KIA ရဲ့တပည့်သုံးဖွဲ့ ထုတ်ပြန်တဲ့စာနဲ့ တရုတ်-မြန်မာ ပြည်သူများကြားက အပြန်အလှန်စိုးကြောက်မှုများ

 18975

NP News - စက်တင်ဘာ ၆

မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA ၊ TNLA နဲ့ AA တို့ဟာ စိတ်ဝင်စားဖွယ် ကြေညာချက်တစ်စောင်ကို ပြီးခဲ့တဲ့ ဇူလိုင်(၁)ရက်က ပူးတွဲထုတ်ပြန်ခဲ့သလို ဒီထုတ်ပြန်ချက်ဟာ ဘာကိုရည်ညွှန်းသလဲလို့ မြန်မာပြည်သူ အများအပြားက သတိထားမိပုံ မပေါ်ခဲ့ပါဘူး။ အထူးသဖြင့် နိုင်ငံရေးပြဿနာတွေ ရှုပ်ထွေးနေတဲ့အချိန်မှာ အာရုံစိုက်မှုအများစုဟာ မြန်မာနိုင်ငံသားအချင်းချင်း တိုက်ခိုက်သတ်ဖြတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေအကြောင်းပဲ ဖြစ်နေခဲ့တဲ့အတွက် မြောက်ပိုင်းသုံးဖွဲ့ရဲ့ကြေညာချက်ကို စဉ်းစားမိပုံမရခဲ့တာပါ။ ဒါကြောင့်လည်း နှစ်လကျော် လာခဲ့ပြီဖြစ်တဲ့ ဒီထုတ်ပြန်ချက်ဟာ ဘာကိုရည်ညွှန်းသလဲဆိုတာနဲ့ နောက်ဆက်တွဲတွေအကြောင်းကို အစဆွဲထုတ်ပြီး လူထုကို အသိပေးသင့်တယ်လို့ မြင်လာပါတယ်။

KIA ရဲ့တပည့်တွေဖြစ်တဲ့ မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့ဟာ အချက်(၇) ချက်ပါတဲ့ ကြေညာချက်ကို ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ကတော့ (၁) ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် သူတစ်ပါး၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်စေနိုင်သော မည်သည့်အကြမ်းဖက်လုပ်ရပ်များနှင့် ကျုးလွန်သူများကို မည်သည့်အခါတွင်မျှ အားမပေးဘဲ တားဆီးကာ တိုက်ဖျက်ချေမှုန်းသွားပါမည် (၂) ရာဇဝတ်မှုကျုးလွန်သည့် လုပ်ရပ်များနှင့် ပတ်သက်သောပစ္စည်းဥစ္စာများကို ဥပဒေနှင့်အညီ ထိန်းသိမ်းပြီး စစ်ဆေးကာ နည်းမှန်လမ်းမှန် အရေးယူသွားမည် (၃) နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသော စီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးသူများ ကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမည် (၄) နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များ အပေါ် အနှောင့်အယှက်ပေးခြင်း ၊ ဆက်ကြေးတောင်းခြင်း စသည့်ပြစ်မှုများကျုးလွန်သူ မည်သူကိုမဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် (၅) အကြမ်းဖက်လုပ်ရပ်အား ကျုးလွန်သူများ ၊ ရာဇဝတ်မှုကျုးလွန်သူများအား အကာအကွယ်ပေးနေသူများကို ဖြိုခွင်းတိုက်ဖျက် အရေးယူသွားပါမည် (၆) လူကုန်ကူးခြင်းနှင့် အတင်းအဓမ္မလုပ်အားခိုင်းစေသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားပါမည် (၇) အကြမ်းဖက် လုပ်ရပ်များအား ကျုးလွန်သောသူများကိုတွေ့ရှိပါက မိမိတို့ထံ အချိန်မီသတင်းပို့ကြပါရန် မေတ္တာရပ်ခံပါသည် ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။ ဒီ(၇)ချက်ကို ထုတ်ပြန်ရခြင်းအကြောင်းကိုတော့ အခုလိုဖော်ပြထားပြန်ပါတယ်။

"ဒေသတည်ငြိမ်‌အေးချမ်း‌ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ် စောင့်ရှောက်ရေးဟူသည့် မွန်မြတ်သော တာဝန်ဝတ္တရားကို ကျေပွန်စွာထမ်းဆောင်ရန်အတွက် မိမိတို့ ညီနောင် မဟာမိတ်(၃)ဖွဲ့အနေဖြင့် မိမိတို့၏ ထိန်းချုပ်နယ်မြေများနှင့် လှုပ်ရှားနယ်မြေများအတွင်း၌ အကြမ်းဖက် တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှုကျုးလွန်သည့်လုပ်ရပ်များအား ချေမှုန်းရေးလုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန် ရန်အတွက် တက်တက်ကြွကြွနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်" လို့ သူတို့ ထိန်းချုပ်နယ်မြေများ အတွင်း တည်ငြိမ်ရေးဆိုတဲ့ခေါင်းစဉ်ကို အသိပေးခဲ့တာပါ။

ဒီထုတ်ပြန်ချက်ထဲက အဓိကရည်ညွှန်းချင်တဲ့ နိုင်ငံနဲ့ အဓိက အကြောင်းတရားတွေက ဘာတွေဖြစ်မလဲဆိုတာကို ခန့်မှန်းကြည့်မယ်ဆိုရင် လွယ်ကူရိုးရှင်းနေတာကို မြင်ရနိုင်ပါတယ်။ သေချာတာကတော့ တရုတ်နိုင်ငံကို ရည်ရွယ် နေတာဖြစ်သလို ဒီသုံးဖွဲ့ အခုလိုထုတ်ပြန်ဖို့အတွက် ကချင်လက်နက်ကိုင်အဖွဲ့ KIA က လမ်းညွှန်ချက်ပေးခဲ့ပုံရ ပါတယ်။ "အဓိကအချက်နှစ်ချက်ကိုတော့ သွားတွေ့တယ်။ ဒေသတည်ငြိမ်ရေးနဲ့ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေကို အကာအကွယ်ပေးရေးပေ့ါ။ ဒါ့အပြင် ဒီနှစ်ပိုင်းတွေအတွင်းမှာ ပေါ်လာတဲ့ အွန်လိုင်းအသုံးချ လိမ်လည်မှု၊ လူကုန်ကူးမှု နဲ့ အတင်းအဓမ္မအလုပ်ခိုင်းစေမှုအကြောင်းလည်း ပါနေတာကို တွေ့ရတယ် " လို့ တရုတ်-မြန်မာရေးရာသုတေသီ ဒေါက်တာ ဟိန်းခိုင်က ပြောပါတယ်။

