တောင်ကိုရီးယားနိုင်ငံမှာ ခွေးသား ရောင်းချ စားသုံးခြင်းကို ပိတ်ပင်တားမြစ်သွားမယ်

1446

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၇
တောင်ကိုရီးယားအမတ်တွေဟာ နိုင်ငံအတွင်းမှာ ခွေးသားရောင်းချ စားသုံးခြင်းများကို တားမြစ်ဖို့ ရည်ရွယ်တဲ့ ဥပဒေတစ်ရပ်ပြဌာန်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ခွေးသား ရောင်းချခြင်း၊ စားသုံးခြင်းများနဲ့ပတ်သက်ပြီး ကာလအတန်ကြာ အငြင်းပွားခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များက ပိတ်ပင်မယ့်ဥပဒေတစ်ရပ် သတ်မှတ်ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းဝေးမှာ တောင်ကိုရီးယား အဓိကအတိုက်ခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက အဆိုပြုတင်သွင်းခဲ့ရာ အာဏာရပါတီဖြစ်တဲ့ ပြည်သူအင်အားပါတီကလည်း ထောက်ခံခဲ့ ကြောင်း သိရပါတယ်။
တောင်ကိုရီးယားအာဏာရပါတီအကြီးအကဲတစ်ဦးဖြစ်တဲ့ Park Dae-chul က "တောင်ကိုရီးယားနိုင်ငံရှိ အိမ်ထောင်စုပေါင်း ၁ဝ သန်းဟာ ခွေးသား စားသုံးတာမျိုး ရှိနေတယ်။ လက်ရှိအချိန်မှာတော့ ခွေးသား စားသုံးခြင်းကို အဆုံးသတ်တော့မှာပါ" လို့ ပြောပါတယ်။
တောင်ကိုရီးယားလွှတ်တော်ကိုယ်စားလှယ်တွေဟာ နိုင်ငံအတွင်း ခွေးသား စားသုံးခြင်းကို အဆုံးသတ်စေမယ့် ကြိုးပမ်းမှုများ၊ လှုပ်ရှားမှုများ လုပ်ဆောင်ခွင့်ပေးမယ့်အချက်ကို ဥပဒေအတွင်း ထည့်သွင်းပေးသွားဖွယ်ရှိနေကြောင်း သိရပါတယ်။
တောင်ကိုရီးယားအမတ်တစ်ဦးက "လူသားတွေနဲ့ တိရစ္ဆာန်တွေကို အတူနေထိုင်တာမျိုးဖြစ်သင့်တယ်။ တရားမဝင် ခွေးသား စားသုံးခြင်းကို အဆုံးသတ်ရမယ်" လို့ ပြောပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ ခွေးသား စားသုံးခြင်းဟာ နှစ်ပေါင်းများစွာကြာရှိနေခဲ့ကြောင်း သိရပါတယ်။ တောင်ကိုရီးယားပြည်သူတွေဟာ တိရစ္ဆာန်အခွင့်အရေးကို နားလည်လာပြီးနောက် ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ခွေးသား စားသုံးခြင်း လျော့ချခဲ့ပေမယ့် တစ်နှစ်ကို ခွေးအကောင်ရေပေါင်း ၇ သိန်းကနေ တစ်သန်းအထိ အသတ်ခံနေရဆဲဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားႏိုင္ငံမွာ ေခြးသား ေရာင္းခ် စားသုံးျခင္းကို ပိတ္ပင္တားျမစ္သြားမယ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၇
ေတာင္ကိုရီးယားအမတ္ေတြဟာ ႏိုင္ငံအတြင္းမွာ ေခြးသားေရာင္းခ် စားသုံးျခင္းမ်ားကို တားျမစ္ဖို႔ ရည္႐ြယ္တဲ့ ဥပေဒတစ္ရပ္ျပဌာန္းဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံမွာ ေခြးသား ေရာင္းခ်ျခင္း၊ စားသုံးျခင္းမ်ားနဲ႔ပတ္သက္ၿပီး ကာလအတန္ၾကာ အျငင္းပြားခဲ့ၿပီးေနာက္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ပိတ္ပင္မယ့္ဥပေဒတစ္ရပ္ သတ္မွတ္ဖို႔ စီစဥ္လာခဲ့တာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း က်င္းပခဲ့တဲ့ လႊတ္ေတာ္အစည္းေဝးမွာ ေတာင္ကိုရီးယား အဓိကအတိုက္ခံပါတီျဖစ္တဲ့ ဒီမိုကရက္တစ္ပါတီက အဆိုျပဳတင္သြင္းခဲ့ရာ အာဏာရပါတီျဖစ္တဲ့ ျပည္သူအင္အားပါတီကလည္း ေထာက္ခံခဲ့ ေၾကာင္း သိရပါတယ္။
ေတာင္ကိုရီးယားအာဏာရပါတီအႀကီးအကဲတစ္ဦးျဖစ္တဲ့ Park Dae-chul က "ေတာင္ကိုရီးယားႏိုင္ငံရွိ အိမ္ေထာင္စုေပါင္း ၁ဝ သန္းဟာ ေခြးသား စားသုံးတာမ်ိဳး ရွိေနတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေခြးသား စားသုံးျခင္းကို အဆုံးသတ္ေတာ့မွာပါ" လို႔ ေျပာပါတယ္။
ေတာင္ကိုရီးယားလႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ ႏိုင္ငံအတြင္း ေခြးသား စားသုံးျခင္းကို အဆုံးသတ္ေစမယ့္ ႀကိဳးပမ္းမႈမ်ား၊ လႈပ္ရွားမႈမ်ား လုပ္ေဆာင္ခြင့္ေပးမယ့္အခ်က္ကို ဥပေဒအတြင္း ထည့္သြင္းေပးသြားဖြယ္ရွိေနေၾကာင္း သိရပါတယ္။
ေတာင္ကိုရီးယားအမတ္တစ္ဦးက "လူသားေတြနဲ႔ တိရစာၦန္ေတြကို အတူေနထိုင္တာမ်ိဳးျဖစ္သင့္တယ္။ တရားမဝင္ ေခြးသား စားသုံးျခင္းကို အဆုံးသတ္ရမယ္" လို႔ ေျပာပါတယ္။
ကိုရီးယားကြၽန္းဆြယ္မွာ ေခြးသား စားသုံးျခင္းဟာ ႏွစ္ေပါင္းမ်ားစြာၾကာရွိေနခဲ့ေၾကာင္း သိရပါတယ္။ ေတာင္ကိုရီးယားျပည္သူေတြဟာ တိရစာၦန္အခြင့္အေရးကို နားလည္လာၿပီးေနာက္ ၿပီးခဲ့တဲ့ႏွစ္ပိုင္းမွာ ေခြးသား စားသုံးျခင္း ေလ်ာ့ခ်ခဲ့ေပမယ့္ တစ္ႏွစ္ကို ေခြးအေကာင္ေရေပါင္း ၇ သိန္းကေန တစ္သန္းအထိ အသတ္ခံေနရဆဲျဖစ္ေၾကာင္း သိရပါတယ္။