စဥ့်ကူးမြို့နယ်ရှိ ကျေးရွာတာဝန်ခံအမျိုးသားကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

 4982

NP News - စက်တင်ဘာ ၁၅

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ကျေးရွာတာဝန်ခံအမျိုးသားတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော စက်တင်ဘာ ၁၂ ရက်၊ နံနက် ၈ နာရီအချိန်တွင် စဥ့်ကူးမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း ဘေးရှိ “ဇေယျာထွန်း” လက်ဖက်ရည်ဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကံပျိုကျေးရွာတွင်နေထိုင်သည့် ကျေးရွာတာဝန်ခံ ဦးမင်းမင်းဆန်း(၃၈)နှစ်သည် အထက်ပါ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်ရန် ဆိုင်ရှေ့၌ ဆိုင်ကယ်ရပ်နေစဉ် PDF အဖွဲ့ဝင်(၂)ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာ ပြီး သေနတ်ဖြင့်ပစ်ခတ် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကျေးရွာတာဝန်ခံ ဦးမင်းမင်းဆန်း(၃၈)နှစ်၏ ရင်ဘတ်၌ ကျည်ဖောက်ဝင် ဒဏ်ရာ(၂)ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါလုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
စဥ့္ကူးၿမိဳ႕နယ္ရွိ ေက်း႐ြာတာဝန္ခံအမ်ိဳးသားကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္
NP News - စက္တင္ဘာ ၁၅

မႏၲေလးတိုင္း၊ စဥ့္ကူးၿမိဳ႕နယ္တြင္ ေက်း႐ြာတာဝန္ခံအမ်ိဳးသားတစ္ဦးအား PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္ သတ္ျဖတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ စက္တင္ဘာ ၁၂ ရက္၊ နံနက္ ၈ နာရီအခ်ိန္တြင္ စဥ့္ကူးၿမိဳ႕နယ္၊ မႏၲေလး-မိုးကုတ္ကားလမ္း ေဘးရွိ “ေဇယ်ာထြန္း” လက္ဖက္ရည္ဆိုင္ေရွ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ကံပ်ိဳေက်း႐ြာတြင္ေနထိုင္သည့္ ေက်း႐ြာတာဝန္ခံ ဦးမင္းမင္းဆန္း(၃၈)ႏွစ္သည္ အထက္ပါ လက္ဖက္ရည္ဆိုင္တြင္ လက္ဖက္ရည္ေသာက္ရန္ ဆိုင္ေရွ႕၌ ဆိုင္ကယ္ရပ္ေနစဥ္ PDF အဖြဲ႕ဝင္(၂)ဦးက ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္ရွိလာ ၿပီး ေသနတ္ျဖင့္ပစ္ခတ္ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ေက်း႐ြာတာဝန္ခံ ဦးမင္းမင္းဆန္း(၃၈)ႏွစ္၏ ရင္ဘတ္၌ က်ည္ေဖာက္ဝင္ ဒဏ္ရာ(၂)ခ်က္ရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အထက္ပါလုပ္ႀကံသတ္ျဖတ္မႈတြင္ ပါဝင္ပတ္သက္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပး အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.