(၅၅)ကြိမ်မြောက်မှစတင်ကာ အောင်ဘာလေသိန်းဆုထီ နှင့် အွန်လိုင်းသိန်းဆုထီဖွင့်ပွဲများကို သီးခြားစီဖွင့်လှစ်မည်

4501
ယွန်း (NP News) - သြဂုတ် ၃၁
(၅၅)ကြိမ်မြောက်မှစတင်ကာ အောင်ဘာလေသိန်းဆုထီနှင့် အွန်လိုင်းသိန်းဆုထီဖွင့်ပွဲများကို သီးခြားစီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ ယနေ့(သြဂုတ်လ ၃၁ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
(၅၅)ကြိမ်မြောက် ကျပ်(၁၀၀၀)တန် အောင်ဘာလေသိန်းဆုထီအတွက် "က အက္ခရာမှ ည အက္ခရာအထိ" (ဂဏန်း ၁ ထိပ်စီးမှစ၍ ၉ ထိပ်စီးအထိ အပါအဝင်) (၇၅)ရာခိုင်နှုန်းဖြစ်သော ထီလက်မှတ် အစောင်ရေ(၆၇၅၀၀၄၀)စောင်အား စက်တင်ဘာလ(၁)ရက်မှစ၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလက်မှတ်များ ရောင်းချငွေစုစုပေါင်း၏ (၇၀)ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ (၅၅)ကြိမ်မြောက် အောင်ဘာလေအွန်လိုင်းသိန်းဆုထီအတွက် "က အက္ခရာမှ ည အက္ခရာအထိ" (ဂဏန်း ၁ ထိပ်စီးမှစ၍ ၉ ထိပ်စီးအထိ အပါအဝင်) (၂၅)ရာခိုင်နှုန်းဖြစ်သော ထီလက်မှတ်စောင် ရေ(၂၂၄၉၉၄၀)စောင်အား စက်တင်ဘာလ(၁)ရက်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။
ထို့နောက် အောင်ဘာလေအွန်လိုင်းသိန်းဆုထီလက်မှတ်များ ရောင်းချငွေစုစုပေါင်း၏ (၇၀)ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ (၅၅)ကြိမ်မြောက် ကျပ်(၁၀၀၀)တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလ(၁)ရက်၊ နံနက်(၈)နာရီအချိန်တွင် အောင်ဘာလေသိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမတွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ကျပ်(၁၀၀၀)တန် အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကိုလည်း အောက်တိုဘာလ (၁)ရက်၊ နံနက်(၁၀)နာရီအချိန်တွင် အောင်ဘာလေသိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမ၌ သီးခြားစီဖွင့်လှစ်၍ ထီဆုမဲများကိုလည်း သီးခြားစီခွဲ၍ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မနက်ဖြန် (စက်တင်ဘာလ(၁)ရက်)တွင် ဖွင့်လှစ်မည့်(၅၄)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီလက်မှတ်ရောင်းရငွေကျပ်(၅)ဘီလျံကျော်အထိရရှိထားပြီး ၎င်း၏ ၇၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်း ၃၇၀၅ ဒသမ ၂၃၁ ကိုထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်ပေးမည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာထားသည်။

zawgyi version
