ဒဂုံမြိုသစ် (တောင်ပိုင်း) တွင် သင်္ကန်းဝတ်ပြီး မိသားစုနှင့် အတူနေကာ အလှူခံနေသူ နှစ်ဦး အား ဖမ်းဆီး အမှုဖွင့်
                        
                            
                             
 14117
 
                             
                            
                            
                         
                        
သတိုးနိုင် (NP News) - စက်တင်ဘာ ၂၄ 
ရန်ကုန်တိုင်းဒသကြီး၊ ဒဂုံမြိုသစ် (တောင်ပိုင်း) တွင် သင်္ကန်းဝတ်ပြီး မိသားစုနှင့် အတူနေသူကာ အလှူခံနေသူ နှစ်ဦး အား ဖမ်းဆီး အမှုဖွင့်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ၏ထုတ်ပြန်ချက်များအရ သိရသည်။ 
ပြီးခဲ့သည့် စက်တင်ဘာ (၂၂) ရက်၊ နံနက်ပိုင်းက ယင်းမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဌ နှင့် သံဃာတော်များ၊ အရပ်ဘက် တာဝန်ရှိသူများက အမှတ်( ၁၀၆ ) ရပ်ကွက်အတွင်း၌ သံဃာ့နာယက၏ သာသနာဝင်အမှတ်မရှိဘဲ သင်္ကန်းဝတ်ဆင်၍ လူနေအိမ်တွင် မိသားစုများနှင့်အတူနေထိုင်လျက်ရှိကြောင်းသတင်းအရ သွားရောက် ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 
ယင်းသို့ စစ်ဆေးရာ သဟာရလမ်း ရှိ နေအိမ်တွင် အသက် (၆၇) နှစ်အရွယ်ရှိသော ဦးကံမြင့်ဆွေနှင့် ယင်းနေ့ နံနက် (၇) နာရီ (၄၀)မိနစ်ခန့်တွင်လည်း မြဝတ်ရည်လမ်းသွယ်တွင်နေထိုင်သော  အသက် (၅၅)နှစ်အရွယ်ရှိ ဦးကျော်ကျော် တို့နှစ်ဦးအား သင်္ကန်းဝတ်နှင့် နေအိမ်တွင် မိသားစုနှင့်အတူနေထိုင်ပြီး အလှူခံစားသောက်နေသည်ကိုတွေ့ရသဖြင့် စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းမိသူ (၂) ဦးအား သက်ဆိုင်ရာမြို့မရဲစခန်းတွင် သာသနာတော်ညှိုးနွမ်းအောင်ပြုလုပ်ခဲ့သောကြောင့် ဖမ်းဆီးအရေးယူထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
                     
                        
                                                                    
Zawgyi Version:
ဒဂုံၿမိဳသစ္ (ေတာင္ပိုင္း) တြင္ သကၤန္းဝတ္ၿပီး မိသားစုႏွင့္ အတူေနကာ အလႉခံေနသူ ႏွစ္ဦး အား ဖမ္းဆီး အမႈဖြင့္ 
သတိုးႏိုင္ (NP News) - စက္တင္ဘာ ၂၄ 
ရန္ကုန္တိုင္းဒသႀကီး၊ ဒဂုံၿမိဳသစ္ (ေတာင္ပိုင္း) တြင္ သကၤန္းဝတ္ၿပီး မိသားစုႏွင့္ အတူေနသူကာ အလႉခံေနသူ ႏွစ္ဦး အား ဖမ္းဆီး အမႈဖြင့္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ၏ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။ 
ၿပီးခဲ့သည့္ စက္တင္ဘာ (၂၂) ရက္၊ နံနက္ပိုင္းက ယင္းၿမိဳ႕နယ္ သံဃာ့နာယကအဖြဲ႕ဥကၠဌ ႏွင့္ သံဃာေတာ္မ်ား၊ အရပ္ဘက္ တာဝန္ရွိသူမ်ားက အမွတ္( ၁၀၆ ) ရပ္ကြက္အတြင္း၌ သံဃာ့နာယက၏ သာသနာဝင္အမွတ္မရွိဘဲ သကၤန္းဝတ္ဆင္၍ လူေနအိမ္တြင္ မိသားစုမ်ားႏွင့္အတူေနထိုင္လ်က္ရွိေၾကာင္းသတင္းအရ သြားေရာက္ ရွာေဖြခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ 
ယင္းသို႔ စစ္ေဆးရာ သဟာရလမ္း ရွိ ေနအိမ္တြင္ အသက္ (၆၇) ႏွစ္အ႐ြယ္ရွိေသာ ဦးကံျမင့္ေဆြႏွင့္ ယင္းေန႔ နံနက္ (၇) နာရီ (၄၀)မိနစ္ခန႔္တြင္လည္း ျမဝတ္ရည္လမ္းသြယ္တြင္ေနထိုင္ေသာ  အသက္ (၅၅)ႏွစ္အ႐ြယ္ရွိ ဦးေက်ာ္ေက်ာ္ တို႔ႏွစ္ဦးအား သကၤန္းဝတ္ႏွင့္ ေနအိမ္တြင္ မိသားစုႏွင့္အတူေနထိုင္ၿပီး အလႉခံစားေသာက္ေနသည္ကိုေတြ႕ရသျဖင့္ စစ္ေဆးဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ဖမ္းမိသူ (၂) ဦးအား သက္ဆိုင္ရာၿမိဳ႕မရဲစခန္းတြင္ သာသနာေတာ္ညႇိဳးႏြမ္းေအာင္ျပဳလုပ္ခဲ့ေသာေၾကာင့္ ဖမ္းဆီးအေရးယူထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။