ပြင်သစ်နိုင်ငံတွင် iPhone12 အမျိုးအစား ရောင်းချနေခြင်းကို တားမြစ်ပိတ်ပင်

 3239

Pika (NP News) - စက်တင်ဘာ ၁၃

နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်သော Apple ၏ iPhone 12 အမျိုးအစားသည် လျှပ်စစ်သံလိုက်ဓါတ်ရောင်ခြည်များ အလွန်အကျွံထုတ်လုပ်သောကြောင့် ပြင်သစ်နိုင်ငံတွင် iPhone 12 ရောင်းချခြင်းကို ရပ်တန့်ရန် နှင့် လက်ရှိ ရောင်းချထားသောဖုန်းများကို ပြုပြင်ပေးရန် ပြင်သစ်နိုင်ငံ စောင့်ကြည့်လေ့လာရေးအဖွဲ့က အမိန့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ iPhone 12 ကို စမ်းသပ်မှုအတွင်း လူသားများ၏ ခန္ဓာကိုယ်မှ စုပ်ယူနိုင်သည့် လျှပ်စစ်သံလိုက်လှိုင်းများကို ခွင့်ပြုထားသည်ထက် ပိုမိုထုတ်လွှတ်နေသည်ကို တွေ့ရှိခဲ့ကြောင်း ရေဒီယိုကြိမ်နှုန်းများကို စီမံခန့်ခွဲသည့် ပြင်သစ် အေဂျင်စီ ANFR က ပြောကြားခဲ့သည်။

ANFR က "iPhone12 အမျိုးအစားဟာ လူသားတွေရဲ့ ခန္ဓာကိုယ် စုပ်ယူနိုင်တာထက် ပိုများတဲ့ လျှပ်စစ်သံလိုက် လှိုင်းတွေကို ထုတ်လွှတ်နေတာကြောင့် စက်တင်ဘာလ(၁၂)ရက်က စတင်ပြီး ပြင်သစ်ဈေးကွက်ကနေ ဖယ်ရှားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ လက်ရှိရောင်းချထားတဲ့ iPhone12 တွေနဲ့ပတ်သက်ပြီး ပြုပြင်မှုတွေလည်း ပြုလုပ်ပေးဖို့ Apple ကုမ္ပဏီကို ပြောကြားထားပါတယ်။ ဒါမှမဟုတ်ရင်တော့ Apple ဟာ အဲဒီဖုန်းတွေအားလုံးကို ပြန်သိမ်းရပါ လိမ့်မယ်" ဟု ထုတ်ပြန်ထားသည်။

ANFR အေးဂျင့််များသည် ပြင်သစ်နိုင်ငံတွင် iPhone12 အမျိုးအစားကို ရောင်းချရန် ကမ်းလှမ်းခြင်းများ ရှိ/မရှိ သိရှိ ရန်အတွက် စက်တင်ဘာလ(၁၃)ရက်မှ စတင်ပြီး စစ်ဆေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ANFR က ပြောကြားခဲ့သည်။

သို့သော်လည်း iPhone12 အမျိုးအစားသည် သတ်မှတ်ထားသော စံညွှန်းများအတိုင်း ဖန်တီးထားခြင်းဖြစ်ကြောင်း နှင့် အဆိုပါအချက်ကို သက်သေပြရန်အတွက် ပြင်သစ်နိုင်ငံ စောင့်ကြည့်ရေးအဖွဲ့ နှင့် ချိတ်ဆက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း Apple ကုမ္ပဏီ က ပြောခဲ့သည်။

နိုင်ငံအများအပြားရှိ စောင့်ကြည့်လေ့လာရေးအဖွဲ့များသည် ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးများကို ကာကွယ်ရန်အတွက် မိုလ်ဘိုင်းဖုန်းများ၏ လျှပ်စစ်သံလိုက်ဓါတ်ရောင်ခြည်ထုတ်လွှတ်မှုပမာဏကို ကန့်သတ်ချက် များထားရှိကြောင်း သိရသည်။ သို့သော်လည်း မိုလ်ဘိုင်းဖုန်းများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က WHO က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

Zawgyi Version;
ျပင္သစ္ႏိုင္ငံတြင္ iPhone12 အမ်ိဳးအစား ေရာင္းခ်ေနျခင္းကို တားျမစ္ပိတ္ပင္
Pika (NP News) - စက္တင္ဘာ ၁၃

