တရုတ်က iPhone အသုံးပြုခွင့်ပိတ်လိုက်ပြီးနောက် Apple ကုမ္ပဏီရဲ့ရှယ်ယာများဆက်တိုက်ကျဆင်းနေပြီး အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံကျော် နစ်နာဆုံးရှုံးခဲ့ဟုဆို

 7625

ဂျန်ဇက် (NP News) - စက်တင်ဘာ ၉

တရုတ်အစိုးရဟာ iPhone အသုံးပြုခွင့်ပိတ်ပင်လိုက်ပြီးနောက် iPhone ထုတ်လုပ်တဲ့ ကမ္ဘာကျော် Apple ကုမ္ပဏီရဲ့ရှယ်ယာများ ထပ်မံကျဆင်းလျက်ရှိနေကြောင်းသိရပါတယ်။

Apple ကုမ္ပဏီရဲ့ရှယ်ယာများဟာ ဈေးကွက်အတွင်းမှာ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံကျော်နီးပါးထိခိုက်ဆုံးရှုံးမှုဖြစ်နေခဲ့ကြောင်းသိရပါတယ်။ တရုတ်နိုင်ငံဟာ Apple ကုမ္ပဏီရဲ့တတိယမြောက်အကြီးမားဆုံးဈေးကွက်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း Apple ကုမ္ပဏီရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းရဲ့ ၁၈ ရာခိုင်နှုန်းက တရုတ်နိုင်ငံကနေ ရရှိခဲ့တာဖြစ်ကြောင်းသိရပါတယ်။ တရုတ်အစိုးရက အစိုးရအဖွဲ့ဝန်ထမ်းများကို ရုံးများ ဒါမှမဟုတ် အလုပ်လုပ်ရာမှာ iPhone အသုံးပြုခြင်းမလုပ်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။

တရုတ်အစိုးရရဲ့ အဆိုပါတားမြစ်ပိတ်ပင်မှုဟာ အစိုးရဝန်ထမ်းတွေအပြင် အစိုးရပိုင်ကုမ္ပဏီများ၊ အစိုးရကျောထောက်နောက်ခံပြုထားတဲ့ အေဂျင်စီအားလုံးအပေါ်မှာလည်း အကျုံးဝင်ကြောင်းသိရပါတယ်။ Apple ကုမ္ပဏီဟာ လာမယ့် စက်တင်ဘာလ ၁၂ ရက်မှာ iPhone15 ကို စတင်ထုတ်လုပ်ဖြန့်ချီခါနီးချိန်မှာ တရုတ်အစိုးရက ဝန်ထမ်းတွေကို iPhone အသုံးမပြုဖို့ ရုတ်တရက် ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံပိုင်မီဒီယာတွေကလည်း အစိုးရပိုင်ကုမ္ပဏီများမှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို စက်တင်ဘာလကုန်ကစတင်ပြီး Apple ကထုတ်လုပ်တဲ့ ပစ္စည်းများအသုံးပြုခြင်းမလုပ်ဖို့ တားမြစ်ထားကြောင်း ဖော်ပြထားပါတယ်။ တရုတ်အစိုးရဟာ ဝန်ထမ်းတွေကို Apple ထုတ်ကုန်ပစ္စည်းများ အသုံးမပြုဖို့ တားမြစ်တာနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခြင်းမရှိခဲ့သလို Apple ဘက်ကလည်း မှတ်ချက်ပြုခြင်းမျိုးမရှိကြောင်းသိရပါတယ်။

Apple ကုမ္ပဏီရဲ့ရှယ်ယာတွေဟာ စက်တင်ဘာလ ၈ ရက်မှာ စတင်ကျဆင်းခဲ့ပြီး စက်တင်ဘာလ ၉ရက်မှာလည်းထပ်မံကျဆင်းလျက်ရှိနေကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Apple ကုမ္ပဏီဟာ ကမ္ဘာ့ရှယ်ယာဈေးကွက်မှာ တန်ဖိုးအကြီးမားဆုံး ကုမ္ပဏီဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ထီလျံတန်ဖိုးရှိကြောင်း သိရပါတယ်။ Apple ကုမ္ပဏီရှယ်ယာကျဆင်းခြင်းအပြင် iPhone ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ချက်စ်ပြားများထုတ်လုပ်တဲ့ Qualcomm က ရှယ်ယာတန်ဖိုး (၇)ရာခိုင်နှုန်း ၊ တောင်ကိုရီးယား ကုမ္ပဏီတစ်ခုဖြစ်တဲ့ SK Hynix ရဲ့ရှယ်ယာဈေးနှုန်းများလည်း (၄)ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြာင်း သိရပါတယ်။

