ဘရာဇီးနိုင်ငံ၊ အမေဇုန်းနားပြည်နယ်မှာ လေယာဉ်ပျက်ကျမှုကြောင့် လူ ၁၄ ဦး သေဆုံး

846

ရောင်နီ (NP News) - စက်တင်ဘာ ၁၇
ဘရာဇီးနိုင်ငံမြောက်ပိုင်း အမေဇုန်းနားပြည်နယ်မှာ စနေနေ့ (စက်တင်ဘာ ၁၆ ရက်) က လေယာဉ်ငယ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ပြီး လူ ၁၄ ဦး သေဆုံးခဲ့ရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။
ပြည်နယ်မြို့တော် မားနက်စ် မှ ကီလိုမီတာ ၄ဝဝ (၂၄၈ မိုင်) ခန့်အကွာမှာ အဆိုပါမတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ လေကြောင်းလိုင်းကတော့ Manaus Aerotaxi ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာ ခရီးသည် ၁၂ ဦးနဲ့ လေယာဉ်အမှုထမ်းနှစ်ဦး ပါဝင်ခဲ့ပြီး အဆိုပါ မတော်တဆမှုအတွက် ဝမ်းနည်းကြောင်းကို အမေဇုန်းနား ပြည်နယ်အုပ်ချုပ်ရေးမှူး ဝစ်ဆန်လီမာက X မှာ ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။
လေကြောင်းလိုင်းဟာ မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး သေဆုံးမှု၊ ဒဏ်ရာရမှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြနိုင်သေးပါဘူး။ အဆိုပါ လေယာဉ်ငယ်ပျက်ကျရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ မတော်တဆမှုစုံစမ်းစစ်ဆေးရေးနဲ့ ကာကွယ်ရေး ဌာန (CENIPA) မှ စုံစမ်းစစ်ဆေးရေးမှူးတွေကို ဖိတ်ခေါ်ထားတယ်လို့ ဘရာဇီးလေတပ် (FAB) မှ ထုတ်ပြန်ချက် အရ သိရပါတယ်။
O Globo သတင်းစာမှ ဖော်ပြချက်တစ်ခုအရ သေဆုံးသူတွေဟာ ဘရာဇီးလ်ခရီးသွားတွေဖြစ်တယ်လို့ သိရပါ တယ်။ မတော်တဆမှုဟာ လေယာဉ်ဆင်းသက်ချိန် လမ်းကြောင်းလွဲချော်ခဲ့ခြင်းကြောင့်ဖြစ်နိုင်တယ်လို့ ကနဦး ယူဆထားပါတယ်။

Zawgyi Version;
ဘရာဇီးႏိုင္ငံ၊ အေမဇုန္းနားျပည္နယ္မွာ ေလယာဥ္ပ်က္က်မႈေၾကာင့္ လူ ၁၄ ဦး ေသဆုံး
ေရာင္နီ (NP News) - စက္တင္ဘာ ၁၇
ဘရာဇီးႏိုင္ငံေျမာက္ပိုင္း အေမဇုန္းနားျပည္နယ္မွာ စေနေန႔ (စက္တင္ဘာ ၁၆ ရက္) က ေလယာဥ္ငယ္တစ္စီး ပ်က္က်မႈျဖစ္ပြားခဲ့ၿပီး လူ ၁၄ ဦး ေသဆုံးခဲ့ရတယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက ေျပာၾကားခဲ့ပါတယ္။
ျပည္နယ္ၿမိဳ႕ေတာ္ မားနက္စ္ မွ ကီလိုမီတာ ၄ဝဝ (၂၄၈ မိုင္) ခန႔္အကြာမွာ အဆိုပါမေတာ္တဆမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္ပါတယ္။ မေတာ္တဆမႈျဖစ္ပြားခဲ့တဲ့ ေလေၾကာင္းလိုင္းကေတာ့ Manaus Aerotaxi ျဖစ္တယ္လို႔ သိရပါတယ္။
ေသဆုံးသူေတြထဲမွာ ခရီးသည္ ၁၂ ဦးနဲ႔ ေလယာဥ္အမႈထမ္းႏွစ္ဦး ပါဝင္ခဲ့ၿပီး အဆိုပါ မေတာ္တဆမႈအတြက္ ဝမ္းနည္းေၾကာင္းကို အေမဇုန္းနား ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ဝစ္ဆန္လီမာက X မွာ ထုတ္ေဖာ္ေျပာၾကား ခဲ့ပါတယ္။
ေလေၾကာင္းလိုင္းဟာ မေတာ္တဆမႈျဖစ္ပြားရတဲ့အေၾကာင္းအရင္းကို စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနၿပီး ေသဆုံးမႈ၊ ဒဏ္ရာရမႈနဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မေဖာ္ျပႏိုင္ေသးပါဘူး။ အဆိုပါ ေလယာဥ္ငယ္ပ်က္က်ရတဲ့အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးဖို႔ မေတာ္တဆမႈစုံစမ္းစစ္ေဆးေရးနဲ႔ ကာကြယ္ေရး ဌာန (CENIPA) မွ စုံစမ္းစစ္ေဆးေရးမႉးေတြကို ဖိတ္ေခၚထားတယ္လို႔ ဘရာဇီးေလတပ္ (FAB) မွ ထုတ္ျပန္ခ်က္ အရ သိရပါတယ္။
O Globo သတင္းစာမွ ေဖာ္ျပခ်က္တစ္ခုအရ ေသဆုံးသူေတြဟာ ဘရာဇီးလ္ခရီးသြားေတြျဖစ္တယ္လို႔ သိရပါ တယ္။ မေတာ္တဆမႈဟာ ေလယာဥ္ဆင္းသက္ခ်ိန္ လမ္းေၾကာင္းလြဲေခ်ာ္ခဲ့ျခင္းေၾကာင့္ျဖစ္ႏိုင္တယ္လို႔ ကနဦး ယူဆထားပါတယ္။