မြန်မာအမျိုးသမီးတစ်ဦးကို ငွေကြေးလိမ်လည်မှုများဖြင့်ဖမ်းဆီးခဲ့ပြီး ဘတ်(၄)သန်းကျော်နှင့်အတူ ဘဏ်စာအုပ်များ၊ ATM ကတ်များကို သိမ်းဆည်းရယူခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ပြော

 5782

ဂျန်ဇက် (NP News) - ဩဂုတ် ၁၉

ထိုင်းရဲတပ်ဖွဲ့သည် အွန်လိုင်းမှတဆင့် လိမ်လည်မှုများ ပြုလုပ်နေသူများကို ဖြိုခွင်းနိုင်ရန်အတွက် ပြီးခဲ့သောရက်ပိုင်းက ဘန်ကောက်မြို့၊ ချွန်ဘူရီ နှင့် Pathum Thani ပြည်နယ်ရှိနေရာပေါင်း ၂၉ ခုကို စီးနင်းရှာဖွေခဲ့ရာ အသက် ၂၄ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းဘတ်သန်းချီနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး Worawat Wat Nakornbancha ကသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းရဲတပ်ဖွဲ့သည် Asok-Rama IX ဒေသရှိ ဇိမ်ခံကွန်ဒိုမီနီယံ တိုက်ခန်းများအပါအဝင် ဘန်ကောက်မြို့ရှိ မတူညီသော နေရာသုံးခုကို စီးနင်းရှာဖွေချိန်အတွင်း အသက် ၂၄နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး မမိုးမိုးအေးဆိုသူကို ငွေကြေးခဝါချမှု၊ အွန်လိုင်းငွေကြေးလိမ်လည်မှုဖြင့် သံသယရှိကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံဆိုက်ဘာရာဇဝတ်မှုစုံစမ်းစစ်ဆေးရေး ဗျူရိုမှရဲများသည် မမိုးမိုးအေးနေထိုင်သည့်တိုက်ခန်းကို စီးနင်းရှာဖွေချိန်အတွင်း ငွေသားထိုင်းဘတ်ငွေ ၄ ဒသမ ၄ သန်း၊ ဘဏ်စာအုပ် ၁၇ အုပ် နှင့် ATM ကတ် ၁၆ ကတ်တို့ကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့သည် မမိုးမိုးအေးကို ငွေကြေးခဝါချမှု၊ လိမ်လည်မှု၊ ကွန်ပျူတာစနစ်အတွင်း အချက် အလက်အမှားများ ထည့်သွင်းမှု အပါအဝင် အခြားဆက်စပ်အမှုများတွင်ပါဝင်ပတ်သက်နေသည်ဟု သံသယရှိနေခဲ့ကြောင်းသိရသည်။ မမိုးမိုးအေးသည် ဖုန်းကိုအသုံးပြုကာ လိမ်လည်မှုများကျူးလွန်သည့် ဂိုဏ်းများ နှင့် ဆက်နွယ်နေသူဖြစ်ပြီး ယခုနှစ်အတွင်း ၎င်း၏ဘဏ်အကောင့်များမှ ထိုင်းဘတ်ငွေ ၈၇ သန်းခန့် ငွေအဝင်အထွက်ရှိနေခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။

ထို့ပြင် ၎င်းသည်လိမ်လည်မှုကျူးလွန်နေသော ဂိုဏ်းများအတွက် ၎င်း၏ဘဏ်အကောင့်မှ ထိုင်းဘတ် (၁၅) သန်း ထုတ်ယူပေးခြင်းများလည်းရှိခဲ့ဖူးကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။

zawgyi version
ျမန္မာအမ်ိဳးသမီးတစ္ဦးကို ေငြေၾကးလိမ္လည္မႈမ်ားျဖင့္ဖမ္းဆီးခဲ့ၿပီး ဘတ္(၄)သန္းေက်ာ္ႏွင့္အတူ ဘဏ္စာအုပ္မ်ား၊ ATM ကတ္မ်ားကို သိမ္းဆည္းရယူခဲ့ဟု ထိုင္းရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၉