ယူနန်ပြည်နယ်နဲ့ အမွိုင်အခြေစိုက်တက္ကသိုလ်တွေမှာ လှည့်လည်ပြီး တရုတ်-မြန်မာရေးရာ သုတေသီလုပ်ငန်း ပညာရပ်တွေကို လေ့လာသူ ပါမောက္ခလုပ်နေတဲ့ တရုတ်နွယ်ဖွား ဒေါက်တာဟိန်းခိုင်ရဲ့အမြင်ကတော့ ဒီသုံးဖွဲ့ဟာ တရုတ်ကို ရည်ညွှန်းပြီး ကြေညာချက်ထုတ်တာလို့ ကောက်ချက်ဆွဲပါတယ်။ ဒီကြေညာချက်ကို ကိုးကားရင် ရှုထောင့် လေးခုထက်မက မြင်ထားရတယ်လို့ သုံးသပ်ထားသလို တရုတ်-မြန်မာဆက်ဆံရေးထဲက မြုပ်နေတဲ့ အမုန်းတရားဆိုင်ရာ လှုံ့ဆော်မှုတွေကို နှစ်နိုင်ငံလုံးက တစ်ကျော့ပြန်သတိထားလာဖို့ လိုနေတယ်လို့ ဆိုပါတယ်။

ဆိုလိုရင်းကတော့ မြန်မာဘက်ခြမ်းမှာ တရုတ်မုန်းတီးရေးလှိုင်းတွေဖြစ်လာအောင် လှုံ့ဆော်သူတွေက ရှိနေသလို တရုတ်ဘက်မှာလည်း မြန်မာနိုင်ငံကို ကြောက်လန့်နေတဲ့ တရုတ်ပြည်သူတွေ ရှိနေတယ်ဆိုတာ မမေ့ဖို့ ပါပဲ။

"မြောက်ပိုင်းသုံးဖွဲ့ရဲ့ကြေညာချက်မတိုင်မီကတည်းက မြန်မာအာဏာပိုင်တွေဘက်က တရုတ်နိုင်ငံရဲ့စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ အပြည့်အဝပေးပါမယ်လို့ ကတိပေးခဲ့တာတွေ ရှိထားပါတယ်။ EAOs တွေအနေနဲ့လည်း တပ်မတော် နဲ့ ရင်ဆိုင်တိုက်ခိုက်နေရချိန်မှာ တရုတ်နိုင်ငံကိုပါ ရန်စသလို လုပ်မိတဲ့အလုပ်တွေ ရှိလာရင် သူတို့ အတွက် ရလဒ်ကောင်းမှာ မဟုတ်ဘူးဆိုတာကို သူတို့နားလည်ပုံရပါတယ် " လို့ ဒေါက်တာဟိန်းခိုင်က သုံးသပ်ပါ တယ်။

တကယ်တော့ MNDAA ၊ TNLA နဲ့ AA တို့ရဲ့လှုပ်ရှားနယ်မြေတွေဟာ တရုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ အတွင်းကျကျ ပတ်သက်ရတဲ့နေရာတွေအများအပြား မရှိလှပါဘူး။ အဓိကပတ်သက်ရတာက KIA နဲ့ပါပဲ။ ဒီသုံးဖွဲ့ ရဲ့ထုတ်ပြန်ချက်ဟာ တရုတ်အစိုးရဆီကို မျက်နှာချိုသွေးချင်တဲ့ KIA ရဲ့သဝဏ်လွှာဖြစ်သလို နယ်စပ်ဒေသ တစ်လွှားက မူးယစ်နဲ့ ရာဇဝတ်မှုတွေကို သူတို့ရဲ့ပါဝင်ပတ်သက်မှုက လျော့ချပစ်နိုင်တယ်ဆိုတဲ့ သတင်းစကား လည်း ဖြစ်နိုင်ပါတယ်။ တရုတ်-မြန်မာနယ်စပ်က လက်နက်ကိုင် မငြိမ်းချမ်းနယ်မြေတွေထဲမှာ တရုတ်နိုင်ငံကို ပြန်လည်ဒုက္ခပေးနေတဲ့ တရုတ်နွယ်ဖွား မူးယစ်ရာဇာတွေ၊ တရားမဝင်လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်သူတွေ မိဘအိမ်သဖွယ်နေထိုင်သွားလာလှုပ်ရှားခွင့်ရနေတာပါ။ တရုတ်စကားပြောတဲ့ ရာဇဝတ်သမားတွေက အိန္ဒိယနိုင်ငံသားတွေ၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုနဲ့ ဒေသတွင်းနိုင်ငံအသီးသီးက အလုပ်သမားတွေကို လိမ်လည်ခေါ်ယူခြင်း၊ ပြန်ပေးဆွဲခြင်း၊ အတင်းအဓမ္မအလုပ်အကိုင်စေခိုင်းခြင်း၊ သတ်ဖြတ် ခြင်း အစရှိတဲ့ တရားမဝင်ရာဇဝတ်မှု မှန်သမျှကို မြန်မာလက်နက်ကိုင်တွေ ကြီးစိုးရာနယ်မြေထဲမှာ ဥပဒေနဲ့ ကင်းလွတ်စွာ လုပ်ကိုင်ခွင့်ရနေပါတယ်။ တရုတ်နိုင်ငံသားတွေကိုပါ ပြန်ပေးဆွဲတဲ့အထိ ဆိုးဝါးတဲ့ရာဇဝတ်မှုတွေ လုပ်ကိုင်လာကြတဲ့ တရုတ်စကားပြောသူတွေဟာ တရုတ်နိုင်ငံအတွက်တော့ ဂုဏ်သိက္ခာပုံရိပ်ထိခိုက်စရာတွေ ဖြစ်လာခဲ့ပါတယ်။ တရားမဝင်လုပ်ငန်းတွေက ထင်တိုင်းကျဲလုပ်ကိုင်ခွင့်ရနေပေမယ့် တရားဝင် ဝင်ရောက်လုပ်ကိုင်တဲ့ ရင်းနှီးမြုပ်နှံမှုတွေကတော့ လက်နက်ကိုင်နယ်မြေတွေထဲမှာပါ တားဆီးကန့်သတ်မှုတွေ၊ ဖိအားပေးခြိမ်းခြောက်ခံရမှုတွေ၊ နိုင်ငံရေးအရ ကန့်ကွက်ဖိအားပေးခံရမှုတွေ ဖြစ်ပေါ်နေတာဟာ တရုတ်အစိုးရ အတွက် စိတ်သောကဖြစ်စေခဲ့ပုံရပါတယ်။

