လစ်ဗျားမှာ ရေကြီးမှုကြောင့် လူ ၁၁,ဝဝဝ ကျော် သေဆုံးခဲ့ရပေမယ့်လည်း လက်နက်ကိုင်အုပ်စုများနဲ့ စင်ပြိုင်အစိုးရ နှစ်ခုစလုံးက ထိရောက်စွာကယ်ဆယ်နိုင်ခြင်း မရှိ

 603

Htay Oung (NP News) - စက်တင်ဘာ ၁၈

လွန်ခဲ့တဲ့ရက်သတ္တပတ် လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဒါနာမြို့ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရာမှာ လူအများအပြားတို့ရဲ့နေအိမ်များ မျောပါသွားခဲ့ပါတယ်။ အဲဒီမှ အသက်ရှင်ကျန်ရစ်သူတွေဟာ တနင်္ဂနွေနေ့ ရောက်ရှိတဲ့အခါ ဆက်လက်နေရန်ထိုင်ဖို့အတွက် ရေကြီးမှု နောက်ဆက်တွဲ ရောဂါအမျိုးမျိုးရဲ့အန္တရာယ်ရှိနေပြီး ရွှေ့ပြောင်းထွက်ခွာသွားဖို့ကလည်း နေရာရွှေ့သွားတဲ့ မြေမြှုပ်မိုင်းက နယ်မြေအပြည့်ဖြစ်နေတဲ့အတွက် ဆုပ်စူး-စားရူး အကျပ်အတည်းနဲ့ ရင်ဆိုင် နေရတယ်လို့ Reuters က ယနေ့ စက်တင်ဘာလ ၁၈ ရက်မှာ ရေးသားခဲ့ပါတယ်။

စက်တင်ဘာ ၁ဝ ရက်က မြေထဲပင်လယ် “ဒယ်နီယယ်" အမည်ရှိ အင်အားပြင်း မုန်တိုင်းဖြတ်သန်းတိုက်ခတ်စဉ် ဒါနာမြို့ အထက်ပိုင်း ဆည်နှစ်ခု ကျိုးပျက်သွားခဲ့ရာမှ အိပ်စက်နေကြချိန် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ မြစ်ကမ်းနံဘေး သာမန်အားဖြင့် ခြောက်သွေ့နေလေ့ရှိတဲ့ လူနေရပ်ကွက်များအတွင်း ရေအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ရုပ်အလောင်းအများအပြားကို ပင်လယ်အတွင်း ဆွဲချသွားပါတယ်။

သေဆုံးသူ ၁၁၃ဝဝ အထိ ဖြစ်လာကြောင်း လစ်ဗျားလခြမ်းနီအဖွဲ့က ပြောဆိုတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) က စနေနေ့ စက်တင်ဘာလ ၁၆ ရက်မှာ ဖော်ပြပါတယ်။

ဒါပေမယ့် ကိန်းဂဏန်းတွေဟာ ဆက်လက်ပြောင်းလဲနေတဲ့အတွက် အပြီးသတ်စာရင်း မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

မြေထဲပင်လယ်ကို မေးတင်ထားတဲ့ အာဖရိကတိုက်မြောက်ပိုင်း လစ်ဗျားဟာ အာရပ်ကမ္ဘာမှာ စတုတ္ထနဲ့ နိုင်ငံတကာမှာ ၁၆ ခုမြောက် အကြီးဆုံးတိုင်းပြည်ဖြစ်ပါတယ်။ ပြည်ပ စစ်အင်အားကြီးနိုင်ငံများရဲ့ စားခွက်လုခံ စစ်တလင်းဖြစ်ခဲ့တဲ့နိုင်ငံရဲ့ နောက်ဆုံး ကိုလိုနီ အရှင်သခင်ဟာ အီတလီဖြစ်ပြီး ၁၉၅၁ ခုနှစ်မှာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ အိုင်ဒရစ်ဘုရင်ကို ဖြုတ်ချပြီး နိုင်ငံကို ၄၂ နှစ်ကြာ အုပ်ချုပ်ခဲ့သူ အာဏာရှင် မွမ်မာ_ကဒါဖီဟာ ၂ဝ၁၁ ခုနှစ် အာရပ်နွေဦးတော်လှန်ရေးအတွင်း ထွက်ပြေးနေစဉ် အသတ်ခံလိုက်ရပါတယ်။

