နေတိုးအဖွဲ့ နှင့် တိုက်ရိုက်စစ်ပွဲ ဖြစ်ပွားလာနိုင်ဖွယ်ရှိနေဟု ဘီလာရုစ်စစ်ဖက် ပြော

 3800

Pika (NP News) - ဩဂုတ် ၁၆

လာမည့်အနာဂတ်တွင် ရုရှား နှင့် ဘီလာရုစ်တို့သည် နေတိုးအဖွဲ့နှင့် တိုက်ရိုက်ပဋိပက္ခများဖြစ်ပွားလာနိုင်ကြောင်း ဘီလာရုစ်ကာကွယ်ရေးဝန်ကြီး ဗစ်တောခရီနင်က ပြောကြားခဲ့သည်။

ထို့အပြင် ယူကရိန်းပဋိပက္ခသည် အနောက်အုပ်စုနှင့် အရှေ့အုပ်စုကြားတွင် ကမ္ဘာလုံးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှု အဖြစ် ပြောင်းလဲသွားကြောင်း ဗစ်တောခရီနင်က သတိပေးပြောဆိုခဲ့သည်။ အနောက်အုပ်စုနိုင်ငံများတွင် လက်နက်အသုံးစရိတ်များမြင့်တက်လာမှုများနှင့်အတူ အနာဂတ်တွင် ရုရှား နှင့် ဘီလာရုစ်တို့၏ နေတိုးအဖွဲ့နှင့် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံနိုင်ခြေများသည် ပိုမိုထင်ရှားလာကြောင်း ဗစ်တောခရီနင် က ပြောကြားခဲ့သည်။

ယူကရိန်းသို့ ဗြိတိန်နိုင်ငံက လက်နက်ခဲယမ်းများ ကူညီပံ့ပိုးပေးမှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ဘီလာရုစ် နိုင်ငံတွင် ရုရှား၏ နျူကလီးယားလက်နက်များကို ဖြန့်ကျက်ချထားသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်မတ်လတွင် ရုရှားသမ္မတပူတင်က ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်သည် ဥရောပရှိ ၎င်း၏ နျူကလီးယားလက်နက်များကို ဖယ်ရှားပြီး ၎င်းတို့နှင့်ဆက်စပ်သော အခြေခံ အဆောက်အဦးများကို ဖျက်သိမ်းမှသာ ရုရှားဖက်က နျူကလီးယားလက်နက်များကို ပြန်လည်ဖယ်ရှားပေးမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးဖြစ်သည့် Aleksey Polishchuk က ပြောခဲ့သည်။

ယူကရိန်း၏ ကျောထောက်နောက်ခံနိုင်ငံများဖြစ်သော အနောက်အုပ်စုနိုင်ငံများက ၎င်းတို့သည် ယူကရိန်း ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမျိုးမရှိကြောင်း၊ ရုရှားနှင့် ထိပ်တိုက်တွေ့ဆုံရမည့်အန္တရာယ်များ အထူးသဖြင့် တိုက်လေယာဉ်များနှင့် တာဝေးပစ်ဒုံးကျည်များ ယူကရိန်းသို့ ကူညီထောက်ပံ့ပေးခြင်းကို ရှောင်ရှား ကြောင်း ပြောဆိုခဲ့ကြသည်။

သို့သော်လည်း ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများပေးပို့ခြင်းသည် ပဋိပက္ခတွင် တိုက်ရိုက် ပါဝင်ပတ်သက်နေ ခြင်းမျိုးသာဖြစ်ကြောင်း ရုရှားဖက်က အကြိမ်ကြိမ်သတိပေးမှုများရှိနေသော်လည်း အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းသို့ အမေရိကန်ဒေါ်လာ(၁ဝဝ)ဘီလျံကျော်တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများကို ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ရုရှားအရပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်နေသော ယူကရိန်း၏ လုပ်ရပ်များကို ခွင့်ပြုပေး ခြင်းဖြင့် အနောက်အုပ်စုနိုင်ငံများသည် အကြမ်းဖက်ဝါဒကို ပံ့ပိုးကူညီနေသူများဖြစ်လာကြောင်း ရုရှားအစိုးရက ပြောခဲ့သည်။

ဗစ်တောခရီနင် က "ယူကရိန်းပဋိပက္ခဟာ အနောက်အုပ်စုနဲ့ အရှေ့အုပ်စုကြားမှာ ကမ္ဘာလုံးဆိုင်ရာ ထိပ်တိုက် ရင်ဆိုင်မှုတစ်ခုအဖြစ် ပြောင်းလဲသွားပါပြီ။ ယူကရိန်းပဋိပက္ခဟာ တတိယကမ္ဘာစစ်ဖြစ်ပွားနိုင်ချေကို ပိုမိုမြင့်တက် လာစေခဲ့ပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
ေနတိုးအဖြဲ႕ ႏွင့္ တိုက္႐ိုက္စစ္ပြဲ ျဖစ္ပြားလာႏိုင္ဖြယ္ရွိေနဟု ဘီလာ႐ုစ္စစ္ဖက္ ေျပာ
Pika (NP News) - ဩဂုတ္ ၁၆

လာမည့္အနာဂတ္တြင္ ႐ုရွား ႏွင့္ ဘီလာ႐ုစ္တို႔သည္ ေနတိုးအဖြဲ႕ႏွင့္ တိုက္႐ိုက္ပဋိပကၡမ်ားျဖစ္ပြားလာႏိုင္ေၾကာင္း ဘီလာ႐ုစ္ကာကြယ္ေရးဝန္ႀကီး ဗစ္ေတာခရီနင္က ေျပာၾကားခဲ့သည္။

