တရားမဝင်လက်နက်ကိုင်ဆောင်ထားသူများကို တစ်လအတွင်း လက်နက်လာအပ်ရန် ထိုင်းဝန်ကြီးချုပ်အသစ် အမိန့်ပေး

1561

Pika (NP News) - စက်တင်ဘာ ၁၄
ထိုင်းနိုင်ငံတွင် တရားဝင်ခွင့်ပြုချက်မရှိဘဲ သေနတ်ကိုင်ဆောင်ထားသူများသည် ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုများနှင့် ရင်မဆိုင်ရမီအချိန်အတွင်း ၎င်းတို့၏ သေနတ်များကို ရဲစခန်းတွင် တစ်လအတွင်း သွားရောက်အပ်နှံရမည့် အမိန့် တစ်ရပ်ကို ထိုင်းဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်က ချမှတ်ခဲ့ကြောင်း သိရသည်။
သေနတ်ကိုင်ဆောင်ထားသူများသည် ရဲစခန်းတွင် သေနတ်များကို သွားရောက်အပ်နှံမည်ဆိုပါက အထူးလွတ်ငြိမ်း ချမ်းသာခွင့်ကိုလည်းရမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။
ရဲတပ်ဖွဲ့ဝင်(၁ဝဝ) နှင့် အခြားအရာရှိများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များသည် Nakhon Pathom မြို့ရှိ နေရာ (၂၁) နေရာကို ဝင်ရောက်စီးနင်းခဲ့ပြီး မာဖီးယားဂိုဏ်းတစ်ဂိုဏ်းထံမှ သေနတ်(၁၆)လက် နှင့် ကျည်ဆန်(၂ဝဝ)ခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မာဖီးယားဂိုဏ်းသည် ပြီးခဲ့သည့်သီတင်းပတ်က ဒေသခံခေါင်းဆောင် နှင့် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူ Praween Chanklai ၏ နေအိမ်တွင်ကျင်းပသည့် ညစာစားပွဲတွင် အမြန်လမ်းရဲအရာရှိတစ်ဦးကို ပစ်ခတ်မှု နှင့် ဆက်နွယ်နေသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်ကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်သည် တရားဝင်ခွင့်ပြုချက်မရှိဘဲ သေနတ်ကိုင်ဆောင်ထားသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် အထူးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းရန် ဒုဝန်ကြီးချုပ် Anutin Charnvirakulကို တာဝန်ပေးအပ်ခဲ့ကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူအမျိုးသား Chai Wacharonke ကပြောကြားခဲ့သည်။
ဒုဝန်ကြီးချုပ် Anutin Charnvirakulသည် ဩဇာကြီးမားသော မာဖီးယားဂိုဏ်းများနှင့်ဆက်နွယ်နေသော ဒေသတွင်း ခေါင်းဆောင်များကို အမည်ပျက်စာရင်းသွင်းရန်အတွက် တစ်နိုင်ငံလုံအတိုင်းအတာဖြင့် စစ်ဆေးမှုများ ပြုလုပ်ရန် ပြည်ထဲရေးဒုဝန်ကြီး Chada Thaiset ကို တာဝန်ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
Nakhon Pathom မြို့ရှိ အမြန်လမ်းရဲအရာရှိတစ်ဦးဖြစ်သော Sivakorn Saibua အား သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ကို လက်တုံ့ပြန်သည့်အနေဖြင့် အဆိုပါအစီအစဉ်ကိုလုပ်ဆောင်ရန် ဒုဝန်ကြီးချုပ် Anutin Charnvirakul က အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