အမေရိကန်ဦးဆောင်တဲ့ နေတိုးလေတပ်ရဲ့ R2P လေကြောင်းတိုက်ခိုက်မှုကြောင့် ကဒါဖီအစိုးရ ပျက်ပြားပြီး လစ်ဗျားတပ်မတော်ပြိုလဲရာမှ တိုင်းပြည်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ရပါတယ်။

စုစုပေါင်း လူဦးရေ ၇ သန်းခန့်ရှိတဲ့နိုင်ငံဟာ အရှေ့ပိုင်းမှာ တိုဘရုခ်အစိုးရနဲ့ အေနာက်ပိုင်းမှာ ထရီပိုလီအစိုးရတို့က စင်ပြိုင် အုပ်ချုပ်နေတယ်ဆိုပေမယ့် တိုင်းပြည်နယ်မြေအသီးသီးမှာ “ပြည်သူ့စစ်" အမည်ခံ ဒေသန္တရစစ် ဘုရင်ငယ်များနဲ့ အစ္စလာမ်မစ်စစ်သွေးကြွတို့အကြား အပြန်အလှန်တိုက်ခိုက်ခြင်းဖြင့် ယနေ့တိုင် အဆုံးမသတ်နိုင်တဲ့ သွေးချောင်းစီး ပြည်တွင်းစစ်ကြီး ဖြစ်ပွားနေပါတယ်။

၂ဝ၁၄ ခုနှစ်မှာ ဒါနာမြို့ကို အိုင်အက်စ် အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွတို့က သိမ်းယူခဲ့ဖူးပြီး ၂ဝ၁၅ ခုနှစ်မှာ (အရှေ့ပိုင်း) တိုဘရုခ်အစိုးရ လစ်ဗျားအမျိုးသားတပ်မတော်က တိုက်ထုတ်ခဲ့ပါတယ်။ လူသောင်းချီအသက်ဆုံးရှုံးရတဲ့ ယခုဖြစ်စဉ်မှာ (အနောက်ပိုင်း) ထရီပိုလီအစိုးရက သူတို့ရဲ့ပေါ့လျော့မှုကြောင့် မဟုတ်ဖူးလို့ ငြင်းဆိုပါတယ်။

အလောင်းများနဲ့ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်တဲ့အတွက် အသေအပျောက်စာရင်းကို အတိအကျရရှိရန် ခက်ခဲကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယခုအချိန်အထိ သေဆုံးသူ ၃,၉၂၂ ဦးကို အတည်ပြုထားတယ်လို့ OCHA ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ လစ်ဗျား အရှေ့ပိုင်း တိုဘရုခ်အစိုးရ ကျန်းမာရေးဝန်ကြီးကတော့ သေဆုံးသူ ၃,၂၈၃ ဦး ရှိတယ်လို့ တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ရုပ်အလောင်းပေါင်း ၁ဝဝဝ ကျော်ကို အစုအပြုံလိုက် မြေမြှုပ်သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ပြောဆိုချက်ဟာ ဆွန်နီမွတ်စလင်ရာနှုန်းပြည့် တိုင်းပြည်ရဲ့ဘာသာရေးဓလေ့များနဲ့ ဆန့်ကျင်နေတယ်လို့ အကူအညီပေးရေးအဖွဲ့များက သတိပေးထားပါတယ်။

