွိကာ ဝယ္သူကို ဆြဲေဆာင္တဲ့ စားေသာက္ဆိုင္ ခုနစ္ရက္ ပိတ္သိမ္းခံရ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၃
မေလးရွားႏိုင္ငံ၊ မလကာရွိ စားေသာက္ဆိုင္တစ္ခုဟာ အယ္လ္ပါကာဆိတ္နဲ႔ အျခားတိရစာၦန္ေတြကို ဆိုင္ ထဲမွာ ေဖ်ာ္ေျဖေရးအေနနဲ႔ ေမြးထားတဲ့အတြက္ ခုႏွစ္ရက္ အပိတ္ခံခဲ့ရပါတယ္။
Melaka Historic City Council (MBMB) က အဆိုပါစားေသာက္ဆိုင္ကို ခုနစ္ရက္ၾကာ ပိတ္သိမ္းဖို႔ အမိန႔္ထုတ္ကာ ဒဏ္ေငြ ရင္းဂစ္ ၁၀,၂၅၀ ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။ ပိုင္ရွင္ကိုလည္း သန႔္ရွင္းေရး လုပ္ဖို႔နဲ႔ ၿခံဝင္းအတြင္းမွာရွိတဲ့ တိရစာၦန္အားလုံးကို ဖယ္ရွားဖို႔ အေၾကာင္းၾကားထားတယ္လို႔ သိရပါတယ္။ အဲဒီတိရစာၦန္ေတြ ထဲမွာ အယ္လ္ပါကာ၊ ဆိတ္၊ ဘဲ၊ ငန္း၊ ယုန္နဲ႔ ေၾကာင္ေတြ ပါဝင္ၿပီး စားေသာက္ဆိုင္ကို တိရစာၦန္႐ုံလို ေျပာင္းလဲ ထားခဲ့တာေၾကာင့္ ၎ကို တင္းတင္းၾကပ္ၾကပ္ တားျမစ္ပါတယ္လို႔ MBMB အႀကီးအကဲ ျဖစ္သူ မစၥတာရွယ္ ဒန္ေအာ့မန္ က ေျပာၾကားပါတယ္။ ဒီလိုပုံစံနဲ႔ လည္ပတ္ေနတဲ့စားေသာက္ဆိုင္ကို ကြၽန္ေတာ္တို႔ ပထမဆုံး ႀကဳံခဲ့ရ တာပါပဲ” လို႔ ၎က ဆိုပါတယ္။
အဲဒီစားေသာက္ဆိုင္ဟာ ၂၀၂၅ ခုႏွစ္၊ ဧၿပီလကမွ အစားအေသာက္လုပ္ငန္းလိုင္စင္ စရရွိခဲ့တာျဖစ္ၿပီး ပိုင္ရွင္ျဖစ္သူက ဇြန္လမွ စတင္ကာ တိရစာၦန္ ၂၃ ေကာင္ထိ တျဖည္းျဖည္း ေမြးျမဴလာခဲ့တယ္လို႔ စစ္ေဆးမႈေတြအရ သိရပါတယ္။