အမေရိကန် နဲ့ တရုတ်အစိုးရတို့ဟာ နည်းပညာသုံးပစ္စည်းများနဲ့ပတ်သက်ပြီး တင်းမာမှုတွေရှိနေခဲ့ပြီး အပြန်အလှန်ကန့်သတ်ပိတ်ပင်မှုများလုပ်ဆောင်နေကြောင်း သိရပါတယ်။ တရုတ်အစိုးရဟာ မကြာသေးမီလည်း semiconductor industry လုပ်ငန်းမှာအဓိကအသုံးပြုရတဲ့ ပစ္စည်းနှစ်မျိုးတင်ပို့ခြင်းကို ကန့်သတ်ခဲ့ဖူးကြောင်းသိရပါတယ်။ တရုတ်ဈေးကွက်အတွင်း Apple ကုမ္ပဏီနဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ Huawe ကုမ္ပဏီဟာ Mate 60 Pro အမျိုးအစား 5G smartphone အသစ်ကိုမကြာခင် ဈေးကွက်အတွင်း မိတ်ဆက်ခါနီးနေချိန်မှာ တရုတ်အစိုးရက နိုင်ငံအတွင်း Apple ကုမ္ပဏီ ထုတ်ပစ္စည်းများကို ကန့်သတ်လိုက်တာဖြစ်ပါတယ်။ Mate 60 Pro အမျိုးအစား စမတ်ဖုန်းမှာပါဝင်တဲ့ ပစ္စည်းများအားလုံးကို တရုတ်နိုင်ငံမှာထုတ်လုပ်ထားပြီး လှပမှုရှိတဲ့ ဖုန်းအမျိုးအစားဖြစ်ကြောင်းသိရပါတယ်။

zawgyi version
တ႐ုတ္က iPhone အသုံးျပဳခြင့္ပိတ္လိုက္ၿပီးေနာက္ Apple ကုမၸဏီရဲ႕ရွယ္ယာမ်ားဆက္တိုက္က်ဆင္းေနၿပီး အေမရိကန္ေဒၚလာ ၂၀၀ ဘီလ်ံေက်ာ္ နစ္နာဆုံးရႈံးခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၉

တ႐ုတ္အစိုးရဟာ iPhone အသုံးျပဳခြင့္ပိတ္ပင္လိုက္ၿပီးေနာက္ iPhone ထုတ္လုပ္တဲ့ ကမာၻေက်ာ္ Apple ကုမၸဏီရဲ႕ရွယ္ယာမ်ား ထပ္မံက်ဆင္းလ်က္ရွိေနေၾကာင္းသိရပါတယ္။

Apple ကုမၸဏီရဲ႕ရွယ္ယာမ်ားဟာ ေဈးကြက္အတြင္းမွာ အေမရိကန္ေဒၚလာ ၂၀၀ ဘီလ်ံေက်ာ္နီးပါးထိခိုက္ဆုံးရႈံးမႈျဖစ္ေနခဲ့ေၾကာင္းသိရပါတယ္။ တ႐ုတ္ႏိုင္ငံဟာ Apple ကုမၸဏီရဲ႕တတိယေျမာက္အႀကီးမားဆုံးေဈးကြက္ျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္အတြင္း Apple ကုမၸဏီရရွိခဲ့တဲ့ ဝင္ေငြစုစုေပါင္းရဲ႕ ၁၈ ရာခိုင္ႏႈန္းက တ႐ုတ္ႏိုင္ငံကေန ရရွိခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။ တ႐ုတ္အစိုးရက အစိုးရအဖြဲ႕ဝန္ထမ္းမ်ားကို ႐ုံးမ်ား ဒါမွမဟုတ္ အလုပ္လုပ္ရာမွာ iPhone အသုံးျပဳျခင္းမလုပ္ဖို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ၫႊန္ၾကားခ်က္ထုတ္ျပန္ခဲ့ေၾကာင္းသိရပါတယ္။

တ႐ုတ္အစိုးရရဲ႕ အဆိုပါတားျမစ္ပိတ္ပင္မႈဟာ အစိုးရဝန္ထမ္းေတြအျပင္ အစိုးရပိုင္ကုမၸဏီမ်ား၊ အစိုးရေက်ာေထာက္ေနာက္ခံျပဳထားတဲ့ ေအဂ်င္စီအားလုံးအေပၚမွာလည္း အက်ဳံးဝင္ေၾကာင္းသိရပါတယ္။ Apple ကုမၸဏီဟာ လာမယ့္ စက္တင္ဘာလ ၁၂ ရက္မွာ iPhone15 ကို စတင္ထုတ္လုပ္ျဖန႔္ခ်ီခါနီးခ်ိန္မွာ တ႐ုတ္အစိုးရက ဝန္ထမ္းေတြကို iPhone အသုံးမျပဳဖို႔ ႐ုတ္တရက္ ပိတ္ပင္လိုက္တာျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံပိုင္မီဒီယာေတြကလည္း အစိုးရပိုင္ကုမၸဏီမ်ားမွာအလုပ္လုပ္ေနတဲ့ ဝန္ထမ္းေတြကို စက္တင္ဘာလကုန္ကစတင္ၿပီး Apple ကထုတ္လုပ္တဲ့ ပစၥည္းမ်ားအသုံးျပဳျခင္းမလုပ္ဖို႔ တားျမစ္ထားေၾကာင္း ေဖာ္ျပထားပါတယ္။ တ႐ုတ္အစိုးရဟာ ဝန္ထမ္းေတြကို Apple ထုတ္ကုန္ပစၥည္းမ်ား အသုံးမျပဳဖို႔ တားျမစ္တာနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ျပဳေျပာဆိုျခင္းမရွိခဲ့သလို Apple ဘက္ကလည္း မွတ္ခ်က္ျပဳျခင္းမ်ိဳးမရွိေၾကာင္းသိရပါတယ္။