ရေဘေးသင့်ဒေသများမှာ ညစ်ညမ်းရေကြောင့် လူပေါင်း ၁၅ဝ ကျော် အဆိပ်သင့်ခဲ့ကြောင်း လစ်ဗျား(တိုဘရုခ်) အာဏာပိုင်များက အတည်ပြုခဲ့တယ်လို့ အနီး ဘင်ဂါဇီမြို့မှ လာရောက်ကူညီသူ ဆေးကျောင်းသားတစ်ဦးက ပြောပါတယ်။ ရေကြီးရေလျှံဖြစ်ပွားပြီးနောက် ရောဂါအမျိုးမျိုး ပျံနှံ့နေကြောင်းသတင်းများ၊ ပျက်စီးသွားတဲ့ မော်တော်ကားများမှ သတ္ထုအပိုင်းအစများနဲ့အတူ တိတ်ဆိတ်ငြိမ်သက်နေတဲ့လမ်းများကို တွေမြင်နေရပါ တယ်။ လူအချို့ဟာ ဟာလာဟင်းလင်းဖြစ်နေတဲ့ လမ်းပေါ်မှာပဲ ရေသန့်ဗူးကို ဘေးမှာထား၊ စောင်အခင်းကို အိပ်ယာလုပ်နေကြပါတယ်။

အနည်းဆုံး လူဦးရေ ၁၂ဝဝဝဝ ခန့် နေထိုင်ရာ ဒါနာခရိုင်တစ်ခုလုံးဟာ ရေစီးနဲ့ မျောပါသွားခြင်း (သို့မဟုတ်) ရွှံ့နွံများအောက်မှာ နစ်မြုပ်သွားခဲ့ပါတယ်။ လူပေါင်း ၂ဝဝဝဝ ခန့် သေဆုံးနိုင်တယ်လို့ မြို့တော်ဝန်က ပြောဆိုပြီး အဆောက်အအုံ ၈၉၁ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ တိုဘရုခ်အစိုးရပိုင် မီဒီယာသတင်း အရ သိရှိရပါတယ်။

အစိုးရဝန်ထမ်းတစ်ဦးဖြစ်သူကတော့ သူ့မိသားစုနဲ့ ဆွေမျိုးသားချင်း ၄၈ ဦး ပျောက်ဆုံးနေကြောင်း ပြောဆိုပြီး အသက်ရှင်ကျန်ရစ်သူများအနေနဲ့ ဘာဆက်လုပ်ရမယ်ဆိုတာ မသိရဘူးလို့ အခြားမြို့ခံတစ်ဦးက ပြောပါတယ်။ (စားရေးသောက်ရေး ကျန်းမာရေး ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်လို့) ဘာမှမသိရသေးဘဲ ကောလဟလတွေသာကြားနေရပြီး၊ စိတ်ချနေဖို့သာ ပြောနေကြကြောင်း၊ ဒီမှာဆက်ပြီး နေချင်နေ ဒါမှမဟုတ် တစ်ခြားကို ထွက်သွားဖို့သာ ရှိကြောင်း၊ သောက်စရာရေလည်း မရှိသလို သောက်ရေရနိုင်တဲ့နေရာလည်း မရှိဘူးလို့ ပြောပါတယ်။

အိုးမဲ့အိမ်မဲ့ဖြစ်သွားရသူတွေဟာ ယာယီအမိုးအကာများ၊ စာသင်ကျောင်းများ (သို့မဟုတ်) ဆွေမျိုးများ (သို့မဟုတ်) မိတ်ဆွေများရဲ့အိမ်များမှာ စုပြုံနေထိုင်နေကြရတယ်လို့ OCHA က ဆိုပါတယ်။

ရေကြီးမှုကြောင့် မြေမြှုပ်မိုင်းများနဲ့ ပေါက်ကွဲစေတတ်တဲ့ အခြားလက်နက်တွေကို နေရာရွှေ့ပေးလိုက်သလို ဖြစ်သွားပါတယ်။ နှစ်ပေါင်းများစွာပဋိပက္ခများအတွင်း အသက်ရှင်ကျန်ရှိနေတဲ့ ရွှေ့ပြောင်းဒုက္ခသည် ထောင်ပေါင်းများစွာတို့အတွက် အန္တရာယ် ပိုများလာကြောင်း၊ လစ်ဗျားအရှေ့မြောက်ပိုင်းတလွှားမှာ ရွှေ့ပြောင်းနေထိုင်သူ ၄ဝဝဝဝ ကျော် ရှိတယ်လို့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ရဲ့နောက်ဆုံးစာရင်းများအရ သိရှိရပေမယ့် အဲဒီ အရေအတွက်ထက် ပိုမိုများပြားနိုင်တယ်လို့ OCHA က သတိပေးပါတယ်။