ထို႔အျပင္ ယူကရိန္းပဋိပကၡသည္ အေနာက္အုပ္စုႏွင့္ အေရွ႕အုပ္စုၾကားတြင္ ကမာၻလုံးဆိုင္ရာ ထိပ္တိုက္ရင္ဆိုင္မႈ အျဖစ္ ေျပာင္းလဲသြားေၾကာင္း ဗစ္ေတာခရီနင္က သတိေပးေျပာဆိုခဲ့သည္။ အေနာက္အုပ္စုႏိုင္ငံမ်ားတြင္ လက္နက္အသုံးစရိတ္မ်ားျမင့္တက္လာမႈမ်ားႏွင့္အတူ အနာဂတ္တြင္ ႐ုရွား ႏွင့္ ဘီလာ႐ုစ္တို႔၏ ေနတိုးအဖြဲ႕ႏွင့္ စစ္ေရးအရ ထိပ္တိုက္ေတြ႕ဆုံႏိုင္ေျခမ်ားသည္ ပိုမိုထင္ရွားလာေၾကာင္း ဗစ္ေတာခရီနင္ က ေျပာၾကားခဲ့သည္။

ယူကရိန္းသို႔ ၿဗိတိန္ႏိုင္ငံက လက္နက္ခဲယမ္းမ်ား ကူညီပံ့ပိုးေပးမႈမ်ားကို လက္တုံ႔ျပန္သည့္အေနျဖင့္ ဘီလာ႐ုစ္ ႏိုင္ငံတြင္ ႐ုရွား၏ န်ဴကလီးယားလက္နက္မ်ားကို ျဖန႔္က်က္ခ်ထားသြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္မတ္လတြင္ ႐ုရွားသမၼတပူတင္က ထုတ္ျပန္ေၾကညာခဲ့သည္။

အေမရိကန္သည္ ဥေရာပရွိ ၎၏ န်ဴကလီးယားလက္နက္မ်ားကို ဖယ္ရွားၿပီး ၎တို႔ႏွင့္ဆက္စပ္ေသာ အေျခခံ အေဆာက္အဦးမ်ားကို ဖ်က္သိမ္းမွသာ ႐ုရွားဖက္က န်ဴကလီးယားလက္နက္မ်ားကို ျပန္လည္ဖယ္ရွားေပးမည္ ျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန တာဝန္ရွိသူတစ္ဦးျဖစ္သည့္ Aleksey Polishchuk က ေျပာခဲ့သည္။

ယူကရိန္း၏ ေက်ာေထာက္ေနာက္ခံႏိုင္ငံမ်ားျဖစ္ေသာ အေနာက္အုပ္စုႏိုင္ငံမ်ားက ၎တို႔သည္ ယူကရိန္း ပဋိပကၡတြင္ တိုက္႐ိုက္ပါဝင္ပတ္သက္ျခင္းမ်ိဳးမရွိေၾကာင္း၊ ႐ုရွားႏွင့္ ထိပ္တိုက္ေတြ႕ဆုံရမည့္အႏၲရာယ္မ်ား အထူးသျဖင့္ တိုက္ေလယာဥ္မ်ားႏွင့္ တာေဝးပစ္ဒုံးက်ည္မ်ား ယူကရိန္းသို႔ ကူညီေထာက္ပံ့ေပးျခင္းကို ေရွာင္ရွား ေၾကာင္း ေျပာဆိုခဲ့ၾကသည္။

သို႔ေသာ္လည္း ယူကရိန္းသို႔ စစ္လက္နက္ပစၥည္းမ်ားေပးပို႔ျခင္းသည္ ပဋိပကၡတြင္ တိုက္႐ိုက္ ပါဝင္ပတ္သက္ေန ျခင္းမ်ိဳးသာျဖစ္ေၾကာင္း ႐ုရွားဖက္က အႀကိမ္ႀကိမ္သတိေပးမႈမ်ားရွိေနေသာ္လည္း အေနာက္အုပ္စုႏိုင္ငံမ်ားသည္ ယူကရိန္းသို႔ အေမရိကန္ေဒၚလာ(၁ဝဝ)ဘီလ်ံေက်ာ္တန္ဖိုးရွိ စစ္လက္နက္ပစၥည္းမ်ားကို ကူညီပံ့ပိုးေပးခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ ႐ုရွားအရပ္သားမ်ားကို ဒ႐ုန္းျဖင့္ တိုက္ခိုက္ေနေသာ ယူကရိန္း၏ လုပ္ရပ္မ်ားကို ခြင့္ျပဳေပး ျခင္းျဖင့္ အေနာက္အုပ္စုႏိုင္ငံမ်ားသည္ အၾကမ္းဖက္ဝါဒကို ပံ့ပိုးကူညီေနသူမ်ားျဖစ္လာေၾကာင္း ႐ုရွားအစိုးရက ေျပာခဲ့သည္။

ဗစ္ေတာခရီနင္ က "ယူကရိန္းပဋိပကၡဟာ အေနာက္အုပ္စုနဲ႔ အေရွ႕အုပ္စုၾကားမွာ ကမာၻလုံးဆိုင္ရာ ထိပ္တိုက္ ရင္ဆိုင္မႈတစ္ခုအျဖစ္ ေျပာင္းလဲသြားပါၿပီ။ ယူကရိန္းပဋိပကၡဟာ တတိယကမာၻစစ္ျဖစ္ပြားႏိုင္ေခ်ကို ပိုမိုျမင့္တက္ လာေစခဲ့ပါတယ္" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.