"သူတို့ (သုံးဖွဲ့) ကြေညာချက်ဟာ တရုတ်လို့ နာမည်တပ်မထားပေမယ့် တရုတ်ကို ရည်ညွှန်းတယ်ဆိုတာ သိသာ ပါတယ်။ ဒီလိုပဲ တရုတ် အပြင် ထိုင်း၊ စင်ကာပူ အစရှိတဲ့ တရားဝင် ဝင်ရောက်လာတဲ့လုပ်ငန်းတွေကို ထိခိုက် နစ်နာစေလို့ မရဘူးဆိုတာကို သူတို့ နားလည်ထားပုံလည်း ရပါတယ် " လို့ ဒေါက်တာဟိန်းခိုင်က ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်ဟာ တရားဝင်လုပ်ငန်းတွေနဲ့ တရားမဝင်လုပ်ငန်းတွေ အားပြိုင်ရာနေရာဖြစ်ပေမယ့် တရားဝင်လုပ်ငန်းတွေအတွက် တင်းကြပ်မှုတွေ၊ အဆင်မပြေမှုတွေများစွာ ရှိထားသည့်တိုင် တရားမဝင် လုပ်ငန်းတွေအတွက်တော့ လွယ်ကူချောမွေမှုတွေဖြစ်နေစေတာဟာ အစိုးရတွေအတွက်တော့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ မြန်မာအစိုးရကို တရုတ်အစိုးရဘက်က ထိပ်တန်းအရာရှိတွေ ရောက်လာတိုင်းမှာ ထည့်သွင်း ပြောကြားလေ့ရှိတဲ့စကားကတော့ တရားမဝင်ကာစီနိုတွေ၊ မူးယစ်လုပ်ငန်းတွေ၊ လူကုန်ကူးမှုနဲ့ အတင်းအဓမ္မခိုင်း စေမှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊ အွန်လိုင်းကနေ ကျားဖြန့်လိုခေါ်တဲ့ လိမ်လည်မှုတွေကို တားဆီး ကာကွယ်ပေးဖို့ ဆိုတဲ့အချက်ပါပဲ။ မြန်မာဘက်ခြမ်းမှာတော့ စိန်ခေါ်မှုတွေအဖြစ်ရှိနေတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေရဲ့နယ်မြေထဲမှာ ရောက်ရှိနေတဲ့ တရားမဝင်လုပ်ငန်းတွေကို တားဆီးထိန်းချုပ်ရေးဟာ စစ်ဆင်ရေးတစ်ရပ်နဲ့ ထိထိရောက်ရောက် ရှင်းလင်းရေးတစ်ခုလုပ်သွားရန်သာ ဖြစ်သလို ဒီလိုလုပ်ဖို့အတွက်လည်း တရုတ်နိုင်ငံဘက်က ပူးပေါင်းကူညီပေးဖို့ လိုအပ်နေတာမျိုးဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လက်ပံတောင်းကြေးနီစီမံကိန်းလိုနယ်မြေမျိုးကို ဒေသတွင်း PDF အဖွဲ့ရဲ့ တိုက်ခိုက်ရန်ရှာခြင်းတွေ သက်သာအောင်လုပ်ဆောင်နေသလို ကျောက်ဖြူ-ကူမင်းရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ ရထားလမ်းစီမံကိန်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် အစရှိတဲ့ အကြီးစားစီမံကိန်းတွေမှာ အတိုင်းအတာတစ်ခုအထိ အကျိုးအမြတ်ခွဲဝေယူချင်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို ထိန်းကျောင်းဖို့မှာ တပ်မတော် အတွက် အခက်အခဲတွေ ရှိနေပုံရပါတယ်။ အဖွဲ့ပေါင်းများစွာ စုံလာတဲ့အခါမှာ အကျိုးအမြတ်ခွဲဝေရေးဟာ အတား အဆီးဖြစ်လာသလို တရုတ်အတွက်လည်း စိုးရိမ်စရာအဖြစ် ရှိနေတာပါ။ တရားဝင်လာရောက်လုပ်ကိုင်နေတဲ့ စီမံကိန်းအကြီးစားတွေမှာ အတားအဆီးအခက်အခဲတွေ၊ အကျိုးအမြတ်ခွဲဝေမှုတွေ ခက်ခဲနေပေမယ့် အရမ်းကို အကျိုးအမြတ်ဖြစ်ထွန်းနေတာကတော့ တရားမဝင်လုပ်ငန်းတွေပါပဲ။ ဒီလုပ်ငန်းတွေဟာ တရုတ်နဲ့ မြန်မာ နှစ်ဖက် အစိုးရတွေကို အကျိုးအမြတ်ရရှိမှုလုံးဝမရှိဘဲ လက်နက်ကိုင်အဖွဲ့တွေကသာ ခွဲဝေယူနေကြတဲ့သဘောပါ။ အခြားတစ်ဖက်မှာတော့ တရုတ်နိုင်ငံဟာ တရုတ်စကားပြောသူ တရားမဝင်ရာဇဝတ်သမားတွေကြောင့် ဂုဏ်သတင်း ပိုမိုထိခိုက်နစ်နာစေခဲ့တာပါပဲ။ ကရင်ပြည်နယ် မြဝတီမြို့နဲ့ (၁၆)မိုင်လောက်သာ ဝေးတဲ့ KK Park လိုလုပ်ငန်းမျိုးဟာ တရုတ်နိုင်ငံအတွက်တော့ ကိုယ်တိုင်မလုပ်ရပါဘဲ တရုတ်စကားပြောသူ ရာဇဝတ်သမားတွေ ကြောင့် အရှက်ရစရာဖြစ်စေခဲ့ပြန်ပါတယ်။

နှစ်နိုင်ငံကြားမှာ တရားဝင်လုပ်ငန်းနဲ့ တရားမဝင်လုပ်ငန်းဆိုပြီး လွန်ဆွဲနေသလို နှစ်နိုင်ငံပြည်သူတွေကြားမှာ လည်း တစ်နိုင်ငံအပေါ် တစ်နိုင်ငံအမြင်တွေက ကောင်းလွန်းနေတာ မရှိပြန်ပါဘူး။ တစ်နည်းအားဖြင့် မြန်မာ ပြည်သူတွေရဲ့အမြင်မှာ တရုတ်ဟာ မြန်မာနိုင်ငံအပေါ် ကုတ်သွေးစုပ်တယ်လို့ အထင်ရှိနေကြသလို တရုတ်ဆိုရင် မုန်းတီးရမယ်ဆိုတဲ့ ဝါဒဖြန့်မှိုင်းတွေက နှစ်နိုင်ငံဆက်ဆံရေး အစေးကပ်လို့မရအောင် ပုံဖော်ခံထားရပါတယ်။ မြန်မာဘက်ခြမ်းမှာ တရုတ်ဟာ မကောင်းဘူးဆိုတဲ့ ဝါဒဖြန့်ခံထားရမှု ကြီးမားကျယ်ပြန့်နေသလိုမျိုး တရုတ်ဘက်ခြမ်းမှာလည်း မြန်မာဆိုတဲ့အသံကို ကြားရင် ရွံ့ကြောက်ကြီးလို မြင်နေတယ်ဆိုတဲ့ သတင်းစကား တွေ ရှိနေပြန်ပါတယ်။
“ဒီနှစ်ပိုင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ အင်တာနက်ကနေတစ်ဆင့် တရားမဝင်လိမ်ညာမှု လောင်းကစား မှုတွေ အပါအဝင် ပြန်ပေးဆွဲ၊ လူမှောင်ခိုကူးမှု၊ အတင်းအဓမ္မစေခိုင်းမှု နှိပ်စက်မှုတွေဟာ တရုတ်နိုင်ငံဘက်မှာ နာမည်ကြီးလာတယ်။ မြန်မာဟာ ဒီကိစ္စကြောင့် တရုတ်ပြည်သူတွေကြားမှာ နာမည်ပျက်လာတယ်။ လက်တွေ့ မှာက တရုတ်နိုင်ငံနယ်စပ် မြန်မာနိုင်ငံမြောက်ပိုင်းမှာနေပြီးတော့ တရုတ်ဘက်ကိုပဲ လိမ်ညာတဲ့လုပ်ဆောင်နေမှု တွေကြောင့် တရုတ်ပြည်သူတွေက ကြောက်နေကြတာ။ တရုတ်ပြည်သူတွေကတော့ သေချာနားမလည်တော့ တော်တော်လေးကို မြန်မာနိုင်ငံကို ကြောက်နေကြတာ။ တရုတ်လူမှုကွန်ရက်တွေပေါ်မှာ မြန်မာက တော်တော် လေးကို နာမည်ပျက်နေတာ" လို့ ဒေါက်တာဟိန်းခိုင်က ပြောပါတယ်။

