ဗြိတိန် အပါအဝင် နိုင်ငံပေါင်း(၄)နိုင်ငံ၌ ‌ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ကလေးများ အခြေခံပညာသင်ကြားနိုင်ရေး လျှောက်ထားနိုင်ဟုဆို

 855

ယွန်း (NP News) - သြဂုတ် ၁၂

ဗြိတိန် အပါအဝင် နိုင်ငံပေါင်း(၄)နိုင်ငံတွင်ရောက်နေသည့် မြန်မာနိုင်ငံသားကလေးများ အခြေခံပညာ သင်ကြားနိုင်ရန် လျှောက်လွှာများ လျှောက်ထားနိုင်ကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

မြန်မာသံရုံး၊ လန်ဒန်မြို့မှ သြဂုတ်လ(၁၁)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ် သည်။

ဗြိတိန် အပါအဝင် ဆွီဒင်၊ ဒိန်းမတ် နှင့် အိုင်ယာလန်နိုင်ငံတို့တွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်နေသည့် မြန်မာနိုင်ငံသား ကလေးများအတွက် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာသင်ယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအခြေခံပညာသင်ယူခြင်း အစီအစဥ်တွင် သူငယ်တန်းမှ ဒသမတန်းအထိသို့ တက်ရောက်ရန် လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားလိုသူများသည် သြဂုတ်လ(၂၃)ရက်တွင် နောက်ဆုံးထား၍ လျှောက်လွှာများကို လန်ဒန်မြို့ရှိ မြန်မာသံရုံး၌ လျှောက်ထားရမည်ဖြစ်ကြောင်း သံရုံးမှအသိပေးထားသည်။

လျှောက်ထားလိုသူများအနေဖြင့် မိဘ(၂)ဦး/ အုပ်ထိန်းသူနှင့် ကျောင်းသား၊ ကျောင်းသူ၏ သက်တမ်းရှိသည့် မြန်မာနိုင်ငံကူးလက်မှတ် (မိတ္တူ)၊ ဗြိတိန်နိုင်ငံတွင် နေထိုင်ခွင့်ဗီဇာ(BRP)လိုအပ်ကြောင်း သိရသည်။

ထို့ပြင် လျှောက်ထားသူသည် ကျောင်းတက်ရောက်နေသူဖြစ်ပါက သက်ဆိုင်ရာကျောင်းမှ ထုတ်ပေးသည့် (CAS) ဖြင့်လည်းကောင်း အလုပ်လုပ်ကိုင်နေသူဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီမှ ထောက်ခံစာလိုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

KG အပ်နှံမည့်သူများအတွက် ပြီးခဲ့သည့် မေလ(၃၁)ရက်တွင် အသက်(၅)နှစ်ပြည့်ရန်လိုကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ အခြားအတန်းများသို့ အပ်နှံမည့်သူများအတွက် ၂၀၂၃-၂၀၂၄ ခုနှစ်မတိုင်မီအထိ အမြင့်ဆုံးအောင်မြင်ခဲ့သည့် အတန်း၏ အောင်လက်မှတ် သို့မဟုတ် ကျောင်းထွက်လက်မှတ်မူရင်းကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာအတန်းသို့ ဝင်ခွင့်ရရှိပါက ပထမနှစ်ဝက်နှင့် နှစ်ဆုံးစစ်ဆေးခြင်းများကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်မှသာ စာမေးပွဲအောင်စာရင်းကို ထုတ်ပေးမည်ဖြစ်ကြောင်း သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ၿဗိတိန္ အပါအဝင္ ႏိုင္ငံေပါင္း(၄)ႏိုင္ငံ၌ ‌ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသား ကေလးမ်ား အေျခခံပညာ သင္ၾကားႏိုင္ေရး ေလွ်ာက္ထားႏိုင္ဟုဆို

