စင်ကာပူနိုင်ငံရဲ့မူကြိုကျောင်းစင်တာ Kinderland ဝန်ထမ်းတွေကို အလုပ်ချိန်အတွင်း ကိုယ်ပိုင်စက်ပစ္စည်းတွေ အသုံးပြုခြင်းမှ တားမြစ်ထား

 475

ရောင်နီ (NP News) - စက်တင်ဘာ ၁

စင်ကာပူနိုင်ငံရဲ့ မူကြိုကျောင်းစင်တာ Kinderland ဟာ အလုပ်ချိန်အတွင်း ကလေးတွေရဲ့လုံခြုံရေးအတွက် ဝန်ထမ်းတွေကို တစ်ကိုယ်ရေသုံး စက်ပစ္စည်းတွေ အသုံးပြုခြင်းမှ တားမြစ်သွားမယ်လို့ ကြောညာထားပါတယ်။

၎င်းရဲ့ Woodlands Mart နဲ့ Choa Chu Kang ရှိ သင်ကြားရေးစင်တာတွေမှာ ကလေးကို အနိုင်ကျင့်ခဲ့တဲ့ ဆရာမနှစ်ဦးဟာ ကလေးသူငယ်တွေအပေါ် ရေသောက်ခိုင်းပြီး အော်ဟစ်ရိုက်နှက်ခြင်း၊ အိပ်နေချိန် ပါးစပ်ထဲ ရေလောင်းထည့်ခြင်းတို့ပြုလုပ်ကာ အကြမ်းဖက်နေတဲ့ဗီဒီယိုဖိုင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်က အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။

ဗီဒီယိုဖိုင်တွေ ထွက်ပေါ်လာပြီးနောက် မကြာခင် အခုလိုစည်းကမ်း ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

အဆိုပါ ဆရာမနှစ်ယောက်စလုံးကို အခုသီတင်းပတ်အတွင်း ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးကို ကလေးသူငယ် မတော်မတရားပြုမူမှုနဲ့ ဗုဒ္ဓဟူးနေ့( သြဂုတ်လ ၃ဝ ရက်) က တရားစွဲဆိုခဲ့ပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာပဲ Kinderland က ဝန်ထမ်းတွေရဲ့တစ်ကိုယ်ရည်သုံး စက်ပစ္စည်းတွေကို အလုပ်ချိန်အတွင်း အသုံးပြုခွင့် ပိတ်ပင်လိုက်ကြောင့် ၎င်းရဲ့ဖေ့စ်ဘုတ်ပေ့မှ ကြေညာခဲ့ပါတယ်။

အဆိုပါအစီအမံဟာ ကလေးတွေအတွက် လုံခြုံမှုတိုးမြင့်စေမယ်လို့ ကျောင်းက ခန့်မှန်းထားတာပါ။
ဒါပေမယ့်လည်း အဆိုပါကြေညာချက်ဟာ ကျောင်းရဲ့ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုဖြစ်တယ်လို့ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိလာခဲ့ပါတယ်။

Zawgyi Version;
စင္ကာပူႏိုင္ငံရဲ႕မူႀကိဳေက်ာင္းစင္တာ Kinderland ဝန္ထမ္းေတြကို အလုပ္ခ်ိန္အတြင္း ကိုယ္ပိုင္စက္ပစၥည္းေတြ အသုံးျပဳျခင္းမွ တားျမစ္ထား
ေရာင္နီ (NP News) - စက္တင္ဘာ ၁

စင္ကာပူႏိုင္ငံရဲ႕ မူႀကိဳေက်ာင္းစင္တာ Kinderland ဟာ အလုပ္ခ်ိန္အတြင္း ကေလးေတြရဲ႕လုံၿခဳံေရးအတြက္ ဝန္ထမ္းေတြကို တစ္ကိုယ္ေရသုံး စက္ပစၥည္းေတြ အသုံးျပဳျခင္းမွ တားျမစ္သြားမယ္လို႔ ေၾကာညာထားပါတယ္။

၎ရဲ႕ Woodlands Mart နဲ႔ Choa Chu Kang ရွိ သင္ၾကားေရးစင္တာေတြမွာ ကေလးကို အႏိုင္က်င့္ခဲ့တဲ့ ဆရာမႏွစ္ဦးဟာ ကေလးသူငယ္ေတြအေပၚ ေရေသာက္ခိုင္းၿပီး ေအာ္ဟစ္႐ိုက္ႏွက္ျခင္း၊ အိပ္ေနခ်ိန္ ပါးစပ္ထဲ ေရေလာင္းထည့္ျခင္းတို႔ျပဳလုပ္ကာ အၾကမ္းဖက္ေနတဲ့ဗီဒီယိုဖိုင္ေတြက ၿပီးခဲ့တဲ့ သီတင္းပတ္က အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

ဗီဒီယိုဖိုင္ေတြ ထြက္ေပၚလာၿပီးေနာက္ မၾကာခင္ အခုလိုစည္းကမ္း ထြက္ေပၚလာျခင္းျဖစ္ပါတယ္။

အဆိုပါ ဆရာမႏွစ္ေယာက္စလုံးကို အခုသီတင္းပတ္အတြင္း ဖမ္းဆီးခဲ့ၿပီး ၎တို႔ထဲမွ တစ္ဦးကို ကေလးသူငယ္ မေတာ္မတရားျပဳမူမႈနဲ႔ ဗုဒၶဟူးေန႔( ၾသဂုတ္လ ၃ဝ ရက္) က တရားစြဲဆိုခဲ့ပါတယ္။
အဲဒီေန႔ ညေနပိုင္းမွာပဲ Kinderland က ဝန္ထမ္းေတြရဲ႕တစ္ကိုယ္ရည္သုံး စက္ပစၥည္းေတြကို အလုပ္ခ်ိန္အတြင္း အသုံးျပဳခြင့္ ပိတ္ပင္လိုက္ေၾကာင့္ ၎ရဲ႕ေဖ့စ္ဘုတ္ေပ့မွ ေၾကညာခဲ့ပါတယ္။

အဆိုပါအစီအမံဟာ ကေလးေတြအတြက္ လုံၿခဳံမႈတိုးျမင့္ေစမယ္လို႔ ေက်ာင္းက ခန႔္မွန္းထားတာပါ။
ဒါေပမယ့္လည္း အဆိုပါေၾကညာခ်က္ဟာ ေက်ာင္းရဲ႕ကိုယ့္ကိုယ္ကိုယ္ ကာကြယ္မႈျဖစ္တယ္လို႔ဆိုတဲ့ ေဝဖန္မႈေတြလည္း ရွိလာခဲ့ပါတယ္။

Related news

© 2021. All rights reserved.