ပြင်သစ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ချေးငွေအပြင် ဂြိုလ်တုနည်းပညာများ ထောက်ပံ့ပေးမည်

728

Pika (NP News) - စက်တင်ဘာ ၁၃
ပြင်သစ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြာားဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရန်အတွက် ပြင်သစ်သမ္မတမက်ခရွန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ်သွားရောက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြင်သစ်သမ္မတမက်ခရွန်သည် အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ချေးငွေများ ထုတ်ပေးမည့်အစီအစဉ်နှင့် ကမ္ဘာမြေကြီးကို လေ့လာကြည့်ရှုနိုင်ရန်အတွက် ဂြိုလ်တုစနစ် တစ်ခု ထောက်ပံ့ပေးမည့်အစီအစဉ်တို့ကို လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရသည်။
မက်ခရွန်သည် စက်တင်ဘာလ(၁၁)ရက်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာစီနာနှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးများကို ပိုမိုမြှင့်တင်ရန် ပြောကြားခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေး ဆက်ဆံရေးဌာနခွဲသည် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နှင့် အဆိုပါသဘောတူညီချက်များကို လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါသဘောတူညီချက်ထဲတွင် Bangladesh Satellite Company Limited (BSCL) နှင့် ပြင်သစ်၏ Airbus Defence and Space SAS ကြား ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကာ ကမ္ဘာမြေကြီးကို ကြည့်ရှုလေ့လာရန် အတွက် ဘင်္ဂလာားဒေ့ရှ်နိုင်ငံအား ဂြိလ်တုစနစ်တစ်ခုပေးအပ်မည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။
ပြင်သစ်သမ္မတမက်ခရွန် နှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာစီနာတို့သည် ဝန်ကြီးချုပ်ရုံးတွင် အဆိုပါ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက်များနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို လက်ရှိအချိန်ထိ ရှင်းရှင်း လင်းလင်းမသိရှိရသေးကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ပြောကြားခဲ့သည်။ Bangladesh Satellite Company Limited ဥက္ကဋ္ဌ Shahjahan Mahmud က "ကျွန်တော်တို့ ဝယ်ယူမယ့်ဂြိုလ်တုဟာ ကမ္ဘာမြေပြင် အထက် မိုင်(၃၅ဝ)အကွာမှာရှိတဲ့ ပတ်လမ်းကြောင်းမှာ ပျံသန်းနေမှာပါ။ ဒီဂြိုလ်တုကို ကျွန်တော်တို့ရဲ့ ကောက်ပဲ သီးနှံတွေနဲ့ ပင်လယ်ရေမျက်နှာပြင်အခြေအနေတွေကို စောင့်ကြည့်ဖို့အတွက် အဓိကထား အသုံးပြုသွားမှာပါ။ လက်ရှိအချိန်အထိ ကျွန်တော်တို့မှာ ပင်လယ်ရေပြင်တစ်လျှောက်ကို စောင့်ကြည့်နိုင်တာမျိုး မရှိသေးပါဘူး" ဟု ပြောခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်း၏ ပထမဆုံး ပထဝီဝင်ဆက်သွယ်ရေးနှင့် အသံလွှင့်ဂြိုဟ်တုကို ပြင်သစ်ထံမှ ဝယ်ယူခဲ့ ပြီး Bangabandhu Satellite-1 ဟု အမည်ပေးကာ ၂ဝ၁၈ ခုနှစ်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျပင္သစ္ႏိုင္ငံက ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ေခ်းေငြအျပင္ ၿဂိဳလ္တုနည္းပညာမ်ား ေထာက္ပံ့ေပးမည္