Apple ကုမၸဏီရဲ႕ရွယ္ယာေတြဟာ စက္တင္ဘာလ ၈ ရက္မွာ စတင္က်ဆင္းခဲ့ၿပီး စက္တင္ဘာလ ၉ရက္မွာလည္းထပ္မံက်ဆင္းလ်က္ရွိေနေၾကာင္း သိရပါတယ္။ အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္အေျခစိုက္ Apple ကုမၸဏီဟာ ကမာၻ႔ရွယ္ယာေဈးကြက္မွာ တန္ဖိုးအႀကီးမားဆုံး ကုမၸဏီျဖစ္ၿပီး အေမရိကန္ေဒၚလာ ၂ ဒသမ ၈ ထီလ်ံတန္ဖိုးရွိေၾကာင္း သိရပါတယ္။ Apple ကုမၸဏီရွယ္ယာက်ဆင္းျခင္းအျပင္ iPhone ထုတ္လုပ္ရာမွာအသုံးျပဳတဲ့ ခ်က္စ္ျပားမ်ားထုတ္လုပ္တဲ့ Qualcomm က ရွယ္ယာတန္ဖိုး (၇)ရာခိုင္ႏႈန္း ၊ ေတာင္ကိုရီးယား ကုမၸဏီတစ္ခုျဖစ္တဲ့ SK Hynix ရဲ႕ရွယ္ယာေဈးႏႈန္းမ်ားလည္း (၄)ရာခိုင္ႏႈန္းက်ဆင္းသြားခဲ့ၾကာင္း သိရပါတယ္။

အေမရိကန္ နဲ႔ တ႐ုတ္အစိုးရတို႔ဟာ နည္းပညာသုံးပစၥည္းမ်ားနဲ႔ပတ္သက္ၿပီး တင္းမာမႈေတြရွိေနခဲ့ၿပီး အျပန္အလွန္ကန႔္သတ္ပိတ္ပင္မႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။ တ႐ုတ္အစိုးရဟာ မၾကာေသးမီလည္း semiconductor industry လုပ္ငန္းမွာအဓိကအသုံးျပဳရတဲ့ ပစၥည္းႏွစ္မ်ိဳးတင္ပို႔ျခင္းကို ကန႔္သတ္ခဲ့ဖူးေၾကာင္းသိရပါတယ္။ တ႐ုတ္ေဈးကြက္အတြင္း Apple ကုမၸဏီနဲ႔အဓိကၿပိဳင္ဘက္ျဖစ္တဲ့ Huawe ကုမၸဏီဟာ Mate 60 Pro အမ်ိဳးအစား 5G smartphone အသစ္ကိုမၾကာခင္ ေဈးကြက္အတြင္း မိတ္ဆက္ခါနီးေနခ်ိန္မွာ တ႐ုတ္အစိုးရက ႏိုင္ငံအတြင္း Apple ကုမၸဏီ ထုတ္ပစၥည္းမ်ားကို ကန႔္သတ္လိုက္တာျဖစ္ပါတယ္။ Mate 60 Pro အမ်ိဳးအစား စမတ္ဖုန္းမွာပါဝင္တဲ့ ပစၥည္းမ်ားအားလုံးကို တ႐ုတ္ႏိုင္ငံမွာထုတ္လုပ္ထားၿပီး လွပမႈရွိတဲ့ ဖုန္းအမ်ိဳးအစားျဖစ္ေၾကာင္းသိရပါတယ္။

