မြန်မာနိုင်ငံ၌ အာမခံအလုပ်သမား‌ (၁ ဒသမ ၂၂)သန်း‌ကျော်ရှိလာဟုဆို

 905

စော (NP News) - ဩဂုတ် ၁၁

မြန်မာနိုင်ငံ၌ လူမှုဖူလုံရေးစီမံကိန်းတွင် အကျုံးဝင်မြို့နယ်ပေါင်း (၁၁၉)မြို့နယ်ရှိလာပြီး အာမခံအလုပ် သမားပေါင်း (၁ ဒသမ ၂၂)သန်းကျော်ရှိလာကြောင်း သိရသည်။

လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ယမန်‌နေ့(ဩဂုတ်လ ၁၀ ရက်)တွင်ကျင်းပသော လူမှုဖူလုံရေးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၃) အစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းတို့အတွက် ကျန်းမာရေးဝန်ဆောင်မှုပေးရန် နှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးရန် ရည်ရွယ်၍ ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် အလုပ်သမားဆေးရုံကြီး (၃)ရုံဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့ပြင် တိုင်း‌ဒေသကြီး၊ ပြည်နယ် အပါအဝင် ခရိုင်နှင့်မြို့နယ်တို့တွင် ရုံးပေါင်း (၁၀၀)၊ မြို့နယ်ဆေးခန်း (၉၆)ခန်း၊ တိုင်းရင်းဆေးခန်း တစ်ခန်းနှင့် ဌာနကြီးဆေးခန်း (၆၀)ခန်းတို့ကို ဖွင့်လှစ်ထားကြောင်း လူမှု ဖူလုံရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

အာမခံအလုပ်သမားများအတွက် ပိုမိုကောင်းမွန်သည့် ကျန်းမာ‌ရေးဝန်ဆောင်မှုများကို လက်လှမ်းမီရရှိနိုင်ရန်ရည်ရွယ်၍ Provider Purchaser Split (PPS) စနစ်အရ ပြင်ပပုဂ္ဂလ ဆေးခန်းများနှင့်ပူးပေါင်းခဲ့ကြောင်း သိရသည်။

ထို့သို့ ပူးပေါင်းခဲ့ပြီး fee for service payment ဖြင့် ဆေးခန်း (၁၄)ခန်းနှင့် capitation payment ဖြင့် ဆေးခန်း (၂၆)ခန်း၊ အမျိုးသမီးအာမခံအလုပ်သမားများ၏ မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်များအတွက် သားဖွားခန်း (၁၀)ခန်း နှင့် ရွေ့လျားဆေးကုသယာဉ် နှစ်စီးတို့ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများဖြည့် ဆည်းပေးခဲ့ကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံ၌ အာမခံအလုပ္သမား‌ (၁ ဒသမ ၂၂)သန္း‌ေက်ာ္ရွိလာဟုဆို

ေစာ (NP News) - ဩဂုတ္ ၁၁

ျမန္မာႏိုင္ငံ၌ လူမႈဖူလုံေရးစီမံကိန္းတြင္ အက်ဳံးဝင္ၿမိဳ႕နယ္ေပါင္း (၁၁၉)ၿမိဳ႕နယ္ရွိလာၿပီး အာမခံအလုပ္ သမားေပါင္း (၁ ဒသမ ၂၂)သန္းေက်ာ္ရွိလာေၾကာင္း သိရသည္။

လူမႈဖူလုံေရးအဖြဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္က ယမန္‌ေန႔(ဩဂုတ္လ ၁၀ ရက္)တြင္က်င္းပေသာ လူမႈဖူလုံေရးအဖြဲ႕၏ အလုပ္အမႈေဆာင္ေကာ္မတီအစည္းအေဝး (၁/၂၀၂၃) အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

၎တို႔အတြက္ က်န္းမာေရးဝန္ေဆာင္မႈေပးရန္ ႏွင့္ ေငြေၾကးအက်ိဳးခံစားခြင့္မ်ား ခြင့္ျပဳထုတ္ေပးရန္ ရည္႐ြယ္၍ ရန္ကုန္ၿမိဳ႕ ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ အလုပ္သမားေဆး႐ုံႀကီး (၃)႐ုံဖြင့္လွစ္ထားေၾကာင္း သိရသည္။

ထို႔ျပင္ တိုင္း‌ေဒသႀကီး၊ ျပည္နယ္ အပါအဝင္ ခ႐ိုင္ႏွင့္ၿမိဳ႕နယ္တို႔တြင္ ႐ုံးေပါင္း (၁၀၀)၊ ၿမိဳ႕နယ္ေဆးခန္း (၉၆)ခန္း၊ တိုင္းရင္းေဆးခန္း တစ္ခန္းႏွင့္ ဌာနႀကီးေဆးခန္း (၆၀)ခန္းတို႔ကို ဖြင့္လွစ္ထားေၾကာင္း လူမႈ ဖူလုံေရးအဖြဲ႕ၫႊန္ၾကားေရးမႉးခ်ဳပ္က ေျပာၾကားခဲ့သည္။

အာမခံအလုပ္သမားမ်ားအတြက္ ပိုမိုေကာင္းမြန္သည့္ က်န္းမာ‌ေရးဝန္ေဆာင္မႈမ်ားကို လက္လွမ္းမီရရွိႏိုင္ရန္ရည္႐ြယ္၍ Provider Purchaser Split (PPS) စနစ္အရ ျပင္ပပုဂၢလ ေဆးခန္းမ်ားႏွင့္ပူးေပါင္းခဲ့ေၾကာင္း သိရသည္။

ထို႔သို႔ ပူးေပါင္းခဲ့ၿပီး fee for service payment ျဖင့္ ေဆးခန္း (၁၄)ခန္းႏွင့္ capitation payment ျဖင့္ ေဆးခန္း (၂၆)ခန္း၊ အမ်ိဳးသမီးအာမခံအလုပ္သမားမ်ား၏ မီးဖြားျခင္းဆိုင္ရာ ဝန္ေဆာင္မ်ားအတြက္ သားဖြားခန္း (၁၀)ခန္း ႏွင့္ ေ႐ြ႕လ်ားေဆးကုသယာဥ္ ႏွစ္စီးတို႔ျဖင့္ က်န္းမာေရးဝန္ေဆာင္မႈမ်ားျဖည့္ ဆည္းေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.