သို့သော်လည်း အင်မတန်ရှုပ်ထွေးသောကိစ္စမျိုးဖြစ်နေသလို နှစ်နိုင်ငံကြားမှာ အချိန်ကြာကြာယူပြီး ပြင်ဆင်ရမယ့် ကိစ္စတစ်ခုဖြစ်လာနေတယ်လို့ ရှုမြင်ထားပါတယ်။ အထူးသဖြင့် တရုတ်ပြည်သူတွေရဲ့လူမှုကွန်ရက်တွေမှာ မြန်မာနိုင်ငံဟာ သွားလာလို့ မကောင်းဘူး၊ လိမ်လည်မှုတွေရှိတယ်၊ လူကုန်ကူးမှုတွေရှိတယ်၊ တရားမဝင်အလုပ် တွေ၊ မှောင်ခိုကိစ္စတွေနဲ့ ကြောက်စရာလန့်စရာတွေချည်းသာ ဖြစ်နေတယ်လို့ အချင်းအချင်းပြန်လည်မျှဝေပြောဆို မှုတွေ ရှိနေခဲ့တာပါ။ ဒီအချက်ဟာ မြန်မာပြည်သူတွေဘက်က သေချာသိရှိထားခြင်းမရှိသလို မြန်မာအစိုးရဘက် ကလည်း ဒါကို ဂရုတစိုက်လေ့လာနေပုံ မပေါ်သေးပါ။ နှစ်နိုင်ငံလုံးအတွက် အစိုးရချင်းဖြစ်စေ၊ ပြည်သူချင်းဖြစ်စေ ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့မှာ ဒီလိုဆိုးဝါးတဲ့သတင်းတွေကြောင့် အတားအဆီးဖြစ်နေစေမှာ တော့ အမှန်ပါပဲ။

အချုပ်အားဖြင့်ဆိုရရင် တရုတ်နဲ့ မြန်မာနိုင်ငံကြားက ဆက်ဆံရေးမှာ ခြံစည်းရိုးချင်းကပ်နေလို့ အစိုးရချင်းဖြစ်စေ၊ ပြည်သူချင်းဖြစ်စေ အပြန်အလှန်နားလည်မှု၊ ကူးလူးဆက်ဆံမှုတွေ ရှိနေမယ်လို့ ထင်စရာရှိပါတယ်။ အခြား တစ်ဖက်မှာတော့ ကျောချင်းကပ် အိပ်စက်နေသည့်တိုင် ကမ္ဘာခြားသလို ဝေးကွာစေမယ့် အရှုပ်အထွေးတွေက နှစ်နိုင်ငံအစိုးရချင်းကြားမှာ ဖြစ်စေ၊ ပြည်သူချင်းကြားမှာဖြစ်စေ တရားမဝင်လုပ်ရပ် လုပ်ကိုင်နေကြသူတွေ ကြောင့် ဖြစ်တည်လာနေပါတယ်။ ဒီလိုဖြစ်တည်လာအောင်လည်း KIA ဦးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေက ရည်ရွယ်ချက်ရှိရှိ ပုန်းကွယ်လုပ်ဆောင်နေသလို၊ ကရင်ပြည်နယ်ထဲက လက်နက်ကိုင်တွေကလည်း လုပ်ဆောင်နေပါတယ်။ လုပ်ဆောင်ချက်တွေကို သိနေသည့်တိုင်အောင်လည်း နှစ်နိုင်ငံကြားမှာ ငဲ့ညှာ ထောက်ထားစရာတွေ ရှိနေပုံရတာကြောင့် တရုတ်အစိုးရကဖြစ်စေ၊ မြန်မာအစိုးရကဖြစ်စေ ပြတ်သားတဲ့ နှိမ်နင်းမှုတွေကို ပူးတွဲလုပ်ဆောင်ဖို့ လမ်းကြောင်းမဖွင့်နိုင်သေးပါဘူး။ ဒါကို ရိပ်စားမိတဲ့လက်နက်ကိုင်အဖွဲ့တွေ ကတော့ ဖော်ပြပါကြေညာချက်တွေနဲ့ ချွေးသိပ်လိမ်လည်ဖို့ ဆက်လက်ကြိုးစားနေဦးမှာဖြစ်တယ်လို့ ရှုမြင်မိ ကြောင်းပါ။

Zawgyi Version;
KIA ရဲ႕တပည့္သုံးဖြဲ႕ ထုတ္ျပန္တဲ့စာနဲ႔ တ႐ုတ္-ျမန္မာ ျပည္သူမ်ားၾကားက အျပန္အလွန္စိုးေၾကာက္မႈမ်ား
NP News - စက္တင္ဘာ ၆

ေျမာက္ပိုင္း မဟာမိတ္သုံးဖြဲ႕ျဖစ္တဲ့ MNDAA ၊ TNLA နဲ႔ AA တို႔ဟာ စိတ္ဝင္စားဖြယ္ ေၾကညာခ်က္တစ္ေစာင္ကို ၿပီးခဲ့တဲ့ ဇူလိုင္(၁)ရက္က ပူးတြဲထုတ္ျပန္ခဲ့သလို ဒီထုတ္ျပန္ခ်က္ဟာ ဘာကိုရည္ၫႊန္းသလဲလို႔ ျမန္မာျပည္သူ အမ်ားအျပားက သတိထားမိပုံ မေပၚခဲ့ပါဘူး။ အထူးသျဖင့္ ႏိုင္ငံေရးျပႆနာေတြ ရႈပ္ေထြးေနတဲ့အခ်ိန္မွာ အာ႐ုံစိုက္မႈအမ်ားစုဟာ ျမန္မာႏိုင္ငံသားအခ်င္းခ်င္း တိုက္ခိုက္သတ္ျဖတ္မႈေတြနဲ႔ အၾကမ္းဖက္မႈေတြအေၾကာင္းပဲ ျဖစ္ေနခဲ့တဲ့အတြက္ ေျမာက္ပိုင္းသုံးဖြဲ႕ရဲ႕ေၾကညာခ်က္ကို စဥ္းစားမိပုံမရခဲ့တာပါ။ ဒါေၾကာင့္လည္း ႏွစ္လေက်ာ္ လာခဲ့ၿပီျဖစ္တဲ့ ဒီထုတ္ျပန္ခ်က္ဟာ ဘာကိုရည္ၫႊန္းသလဲဆိုတာနဲ႔ ေနာက္ဆက္တြဲေတြအေၾကာင္းကို အစဆြဲထုတ္ၿပီး လူထုကို အသိေပးသင့္တယ္လို႔ ျမင္လာပါတယ္။

