ပုသိမ်လေယာဥ်ကွင်းအား နိုင်ငံတကာမှ လေယာဥ်များဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်မည်

1775
ယွန်း (NP News) - သြဂုတ် ၁၂
ပုသိမ်လေယာဥ်ကွင်းအား နိုင်ငံတကာမှ လေယာဥ်များဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လ(၁၀)ရက်တွင် ပုသိမ်မြို့ရှိ အစိုးရအဖွဲ့ရုံး၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများနှင့် တွေ့ဆုံစဥ်အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပုသိမ်လေယာဥ်ကွင်းအား အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လေယာဥ်များဆင်းသက်နိုင်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် ပုသိမ်- ရန်ကုန်ကားလမ်းပိုင်းတွင်လည်း နေ့စဥ်ယာဥ်အစီးပေါင်းများစွာ ဖြတ်သန်းလျက်ရှိပြီး နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်များတွင် နေ့စဥ်ယာဥ်အစီးရေ သွားလာမှုပေါ်မူတည်၍ လမ်းများကို အဆင့်မြှင့်တင်ရခြင်းကြောင့် အဆင့်မြှင့်တင်ပေးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းသည် ခရီးသွားလာရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် သဘာဝအလှအပများ၊ ဒေသထွက်အစားအသောက်များနှင့် အခြားအခြေခံကောင်းများကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပုသိမ်မြို့၏ လူနေမှုစနစ်မြှင့်တင်ရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျဖြစ်ရန် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရေးကိုလည်း နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
နစက ဥက္ကဋ္ဌအနေဖြင့် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ဝင်ရောက်မှုများပြားသည့် ရခိုင်ပြည်နယ်ရှိ သံတွဲလေယာဥ်ကွင်းကိုလည်း ဂျက်လေယာဥ်များ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်ဆောင်ရွက်ရန် အသိပေးပြောကြားထားသည်။
အလားတူ စစ်တွေလေယာဥ်ကွင်းသည်လည်း ရခိုင်ပြည်နယ်၏ မြို့တော်လေယာဥ်ကွင်းဖြစ်ခြင်းကြောင့် A-320 ၊ B-737 လေယာဥ်များဆင်းသက်နိုင်မည့် လေယာဥ်ပြေးလမ်းတိုးချဲ့ခြင်း နှင့် လေဆိပ်တိုးချဲ့အ ဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို အဆင့်လိုက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ပုသိမ္ေလယာဥ္ကြင္းအား ႏိုင္ငံတကာမွ ေလယာဥ္မ်ားဆင္းသက္ႏိုင္သည္အထိ အဆင့္ျမႇင့္တင္မည္
ယြန္း (NP News) - ၾသဂုတ္ ၁၂
ပုသိမ္ေလယာဥ္ကြင္းအား ႏိုင္ငံတကာမွ ေလယာဥ္မ်ားဆင္းသက္ႏိုင္သည္အထိ အဆင့္ျမႇင့္တင္ျခင္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစက ဥကၠ႒က အသိေပးေျပာၾကားထားသည္။
နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ၾသဂုတ္လ(၁၀)ရက္တြင္ ပုသိမ္ၿမိဳ႕ရွိ အစိုးရအဖြဲ႕႐ုံး၌ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဒသခံမ်ားႏွင့္ ေတြ႕ဆုံစဥ္အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ပုသိမ္ေလယာဥ္ကြင္းအား အဆင့္ျမႇင့္တင္ျခင္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ႏိုင္ငံတကာမွ ေလယာဥ္မ်ားဆင္းသက္ႏိုင္သည္အထိ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာသည္။
ထို႔ျပင္ ပုသိမ္- ရန္ကုန္ကားလမ္းပိုင္းတြင္လည္း ေန႔စဥ္ယာဥ္အစီးေပါင္းမ်ားစြာ ျဖတ္သန္းလ်က္ရွိၿပီး ႏိုင္ငံတကာစံႏႈန္းသတ္မွတ္ခ်က္မ်ားတြင္ ေန႔စဥ္ယာဥ္အစီးေရ သြားလာမႈေပၚမူတည္၍ လမ္းမ်ားကို အဆင့္ျမႇင့္တင္ရျခင္းေၾကာင့္ အဆင့္ျမႇင့္တင္ေပးႏိုင္ေရးကိုလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ဧရာဝတီတိုင္းသည္ ခရီးသြားလာေရးလုပ္ငန္းေဆာင္႐ြက္ရန္အတြက္ သဘာဝအလွအပမ်ား၊ ေဒသထြက္အစားအေသာက္မ်ားႏွင့္ အျခားအေျခခံေကာင္းမ်ားကို ပိုင္ဆိုင္ထားသည့္ ေဒသတစ္ခုျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ပုသိမ္ၿမိဳ႕၏ လူေနမႈစနစ္ျမႇင့္တင္ေရးႏွင့္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းမ်ား စနစ္တက်ျဖစ္ရန္ တာဝန္ရွိသူမ်ားက ၾကပ္မတ္ေဆာင္႐ြက္ေရးကိုလည္း နစကဥကၠ႒က တိုက္တြန္းေျပာၾကားခဲ့သည္။
နစက ဥကၠ႒အေနျဖင့္ ၿပီးခဲ့သည့္ ဧၿပီလအတြင္းကလည္း ျပည္တြင္း၊ ျပည္ပ ခရီးသြားမ်ား ဝင္ေရာက္မႈမ်ားျပားသည့္ ရခိုင္ျပည္နယ္ရွိ သံတြဲေလယာဥ္ကြင္းကိုလည္း ဂ်က္ေလယာဥ္မ်ား ဆင္းသက္ႏိုင္သည္အထိ အဆင့္ျမႇင့္တင္ေဆာင္႐ြက္ရန္ အသိေပးေျပာၾကားထားသည္။
အလားတူ စစ္ေတြေလယာဥ္ကြင္းသည္လည္း ရခိုင္ျပည္နယ္၏ ၿမိဳ႕ေတာ္ေလယာဥ္ကြင္းျဖစ္ျခင္းေၾကာင့္ A-320 ၊ B-737 ေလယာဥ္မ်ားဆင္းသက္ႏိုင္မည့္ ေလယာဥ္ေျပးလမ္းတိုးခ်ဲ႕ျခင္း ႏွင့္ ေလဆိပ္တိုးခ်ဲ႕အ ဆင့္ျမႇင့္တင္ေဆာင္႐ြက္ျခင္းကို အဆင့္လိုက္ ဦးစားေပးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။