Pika (NP News) - စက္တင္ဘာ ၁၃
ျပင္သစ္ႏိုင္ငံႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံၾကာားဆက္ဆံေရးကို ပိုမိုတိုးျမႇင့္ႏိုင္ရန္အတြက္ ျပင္သစ္သမၼတမက္ခ႐ြန္သည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ႏွစ္ရက္ၾကာ အလည္အပတ္ခရီးစဥ္သြားေရာက္ခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ျပင္သစ္သမၼတမက္ခ႐ြန္သည္ အေျခခံအေဆာက္အဦးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသို႔ ေခ်းေငြမ်ား ထုတ္ေပးမည့္အစီအစဥ္ႏွင့္ ကမာၻေျမႀကီးကို ေလ့လာၾကည့္ရႈႏိုင္ရန္အတြက္ ၿဂိဳလ္တုစနစ္ တစ္ခု ေထာက္ပံ့ေပးမည့္အစီအစဥ္တို႔ကို လက္မွတ္ေရးထိုးခဲ့ေၾကာင္းလည္း သိရသည္။
မက္ခ႐ြန္သည္ စက္တင္ဘာလ(၁၁)ရက္တြင္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာႏွင့္ေတြ႕ဆုံခဲ့ၿပီး ႏွစ္ႏိုင္ငံၾကား အျပန္အလွန္ဆက္ဆံေရးမ်ားကို ပိုမိုျမႇင့္တင္ရန္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။ ဘဂၤလားေဒ့ရွ္၏ စီးပြားေရး ဆက္ဆံေရးဌာနခြဲသည္ ျပင္သစ္ဖြံ႕ၿဖိဳးတိုးတက္ေရးေအဂ်င္စီ ႏွင့္ အဆိုပါသေဘာတူညီခ်က္မ်ားကို လက္မွတ္ ေရးထိုးခဲ့ေၾကာင္း သိရသည္။
အဆိုပါသေဘာတူညီခ်က္ထဲတြင္ Bangladesh Satellite Company Limited (BSCL) ႏွင့္ ျပင္သစ္၏ Airbus Defence and Space SAS ၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ကာ ကမာၻေျမႀကီးကို ၾကည့္ရႈေလ့လာရန္ အတြက္ ဘဂၤလာားေဒ့ရွ္ႏိုင္ငံအား ၿဂိလ္တုစနစ္တစ္ခုေပးအပ္မည့္ အစီအစဥ္လည္း ပါဝင္ေၾကာင္း သိရသည္။
ျပင္သစ္သမၼတမက္ခ႐ြန္ ႏွင့္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာတို႔သည္ ဝန္ႀကီးခ်ဳပ္႐ုံးတြင္ အဆိုပါ သေဘာတူညီခ်က္မ်ားကို လက္မွတ္ေရးထိုးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ သေဘာတူညီခ်က္မ်ားႏွင့္ပတ္သက္သည့္အေသးစိတ္အခ်က္အလက္မ်ားကို လက္ရွိအခ်ိန္ထိ ရွင္းရွင္း လင္းလင္းမသိရွိရေသးေၾကာင္း ဘဂၤလားေဒ့ရွ္အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။ Bangladesh Satellite Company Limited ဥကၠ႒ Shahjahan Mahmud က "ကြၽန္ေတာ္တို႔ ဝယ္ယူမယ့္ၿဂိဳလ္တုဟာ ကမာၻေျမျပင္ အထက္ မိုင္(၃၅ဝ)အကြာမွာရွိတဲ့ ပတ္လမ္းေၾကာင္းမွာ ပ်ံသန္းေနမွာပါ။ ဒီၿဂိဳလ္တုကို ကြၽန္ေတာ္တို႔ရဲ႕ ေကာက္ပဲ သီးႏွံေတြနဲ႔ ပင္လယ္ေရမ်က္ႏွာျပင္အေျခအေနေတြကို ေစာင့္ၾကည့္ဖို႔အတြက္ အဓိကထား အသုံးျပဳသြားမွာပါ။ လက္ရွိအခ်ိန္အထိ ကြၽန္ေတာ္တို႔မွာ ပင္လယ္ေရျပင္တစ္ေလွ်ာက္ကို ေစာင့္ၾကည့္ႏိုင္တာမ်ိဳး မရွိေသးပါဘူး" ဟု ေျပာခဲ့သည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ၎၏ ပထမဆုံး ပထဝီဝင္ဆက္သြယ္ေရးႏွင့္ အသံလႊင့္ၿဂိဳဟ္တုကို ျပင္သစ္ထံမွ ဝယ္ယူခဲ့ ၿပီး Bangabandhu Satellite-1 ဟု အမည္ေပးကာ ၂ဝ၁၈ ခုႏွစ္တြင္ လႊတ္တင္ခဲ့ေၾကာင္း သိရသည္။