နာမည္ႀကီးကုမၸဏီတစ္ခုျဖစ္ေသာ Apple ၏ iPhone 12 အမ်ိဳးအစားသည္ လွ်ပ္စစ္သံလိုက္ဓါတ္ေရာင္ျခည္မ်ား အလြန္အကြၽံထုတ္လုပ္ေသာေၾကာင့္ ျပင္သစ္ႏိုင္ငံတြင္ iPhone 12 ေရာင္းခ်ျခင္းကို ရပ္တန႔္ရန္ ႏွင့္ လက္ရွိ ေရာင္းခ်ထားေသာဖုန္းမ်ားကို ျပဳျပင္ေပးရန္ ျပင္သစ္ႏိုင္ငံ ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕က အမိန႔္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ iPhone 12 ကို စမ္းသပ္မႈအတြင္း လူသားမ်ား၏ ခႏၶာကိုယ္မွ စုပ္ယူႏိုင္သည့္ လွ်ပ္စစ္သံလိုက္လႈိင္းမ်ားကို ခြင့္ျပဳထားသည္ထက္ ပိုမိုထုတ္လႊတ္ေနသည္ကို ေတြ႕ရွိခဲ့ေၾကာင္း ေရဒီယိုႀကိမ္ႏႈန္းမ်ားကို စီမံခန႔္ခြဲသည့္ ျပင္သစ္ ေအဂ်င္စီ ANFR က ေျပာၾကားခဲ့သည္။

ANFR က "iPhone12 အမ်ိဳးအစားဟာ လူသားေတြရဲ႕ ခႏၶာကိုယ္ စုပ္ယူႏိုင္တာထက္ ပိုမ်ားတဲ့ လွ်ပ္စစ္သံလိုက္ လႈိင္းေတြကို ထုတ္လႊတ္ေနတာေၾကာင့္ စက္တင္ဘာလ(၁၂)ရက္က စတင္ၿပီး ျပင္သစ္ေဈးကြက္ကေန ဖယ္ရွားဖို႔ အမိန႔္ထုတ္ခဲ့ပါတယ္။ လက္ရွိေရာင္းခ်ထားတဲ့ iPhone12 ေတြနဲ႔ပတ္သက္ၿပီး ျပဳျပင္မႈေတြလည္း ျပဳလုပ္ေပးဖို႔ Apple ကုမၸဏီကို ေျပာၾကားထားပါတယ္။ ဒါမွမဟုတ္ရင္ေတာ့ Apple ဟာ အဲဒီဖုန္းေတြအားလုံးကို ျပန္သိမ္းရပါ လိမ့္မယ္" ဟု ထုတ္ျပန္ထားသည္။

ANFR ေအးဂ်င့္္မ်ားသည္ ျပင္သစ္ႏိုင္ငံတြင္ iPhone12 အမ်ိဳးအစားကို ေရာင္းခ်ရန္ ကမ္းလွမ္းျခင္းမ်ား ရွိ/မရွိ သိရွိ ရန္အတြက္ စက္တင္ဘာလ(၁၃)ရက္မွ စတင္ၿပီး စစ္ေဆးမႈမ်ားကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ANFR က ေျပာၾကားခဲ့သည္။

သို႔ေသာ္လည္း iPhone12 အမ်ိဳးအစားသည္ သတ္မွတ္ထားေသာ စံၫႊန္းမ်ားအတိုင္း ဖန္တီးထားျခင္းျဖစ္ေၾကာင္း ႏွင့္ အဆိုပါအခ်က္ကို သက္ေသျပရန္အတြက္ ျပင္သစ္ႏိုင္ငံ ေစာင့္ၾကည့္ေရးအဖြဲ႕ ႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း Apple ကုမၸဏီ က ေျပာခဲ့သည္။

ႏိုင္ငံအမ်ားအျပားရွိ ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕မ်ားသည္ က်န္းမာေရးဆိုင္ရာေဘးထြက္ဆိုးက်ိဳးမ်ားကို ကာကြယ္ရန္အတြက္ မိုလ္ဘိုင္းဖုန္းမ်ား၏ လွ်ပ္စစ္သံလိုက္ဓါတ္ေရာင္ျခည္ထုတ္လႊတ္မႈပမာဏကို ကန႔္သတ္ခ်က္ မ်ားထားရွိေၾကာင္း သိရသည္။ သို႔ေသာ္လည္း မိုလ္ဘိုင္းဖုန္းမ်ား အသုံးျပဳျခင္းေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ က်န္းမာေရးဆိုးက်ိဳးမ်ားမရွိေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕က WHO က ၎၏ ဝက္ဘ္ဆိုက္တြင္ ေရးသားေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.