ကျောင်းထိုင်ဆရာတော်အား ဦးဇင်းတစ်ပါးက တူဖြင့်ထုသတ်မှု မင်္ဂလာဒုံမြို့နယ်၌ဖြစ်ပွား

3107
NP News - စက်တင်ဘာ ၁၂
မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်အား ဦးဇင်းတစ်ပါးက တူဖြင့်ထုသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ယနေ့(စက်တင်ဘာလ ၁၂ ရက်)၊ နေ့လည်(၁၂)နာရီအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ နွယ်ခွေကျေးရွာအုပ်စု ရွာသစ်ကျေးရွာရှိ ဇမ္ဗူရတနာကျောင်းတိုက်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇမ္ဗူရတနာကျောင်းထိုင်ဆရာတော်သည် ကျောင်းအုတ်တံတိုင်းအသစ်ကာရံစဥ် ၎င်းကျောင်းတိုက်တွင်နေထိုင်သည့် ဦးဇင်းဥူးက္ကုန္ဒာစာရအား ဆဲဆိုကြိမ်းမောင်းမှုများ ပြုမူခဲ့ကြောင်း သိရသည်။
ထို့သို့ဆဲဆိုကြိမ်းမောင်းမှုအပေါ် မကျေနပ်သည့်အတွက် တူဖြင့်ထုသတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောကြားထားသည်။
လက်ရှိတွင် တုဖြင့်ထုသတ်ခဲ့သည့် ဦးဇင်းအား သက်ဆိုင်ရာရဲစခန်းက လူဝတ်လဲကာ ဖမ်းဆီးထားကြောင်း သိရသည်။
အသတ်ခံခဲ့ရသည့် ကျောင်းထိုင်ဆရာတော်သည် ဒေါက်တာဘဒ္ဒန္တ ဦးသီရိန္ဒဖြစ်ပြီး ဓမ္မာစရိယဘွဲ့၊ M.A,Srilanka၊ Ph.D,Indian ဘွဲ့များကို ရရှိထားသည့် ဆရာတော်တစ်ပါး ဖြစ်ကြောင်းသိရသည်။ ဆရာတော်သည် သက်တော်(၅၄)နှစ်ရှိပြီး သိက္ခာတော်(၃၀)ရှိကြောင်း သိရသည်။
zawgyi version
ေက်ာင္းထိုင္ဆရာေတာအား ဦးဇင္းတစ္ပါးက တူျဖင့္ထုသတ္မႈ မဂၤလာဒုံၿမိဳ႕နယ္၌ျဖစ္ပြား
NP News - စက္တင္ဘာ ၁၂
မဂၤလာဒုံၿမိဳ႕နယ္တြင္ ေက်ာင္းထိုင္ဆရာေတာ္အား ဦးဇင္းတစ္ပါးက တူျဖင့္ထုသတ္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာလ ၁၂ ရက္)၊ ေန႔လည္(၁၂)နာရီအခ်ိန္ခန႔္တြင္ မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ၾကန႔္ၿမိဳ႕၊ ႏြယ္ေခြေက်း႐ြာအုပ္စု ႐ြာသစ္ေက်း႐ြာရွိ ဇမၺဴရတနာေက်ာင္းတိုက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ဇမၺဴရတနာေက်ာင္းထိုင္ဆရာေတာ္သည္ ေက်ာင္းအုတ္တံတိုင္းအသစ္ကာရံစဥ္ ၎ေက်ာင္းတိုက္တြင္ေနထိုင္သည့္ ဦးဇင္းဥဴးကၠဳႏၵာစာရအား ဆဲဆိုႀကိမ္းေမာင္းမႈမ်ား ျပဳမူခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ဆဲဆိုႀကိမ္းေမာင္းမႈအေပၚ မေက်နပ္သည့္အတြက္ တူျဖင့္ထုသတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားကေျပာၾကားထားသည္။
လက္ရွိတြင္ တုျဖင့္ထုသတ္ခဲ့သည့္ ဦးဇင္းအား သက္ဆိုင္ရာရဲစခန္းက လူဝတ္လဲကာ ဖမ္းဆီးထားေၾကာင္း သိရသည္။
အသတ္ခံခဲ့ရသည့္ ေက်ာင္းထိုင္ဆရာေတာ္သည္ ေဒါက္တာဘဒၵႏၲ ဦးသီရိႏၵျဖစ္ၿပီး ဓမၼာစရိယဘြဲ႕၊ M.A,Srilanka၊ Ph.D,Indian ဘြဲ႕မ်ားကို ရရွိထားသည့္ ဆရာေတာ္တစ္ပါး ျဖစ္ေၾကာင္းသိရသည္။ ဆရာေတာ္သည္ သက္ေတာ္(၅၄)ႏွစ္ရွိၿပီး သိကၡာေတာ္(၃၀)ရွိေၾကာင္း သိရသည္။