ကာတာကလပ် Al-Duhail အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့တဲ့ အက်စတွန်ဗီလာကွင်းလယ်လူကော်တင်ဟို
524
Pika (NP News) - စက်တင်ဘာ ၉
အက်စတွန်ဗီလာအသင်းကွင်းလယ်ကစားသမား ကော်တင်ဟိုသည် Qatar Stars လိဂ်ရှိ Al-Duhail အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ကြောင်းသိရသည်။
ကော်တင်ဟိုသည် ပြီးခဲ့သည့်ရာသီတွင် အက်စတွန်ဗီလာအသင်းတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရပြီးနောက် Al-Duhail အသင်းသို့အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကော်တင်ဟိုသည် လက်ရှိရာသီပရီးမီးယားလိဂ်ရာသီတွင် အက်စတွန်ဗီလာအသင်းအတွက် (၂)ပွဲသာ ကစားထားရသေးကြောင်းလည်း သိရသည်။ ကော်တင်ဟိုသည် ၂၀၂၁-၂၀၂၂ ရာသီတွင် ဒဏ်ရာများရရှိခဲ့သလို မန်နေဂျာအပြောင်းအလဲများကြောင့် ၎င်း၏ကစားချိန်နှင့် ခြေစွမ်းပြကစားခြင်းကိုထိခိုက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးလ်အသင်း၏ ကစားရမည့် လူစာရင်းထဲတွင် ပါဝင်ခဲ့ခြင်းမျိုးမရှိကြောင်းလည်း သိရသည်။
ကော်တင်ဟိုသည် အက်စတွန်ဗီလာအသင်းနှင့်၂၀၂၆ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်မည်ဖြစ်ပြီး Al-Duhail အသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့မည်ဆိုပါက လာမည့်နွေရာသီတွင် ပရီးမီးယားလိဂ်သို့ ပြန်လည်ခေါ်ယူခံရနိုင်ဖွယ်ရှိနေကြောင်းလည်းသိရသည်။
zawgyi version
ကာတာကလပ္ Al-Duhail အသင္းသို႔ တစ္ရာသီအငွားစာခ်ဳပ္ျဖင့္ ေျပာင္းေ႐ႊ႕ခဲ့တဲ့ အက္စတြန္ဗီလာကြင္းလယ္လူေကာ္တင္ဟို
Pika (NP News) - စက္တင္ဘာ ၉
အက္စတြန္ဗီလာအသင္းကြင္းလယ္ကစားသမား ေကာ္တင္ဟိုသည္ Qatar Stars လိဂ္ရွိ Al-Duhail အသင္းသို႔ တစ္ရာသီအငွားစာခ်ဳပ္ျဖင့္ ေျပာင္းေ႐ႊ႕ခဲ့ေၾကာင္းသိရသည္။
ေကာ္တင္ဟိုသည္ ၿပီးခဲ့သည့္ရာသီတြင္ အက္စတြန္ဗီလာအသင္းတြင္ အခက္အခဲမ်ား ႀကဳံေတြ႕ခဲ့ရၿပီးေနာက္ Al-Duhail အသင္းသို႔အငွားစာခ်ဳပ္ျဖင့္ ေျပာင္းေ႐ႊ႕ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ေကာ္တင္ဟိုသည္ လက္ရွိရာသီပရီးမီးယားလိဂ္ရာသီတြင္ အက္စတြန္ဗီလာအသင္းအတြက္ (၂)ပြဲသာ ကစားထားရေသးေၾကာင္းလည္း သိရသည္။ ေကာ္တင္ဟိုသည္ ၂၀၂၁-၂၀၂၂ ရာသီတြင္ ဒဏ္ရာမ်ားရရွိခဲ့သလို မန္ေနဂ်ာအေျပာင္းအလဲမ်ားေၾကာင့္ ၎၏ကစားခ်ိန္ႏွင့္ ေျခစြမ္းျပကစားျခင္းကိုထိခိုက္ခဲ့ၿပီး ၂၀၂၂ ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ဘရာဇီးလ္အသင္း၏ ကစားရမည့္ လူစာရင္းထဲတြင္ ပါဝင္ခဲ့ျခင္းမ်ိဳးမရွိေၾကာင္းလည္း သိရသည္။
ေကာ္တင္ဟိုသည္ အက္စတြန္ဗီလာအသင္းႏွင့္၂၀၂၆ ခုႏွစ္တြင္ စာခ်ဳပ္သက္တမ္းကုန္မည္ျဖစ္ၿပီး Al-Duhail အသင္းတြင္ ေျခစြမ္းျပကစားႏိုင္ခဲ့မည္ဆိုပါက လာမည့္ေႏြရာသီတြင္ ပရီးမီးယားလိဂ္သို႔ ျပန္လည္ေခၚယူခံရႏိုင္ဖြယ္ရွိေနေၾကာင္းလည္းသိရသည္။