နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ မြင့်တက်ခြင်းသည် စားသုံးသူများကို ထိခိုက်စေ၍ ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ကုန်သည်စက်မှုအသင်းချုပ်ဆို

1055

ယွန်း (NP News) - သြဂုတ် ၂၀
နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ အလွန်အမင်းမြင့်တက်ခြင်းသည် စားသုံးသူများကို ထိခိုက်စေ၍ ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ်က ပြောသည်။
အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က သြဂုတ်လ(၁၉)ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်ခြင်းကိစ္စနှင့်ပတ်သက်သည့် ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
လက်ရှိပြင်ပတွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် လွန်ကဲစွာ ဖြစ်ပေါ်နေကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
ပုံမှန်အားဖြင့် ငွေလဲလှယ်နှုန်းများမှာ ရောင်းလိုအား၊ ဝယ်လိုအားပေါ်မူတည်ပြီး အတက်အကျအပြောင်းအလဲများ ရှိနိုင်သော်လည်း လက်ရှိတွင် အလွန်အမင်းမြင့်တက်နေခြင်းကို ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် လိုလားမှုမရှိကြောင်း၊ လက်ခံနိုင်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။
ထို့ပြင် အချို့သော သွင်းကုန်လုပ်ငန်းရှင်များမှာ ဗဟိုဘဏ်မှ Online Trading အစီအစဥ်ဖြင့် ရောင်းချပေးသည့် ၂၉၂ဝ ကျပ်နှုန်းဖြင့် ဝယ်ယူရရှိထားသော်လည်း ပြည်ပတွင်ဖြစ်ပေါ်နေသည့် အလွန်အမင်းမြင့်မားသောနှုန်းထား ဖြင့် နေ့စဥ်တွက်ချက်ပြီး ပြန်လည်ရောင်းချမှုများရှိနေကြောင်း သိရသည်။
ထိုသို့ ရောင်းချမှုများသည် စားသုံးသူပြည်သူများအပေါ် ကြီးမားသည့် အခက်အခဲကိုဖြစ်ပေါ်စေပြီး စားသုံးသူများ ကို ထိခိုက်စေမည့် ကျင့်ဝတ်နှင့်မလျော်ညီသည့် အကျိုးအမြတ်ရယူခြင်းမျိုးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော သည်။
ထို့ကြောင့် အဆိုပါကိစ္စများအတွက် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်နွယ်က အသိပေးပြောကြားခဲ့သည်။
လက်ရှိတွင် တရားမဝင်ကုန်သွယ်မှုများ ကြီးထွားလာမှုကြောင့်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်မှုဖြစ်ပေါ်နေခြင်းကို ထိန်းကျောင်းရန်အတွက် အထူးစစ်ဆင်ရေးအဖွဲ့ဖွဲ့၍ တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ ရှာဖွေဖော်ထုတ်အရေးယူလျှက်ရှိကြောင်း အစည်းအဝေးမှ သိရသည်။

Zawgyi Version;
ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းထားမ်ား ျမင့္တက္ျခင္းသည္ စားသုံးသူမ်ားကို ထိခိုက္ေစ၍ ညႇိႏႈိင္းေဆာင္႐ြက္သြားမည္ဟု ကုန္သည္စက္မႈအသင္းခ်ဳပ္ဆို
ယြန္း (NP News) - ၾသဂုတ္ ၂၀
ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းထားမ်ား အလြန္အမင္းျမင့္တက္ျခင္းသည္ စားသုံးသူမ်ားကို ထိခိုက္ေစ၍ ညႇိႏႈိင္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ကုန္သည္စက္မႈအသင္းခ်ဳပ္မွ အေထြေထြအတြင္းေရးမႉးခ်ဳပ္က ေျပာသည္။
အေထြေထြအတြင္းေရးမႉးခ်ဳပ္ ေဒၚခိုင္ခိုင္ႏြယ္က ၾသဂုတ္လ(၁၉)ရက္ေန႔တြင္ ေနျပည္ေတာ္ရွိ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ဇမၺဴသီရိခန္းမ၌ က်င္းပခဲ့သည့္ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းမ်ား ျမင့္တက္ျခင္းကိစၥႏွင့္ပတ္သက္သည့္ ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။
လက္ရွိျပင္ပတြင္ ျဖစ္ေပၚေနသည့္ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းသည္ ျဖစ္သင့္ျဖစ္ထိုက္သည့္ ေဈးႏႈန္းထက္ လြန္ကဲစြာ ျဖစ္ေပၚေနေၾကာင္း ေဒၚခိုင္ခိုင္ႏြယ္က ေျပာသည္။
ပုံမွန္အားျဖင့္ ေငြလဲလွယ္ႏႈန္းမ်ားမွာ ေရာင္းလိုအား၊ ဝယ္လိုအားေပၚမူတည္ၿပီး အတက္အက်အေျပာင္းအလဲမ်ား ရွိႏိုင္ေသာ္လည္း လက္ရွိတြင္ အလြန္အမင္းျမင့္တက္ေနျခင္းကို ပို႔ကုန္/သြင္းကုန္လုပ္ငန္းရွင္မ်ားအေနျဖင့္ လိုလားမႈမရွိေၾကာင္း၊ လက္ခံႏိုင္ျခင္းမရွိေၾကာင္း ၎က ေျပာသည္။
ထို႔ျပင္ အခ်ိဳ႕ေသာ သြင္းကုန္လုပ္ငန္းရွင္မ်ားမွာ ဗဟိုဘဏ္မွ Online Trading အစီအစဥ္ျဖင့္ ေရာင္းခ်ေပးသည့္ ၂၉၂ဝ က်ပ္ႏႈန္းျဖင့္ ဝယ္ယူရရွိထားေသာ္လည္း ျပည္ပတြင္ျဖစ္ေပၚေနသည့္ အလြန္အမင္းျမင့္မားေသာႏႈန္းထား ျဖင့္ ေန႔စဥ္တြက္ခ်က္ၿပီး ျပန္လည္ေရာင္းခ်မႈမ်ားရွိေနေၾကာင္း သိရသည္။
ထိုသို႔ ေရာင္းခ်မႈမ်ားသည္ စားသုံးသူျပည္သူမ်ားအေပၚ ႀကီးမားသည့္ အခက္အခဲကိုျဖစ္ေပၚေစၿပီး စားသုံးသူမ်ား ကို ထိခိုက္ေစမည့္ က်င့္ဝတ္ႏွင့္မေလ်ာ္ညီသည့္ အက်ိဳးအျမတ္ရယူျခင္းမ်ိဳးျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာ သည္။
ထို႔ေၾကာင့္ အဆိုပါကိစၥမ်ားအတြက္ ကုန္သည္စက္မႈအသင္းခ်ဳပ္ႏွင့္ ညီေနာင္အသင္းအဖြဲ႕မ်ား ညႇိႏႈိင္းေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း ေဒၚခိုင္ခိုင္ႏြယ္က အသိေပးေျပာၾကားခဲ့သည္။
လက္ရွိတြင္ တရားမဝင္ကုန္သြယ္မႈမ်ား ႀကီးထြားလာမႈေၾကာင့္လည္း ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းျမင့္တက္မႈျဖစ္ေပၚေနျခင္းကို ထိန္းေက်ာင္းရန္အတြက္ အထူးစစ္ဆင္ေရးအဖြဲ႕ဖြဲ႕၍ တရားမဝင္ကုန္သြယ္မႈမ်ားကို ထိေရာက္စြာ ရွာေဖြေဖာ္ထုတ္အေရးယူလွ်က္ရွိေၾကာင္း အစည္းအေဝးမွ သိရသည္။