KIA ရဲ႕တပည့္ေတြျဖစ္တဲ့ ေျမာက္ပိုင္းလက္နက္ကိုင္ သုံးဖြဲ႕ဟာ အခ်က္(၇) ခ်က္ပါတဲ့ ေၾကညာခ်က္ကို ပူးတြဲထုတ္ျပန္ခဲ့ပါတယ္။ ဒီထုတ္ျပန္ခ်က္ကေတာ့ (၁) ေဒသတည္ၿငိမ္ေအးခ်မ္းေရး၊ လုံၿခဳံေရးႏွင့္ သူတစ္ပါး၏ အသက္အိုးအိမ္စည္းစိမ္မ်ားကို ထိခိုက္ေစႏိုင္ေသာ မည္သည့္အၾကမ္းဖက္လုပ္ရပ္မ်ားႏွင့္ က်ဳးလြန္သူမ်ားကို မည္သည့္အခါတြင္မွ် အားမေပးဘဲ တားဆီးကာ တိုက္ဖ်က္ေခ်မႈန္းသြားပါမည္ (၂) ရာဇဝတ္မႈက်ဳးလြန္သည့္ လုပ္ရပ္မ်ားႏွင့္ ပတ္သက္ေသာပစၥည္းဥစၥာမ်ားကို ဥပေဒႏွင့္အညီ ထိန္းသိမ္းၿပီး စစ္ေဆးကာ နည္းမွန္လမ္းမွန္ အေရးယူသြားမည္ (၃) ႏိုင္ငံတကာမွ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံေသာ စီမံကိန္းမ်ားအား ေႏွာင့္ယွက္ဖ်က္ဆီးသူမ်ား ကို ထိေရာက္စြာအေရးယူေဆာင္႐ြက္သြားမည္ (၄) ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီ (သို႔မဟုတ္) ပုဂၢိဳလ္မ်ား အေပၚ အေႏွာင့္အယွက္ေပးျခင္း ၊ ဆက္ေၾကးေတာင္းျခင္း စသည့္ျပစ္မႈမ်ားက်ဳးလြန္သူ မည္သူကိုမဆို ဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ (၅) အၾကမ္းဖက္လုပ္ရပ္အား က်ဳးလြန္သူမ်ား ၊ ရာဇဝတ္မႈက်ဳးလြန္သူမ်ားအား အကာအကြယ္ေပးေနသူမ်ားကို ၿဖိဳခြင္းတိုက္ဖ်က္ အေရးယူသြားပါမည္ (၆) လူကုန္ကူးျခင္းႏွင့္ အတင္းအဓမၼလုပ္အားခိုင္းေစသူမ်ားကို ထိထိေရာက္ေရာက္ အေရးယူေဆာင္႐ြက္သြားပါမည္ (၇) အၾကမ္းဖက္ လုပ္ရပ္မ်ားအား က်ဳးလြန္ေသာသူမ်ားကိုေတြ႕ရွိပါက မိမိတို႔ထံ အခ်ိန္မီသတင္းပို႔ၾကပါရန္ ေမတၱာရပ္ခံပါသည္ ဆိုတဲ့အခ်က္ေတြ ျဖစ္ပါတယ္။ ဒီ(၇)ခ်က္ကို ထုတ္ျပန္ရျခင္းအေၾကာင္းကိုေတာ့ အခုလိုေဖာ္ျပထားျပန္ပါတယ္။

"ေဒသတည္ၿငိမ္‌ေအးခ်မ္း‌ေရးႏွင့္ ျပည္သူလူထုတစ္ရပ္လုံး၏ အသက္အိုးအိမ္စည္းစိမ္မ်ားကို ကာကြယ္ ေစာင့္ေရွာက္ေရးဟူသည့္ မြန္ျမတ္ေသာ တာဝန္ဝတၱရားကို ေက်ပြန္စြာထမ္းေဆာင္ရန္အတြက္ မိမိတို႔ ညီေနာင္ မဟာမိတ္(၃)ဖြဲ႕အေနျဖင့္ မိမိတို႔၏ ထိန္းခ်ဳပ္နယ္ေျမမ်ားႏွင့္ လႈပ္ရွားနယ္ေျမမ်ားအတြင္း၌ အၾကမ္းဖက္ တိုက္ဖ်က္ေရးႏွင့္ ရာဇဝတ္မႈက်ဳးလြန္သည့္လုပ္ရပ္မ်ားအား ေခ်မႈန္းေရးလုပ္ငန္းမ်ားကို ပိုမိုတိုးတက္ေကာင္းမြန္ ရန္အတြက္ တက္တက္ႂကြႂကြႏွင့္အတူတကြ ပူးေပါင္းေဆာင္႐ြက္သြားႏိုင္ရန္" လို႔ သူတို႔ ထိန္းခ်ဳပ္နယ္ေျမမ်ား အတြင္း တည္ၿငိမ္ေရးဆိုတဲ့ေခါင္းစဥ္ကို အသိေပးခဲ့တာပါ။

ဒီထုတ္ျပန္ခ်က္ထဲက အဓိကရည္ၫႊန္းခ်င္တဲ့ ႏိုင္ငံနဲ႔ အဓိက အေၾကာင္းတရားေတြက ဘာေတြျဖစ္မလဲဆိုတာကို ခန႔္မွန္းၾကည့္မယ္ဆိုရင္ လြယ္ကူ႐ိုးရွင္းေနတာကို ျမင္ရႏိုင္ပါတယ္။ ေသခ်ာတာကေတာ့ တ႐ုတ္ႏိုင္ငံကို ရည္႐ြယ္ ေနတာျဖစ္သလို ဒီသုံးဖြဲ႕ အခုလိုထုတ္ျပန္ဖို႔အတြက္ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA က လမ္းၫႊန္ခ်က္ေပးခဲ့ပုံရ ပါတယ္။ "အဓိကအခ်က္ႏွစ္ခ်က္ကိုေတာ့ သြားေတြ႕တယ္။ ေဒသတည္ၿငိမ္ေရးနဲ႔ ႏိုင္ငံတကာရင္းႏွီးျမဳပ္ႏွံမႈေတြကို အကာအကြယ္ေပးေရးေပ့ါ။ ဒါ့အျပင္ ဒီႏွစ္ပိုင္းေတြအတြင္းမွာ ေပၚလာတဲ့ အြန္လိုင္းအသုံးခ် လိမ္လည္မႈ၊ လူကုန္ကူးမႈ နဲ႔ အတင္းအဓမၼအလုပ္ခိုင္းေစမႈအေၾကာင္းလည္း ပါေနတာကို ေတြ႕ရတယ္ " လို႔ တ႐ုတ္-ျမန္မာေရးရာသုေတသီ ေဒါက္တာ ဟိန္းခိုင္က ေျပာပါတယ္။

ယူနန္ျပည္နယ္နဲ႔ အမြိဳင္အေျခစိုက္တကၠသိုလ္ေတြမွာ လွည့္လည္ၿပီး တ႐ုတ္-ျမန္မာေရးရာ သုေတသီလုပ္ငန္း ပညာရပ္ေတြကို ေလ့လာသူ ပါေမာကၡလုပ္ေနတဲ့ တ႐ုတ္ႏြယ္ဖြား ေဒါက္တာဟိန္းခိုင္ရဲ႕အျမင္ကေတာ့ ဒီသုံးဖြဲ႕ဟာ တ႐ုတ္ကို ရည္ၫႊန္းၿပီး ေၾကညာခ်က္ထုတ္တာလို႔ ေကာက္ခ်က္ဆြဲပါတယ္။ ဒီေၾကညာခ်က္ကို ကိုးကားရင္ ရႈေထာင့္ ေလးခုထက္မက ျမင္ထားရတယ္လို႔ သုံးသပ္ထားသလို တ႐ုတ္-ျမန္မာဆက္ဆံေရးထဲက ျမဳပ္ေနတဲ့ အမုန္းတရားဆိုင္ရာ လႈံ႕ေဆာ္မႈေတြကို ႏွစ္ႏိုင္ငံလုံးက တစ္ေက်ာ့ျပန္သတိထားလာဖို႔ လိုေနတယ္လို႔ ဆိုပါတယ္။