အကူအညီပေးရေးအဖွဲ့အစည်းအသီးသီးတို့က အရေးပေါ်အကူအညီများ ပေးပို့ထားပြီး အချို့နိုင်ငံကတော့ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ထားပါတယ်။ ဘင်ဂါဇီမှ ဒါနာမြို့ကို အသွား ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး မိမိနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် သုံးဦးသေဆုံး ၂ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဂရိ စစ်တပ်က ပြောပါတယ်။

ပြင်သစ်နိုင်ငံကလည်း အရေးပေါ် ဆေးရုံတစ်ခု လာရောက်ဖွင့်လှစ်ဖို့အတွက် ရေကြီးရေလျှံလွတ်ကင်းအောင် ယာယီရေတားတမံတစ်ခုကို အမြန်တည်ဆောက်နေရပါတယ်။ အယ်လ်ဂျီးရီးယားနိုင်ငံမှ အရပ်ဘက်လုပ်သားများနဲ့ ဒါနာမြို့ခံအချို့ဟာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေကြပါတယ်။ စစ်ကြောင့် ပျက်စီးနေတဲ့ အဆောက်အအုံ နှစ်ခုအကြား သံချေးတက်နေတဲ့ တိုင်တစ်ခုကို သူတို့က လက်ညှိုးထိုးပြပြီး ရေကြီးရေလျှံလို့ ရွှံ့နွံတွေ ဖုံးလွှမ်းလာသည့်တိုင် အသက်ရှင်ဖို့အတွက် သူတို့နေထိုင်ရာ နေရာလေးမှာ တွယ်ကပ်နေရဆဲ မိသားစုတွေ ရှိနေသေးတယ်လို့ ပြောပါတယ်။

#လစ်ဗျားရေကြီးရေလျှံ #အာရပ်နွေဦး #မွမ်မာကဒါဖီ #အာဏာရှင်ဖယ်ရှားမှုတော်လှန်ရေး #ဒါနာမြို့ #ထရီပိုလီအစိုးရ #တိုဘရုခ်အစိုးရ #ဘင်ဂါဇီ #မြေထဲပင်လယ်ဒယ်နီယယ်_မုန်တိုင်း #R2P

(Reuters.,17 September 2023,” Libyan flood survivors weigh water shortages against landmine risk.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
လစ္ဗ်ားမွာ ေရႀကီးမႈေၾကာင့္ လူ ၁၁,ဝဝဝ ေက်ာ္ ေသဆုံးခဲ့ရေပမယ့္လည္း လက္နက္ကိုင္အုပ္စုမ်ားနဲ႔ စင္ၿပိဳင္အစိုးရ ႏွစ္ခုစလုံးက ထိေရာက္စြာကယ္ဆယ္ႏိုင္ျခင္း မရွိ
Htay Oung (NP News) - စက္တင္ဘာ ၁၈

