ဗြိတိန်မှာ မိသားစုပိုင် လယ်ယာမြေထဲ ခရီးသွားတွေ ကိုယ်လုံးတီးဓာတ်ပုံရိုက်ခြင်း မလုပ်ကြဖို့ လယ်ပိုင်ရှင်တောင်းဆို

 14588

ရောင်နီ (NP News) - သြဂုတ် ၂၂

ဗြိတိန်နိုင်ငံရှိ ကမ္ဘာလှည့်ခရီးသွား ဆိုက်တစ်ခုက ၎င်းရဲ့ မိသားစုပိုင်လယ်မြေအတွင်း ဝတ်လစ်စလစ် ဓာတ်ပုံရိုက်ခြင်းမျိုး မလုပ်ဖို့ ဆိုရှယ်မီဒီယာ Facebook မှာ သြဂုတ်လ ၂ဝ ရက်နေ့က ပိုစ့်တင်ကာ ‌ပြောခဲ့ပါတယ်။

အဆိုပါပိုစ့်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပြီး ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ အင်္ဂလန်တောင်ဘက်ကမ်းရိုးတန်းရှိ ကျွန်းတစ်ကျွန်းပေါ်မှာ တည်ရှိတဲ့ မြေဧက ၃ဝဝ ခန့် ရှိ Stoke Fruit Farm ဟာ မျိုးဆက်လေးဆက် လုပ်ကိုင်လာခဲ့တဲ့ မိသားစုပိုင် လယ်ယာမြေတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းရဲ့လယ်ယာမြေမှာရှိတဲ့ နေကြာပန်းခင်းဟာ ခရီးသွားတွေကို စွဲဆောင်နိုင်ပြီး မကြာခဏ ဓာတ်ပုံလာရိုက်သူတွေနဲ့ စည်ကားလျက်ရှိပါတယ်။ ၎င်းတို့ကလည်း ဓာတ်ပုံရိုက်ခွင့် ကြည်ကြည်ဖြူဖြူပေးပေမယ့် မကြာသေးမီက လယ်ကွင်းအတွင်း ကိုယ်လုံးတီး ဓာတ်ပုံရိုက်သူတွေနဲ့ အငြင်းအခုံ ပြဿနာတက်ခဲ့ပုံရပါတယ်။

တနင်္လာနေ့(သြဂုတ်လ ၂ဝ ရက်) မှာတော့ Stoke Fruit Farm က ကျွန်ုပ်တို့နေရာဟာ မိသားစုနယ်မြေဖြစ်တာကြောင့် သင့်အဝတ်အစားတွေ ဝတ်ထားဖို့ သတိပေးပါရစေ။ လယ်ကွင်းထဲမှာ အဝတ်ဗလာ ဓာတ်ပုံရိုက်မှုတွေဟာ မဖြစ်သင့်ဘူး" လို့ ပြောကြားခဲ့ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေရှိခဲ့သလို အချင်းချင်းမန်းရှင်းခေါ်ပြီး စနောက်မှုတွေလည်း မြင်တွေ့ခဲ့ရပါတယ်။

Zawgyi Version;
ၿဗိတိန္မွာ မိသားစုပိုင္ လယ္ယာေျမထဲ ခရီးသြားေတြ ကိုယ္လုံးတီးဓာတ္ပုံ႐ိုက္ျခင္း မလုပ္ၾကဖို႔ လယ္ပိုင္ရွင္ေတာင္းဆို
ေရာင္နီ (NP News) - ၾသဂုတ္ ၂၂

ၿဗိတိန္ႏိုင္ငံရွိ ကမာၻလွည့္ခရီးသြား ဆိုက္တစ္ခုက ၎ရဲ႕ မိသားစုပိုင္လယ္ေျမအတြင္း ဝတ္လစ္စလစ္ ဓာတ္ပုံ႐ိုက္ျခင္းမ်ိဳး မလုပ္ဖို႔ ဆိုရွယ္မီဒီယာ Facebook မွာ ၾသဂုတ္လ ၂ဝ ရက္ေန႔က ပိုစ့္တင္ကာ ‌ေျပာခဲ့ပါတယ္။

အဆိုပါပိုစ့္ဟာ ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး ေဝဖန္မႈမ်ားစြာနဲ႔ ရင္ဆိုင္ေနရပါတယ္။ အဂၤလန္ေတာင္ဘက္ကမ္း႐ိုးတန္းရွိ ကြၽန္းတစ္ကြၽန္းေပၚမွာ တည္ရွိတဲ့ ေျမဧက ၃ဝဝ ခန္႔ ရွိ Stoke Fruit Farm ဟာ မ်ိဳးဆက္ေလးဆက္ လုပ္ကိုင္လာခဲ့တဲ့ မိသားစုပိုင္ လယ္ယာေျမတစ္ခုျဖစ္ပါတယ္။

ဒါ့အျပင္ ၎ရဲ႕လယ္ယာေျမမွာရွိတဲ့ ေနၾကာပန္းခင္းဟာ ခရီးသြားေတြကို စြဲေဆာင္ႏိုင္ၿပီး မၾကာခဏ ဓာတ္ပုံလာ႐ိုက္သူေတြနဲ႔ စည္ကားလ်က္ရွိပါတယ္။ ၎တို႔ကလည္း ဓာတ္ပုံ႐ိုက္ခြင့္ ၾကည္ၾကည္ျဖဴျဖဴေပးေပမယ့္ မၾကာေသးမီက လယ္ကြင္းအတြင္း ကိုယ္လုံးတီး ဓာတ္ပုံ႐ိုက္သူေတြနဲ႔ အျငင္းအခုံ ျပႆနာတက္ခဲ့ပုံရပါတယ္။

တနလၤာေန႔(ၾသဂုတ္လ ၂ဝ ရက္) မွာေတာ့ Stoke Fruit Farm က ကြၽႏ္ုပ္တို႔ေနရာဟာ မိသားစုနယ္ေျမျဖစ္တာေၾကာင့္ သင့္အဝတ္အစားေတြ ဝတ္ထားဖို႔ သတိေပးပါရေစ။ လယ္ကြင္းထဲမွာ အဝတ္ဗလာ ဓာတ္ပုံ႐ိုက္မႈေတြဟာ မျဖစ္သင့္ဘူး" လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ဆိုရွယ္မီဒီယာမွာ ေဝဖန္မႈေတြရွိခဲ့သလို အခ်င္းခ်င္းမန္းရွင္းေခၚၿပီး စေနာက္မႈေတြလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

Related news

© 2021. All rights reserved.