ယြန္း (NP News) - ၾသဂုတ္ ၁၂

ၿဗိတိန္ အပါအဝင္ ႏိုင္ငံေပါင္း(၄)ႏိုင္ငံတြင္ေရာက္ေနသည့္ ျမန္မာႏိုင္ငံသားကေလးမ်ား အေျခခံပညာ သင္ၾကားႏိုင္ရန္ ေလွ်ာက္လႊာမ်ား ေလွ်ာက္ထားႏိုင္ေၾကာင္း လန္ဒန္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည္။

ျမန္မာသံ႐ုံး၊ လန္ဒန္ၿမိဳ႕မွ ၾသဂုတ္လ(၁၁)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္ သည္။

ၿဗိတိန္ အပါအဝင္ ဆြီဒင္၊ ဒိန္းမတ္ ႏွင့္ အိုင္ယာလန္ႏိုင္ငံတို႔တြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေရာက္ရွိေနထိုင္ေနသည့္ ျမန္မာႏိုင္ငံသား ကေလးမ်ားအတြက္ ၂၀၂၃ -၂၀၂၄ ပညာသင္ႏွစ္အတြက္ အေျခခံပညာသင္ယူႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါအေျခခံပညာသင္ယူျခင္း အစီအစဥ္တြင္ သူငယ္တန္းမွ ဒသမတန္းအထိသို႔ တက္ေရာက္ရန္ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

ေလွ်ာက္ထားလိုသူမ်ားသည္ ၾသဂုတ္လ(၂၃)ရက္တြင္ ေနာက္ဆုံးထား၍ ေလွ်ာက္လႊာမ်ားကို လန္ဒန္ၿမိဳ႕ရွိ ျမန္မာသံ႐ုံး၌ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သံ႐ုံးမွအသိေပးထားသည္။

ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ မိဘ(၂)ဦး/ အုပ္ထိန္းသူႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ၏ သက္တမ္းရွိသည့္ ျမန္မာႏိုင္ငံကူးလက္မွတ္ (မိတၱဴ)၊ ၿဗိတိန္ႏိုင္ငံတြင္ ေနထိုင္ခြင့္ဗီဇာ(BRP)လိုအပ္ေၾကာင္း သိရသည္။

ထို႔ျပင္ ေလွ်ာက္ထားသူသည္ ေက်ာင္းတက္ေရာက္ေနသူျဖစ္ပါက သက္ဆိုင္ရာေက်ာင္းမွ ထုတ္ေပးသည့္ (CAS) ျဖင့္လည္းေကာင္း အလုပ္လုပ္ကိုင္ေနသူျဖစ္ပါက သက္ဆိုင္ရာကုမၸဏီမွ ေထာက္ခံစာလိုမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

KG အပ္ႏွံမည့္သူမ်ားအတြက္ ၿပီးခဲ့သည့္ ေမလ(၃၁)ရက္တြင္ အသက္(၅)ႏွစ္ျပည့္ရန္လိုေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အလားတူ အျခားအတန္းမ်ားသို႔ အပ္ႏွံမည့္သူမ်ားအတြက္ ၂၀၂၃-၂၀၂၄ ခုႏွစ္မတိုင္မီအထိ အျမင့္ဆုံးေအာင္ျမင္ခဲ့သည့္ အတန္း၏ ေအာင္လက္မွတ္ သို႔မဟုတ္ ေက်ာင္းထြက္လက္မွတ္မူရင္းကို ပူးတြဲတင္ျပရမည္ျဖစ္ေၾကာင္း သိရသည္။

သက္ဆိုင္ရာအတန္းသို႔ ဝင္ခြင့္ရရွိပါက ပထမႏွစ္ဝက္ႏွင့္ ႏွစ္ဆုံးစစ္ေဆးျခင္းမ်ားကို ဝင္ေရာက္ေျဖဆိုရမည္ျဖစ္ၿပီး ေအာင္ျမင္မွသာ စာေမးပြဲေအာင္စာရင္းကို ထုတ္ေပးမည္ျဖစ္ေၾကာင္း သံ႐ုံးမွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.