ဆိုလိုရင္းကေတာ့ ျမန္မာဘက္ျခမ္းမွာ တ႐ုတ္မုန္းတီးေရးလႈိင္းေတြျဖစ္လာေအာင္ လႈံ႕ေဆာ္သူေတြက ရွိေနသလို တ႐ုတ္ဘက္မွာလည္း ျမန္မာႏိုင္ငံကို ေၾကာက္လန႔္ေနတဲ့ တ႐ုတ္ျပည္သူေတြ ရွိေနတယ္ဆိုတာ မေမ့ဖို႔ ပါပဲ။

"ေျမာက္ပိုင္းသုံးဖြဲ႕ရဲ႕ေၾကညာခ်က္မတိုင္မီကတည္းက ျမန္မာအာဏာပိုင္ေတြဘက္က တ႐ုတ္ႏိုင္ငံရဲ႕စီးပြားေရး ရင္းႏွီးျမဳပ္ႏွံမႈေတြ အျပည့္အဝေပးပါမယ္လို႔ ကတိေပးခဲ့တာေတြ ရွိထားပါတယ္။ EAOs ေတြအေနနဲ႔လည္း တပ္မေတာ္ နဲ႔ ရင္ဆိုင္တိုက္ခိုက္ေနရခ်ိန္မွာ တ႐ုတ္ႏိုင္ငံကိုပါ ရန္စသလို လုပ္မိတဲ့အလုပ္ေတြ ရွိလာရင္ သူတို႔ အတြက္ ရလဒ္ေကာင္းမွာ မဟုတ္ဘူးဆိုတာကို သူတို႔နားလည္ပုံရပါတယ္ " လို႔ ေဒါက္တာဟိန္းခိုင္က သုံးသပ္ပါ တယ္။

တကယ္ေတာ့ MNDAA ၊ TNLA နဲ႔ AA တို႔ရဲ႕လႈပ္ရွားနယ္ေျမေတြဟာ တ႐ုတ္စီးပြားေရးလုပ္ငန္းေတြနဲ႔ အတြင္းက်က် ပတ္သက္ရတဲ့ေနရာေတြအမ်ားအျပား မရွိလွပါဘူး။ အဓိကပတ္သက္ရတာက KIA နဲ႔ပါပဲ။ ဒီသုံးဖြဲ႕ ရဲ႕ထုတ္ျပန္ခ်က္ဟာ တ႐ုတ္အစိုးရဆီကို မ်က္ႏွာခ်ိဳေသြးခ်င္တဲ့ KIA ရဲ႕သဝဏ္လႊာျဖစ္သလို နယ္စပ္ေဒသ တစ္လႊားက မူးယစ္နဲ႔ ရာဇဝတ္မႈေတြကို သူတို႔ရဲ႕ပါဝင္ပတ္သက္မႈက ေလ်ာ့ခ်ပစ္ႏိုင္တယ္ဆိုတဲ့ သတင္းစကား လည္း ျဖစ္ႏိုင္ပါတယ္။ တ႐ုတ္-ျမန္မာနယ္စပ္က လက္နက္ကိုင္ မၿငိမ္းခ်မ္းနယ္ေျမေတြထဲမွာ တ႐ုတ္ႏိုင္ငံကို ျပန္လည္ဒုကၡေပးေနတဲ့ တ႐ုတ္ႏြယ္ဖြား မူးယစ္ရာဇာေတြ၊ တရားမဝင္လုပ္ငန္းလုပ္ကိုင္သူေတြနဲ႔ က်ားျဖန႔္ေခၚ အြန္လိုင္းလိမ္လည္သူေတြ မိဘအိမ္သဖြယ္ေနထိုင္သြားလာလႈပ္ရွားခြင့္ရေနတာပါ။ တ႐ုတ္စကားေျပာတဲ့ ရာဇဝတ္သမားေတြက အိႏၵိယႏိုင္ငံသားေတြ၊ မေလးရွား၊ ဖိလစ္ပိုင္၊ လာအိုနဲ႔ ေဒသတြင္းႏိုင္ငံအသီးသီးက အလုပ္သမားေတြကို လိမ္လည္ေခၚယူျခင္း၊ ျပန္ေပးဆြဲျခင္း၊ အတင္းအဓမၼအလုပ္အကိုင္ေစခိုင္းျခင္း၊ သတ္ျဖတ္ ျခင္း အစရွိတဲ့ တရားမဝင္ရာဇဝတ္မႈ မွန္သမွ်ကို ျမန္မာလက္နက္ကိုင္ေတြ ႀကီးစိုးရာနယ္ေျမထဲမွာ ဥပေဒနဲ႔ ကင္းလြတ္စြာ လုပ္ကိုင္ခြင့္ရေနပါတယ္။ တ႐ုတ္ႏိုင္ငံသားေတြကိုပါ ျပန္ေပးဆြဲတဲ့အထိ ဆိုးဝါးတဲ့ရာဇဝတ္မႈေတြ လုပ္ကိုင္လာၾကတဲ့ တ႐ုတ္စကားေျပာသူေတြဟာ တ႐ုတ္ႏိုင္ငံအတြက္ေတာ့ ဂုဏ္သိကၡာပုံရိပ္ထိခိုက္စရာေတြ ျဖစ္လာခဲ့ပါတယ္။ တရားမဝင္လုပ္ငန္းေတြက ထင္တိုင္းက်ဲလုပ္ကိုင္ခြင့္ရေနေပမယ့္ တရားဝင္ ဝင္ေရာက္လုပ္ကိုင္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြကေတာ့ လက္နက္ကိုင္နယ္ေျမေတြထဲမွာပါ တားဆီးကန႔္သတ္မႈေတြ၊ ဖိအားေပးၿခိမ္းေျခာက္ခံရမႈေတြ၊ ႏိုင္ငံေရးအရ ကန႔္ကြက္ဖိအားေပးခံရမႈေတြ ျဖစ္ေပၚေနတာဟာ တ႐ုတ္အစိုးရ အတြက္ စိတ္ေသာကျဖစ္ေစခဲ့ပုံရပါတယ္။

"သူတို႔ (သုံးဖြဲ႕) ေၾကညာခ်က္ဟာ တ႐ုတ္လို႔ နာမည္တပ္မထားေပမယ့္ တ႐ုတ္ကို ရည္ၫႊန္းတယ္ဆိုတာ သိသာ ပါတယ္။ ဒီလိုပဲ တ႐ုတ္ အျပင္ ထိုင္း၊ စင္ကာပူ အစရွိတဲ့ တရားဝင္ ဝင္ေရာက္လာတဲ့လုပ္ငန္းေတြကို ထိခိုက္ နစ္နာေစလို႔ မရဘူးဆိုတာကို သူတို႔ နားလည္ထားပုံလည္း ရပါတယ္ " လို႔ ေဒါက္တာဟိန္းခိုင္က ေျပာပါတယ္။