Picture

L Mone

09/09/2023 23:12

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ. စစ်စစ်ဆိုတာ...တပ်မ တော် က ပေးချင်လည်း မရဘူး...ပြည်သူက..ရအောင်လုပ်မယ်ဆိုလည်းမရဘူး...အမေရိကန်တို့အုပ်စုကြီးက ရှာထွက်အောင်..တွန်းပို့လည်း မရပါဘူး...။ ၁/လက်နက်ကိုင်တပ်ဖွဲ့တွေ သိပ်များနေတဲ့သော နိုင်ငံ.ဖြစ်တယ် ၂/တောတောင် ချောက်ကမ်းပါးတွေ အရမ်းထူပြောသလို...သယံဇာတတွေ..အများကြီး..ကျန်နေတဲ့ နိုင်ငံ..ဖြစ်နေတယ်..။ ၃/ လူဦးရေ အများဆုံး ဖြစ်နေပြီး စရိုက်လက္ခဏာအရ..လုံးဝကွဲပြားသော နိုင်ငံကြီး နှစ်နိုင်ငံ ကြားမှာ ရှိနေတဲ့ နိုင်ငံဖြစ်နေတယ်..။ ၄/ဒီမိုကရေစီစနစ် နိုင်ငံကြီးအဖြစ် အိန္ဒိယနိုင်ငံ(လူဦးရေ သန်း ၁၄၀၀ ကျော်) ;လူဦးရေ သန်း ၇၀ ကျော် ဘာသာတူ လူမျိူးတူများနဲ့ရောရှက်နေတဲ့ ထိုင်း ဘုရင့် ဒီမိုကရေစီ (ဘုရင်အဓိက)နိုင်ငံ နဲ့ ကွန်မြူနစ်စနစ် အုပ်ချူပ်တဲ့ နိုင်ငံကြီး တရုတ်နိုင်ငံ (လူဦးရေ သန်းပေါင်း ၁၄၀၀ ကျော်) ;လူဦးရေ..နည်းသော်လည်း ကွန်မြူနစ်စနစ်နဲ့ အုပ်ချပ်သော လာအိုနိုင်ငံ တို့ အိမ်နီးချင်းဖြစ်နေကြသလို ဘာသာရေးအရ လူမျိူးရေးအရ အကဲဆတ်သော မူစလင်ဘာသာနိုင်ငံ ခံယူထားသော ဒီမိုကရေစီခံယူထားသူ(အမျိူးအစဥ်အဆက်တွေသာ အာဏာရ)နိုင်ငံ ထိုမတူညီမှူ့တို့အကြားက ဘာသာစုံ/လူမျိူးစုံလင်လွန်ပြီး ကိုယ့်အမြီးသူ့အမြီးရှူပ်နေသောနိုင်ငံ ဖြစ်နေသည် ၅/လူဦးရေနဲ့ လူမျိူးမလိုက်သော လူဦးရေစာရင်း အရမ်းရှူပ်ထွေးသောနိုင်ငံ (ဥပမာ စာပေနဲ့ ယဥ်ကျေးမှူ့ ဘာသာတရား) မတူညီမှူ့များစွာ ရှိသော နိုင်ငံဖြစ်သည်။(လူဦးရေ ၁၀၀၀ ဝန်းကျင် လူမျိူးစုများ ရှိနေသေး၏။) ၆/အမေရိကန်နဲ့ တရုတ်တို့၏..ဒီမိုကရေစီ ကွန်မြူနစ်စနစ်တို့ကို မြန်မာနိုင်ငံမှာ အပြိုင်အဆိုင် ကျူးကျော် စိုက်ပျိူးရာနိုင်ငံ ဖြစ်နေတယ်။စီပွားရေးအရ ပထဝီအရ တရုတ်တို့အတွက် အကျိူးအများဆုံးရှိရာ နိုင်ငံလည်းဖြစ်နေသောကြောင့် တရုတ်ကို အမေရိကန်မကြိုက်ဆုံး အမုန်းဆုံး မြေပုံ နေရာက ကျွန်ုပ်တို့မြန်မာနိုင်ငံဖြစ်နေတာ...လုံးဝသေချာနေသောကြောင့်ဖြစ်၏။ လုပ်စားလို့ကောင်းသော နိုင်ငံရေးစီးပွားရေးဘာသာရေး...တို့၏ နတ်ပြည်နဲ့ ငရဲသားတို့ဘဝကြားက...နယ်မြေ..။ စည်းလုံးညီညာစိတ်..ခွန့်လွှတ် သီးခံအနစ်နာခံစိတ်..ရေရှည်အမျှော်အမြင်စိတ်..စွန့်လွတ်သင့်သည်ကို..အတတ်နိုင်ဆုံး စွန့်လွှတ်တတ်တဲ့စိတ်ထားမျိူး. ရှိမှ..သာ နတ်ပြည်စစ်စစ်..နီးပါး လူ့ဘုံတို့ ထွဋ်ခေါင်မြေနေရာ ဖြစ်လေတော့မည်။ =>နတ်ပြည်နဲ့ငရဲပြည် ဖက်စပ်နိုင်ငံမှ အမြန်လွတ်မြောက်ကြပါစေဗျာ။

Related news

© 2021. All rights reserved.