အာဆင်နယ်နှင့်ကစားခဲ့သည့်ပွဲအတွင်း ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ကို မန်ယူနည်းပြ ဝေဖန်ပြစ်တင်

2078

Pika (NP News) - စက်တင်ဘာ ၄
အာဆင်နယ်အသင်းကို (၃)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် VAR ကြည့်ပြီးနောက် ပယ်ချခံခဲ့ရသော မန်ယူတောင်ပံ ကစားသမား ဂါနာချို၏ သွင်းဂိုးသည် ဂိုးရခဲ့သင့်ကြောင်းနှင့် တိုက်စစ်မှူးရာမက်စ်ဟွိုင်လမ်သည် ပင်နယ်တီ ကန်ခွင့်ရသင့်သည်ဟု ခံစားမိကြောင်း မန်ယူနည်းပြတန်ဟက်က ထုတ်ဖော်ပြောခဲ့သည်။
အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း မန်ယူနည်းပြတန်ဟက်သည် အသင်းကစားသမားများ၏ စွမ်းဆောင် ရည်များကို ချီးကျူးပြောဆိုခဲ့ပြီး ကစားပွဲအတွင်း ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရသည်။
အာဆင်နယ်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် မန်ယူတိုက်စစ်မှူးရက်ရှ်ဖို့ဒ်သည် ပွဲချိန်(၂၇)မိနစ်တွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သော်လည်း အာဆင်နယ်ကွင်းလယ်ကစားသမား အိုဒီဂါ့သည် ပွဲချိန် (၂၈)မိနစ်တွင် ပြန်လည် ချေပဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် အာဆင်နယ်ကွင်းလယ်လူ ဒီကလန်ရိုက်စ်သည် ပွဲချိန်(၉၆)မိနစ်တွင် တစ်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့ပြီး တိုက်စစ်မှူးဂျီဆပ်သည် ပွဲချိန်(၁ဝ၁)မိနစ်တွင် နောက်ထပ်တစ်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့ပြီးနောက် အာဆင်နယ် အသင်းက မန်ယူအသင်းကို (၃)ဂိုး-(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မန်ယူနည်းပြတန်ဟက် က "ပွဲချိန်(၈၈)မိနစ်မှာ သွင်းယူခဲ့တဲ့ ဂါနာချိုရဲ့သွင်းဂိုးဟာ ဂိုးရခဲ့သင့်ပါတယ်။ ပြီးတော့ မန်ယူတိုက်စစ်မှူးရာမက်စ်ဟွိုင်လမ်ကလည်း ပင်နယ်တီကန်ခွင့် ရခဲ့သင့်ပါတယ်။ ကျွန်တော်တို့ တကယ်ကို ကောင်းမွန်တဲ့ကစားပွဲတစ်ခုကို ကစားခဲ့တယ်လို့ ထင်ရပေမယ့် ဒီကွင်းထဲမှာ အားလုံးက ကျွန်တော်တို့ကို ဆန့်ကျင်နေတာပါ" ဟု ပြောခဲ့သည်။

Zawgyi Version;
အာဆင္နယ္ႏွင့္ကစားခဲ့သည့္ပြဲအတြင္း ဒိုင္လူႀကီးမ်ား၏ ဆုံးျဖတ္ခ်က္ကို မန္ယူနည္းျပ ေဝဖန္ျပစ္တင္
Pika (NP News) - စက္တင္ဘာ ၄
အာဆင္နယ္အသင္းကို (၃)ဂိုး-(၁)ဂိုးျဖင့္ ရႈံးနိမ့္ခဲ့သည့္ပြဲတြင္ VAR ၾကည့္ၿပီးေနာက္ ပယ္ခ်ခံခဲ့ရေသာ မန္ယူေတာင္ပံ ကစားသမား ဂါနာခ်ိဳ၏ သြင္းဂိုးသည္ ဂိုးရခဲ့သင့္ေၾကာင္းႏွင့္ တိုက္စစ္မႉးရာမက္စ္ဟြိဳင္လမ္သည္ ပင္နယ္တီ ကန္ခြင့္ရသင့္သည္ဟု ခံစားမိေၾကာင္း မန္ယူနည္းျပတန္ဟက္က ထုတ္ေဖာ္ေျပာခဲ့သည္။
အာဆင္နယ္အသင္းကို ရႈံးနိမ့္ခဲ့ေသာ္လည္း မန္ယူနည္းျပတန္ဟက္သည္ အသင္းကစားသမားမ်ား၏ စြမ္းေဆာင္ ရည္မ်ားကို ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး ကစားပြဲအတြင္း ဒိုင္လူႀကီးမ်ား၏ ဆုံးျဖတ္ခ်က္မ်ားကို ျပစ္တင္ေဝဖန္ခဲ့ေၾကာင္း သိရသည္။
အာဆင္နယ္အသင္းႏွင့္ကစားခဲ့သည့္ပြဲတြင္ မန္ယူတိုက္စစ္မႉးရက္ရွ္ဖို႔ဒ္သည္ ပြဲခ်ိန္(၂၇)မိနစ္တြင္ အသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ေသာ္လည္း အာဆင္နယ္ကြင္းလယ္ကစားသမား အိုဒီဂါ့သည္ ပြဲခ်ိန္ (၂၈)မိနစ္တြင္ ျပန္လည္ ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အာဆင္နယ္ကြင္းလယ္လူ ဒီကလန္႐ိုက္စ္သည္ ပြဲခ်ိန္(၉၆)မိနစ္တြင္ တစ္ဂိုး ထပ္မံသြင္းယူေပးႏိုင္ခဲ့ၿပီး တိုက္စစ္မႉးဂ်ီဆပ္သည္ ပြဲခ်ိန္(၁ဝ၁)မိနစ္တြင္ ေနာက္ထပ္တစ္ဂိုး ထပ္မံသြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္ အာဆင္နယ္ အသင္းက မန္ယူအသင္းကို (၃)ဂိုး-(၁)ဂိုးျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။
မန္ယူနည္းျပတန္ဟက္ က "ပြဲခ်ိန္(၈၈)မိနစ္မွာ သြင္းယူခဲ့တဲ့ ဂါနာခ်ိဳရဲ႕သြင္းဂိုးဟာ ဂိုးရခဲ့သင့္ပါတယ္။ ၿပီးေတာ့ မန္ယူတိုက္စစ္မႉးရာမက္စ္ဟြိဳင္လမ္ကလည္း ပင္နယ္တီကန္ခြင့္ ရခဲ့သင့္ပါတယ္။ ကြၽန္ေတာ္တို႔ တကယ္ကို ေကာင္းမြန္တဲ့ကစားပြဲတစ္ခုကို ကစားခဲ့တယ္လို႔ ထင္ရေပမယ့္ ဒီကြင္းထဲမွာ အားလုံးက ကြၽန္ေတာ္တို႔ကို ဆန႔္က်င္ေနတာပါ" ဟု ေျပာခဲ့သည္။