ပြည်တွင်းရှိ မည်သည့်ဘဏ်မှမဆို မြန်မာကျပ်ငွေ နှင့် ရုရှားရူဘယ် တိုက်ရိုက်ပေးချေနိုင်ရန် စီစဉ်ထားကြောင်း နစက အသိပေး

4979
မျိုးကြီး (NP News) - စက်တင်ဘာ ၁၆
ပြည်တွင်းရှိ မည်သည့်ဘဏ်မှမဆို မြန်မာကျပ်ငွေနှင့် ရုရှားရူဘယ်အား တိုက်ရိုက်ပေးချေနိုင်ရန် စီစဉ်ထားကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများကို ပြောသည်။

MIR Card System နှင့်ပတ်သက်၍ မြန်မာငွေပေးချေမှုအဖွဲ့ (MPU)က အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာငွေပေးချေမှုအဖွဲ့(MPU) နှင့် ရုရှားနိုင်ငံ၏ National Payment Cards System (NSPK) တို့အကြားတွင် Non-Disclosure Agreement(NDA) ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည့်အပြင် နားလည်မှုစာချွန်လွှာကိုပါ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ MPU နှင့် ရုရှား MIR တို့အကြားတွင် Network ချိတ်ဆက်မှုများ ဆောင် ရွက်ပြီးစီးပြီဖြစ်ကာ Host to Host Connectivity Testing များ ပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက်နေသည်ဟု နစကမှ အသိပေးထားသည်။
ထို့ပြင် ပြည်တွင်းရှိ မည်သည့်ဘဏ်မှမဆို ပေးချေမှုဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ထားရှိပြီးဖြစ်ကြောင်းလည်း နစကမှ ထပ်မံအသိပေးထားသည်။
MIR Payment System ကတ်အသုံးပြုခြင်းဖြင့် အမေရိကန်ဒေါ်လာအသုံးပြုမှုအပေါ် မှီခိုရမှုများလျော့နည်းလာနိုင်မည့်အပြင် မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား ငွေပေးချေရာတွင်လည်း လွယ်ကူလျင်မြန်စွာပေးချေနိုင်မည်ဖြစ်သည်ဟု နစကမှ ပြောသည်။
မြန်မာနိုင်ငံ နှင့် ရုရှားနိုင်ငံအကြားတွင် MIR Payment System ကတ်ကို လာမည့်အောက် တိုဘာလအတွင်း၌ စတင်အသုံးပြုသွားမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က ပြီးခဲ့သောရက်ပိုင်းအတွင်း၌ အသိပေးပြောကြားထား သည်။
မြန်မာနိုင်ငံသည် ကျပ်ငွေ နှင့် တရုတ်ယွမ်၊ ထိုင်းဘတ်၊ အိန္ဒိယရူပီး ငွေကြေးများ တိုက်ရိုက်ပေးချေနိုင်ရေးအတွက်လည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
zawgyi version
ျပည္တြင္းရွိ မည္သည့္ဘဏ္မွမဆို ျမန္မာက်ပ္ေငြ ႏွင့္ ႐ုရွား႐ူဘယ္ တိုက္႐ိုက္ေပးေခ်ႏိုင္ရန္ စီစဥ္ထားေၾကာင္း နစက အသိေပး
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၁၆
ျပည္တြင္းရွိ မည္သည့္ဘဏ္မွမဆို ျမန္မာက်ပ္ေငြႏွင့္ ႐ုရွား႐ူဘယ္အား တိုက္႐ိုက္ေပးေခ်ႏိုင္ရန္ စီစဥ္ထားေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က မီဒီယာမ်ားကို ေျပာသည္။
MIR Card System ႏွင့္ပတ္သက္၍ ျမန္မာေငြေပးေခ်မႈအဖြဲ႕ (MPU)က အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာေငြေပးေခ်မႈအဖြဲ႕(MPU) ႏွင့္ ႐ုရွားႏိုင္ငံ၏ National Payment Cards System (NSPK) တို႔အၾကားတြင္ Non-Disclosure Agreement(NDA) ကို လက္မွတ္ေရးထိုးခဲ့ၿပီးျဖစ္သည့္အျပင္ နားလည္မႈစာခြၽန္လႊာကိုပါ လက္မွတ္ေရးထိုးၿပီးျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ျမန္မာ MPU ႏွင့္ ႐ုရွား MIR တို႔အၾကားတြင္ Network ခ်ိတ္ဆက္မႈမ်ား ေဆာင္ ႐ြက္ၿပီးစီးၿပီျဖစ္ကာ Host to Host Connectivity Testing မ်ား ျပဳလုပ္ႏိုင္ရန္ ေဆြးေႏြးေဆာင္႐ြက္ေနသည္ဟု နစကမွ အသိေပးထားသည္။
ထို႔ျပင္ ျပည္တြင္းရွိ မည္သည့္ဘဏ္မွမဆို ေပးေခ်မႈေဆာင္႐ြက္ႏိုင္ေရးအတြက္ စီစဥ္ထားရွိၿပီးျဖစ္ေၾကာင္းလည္း နစကမွ ထပ္မံအသိေပးထားသည္။
MIR Payment System ကတ္အသုံးျပဳျခင္းျဖင့္ အေမရိကန္ေဒၚလာအသုံးျပဳမႈအေပၚ မွီခိုရမႈမ်ားေလ်ာ့နည္းလာႏိုင္မည့္အျပင္ ျမန္မာႏွင့္ ႐ုရွားႏိုင္ငံတို႔အၾကား ေငြေပးေခ်ရာတြင္လည္း လြယ္ကူလ်င္ျမန္စြာေပးေခ်ႏိုင္မည္ျဖစ္သည္ဟု နစကမွ ေျပာသည္။
ျမန္မာႏိုင္ငံ ႏွင့္ ႐ုရွားႏိုင္ငံအၾကားတြင္ MIR Payment System ကတ္ကို လာမည့္ေအာက္ တိုဘာလအတြင္း၌ စတင္အသုံးျပဳသြားမည္ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီး ေဒါက္တာကံေဇာ္က ၿပီးခဲ့ေသာရက္ပိုင္းအတြင္း၌ အသိေပးေျပာၾကားထား သည္။
ျမန္မာႏိုင္ငံသည္ က်ပ္ေငြ ႏွင့္ တ႐ုတ္ယြမ္၊ ထိုင္းဘတ္၊ အိႏၵိယ႐ူပီး ေငြေၾကးမ်ား တိုက္႐ိုက္ေပးေခ်ႏိုင္ေရးအတြက္လည္း ေဆာင္႐ြက္ထားၿပီးျဖစ္ေၾကာင္း သိရသည္။