ရန်ကင်းပညာရေးကောလိပ်ရှိ အလုံပိတ်စတိုခန်းအတွင်း၌ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွား

1468
သန့်ဇင် (NP News) - ဩဂုတ် ၁၄
ရန်ကင်း ပညာရေးကောလိပ်ရှိ အလုံပိတ်စတိုခန်းအတွင်း၌ အမိုးနီးယားဓာတ်ငွေ့ (Ammonium Hydroxide) ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း ရွှေရုပ်လွှာပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ဓာတ်ငွေ့ယို့စိမ့်မှုသည် ယမန်နေ့ (ဩဂုတ်လ ၁၃ရက်)၊ ညနေ ၄နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ အမှတ်(၁၁)ရက်ကွက်၊ သစ္စာလမ်းရှိ ပညာရေးကောလိပ် စတိုခန်းအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"အဲဒီဓာတ်ငွေ့က ကျောင်းထဲက စတိုခန်းထဲမှာ သိမ်းထားတာပါ။ ဓာတ်ငွေ့ထည့်ထားတဲ့ တိုင်ကီပေါက်တာပေါ့နော်။ ပေါက်ပြီးတော့ ဓာတ်ငွေ့ယိုစိမ့်မှုစဖြစ်တာပါဗျ။ အခန်းက အလုံပိတ်ခန်းဖြစ်တဲ့အတွက် တဖြည်းဖြည်း များလာတဲ့အခါကြမှ အပြင်ကသိတာပါခင်ဗျ"ဟု ရွှေရုပ်လွှာပရဟိတ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကိုပြောသည်။
Ammonium Hydroxide ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်စဉ်အား မီးသတ်အဖွဲ့နှင့် လူမှုကူညီးရေးအဖွဲ့မှ ၁နာရီခွဲဝန်းကျင် ဓာတ်ငွေ့ယိုစိမ့်မှုအား ပိတ်ဆို့၍ ဓာတ်ငွေ့ရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အရှေ့ပိုင်းခရိုင်မီးသတ်၊ တောင်ဥက္ကလာမီးသတ်၊ ရန်ကင်းမြို့နယ် မီးသတ်စခန်းနှင့် ရွှေရုပ်လွှာပရဟိတလူမှုကူညီရေးအသင်းမှ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းရှင်းလင်းမှုများပြုလုပ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကင္းပညာေရးေကာလိပ္ရွိ အလုံပိတ္စတိုခန္းအတြင္း၌ အမိုးနီးယားဓာတ္ေငြ႕ ယိုစိမ့္မႈျဖစ္ပြား
သန႔္ဇင္ (NP News) - ဩဂုတ္ ၁၄
ရန္ကင္း ပညာေရးေကာလိပ္ရွိ အလုံပိတ္စတိုခန္းအတြင္း၌ အမိုးနီးယားဓာတ္ေငြ႕ (Ammonium Hydroxide) ယိုစိမ့္မႈျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊ႐ုပ္လႊာပရဟိတလူမႈကူညီေရးအသင္းထံမွ သိရသည္။
အဆိုပါ ဓာတ္ေငြ႕ယို႔စိမ့္မႈသည္ ယမန္ေန႔ (ဩဂုတ္လ ၁၃ရက္)၊ ညေန ၄နာရီအခ်ိန္တြင္ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္(၁၁)ရက္ကြက္၊ သစၥာလမ္းရွိ ပညာေရးေကာလိပ္ စတိုခန္းအတြင္း၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
"အဲဒီဓာတ္ေငြ႕က ေက်ာင္းထဲက စတိုခန္းထဲမွာ သိမ္းထားတာပါ။ ဓာတ္ေငြ႕ထည့္ထားတဲ့ တိုင္ကီေပါက္တာေပါ့ေနာ္။ ေပါက္ၿပီးေတာ့ ဓာတ္ေငြ႕ယိုစိမ့္မႈစျဖစ္တာပါဗ်။ အခန္းက အလုံပိတ္ခန္းျဖစ္တဲ့အတြက္ တျဖည္းျဖည္း မ်ားလာတဲ့အခါၾကမွ အျပင္ကသိတာပါခင္ဗ်"ဟု ေ႐ႊ႐ုပ္လႊာပရဟိတ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကိုေျပာသည္။
Ammonium Hydroxide ဓာတ္ေငြ႕ယိုစိမ့္မႈျဖစ္စဥ္အား မီးသတ္အဖြဲ႕ႏွင့္ လူမႈကူညီးေရးအဖြဲ႕မွ ၁နာရီခြဲဝန္းက်င္ ဓာတ္ေငြ႕ယိုစိမ့္မႈအား ပိတ္ဆို႔၍ ဓာတ္ေငြ႕ရွင္းလင္းမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အေရွ႕ပိုင္းခ႐ိုင္မီးသတ္၊ ေတာင္ဥကၠလာမီးသတ္၊ ရန္ကင္းၿမိဳ႕နယ္ မီးသတ္စခန္းႏွင့္ ေ႐ႊ႐ုပ္လႊာပရဟိတလူမႈကူညီေရးအသင္းမွ တပ္ဖြဲ႕ဝင္မ်ားက ဝိုင္းဝန္းရွင္းလင္းမႈမ်ားျပဳလုပ္ခဲ့ရၿပီး ထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေၾကာင္း သိရသည္။