ရန်ကုန်နှင့် မန္တလေးတွင် တစ်ရက်အတွင်း ကျပ်သိန်း (၁၀၀၀)နီးပါးတန်ဖိုး စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 564

နေတိုးနိုင် (NP News) - စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တို့တွင် တစ်ရက်အတွင်း ငွေကျပ်သိန်း (၁၀၀၀)နီးပါးတန်ဖိုး စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်၊ မွန်းလွဲ (၂) နာရီ (၁၀) မိနစ်ခန့်က အင်းစိန်မြို့နယ်၊ မြို့သစ်(က/ခ) ရပ်ကွက်၊ (က/၄) လမ်းတွင်စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်သတင်းအရ လမ်းလျှောက်လာသော ဝင်းထွန်းအောင်(ခ)နောင်နောင်အား ရှာဖွေစစ်ဆေးခဲ့ရာ ကျပ်သိန်း(၅၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၅၀,၀၀၀) ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းနေ့၊ မွန်းလွှဲ (၃) နာရီခန့်ကလည်း မဟာအောင်မြေမြို့နယ်၊ ချမ်းမြေ့သာစည်မြောက်ရပ်ကွက်၊ ၈ဝ×၈၁ လမ်းကြား၊ ၄၂×၄၃ လမ်းကြားနေရှိ နေအိမ်တစ်လုံးကို ပူးပေါင်းအဖွဲ့ဝင်များသည် သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အသက် (၄၈) နှစ်အရွယ် ကိုထွန်းအေးကို နေအိမ်အတွင်းမှ ငွေကျပ်သိန်း (၄၈၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၂၄,၀၀၀) ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့ကို သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Zawgyi Version:
ရန္ကုန္ႏွင့္ မႏၲေလးတြင္ တစ္ရက္အတြင္း က်ပ္သိန္း (၁၀၀၀)နီးပါးတန္ဖိုး စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
ေနတိုးႏိုင္ (NP News) - စက္တင္ဘာ ၂၃
ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္ႏွင့္ မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္တို႔တြင္ တစ္ရက္အတြင္း ေငြက်ပ္သိန္း (၁၀၀၀)နီးပါးတန္ဖိုး စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ ၂၂ ရက္၊ မြန္းလြဲ (၂) နာရီ (၁၀) မိနစ္ခန႔္က အင္းစိန္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(က/ခ) ရပ္ကြက္၊ (က/၄) လမ္းတြင္စတင္ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္သတင္းအရ လမ္းေလွ်ာက္လာေသာ ဝင္းထြန္းေအာင္(ခ)ေနာင္ေနာင္အား ရွာေဖြစစ္ေဆးခဲ့ရာ က်ပ္သိန္း(၅၀၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၅၀,၀၀၀) ျပားကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ယင္းေန႔၊ မြန္းလႊဲ (၃) နာရီခန႔္ကလည္း မဟာေအာင္ေျမၿမိဳ႕နယ္၊ ခ်မ္းေျမ့သာစည္ေျမာက္ရပ္ကြက္၊ ၈ဝ×၈၁ လမ္းၾကား၊ ၄၂×၄၃ လမ္းၾကားေနရွိ ေနအိမ္တစ္လုံးကို ပူးေပါင္းအဖြဲ႕ဝင္မ်ားသည္ သတင္းအရ ဝင္ေရာက္ရွာေဖြခဲ့ရာ အသက္ (၄၈) ႏွစ္အ႐ြယ္ ကိုထြန္းေအးကို ေနအိမ္အတြင္းမွ ေငြက်ပ္သိန္း (၄၈၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၄,၀၀၀) ျပားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔ကို သက္ဆိုင္ရာၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.