(၅၅)ႀကိမ္ေျမာက္မွစတင္ကာ ေအာင္ဘာေလသိန္းဆုထီ ႏွင့္ အြန္လိုင္းသိန္းဆုထီဖြင့္ပြဲမ်ားကို သီးျခားစီဖြင့္လွစ္မည္
ယြန္း (NP News) - ၾသဂုတ္ ၃၁
(၅၅)ႀကိမ္ေျမာက္မွစတင္ကာ ေအာင္ဘာေလသိန္းဆုထီႏွင့္ အြန္လိုင္းသိန္းဆုထီဖြင့္ပြဲမ်ားကို သီးျခားစီဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ထုတ္ျပန္ထားသည္။
ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ယေန႔(ၾသဂုတ္လ ၃၁ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
(၅၅)ႀကိမ္ေျမာက္ က်ပ္(၁၀၀၀)တန္ ေအာင္ဘာေလသိန္းဆုထီအတြက္ "က အကၡရာမွ ည အကၡရာအထိ" (ဂဏန္း ၁ ထိပ္စီးမွစ၍ ၉ ထိပ္စီးအထိ အပါအဝင္) (၇၅)ရာခိုင္ႏႈန္းျဖစ္ေသာ ထီလက္မွတ္ အေစာင္ေရ(၆၇၅၀၀၄၀)ေစာင္အား စက္တင္ဘာလ(၁)ရက္မွစ၍ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါလက္မွတ္မ်ား ေရာင္းခ်ေငြစုစုေပါင္း၏ (၇၀)ရာခိုင္ႏႈန္းကို ဆုမဲအျဖစ္ ျပန္လည္ခြဲေဝခ်ီးျမႇင့္ေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အလားတူ (၅၅)ႀကိမ္ေျမာက္ ေအာင္ဘာေလအြန္လိုင္းသိန္းဆုထီအတြက္ "က အကၡရာမွ ည အကၡရာအထိ" (ဂဏန္း ၁ ထိပ္စီးမွစ၍ ၉ ထိပ္စီးအထိ အပါအဝင္) (၂၅)ရာခိုင္ႏႈန္းျဖစ္ေသာ ထီလက္မွတ္ေစာင္ ေရ(၂၂၄၉၉၄၀)ေစာင္အား စက္တင္ဘာလ(၁)ရက္တြင္ စတင္ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနက အသိေပးထားသည္။
ထို႔ေနာက္ ေအာင္ဘာေလအြန္လိုင္းသိန္းဆုထီလက္မွတ္မ်ား ေရာင္းခ်ေငြစုစုေပါင္း၏ (၇၀)ရာခိုင္ႏႈန္းကို ဆုမဲအျဖစ္ ျပန္လည္ခြဲေဝခ်ီးျမႇင့္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ (၅၅)ႀကိမ္ေျမာက္ က်ပ္(၁၀၀၀)တန္ ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲကို ၂၀၂၃ ခုႏွစ္၊ ေအာက္တို ဘာလ(၁)ရက္၊ နံနက္(၈)နာရီအခ်ိန္တြင္ ေအာင္ဘာေလသိန္းဆုဌာနခြဲ ထီဖြင့္ပြဲခန္းမတြင္ က်င္းပသြား မည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ က်ပ္(၁၀၀၀)တန္ ေအာင္ဘာေလအြန္လိုင္းသိန္းဆုထီဖြင့္ပြဲကိုလည္း ေအာက္တိုဘာလ (၁)ရက္၊ နံနက္(၁၀)နာရီအခ်ိန္တြင္ ေအာင္ဘာေလသိန္းဆုဌာနခြဲ ထီဖြင့္ပြဲခန္းမ၌ သီးျခားစီဖြင့္လွစ္၍ ထီဆုမဲမ်ားကိုလည္း သီးျခားစီခြဲ၍ ခ်ီးျမႇင့္ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
မနက္ျဖန္ (စက္တင္ဘာလ(၁)ရက္)တြင္ ဖြင့္လွစ္မည့္(၅၄)ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲအတြက္ ထီလက္မွတ္ေရာင္းရေငြက်ပ္(၅)ဘီလ်ံေက်ာ္အထိရရွိထားၿပီး ၎၏ ၇၀ ရာခိုင္ႏႈန္းျဖစ္သည့္ က်ပ္သန္း ၃၇၀၅ ဒသမ ၂၃၁ ကိုထီဆုေငြအျဖစ္ ခြဲေဝခ်ီးျမႇင့္ေပးမည္ဟု ေအာင္ဘာေလသိန္းဆုဌာနခြဲက ေၾကညာထားသည္။