ထိုင္းရဲတပ္ဖြဲ႕သည္ အြန္လိုင္းမွတဆင့္ လိမ္လည္မႈမ်ား ျပဳလုပ္ေနသူမ်ားကို ၿဖိဳခြင္းႏိုင္ရန္အတြက္ ၿပီးခဲ့ေသာရက္ပိုင္းက ဘန္ေကာက္ၿမိဳ႕၊ ခြၽန္ဘူရီ ႏွင့္ Pathum Thani ျပည္နယ္ရွိေနရာေပါင္း ၂၉ ခုကို စီးနင္းရွာေဖြခဲ့ရာ အသက္ ၂၄ ႏွစ္အ႐ြယ္ရွိ ျမန္မာအမ်ိဳးသမီးတစ္ဦးကို ထိုင္းဘတ္သန္းခ်ီႏွင့္အတူဖမ္းဆီးရမိခဲ့ေၾကာင္း ထိုင္းေတာ္ဝင္ရဲတပ္ဖြဲ႕အႀကီးအကဲ ရဲဗိုလ္ခ်ဳပ္ႀကီး Worawat Wat Nakornbancha ကသတင္းစာရွင္းလင္းပြဲတြင္ ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ထိုင္းရဲတပ္ဖြဲ႕သည္ Asok-Rama IX ေဒသရွိ ဇိမ္ခံကြန္ဒိုမီနီယံ တိုက္ခန္းမ်ားအပါအဝင္ ဘန္ေကာက္ၿမိဳ႕ရွိ မတူညီေသာ ေနရာသုံးခုကို စီးနင္းရွာေဖြခ်ိန္အတြင္း အသက္ ၂၄ႏွစ္အ႐ြယ္ရွိ ျမန္မာအမ်ိဳးသမီး မမိုးမိုးေအးဆိုသူကို ေငြေၾကးခဝါခ်မႈ၊ အြန္လိုင္းေငြေၾကးလိမ္လည္မႈျဖင့္ သံသယရွိကာ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။ ထိုင္းႏိုင္ငံဆိုက္ဘာရာဇဝတ္မႈစုံစမ္းစစ္ေဆးေရး ဗ်ဴ႐ိုမွရဲမ်ားသည္ မမိုးမိုးေအးေနထိုင္သည့္တိုက္ခန္းကို စီးနင္းရွာေဖြခ်ိန္အတြင္း ေငြသားထိုင္းဘတ္ေငြ ၄ ဒသမ ၄ သန္း၊ ဘဏ္စာအုပ္ ၁၇ အုပ္ ႏွင့္ ATM ကတ္ ၁၆ ကတ္တို႔ကို ေတြ႕ရွိသိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

ထိုင္းရဲတပ္ဖြဲ႕သည္ မမိုးမိုးေအးကို ေငြေၾကးခဝါခ်မႈ၊ လိမ္လည္မႈ၊ ကြန္ပ်ဴတာစနစ္အတြင္း အခ်က္ အလက္အမွားမ်ား ထည့္သြင္းမႈ အပါအဝင္ အျခားဆက္စပ္အမႈမ်ားတြင္ပါဝင္ပတ္သက္ေနသည္ဟု သံသယရွိေနခဲ့ေၾကာင္းသိရသည္။ မမိုးမိုးေအးသည္ ဖုန္းကိုအသုံးျပဳကာ လိမ္လည္မႈမ်ားက်ဴးလြန္သည့္ ဂိုဏ္းမ်ား ႏွင့္ ဆက္ႏြယ္ေနသူျဖစ္ၿပီး ယခုႏွစ္အတြင္း ၎၏ဘဏ္အေကာင့္မ်ားမွ ထိုင္းဘတ္ေငြ ၈၇ သန္းခန႔္ ေငြအဝင္အထြက္ရွိေနခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ကေျပာသည္။

ထို႔ျပင္ ၎သည္လိမ္လည္မႈက်ဴးလြန္ေနေသာ ဂိုဏ္းမ်ားအတြက္ ၎၏ဘဏ္အေကာင့္မွ ထိုင္းဘတ္ (၁၅) သန္း ထုတ္ယူေပးျခင္းမ်ားလည္းရွိခဲ့ဖူးေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ကေျပာသည္။

Related news

© 2021. All rights reserved.