လြန္ခဲ့တဲ့ရက္သတၱပတ္ လစ္ဗ်ားႏိုင္ငံ အေရွ႕ပိုင္း ဒါနာၿမိဳ႕ ေရလႊမ္းမိုးမႈျဖစ္ပြားခဲ့ရာမွာ လူအမ်ားအျပားတို႔ရဲ႕ေနအိမ္မ်ား ေမ်ာပါသြားခဲ့ပါတယ္။ အဲဒီမွ အသက္ရွင္က်န္ရစ္သူေတြဟာ တနဂၤေႏြေန႔ ေရာက္ရွိတဲ့အခါ ဆက္လက္ေနရန္ထိုင္ဖို႔အတြက္ ေရႀကီးမႈ ေနာက္ဆက္တြဲ ေရာဂါအမ်ိဳးမ်ိဳးရဲ႕အႏၲရာယ္ရွိေနၿပီး ေ႐ႊ႕ေျပာင္းထြက္ခြာသြားဖို႔ကလည္း ေနရာေ႐ႊ႕သြားတဲ့ ေျမျမႇဳပ္မိုင္းက နယ္ေျမအျပည့္ျဖစ္ေနတဲ့အတြက္ ဆုပ္စူး-စား႐ူး အက်ပ္အတည္းနဲ႔ ရင္ဆိုင္ ေနရတယ္လို႔ Reuters က ယေန႔ စက္တင္ဘာလ ၁၈ ရက္မွာ ေရးသားခဲ့ပါတယ္။

စက္တင္ဘာ ၁ဝ ရက္က ေျမထဲပင္လယ္ “ဒယ္နီယယ္" အမည္ရွိ အင္အားျပင္း မုန္တိုင္းျဖတ္သန္းတိုက္ခတ္စဥ္ ဒါနာၿမိဳ႕ အထက္ပိုင္း ဆည္ႏွစ္ခု က်ိဳးပ်က္သြားခဲ့ရာမွ အိပ္စက္ေနၾကခ်ိန္ လူေထာင္ေပါင္းမ်ားစြာ ေသဆုံးခဲ့ရပါတယ္။ ျမစ္ကမ္းနံေဘး သာမန္အားျဖင့္ ေျခာက္ေသြ႕ေနေလ့ရွိတဲ့ လူေနရပ္ကြက္မ်ားအတြင္း ေရအလုံးအရင္းနဲ႔ ဝင္ေရာက္လာၿပီး ႐ုပ္အေလာင္းအမ်ားအျပားကို ပင္လယ္အတြင္း ဆြဲခ်သြားပါတယ္။

ေသဆုံးသူ ၁၁၃ဝဝ အထိ ျဖစ္လာေၾကာင္း လစ္ဗ်ားလျခမ္းနီအဖြဲ႕က ေျပာဆိုတယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာညႇိႏႈိင္းေရး႐ုံး (OCHA) က စေနေန႔ စက္တင္ဘာလ ၁၆ ရက္မွာ ေဖာ္ျပပါတယ္။

ဒါေပမယ့္ ကိန္းဂဏန္းေတြဟာ ဆက္လက္ေျပာင္းလဲေနတဲ့အတြက္ အၿပီးသတ္စာရင္း မျဖစ္ႏိုင္ေသးဘူးလို႔ ဆိုပါတယ္။

ေျမထဲပင္လယ္ကို ေမးတင္ထားတဲ့ အာဖရိကတိုက္ေျမာက္ပိုင္း လစ္ဗ်ားဟာ အာရပ္ကမာၻမွာ စတုတၳနဲ႔ ႏိုင္ငံတကာမွာ ၁၆ ခုေျမာက္ အႀကီးဆုံးတိုင္းျပည္ျဖစ္ပါတယ္။ ျပည္ပ စစ္အင္အားႀကီးႏိုင္ငံမ်ားရဲ႕ စားခြက္လုခံ စစ္တလင္းျဖစ္ခဲ့တဲ့ႏိုင္ငံရဲ႕ ေနာက္ဆုံး ကိုလိုနီ အရွင္သခင္ဟာ အီတလီျဖစ္ၿပီး ၁၉၅၁ ခုႏွစ္မွာ လြတ္လပ္ေရး ရရွိခဲ့ပါတယ္။ အိုင္ဒရစ္ဘုရင္ကို ျဖဳတ္ခ်ၿပီး ႏိုင္ငံကို ၄၂ ႏွစ္ၾကာ အုပ္ခ်ဳပ္ခဲ့သူ အာဏာရွင္ မြမ္မာ_ကဒါဖီဟာ ၂ဝ၁၁ ခုႏွစ္ အာရပ္ေႏြဦးေတာ္လွန္ေရးအတြင္း ထြက္ေျပးေနစဥ္ အသတ္ခံလိုက္ရပါတယ္။

