(၁၉)ကြိမ်မြောက် အာရှအားကစားပွဲတော်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရန် မြန်မာယူ-၂၄ အသင်း တရုတ်နိုင်ငံသို့ စတင်ထွက်ခွါ

749
သန့်ဇင်(NP News) - စက်တင်ဘာ ၁၆
တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြမည့် (၁၉)ကြိမ်မြောက် အာရှ အားကစားပွဲတော် Asian Games Hangzhou 2022 ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရန် မြန်မာယူ- ၂၄ လက်ရွေးစင်အသင်း တရုတ်နိုင်ငံသို့ ယနေ့ (စက်တင်ဘာလ ၁၆ ရက်)နံနက်ပိုင်းက စတင် ထွက်ခွါခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို လာမည့် စက်တင်ဘာလ ၂၃ ရက်မှစတင်ကာ အောက်တိုဘာလ ၈ ရက်အထိ တရုတ်နိုင်ငံ၊ Hangzhou မြို့၌ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
မြန်မာ့လက်ရွေးစင်ယူ-၂၄ အသင်းအနေဖြင့် အုပ်စု(က)တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ် နှင့် အိန္ဒိယလက်ရွေးစင်အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိရာ စက်တင်ဘာလ ၁၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းဖြင့်လည်းကောင်း၊ စက်တင် ဘာလ ၂၁ရက်တွင် အိမ်ရှင် တရုတ်အသင်းနှင့်လည်းကောင်း၊ စက်တင်ဘာလ ၂၄ ရက်တွင် အိန္ဒိယအသင်းတို့ဖြင့်လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
Asian Games အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အုပ်စု(၆)အုပ်စုရှိပြီး အုပ်စု ပထမနှင့်ဒုတိယ နှစ်သင်းစီအပြင် အကောင်းဆုံး အုပ်စု တတိယ (၄)သင်း၊ စုစုပေါင်း(၁၆)သင်းသာ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါအာရှအားကစားပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ ဘောလုံး၊ ဝူရှူး၊ လှေလှော်၊ တိုက်ကွမ်ဒို၊ Esports၊ မြားပစ်နှင့် ပိုက်ကျော်ခြင်း စသည့် အားကစားနည်း(၇)မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကစားသမား (၁၀၀)ကျော်သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်များအရသိရသည်။

zawgyi version
(၁၉)ႀကိမ္ေျမာက္ အာရွအားကစားပြဲေတာ္ၿပိဳင္ပြဲကို သြားေရာက္ယွဥ္ၿပိဳင္ရန္ ျမန္မာယူ-၂၄ အသင္း တ႐ုတ္ႏိုင္ငံသို႔ စတင္ထြက္ခြါ
သန႔္ဇင္(NP News) - စက္တင္ဘာ ၁၆
တ႐ုတ္ႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပျပမည့္ (၁၉)ႀကိမ္ေျမာက္ အာရွ အားကစားပြဲေတာ္ Asian Games Hangzhou 2022 ၿပိဳင္ပြဲသြားေရာက္ယွဥ္ၿပိဳင္ရန္ ျမန္မာယူ- ၂၄ လက္ေ႐ြးစင္အသင္း တ႐ုတ္ႏိုင္ငံသို႔ ယေန႔ (စက္တင္ဘာလ ၁၆ ရက္)နံနက္ပိုင္းက စတင္ ထြက္ခြါခဲ့ေၾကာင္း သိရသည္။
အဆိုပါၿပိဳင္ပြဲကို လာမည့္ စက္တင္ဘာလ ၂၃ ရက္မွစတင္ကာ ေအာက္တိုဘာလ ၈ ရက္အထိ တ႐ုတ္ႏိုင္ငံ၊ Hangzhou ၿမိဳ႕၌က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ထားသည္။
ျမန္မာ့လက္ေ႐ြးစင္ယူ-၂၄ အသင္းအေနျဖင့္ အုပ္စု(က)တြင္ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္ ဘဂၤလားေဒ့ရွ္၊ တ႐ုတ္ ႏွင့္ အိႏၵိယလက္ေ႐ြးစင္အသင္းမ်ားႏွင့္ တစ္အုပ္စုတည္းက်ေရာက္လ်က္ရွိရာ စက္တင္ဘာလ ၁၉ ရက္တြင္ ဘဂၤလားေဒ့ရွ္အသင္းျဖင့္လည္းေကာင္း၊ စက္တင္ ဘာလ ၂၁ရက္တြင္ အိမ္ရွင္ တ႐ုတ္အသင္းႏွင့္လည္းေကာင္း၊ စက္တင္ဘာလ ၂၄ ရက္တြင္ အိႏၵိယအသင္းတို႔ျဖင့္လည္းေကာင္း ယွဥ္ၿပိဳင္ကစားသြားမည္ ျဖစ္သည္။
Asian Games အမ်ိဳးသား ေဘာလုံးၿပိဳင္ပြဲတြင္ အုပ္စု(၆)အုပ္စုရွိၿပီး အုပ္စု ပထမႏွင့္ဒုတိယ ႏွစ္သင္းစီအျပင္ အေကာင္းဆုံး အုပ္စု တတိယ (၄)သင္း၊ စုစုေပါင္း(၁၆)သင္းသာ ရႈံးထြက္အဆင့္သို႔ တက္ေရာက္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အဆိုပါအာရွအားကစားၿပိဳင္ပြဲအတြက္ ျမန္မာႏိုင္ငံမွ ေဘာလုံး၊ ဝူရႉး၊ ေလွေလွာ္၊ တိုက္ကြမ္ဒို၊ Esports၊ ျမားပစ္ႏွင့္ ပိုက္ေက်ာ္ျခင္း စသည့္ အားကစားနည္း(၇)မ်ိဳးျဖင့္ ပါဝင္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး ကစားသမား (၁၀၀)ေက်ာ္သြားေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္းလည္း ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံး၏ ထုတ္ျပန္ခ်က္မ်ားအရသိရသည္။