တရားမဝင္လက္နက္ကိုင္ေဆာင္ထားသူမ်ားကို တစ္လအတြင္း လက္နက္လာအပ္ရန္ ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ အမိန႔္ေပး
Pika (NP News) - စက္တင္ဘာ ၁၄
ထိုင္းႏိုင္ငံတြင္ တရားဝင္ခြင့္ျပဳခ်က္မရွိဘဲ ေသနတ္ကိုင္ေဆာင္ထားသူမ်ားသည္ ရဲတပ္ဖြဲ႕၏ ၿဖိဳခြင္းမႈမ်ားႏွင့္ ရင္မဆိုင္ရမီအခ်ိန္အတြင္း ၎တို႔၏ ေသနတ္မ်ားကို ရဲစခန္းတြင္ တစ္လအတြင္း သြားေရာက္အပ္ႏွံရမည့္ အမိန႔္ တစ္ရပ္ကို ထိုင္းဝန္ႀကီးခ်ဳပ္ဆာရက္သာတာဗီဆင္က ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ေသနတ္ကိုင္ေဆာင္ထားသူမ်ားသည္ ရဲစခန္းတြင္ ေသနတ္မ်ားကို သြားေရာက္အပ္ႏွံမည္ဆိုပါက အထူးလြတ္ၿငိမ္း ခ်မ္းသာခြင့္ကိုလည္းရမည္ျဖစ္ေၾကာင္း ၎က ေျပာခဲ့သည္။
ရဲတပ္ဖြဲ႕ဝင္(၁ဝဝ) ႏွင့္ အျခားအရာရွိမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕မ်ားသည္ Nakhon Pathom ၿမိဳ႕ရွိ ေနရာ (၂၁) ေနရာကို ဝင္ေရာက္စီးနင္းခဲ့ၿပီး မာဖီးယားဂိုဏ္းတစ္ဂိုဏ္းထံမွ ေသနတ္(၁၆)လက္ ႏွင့္ က်ည္ဆန္(၂ဝဝ)ခန႔္ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ မာဖီးယားဂိုဏ္းသည္ ၿပီးခဲ့သည့္သီတင္းပတ္က ေဒသခံေခါင္းေဆာင္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္သူ Praween Chanklai ၏ ေနအိမ္တြင္က်င္းပသည့္ ညစာစားပြဲတြင္ အျမန္လမ္းရဲအရာရွိတစ္ဦးကို ပစ္ခတ္မႈ ႏွင့္ ဆက္ႏြယ္ေနသည့္ ဂိုဏ္းတစ္ဂိုဏ္းျဖစ္ေၾကာင္းလည္း ထိုင္းရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။
ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္သာတာဗီဆင္သည္ တရားဝင္ခြင့္ျပဳခ်က္မရွိဘဲ ေသနတ္ကိုင္ေဆာင္ထားသူမ်ားကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးမည့္အစီအစဥ္ကို အေကာင္အထည္ေဖာ္ရန္အတြက္ အထူးအဖြဲ႕တစ္ဖြဲ႕ကို ဖြဲ႕စည္းရန္ ဒုဝန္ႀကီးခ်ဳပ္ Anutin Charnvirakulကို တာဝန္ေပးအပ္ခဲ့ေၾကာင္း ထိုင္းအစိုးရေျပာေရးဆိုခြင့္ရွိသူအမ်ိဳးသား Chai Wacharonke ကေျပာၾကားခဲ့သည္။
ဒုဝန္ႀကီးခ်ဳပ္ Anutin Charnvirakulသည္ ဩဇာႀကီးမားေသာ မာဖီးယားဂိုဏ္းမ်ားႏွင့္ဆက္ႏြယ္ေနေသာ ေဒသတြင္း ေခါင္းေဆာင္မ်ားကို အမည္ပ်က္စာရင္းသြင္းရန္အတြက္ တစ္ႏိုင္ငံလုံအတိုင္းအတာျဖင့္ စစ္ေဆးမႈမ်ား ျပဳလုပ္ရန္ ျပည္ထဲေရးဒုဝန္ႀကီး Chada Thaiset ကို တာဝန္ေပးအပ္ခဲ့ေၾကာင္းလည္း သိရသည္။
Nakhon Pathom ၿမိဳ႕ရွိ အျမန္လမ္းရဲအရာရွိတစ္ဦးျဖစ္ေသာ Sivakorn Saibua အား ေသနတ္ျဖင့္ ပစ္သတ္ခဲ့ျခင္း ကို လက္တုံ႔ျပန္သည့္အေနျဖင့္ အဆိုပါအစီအစဥ္ကိုလုပ္ေဆာင္ရန္ ဒုဝန္ႀကီးခ်ဳပ္ Anutin Charnvirakul က အမိန႔္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။