အေမရိကန္ဦးေဆာင္တဲ့ ေနတိုးေလတပ္ရဲ႕ R2P ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ကဒါဖီအစိုးရ ပ်က္ျပားၿပီး လစ္ဗ်ားတပ္မေတာ္ၿပိဳလဲရာမွ တိုင္းျပည္တစ္ခုလုံး အစိတ္စိတ္အမႊာမႊာျဖစ္သြားခဲ့ရပါတယ္။

စုစုေပါင္း လူဦးေရ ၇ သန္းခန္႔ရွိတဲ့ႏိုင္ငံဟာ အေရွ႕ပိုင္းမွာ တိုဘ႐ုခ္အစိုးရနဲ႔ ေအနာက္ပိုင္းမွာ ထရီပိုလီအစိုးရတို႔က စင္ၿပိဳင္ အုပ္ခ်ဳပ္ေနတယ္ဆိုေပမယ့္ တိုင္းျပည္နယ္ေျမအသီးသီးမွာ “ျပည္သူ႔စစ္" အမည္ခံ ေဒသႏၲရစစ္ ဘုရင္ငယ္မ်ားနဲ႔ အစၥလာမ္မစ္စစ္ေသြးႂကြတို႔အၾကား အျပန္အလွန္တိုက္ခိုက္ျခင္းျဖင့္ ယေန႔တိုင္ အဆုံးမသတ္ႏိုင္တဲ့ ေသြးေခ်ာင္းစီး ျပည္တြင္းစစ္ႀကီး ျဖစ္ပြားေနပါတယ္။

၂ဝ၁၄ ခုႏွစ္မွာ ဒါနာၿမိဳ႕ကို အိုင္အက္စ္ အစၥလာမ္မစ္အစြန္းေရာက္စစ္ေသြးႂကြတို႔က သိမ္းယူခဲ့ဖူးၿပီး ၂ဝ၁၅ ခုႏွစ္မွာ (အေရွ႕ပိုင္း) တိုဘ႐ုခ္အစိုးရ လစ္ဗ်ားအမ်ိဳးသားတပ္မေတာ္က တိုက္ထုတ္ခဲ့ပါတယ္။ လူေသာင္းခ်ီအသက္ဆုံးရႈံးရတဲ့ ယခုျဖစ္စဥ္မွာ (အေနာက္ပိုင္း) ထရီပိုလီအစိုးရက သူတို႔ရဲ႕ေပါ့ေလ်ာ့မႈေၾကာင့္ မဟုတ္ဖူးလို႔ ျငင္းဆိုပါတယ္။

အေလာင္းမ်ားနဲ႔ အသက္ရွင္က်န္ရစ္သူမ်ားကို ရွာေဖြမႈမ်ား ဆက္လက္ျပဳလုပ္ေနဆဲျဖစ္တဲ့အတြက္ အေသအေပ်ာက္စာရင္းကို အတိအက်ရရွိရန္ ခက္ခဲေၾကာင္း၊ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ယခုအခ်ိန္အထိ ေသဆုံးသူ ၃,၉၂၂ ဦးကို အတည္ျပဳထားတယ္လို႔ OCHA ေျပာေရးဆိုခြင့္ရွိသူက ဆိုပါတယ္။ လစ္ဗ်ား အေရွ႕ပိုင္း တိုဘ႐ုခ္အစိုးရ က်န္းမာေရးဝန္ႀကီးကေတာ့ ေသဆုံးသူ ၃,၂၈၃ ဦး ရွိတယ္လို႔ တနဂၤေႏြေန႔မွာ သတင္းထုတ္ျပန္ပါတယ္။