တ႐ုတ္-ျမန္မာနယ္စပ္ဟာ တရားဝင္လုပ္ငန္းေတြနဲ႔ တရားမဝင္လုပ္ငန္းေတြ အားၿပိဳင္ရာေနရာျဖစ္ေပမယ့္ တရားဝင္လုပ္ငန္းေတြအတြက္ တင္းၾကပ္မႈေတြ၊ အဆင္မေျပမႈေတြမ်ားစြာ ရွိထားသည့္တိုင္ တရားမဝင္ လုပ္ငန္းေတြအတြက္ေတာ့ လြယ္ကူေခ်ာေမြမႈေတြျဖစ္ေနေစတာဟာ အစိုးရေတြအတြက္ေတာ့ ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။ ျမန္မာအစိုးရကို တ႐ုတ္အစိုးရဘက္က ထိပ္တန္းအရာရွိေတြ ေရာက္လာတိုင္းမွာ ထည့္သြင္း ေျပာၾကားေလ့ရွိတဲ့စကားကေတာ့ တရားမဝင္ကာစီႏိုေတြ၊ မူးယစ္လုပ္ငန္းေတြ၊ လူကုန္ကူးမႈနဲ႔ အတင္းအဓမၼခိုင္း ေစမႈေတြ၊ ျပန္ေပးဆြဲမႈေတြ၊ အြန္လိုင္းကေန က်ားျဖန႔္လိုေခၚတဲ့ လိမ္လည္မႈေတြကို တားဆီး ကာကြယ္ေပးဖို႔ ဆိုတဲ့အခ်က္ပါပဲ။ ျမန္မာဘက္ျခမ္းမွာေတာ့ စိန္ေခၚမႈေတြအျဖစ္ရွိေနတာက တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ေတြရဲ႕နယ္ေျမထဲမွာ ေရာက္ရွိေနတဲ့ တရားမဝင္လုပ္ငန္းေတြကို တားဆီးထိန္းခ်ဳပ္ေရးဟာ စစ္ဆင္ေရးတစ္ရပ္နဲ႔ ထိထိေရာက္ေရာက္ ရွင္းလင္းေရးတစ္ခုလုပ္သြားရန္သာ ျဖစ္သလို ဒီလိုလုပ္ဖို႔အတြက္လည္း တ႐ုတ္ႏိုင္ငံဘက္က ပူးေပါင္းကူညီေပးဖို႔ လိုအပ္ေနတာမ်ိဳးျဖစ္ပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းမွာရွိတဲ့ လက္ပံေတာင္းေၾကးနီစီမံကိန္းလိုနယ္ေျမမ်ိဳးကို ေဒသတြင္း PDF အဖြဲ႕ရဲ႕ တိုက္ခိုက္ရန္ရွာျခင္းေတြ သက္သာေအာင္လုပ္ေဆာင္ေနသလို ေက်ာက္ျဖဴ-ကူမင္းေရနံနဲ႔ သဘာဝဓါတ္ေငြ႕ ပိုက္လိုင္းစီမံကိန္း၊ ရထားလမ္းစီမံကိန္း၊ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ အစရွိတဲ့ အႀကီးစားစီမံကိန္းေတြမွာ အတိုင္းအတာတစ္ခုအထိ အက်ိဳးအျမတ္ခြဲေဝယူခ်င္တဲ့ လက္နက္ကိုင္အဖြဲ႕ေတြကို ထိန္းေက်ာင္းဖို႔မွာ တပ္မေတာ္ အတြက္ အခက္အခဲေတြ ရွိေနပုံရပါတယ္။ အဖြဲ႕ေပါင္းမ်ားစြာ စုံလာတဲ့အခါမွာ အက်ိဳးအျမတ္ခြဲေဝေရးဟာ အတား အဆီးျဖစ္လာသလို တ႐ုတ္အတြက္လည္း စိုးရိမ္စရာအျဖစ္ ရွိေနတာပါ။ တရားဝင္လာေရာက္လုပ္ကိုင္ေနတဲ့ စီမံကိန္းအႀကီးစားေတြမွာ အတားအဆီးအခက္အခဲေတြ၊ အက်ိဳးအျမတ္ခြဲေဝမႈေတြ ခက္ခဲေနေပမယ့္ အရမ္းကို အက်ိဳးအျမတ္ျဖစ္ထြန္းေနတာကေတာ့ တရားမဝင္လုပ္ငန္းေတြပါပဲ။ ဒီလုပ္ငန္းေတြဟာ တ႐ုတ္နဲ႔ ျမန္မာ ႏွစ္ဖက္ အစိုးရေတြကို အက်ိဳးအျမတ္ရရွိမႈလုံးဝမရွိဘဲ လက္နက္ကိုင္အဖြဲ႕ေတြကသာ ခြဲေဝယူေနၾကတဲ့သေဘာပါ။ အျခားတစ္ဖက္မွာေတာ့ တ႐ုတ္ႏိုင္ငံဟာ တ႐ုတ္စကားေျပာသူ တရားမဝင္ရာဇဝတ္သမားေတြေၾကာင့္ ဂုဏ္သတင္း ပိုမိုထိခိုက္နစ္နာေစခဲ့တာပါပဲ။ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နဲ႔ (၁၆)မိုင္ေလာက္သာ ေဝးတဲ့ KK Park လိုလုပ္ငန္းမ်ိဳးဟာ တ႐ုတ္ႏိုင္ငံအတြက္ေတာ့ ကိုယ္တိုင္မလုပ္ရပါဘဲ တ႐ုတ္စကားေျပာသူ ရာဇဝတ္သမားေတြ ေၾကာင့္ အရွက္ရစရာျဖစ္ေစခဲ့ျပန္ပါတယ္။

