စစ်ကိုင်း၌ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည့် (၇)လအတွင်း ပြည်သူများ ကုန်ကျစရိတ် ငွေကျပ်သန်း(၅၀)နီးပါး သက်သာခဲ့ဟုဆို

 509

ယွန်း (NP News) - သြဂုတ် ၁၂

စစ်ကိုင်းတိုင်းအတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည့် (၇)လအတွင်း ပြည်သူများအနေဖြင့် ကုန်ကျစရိတ် ငွေကျပ် သန်း(၅၀)နီးပါးသက်သာခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ ဦးမြတ်ကျော်က ယနေ့(သြဂုတ်လ ၁၂ ရက်) နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမဆောင်တွင် ကျင်းပခဲ့သည့် အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြေကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုအား အသိအမှတ်ပြုသည့်အနေဖြင့် လည်းကောင်း၊ ဝန်ထမ်းများ၏ သက်သာ ချောင်ချိရေးကို ရှေးရူ၍လည်းကောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အခြေခံစား သောက်ကုန်များကို ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြည်သူများ သက်သာချောင်ချိရေးအတွက်လည်း အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်တို့ကို မူလတန်ဖိုးထက် သက်သာ‌သောဈေးနှုန်းများဖြင့် ရောင်းချပေးနေကြောင်း ဦးမြတ်ကျော်က ပြောသည်။

ထိုသို့ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ရောင်းချပေးခဲ့သည့် (၇)လတာအတွင်း ပြည်သူများအနေဖြင့် ကုန်ကျစရိတ် ကျပ်(၄၇)သန်းကျော် သက်သာခဲ့ကြောင်း ဝန်ကြီးချုပ်ဦးမြတ်ကျော်က အသိပေးပြောကြားခဲ့သည်။

လက်ရှိတွင် တိုင်းနှင့် ပြည်နယ်အနှံ့အပြားတွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

လတ်တလော ပြင်ပဈေးကွက်၌ စားအုန်းဆီတစ်ပိဿလျှင် ငွေကျပ်(၉၀၀၀)ကျော်နှုန်းဖြင့် ပြည်သူများမှ ဝယ်ယူစားသုံးနေရပြီး ပေါ်ဆန်းတစ်ပြည်လျှင် ငွေကျပ်(၄၈၀၀)နှုန်း ရှိကြောင်း သိရသည်။

zawgyi version
စစ္ကိုင္း၌ အေျခခံစားေသာက္ကုန္မ်ားကို ေဈးႏႈန္းသက္သာစြာျဖင့္ ေရာင္းခ်ေပးခဲ့သည့္ (၇)လအတြင္း ျပည္သူမ်ား ကုန္က်စရိတ္ ေငြက်ပ္သန္း(၅၀)နီးပါး သက္သာခဲ့ဟုဆို

ယြန္း (NP News) - ၾသဂုတ္ ၁၂

စစ္ကိုင္းတိုင္းအတြင္း အေျခခံစားေသာက္ကုန္မ်ားကို ေဈးႏႈန္းသက္သာစြာျဖင့္ ေရာင္းခ်ေပးခဲ့သည့္ (၇)လအတြင္း ျပည္သူမ်ားအေနျဖင့္ ကုန္က်စရိတ္ ေငြက်ပ္ သန္း(၅၀)နီးပါးသက္သာခဲ့ေၾကာင္း သိရသည္။

စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္၊ ဦးျမတ္ေက်ာ္က ယေန႔(ၾသဂုတ္လ ၁၂ ရက္) နံနက္ပိုင္းတြင္ မုံ႐ြာၿမိဳ႕၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံးရွိ ခ်င္းတြင္းခန္းမေဆာင္တြင္ က်င္းပခဲ့သည့္ အေျခခံစားေသာက္ကုန္ပစၥည္းမ်ား ေပးအပ္ပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပၾကားခဲ့ျခင္း ျဖစ္သည္။

ဝန္ထမ္းမ်ား၏ တာဝန္ထမ္းေဆာင္မႈအား အသိအမွတ္ျပဳသည့္အေနျဖင့္ လည္းေကာင္း၊ ဝန္ထမ္းမ်ား၏ သက္သာ ေခ်ာင္ခ်ိေရးကို ေရွး႐ူ၍လည္းေကာင္း တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနျဖင့္ အေျခခံစား ေသာက္ကုန္မ်ားကို ေထာက္ပံ့ေပးအပ္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္သူမ်ား သက္သာေခ်ာင္ခ်ိေရးအတြက္လည္း အေျခခံစားေသာက္ကုန္မ်ားျဖစ္သည့္ ဆန္၊ ဆီ၊ ဆား၊ ၾကက္ဥ၊ ၾကက္သြန္တို႔ကို မူလတန္ဖိုးထက္ သက္သာ‌ေသာေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးေနေၾကာင္း ဦးျမတ္ေက်ာ္က ေျပာသည္။

ထိုသို႔ ေဈးႏႈန္းသက္သာစြာျဖင့္ေရာင္းခ်လ်က္ရွိရာ ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလမွ ဇူလိုင္လအထိ ေရာင္းခ်ေပးခဲ့သည့္ (၇)လတာအတြင္း ျပည္သူမ်ားအေနျဖင့္ ကုန္က်စရိတ္ က်ပ္(၄၇)သန္းေက်ာ္ သက္သာခဲ့ေၾကာင္း ဝန္ႀကီးခ်ဳပ္ဦးျမတ္ေက်ာ္က အသိေပးေျပာၾကားခဲ့သည္။

လက္ရွိတြင္ တိုင္းႏွင့္ ျပည္နယ္အႏွံ႔အျပားတြင္ အေျခခံစားေသာက္ကုန္မ်ားကို ေဈးႏႈန္းသက္သာစြာျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။

လတ္တေလာ ျပင္ပေဈးကြက္၌ စားအုန္းဆီတစ္ပိႆလွ်င္ ေငြက်ပ္(၉၀၀၀)ေက်ာ္ႏႈန္းျဖင့္ ျပည္သူမ်ားမွ ဝယ္ယူစားသုံးေနရၿပီး ေပၚဆန္းတစ္ျပည္လွ်င္ ေငြက်ပ္(၄၈၀၀)ႏႈန္း ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.