ႏွစ္ႏိုင္ငံၾကားမွာ တရားဝင္လုပ္ငန္းနဲ႔ တရားမဝင္လုပ္ငန္းဆိုၿပီး လြန္ဆြဲေနသလို ႏွစ္ႏိုင္ငံျပည္သူေတြၾကားမွာ လည္း တစ္ႏိုင္ငံအေပၚ တစ္ႏိုင္ငံအျမင္ေတြက ေကာင္းလြန္းေနတာ မရွိျပန္ပါဘူး။ တစ္နည္းအားျဖင့္ ျမန္မာ ျပည္သူေတြရဲ႕အျမင္မွာ တ႐ုတ္ဟာ ျမန္မာႏိုင္ငံအေပၚ ကုတ္ေသြးစုပ္တယ္လို႔ အထင္ရွိေနၾကသလို တ႐ုတ္ဆိုရင္ မုန္းတီးရမယ္ဆိုတဲ့ ဝါဒျဖန႔္မႈိင္းေတြက ႏွစ္ႏိုင္ငံဆက္ဆံေရး အေစးကပ္လို႔မရေအာင္ ပုံေဖာ္ခံထားရပါတယ္။ ျမန္မာဘက္ျခမ္းမွာ တ႐ုတ္ဟာ မေကာင္းဘူးဆိုတဲ့ ဝါဒျဖန႔္ခံထားရမႈ ႀကီးမားက်ယ္ျပန႔္ေနသလိုမ်ိဳး တ႐ုတ္ဘက္ျခမ္းမွာလည္း ျမန္မာဆိုတဲ့အသံကို ၾကားရင္ ႐ြံ႕ေၾကာက္ႀကီးလို ျမင္ေနတယ္ဆိုတဲ့ သတင္းစကား ေတြ ရွိေနျပန္ပါတယ္။
“ဒီႏွစ္ပိုင္းမွာ ျမန္မာႏိုင္ငံေျမာက္ပိုင္းမွာျဖစ္ခဲ့တဲ့ အင္တာနက္ကေနတစ္ဆင့္ တရားမဝင္လိမ္ညာမႈ ေလာင္းကစား မႈေတြ အပါအဝင္ ျပန္ေပးဆြဲ၊ လူေမွာင္ခိုကူးမႈ၊ အတင္းအဓမၼေစခိုင္းမႈ ႏွိပ္စက္မႈေတြဟာ တ႐ုတ္ႏိုင္ငံဘက္မွာ နာမည္ႀကီးလာတယ္။ ျမန္မာဟာ ဒီကိစၥေၾကာင့္ တ႐ုတ္ျပည္သူေတြၾကားမွာ နာမည္ပ်က္လာတယ္။ လက္ေတြ႕ မွာက တ႐ုတ္ႏိုင္ငံနယ္စပ္ ျမန္မာႏိုင္ငံေျမာက္ပိုင္းမွာေနၿပီးေတာ့ တ႐ုတ္ဘက္ကိုပဲ လိမ္ညာတဲ့လုပ္ေဆာင္ေနမႈ ေတြေၾကာင့္ တ႐ုတ္ျပည္သူေတြက ေၾကာက္ေနၾကတာ။ တ႐ုတ္ျပည္သူေတြကေတာ့ ေသခ်ာနားမလည္ေတာ့ ေတာ္ေတာ္ေလးကို ျမန္မာႏိုင္ငံကို ေၾကာက္ေနၾကတာ။ တ႐ုတ္လူမႈကြန္ရက္ေတြေပၚမွာ ျမန္မာက ေတာ္ေတာ္ ေလးကို နာမည္ပ်က္ေနတာ" လို႔ ေဒါက္တာဟိန္းခိုင္က ေျပာပါတယ္။

သို႔ေသာ္လည္း အင္မတန္ရႈပ္ေထြးေသာကိစၥမ်ိဳးျဖစ္ေနသလို ႏွစ္ႏိုင္ငံၾကားမွာ အခ်ိန္ၾကာၾကာယူၿပီး ျပင္ဆင္ရမယ့္ ကိစၥတစ္ခုျဖစ္လာေနတယ္လို႔ ရႈျမင္ထားပါတယ္။ အထူးသျဖင့္ တ႐ုတ္ျပည္သူေတြရဲ႕လူမႈကြန္ရက္ေတြမွာ ျမန္မာႏိုင္ငံဟာ သြားလာလို႔ မေကာင္းဘူး၊ လိမ္လည္မႈေတြရွိတယ္၊ လူကုန္ကူးမႈေတြရွိတယ္၊ တရားမဝင္အလုပ္ ေတြ၊ ေမွာင္ခိုကိစၥေတြနဲ႔ ေၾကာက္စရာလန႔္စရာေတြခ်ည္းသာ ျဖစ္ေနတယ္လို႔ အခ်င္းအခ်င္းျပန္လည္မွ်ေဝေျပာဆို မႈေတြ ရွိေနခဲ့တာပါ။ ဒီအခ်က္ဟာ ျမန္မာျပည္သူေတြဘက္က ေသခ်ာသိရွိထားျခင္းမရွိသလို ျမန္မာအစိုးရဘက္ ကလည္း ဒါကို ဂ႐ုတစိုက္ေလ့လာေနပုံ မေပၚေသးပါ။ ႏွစ္ႏိုင္ငံလုံးအတြက္ အစိုးရခ်င္းျဖစ္ေစ၊ ျပည္သူခ်င္းျဖစ္ေစ ရင္းႏွီးခ်စ္ၾကည္တဲ့ ဆက္ဆံေရးတည္ေဆာက္ဖို႔မွာ ဒီလိုဆိုးဝါးတဲ့သတင္းေတြေၾကာင့္ အတားအဆီးျဖစ္ေနေစမွာ ေတာ့ အမွန္ပါပဲ။

အခ်ဳပ္အားျဖင့္ဆိုရရင္ တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံၾကားက ဆက္ဆံေရးမွာ ၿခံစည္း႐ိုးခ်င္းကပ္ေနလို႔ အစိုးရခ်င္းျဖစ္ေစ၊ ျပည္သူခ်င္းျဖစ္ေစ အျပန္အလွန္နားလည္မႈ၊ ကူးလူးဆက္ဆံမႈေတြ ရွိေနမယ္လို႔ ထင္စရာရွိပါတယ္။ အျခား တစ္ဖက္မွာေတာ့ ေက်ာခ်င္းကပ္ အိပ္စက္ေနသည့္တိုင္ ကမာၻျခားသလို ေဝးကြာေစမယ့္ အရႈပ္အေထြးေတြက ႏွစ္ႏိုင္ငံအစိုးရခ်င္းၾကားမွာ ျဖစ္ေစ၊ ျပည္သူခ်င္းၾကားမွာျဖစ္ေစ တရားမဝင္လုပ္ရပ္ လုပ္ကိုင္ေနၾကသူေတြ ေၾကာင့္ ျဖစ္တည္လာေနပါတယ္။ ဒီလိုျဖစ္တည္လာေအာင္လည္း KIA ဦးေဆာင္တဲ့ တိုင္းရင္းသားလက္နက္ကိုင္ ေတြက ရည္႐ြယ္ခ်က္ရွိရွိ ပုန္းကြယ္လုပ္ေဆာင္ေနသလို၊ ကရင္ျပည္နယ္ထဲက လက္နက္ကိုင္ေတြကလည္း လုပ္ေဆာင္ေနပါတယ္။ လုပ္ေဆာင္ခ်က္ေတြကို သိေနသည့္တိုင္ေအာင္လည္း ႏွစ္ႏိုင္ငံၾကားမွာ ငဲ့ညႇာ ေထာက္ထားစရာေတြ ရွိေနပုံရတာေၾကာင့္ တ႐ုတ္အစိုးရကျဖစ္ေစ၊ ျမန္မာအစိုးရကျဖစ္ေစ ျပတ္သားတဲ့ ႏွိမ္နင္းမႈေတြကို ပူးတြဲလုပ္ေဆာင္ဖို႔ လမ္းေၾကာင္းမဖြင့္ႏိုင္ေသးပါဘူး။ ဒါကို ရိပ္စားမိတဲ့လက္နက္ကိုင္အဖြဲ႕ေတြ ကေတာ့ ေဖာ္ျပပါေၾကညာခ်က္ေတြနဲ႔ ေခြၽးသိပ္လိမ္လည္ဖို႔ ဆက္လက္ႀကိဳးစားေနဦးမွာျဖစ္တယ္လို႔ ရႈျမင္မိ ေၾကာင္းပါ။

Related news

© 2021. All rights reserved.