႐ုပ္အေလာင္းေပါင္း ၁ဝဝဝ ေက်ာ္ကို အစုအၿပဳံလိုက္ ေျမျမႇဳပ္သၿဂႋဳဟ္ၿပီးျဖစ္ေၾကာင္း ကုလသမဂၢရဲ႕ေျပာဆိုခ်က္ဟာ ဆြန္နီမြတ္စလင္ရာႏႈန္းျပည့္ တိုင္းျပည္ရဲ႕ဘာသာေရးဓေလ့မ်ားနဲ႔ ဆန္႔က်င္ေနတယ္လို႔ အကူအညီေပးေရးအဖြဲ႕မ်ားက သတိေပးထားပါတယ္။

ေရေဘးသင့္ေဒသမ်ားမွာ ညစ္ညမ္းေရေၾကာင့္ လူေပါင္း ၁၅ဝ ေက်ာ္ အဆိပ္သင့္ခဲ့ေၾကာင္း လစ္ဗ်ား(တိုဘ႐ုခ္) အာဏာပိုင္မ်ားက အတည္ျပဳခဲ့တယ္လို႔ အနီး ဘင္ဂါဇီၿမိဳ႕မွ လာေရာက္ကူညီသူ ေဆးေက်ာင္းသားတစ္ဦးက ေျပာပါတယ္။ ေရႀကီးေရလွ်ံျဖစ္ပြားၿပီးေနာက္ ေရာဂါအမ်ိဳးမ်ိဳး ပ်ံႏွံ႔ေနေၾကာင္းသတင္းမ်ား၊ ပ်က္စီးသြားတဲ့ ေမာ္ေတာ္ကားမ်ားမွ သတၳဳအပိုင္းအစမ်ားနဲ႔အတူ တိတ္ဆိတ္ၿငိမ္သက္ေနတဲ့လမ္းမ်ားကို ေတြျမင္ေနရပါ တယ္။ လူအခ်ိဳ႕ဟာ ဟာလာဟင္းလင္းျဖစ္ေနတဲ့ လမ္းေပၚမွာပဲ ေရသန္႔ဗူးကို ေဘးမွာထား၊ ေစာင္အခင္းကို အိပ္ယာလုပ္ေနၾကပါတယ္။

အနည္းဆုံး လူဦးေရ ၁၂ဝဝဝဝ ခန႔္ ေနထိုင္ရာ ဒါနာခ႐ိုင္တစ္ခုလုံးဟာ ေရစီးနဲ႔ ေမ်ာပါသြားျခင္း (သို႔မဟုတ္) ႐ႊံ႕ႏြံမ်ားေအာက္မွာ နစ္ျမဳပ္သြားခဲ့ပါတယ္။ လူေပါင္း ၂ဝဝဝဝ ခန္႔ ေသဆုံးႏိုင္တယ္လို႔ ၿမိဳ႕ေတာ္ဝန္က ေျပာဆိုၿပီး အေဆာက္အအုံ ၈၉၁ လုံးထက္မနည္း ပ်က္စီးသြားတယ္လို႔ တိုဘ႐ုခ္အစိုးရပိုင္ မီဒီယာသတင္း အရ သိရွိရပါတယ္။

အစိုးရဝန္ထမ္းတစ္ဦးျဖစ္သူကေတာ့ သူ႔မိသားစုနဲ႔ ေဆြမ်ိဳးသားခ်င္း ၄၈ ဦး ေပ်ာက္ဆုံးေနေၾကာင္း ေျပာဆိုၿပီး အသက္ရွင္က်န္ရစ္သူမ်ားအေနနဲ႔ ဘာဆက္လုပ္ရမယ္ဆိုတာ မသိရဘူးလို႔ အျခားၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။ (စားေရးေသာက္ေရး က်န္းမာေရး ကူညီကယ္ဆယ္ေရးနဲ႔ ပတ္သက္လို႔) ဘာမွမသိရေသးဘဲ ေကာလဟလေတြသာၾကားေနရၿပီး၊ စိတ္ခ်ေနဖို႔သာ ေျပာေနၾကေၾကာင္း၊ ဒီမွာဆက္ၿပီး ေနခ်င္ေန ဒါမွမဟုတ္ တစ္ျခားကို ထြက္သြားဖို႔သာ ရွိေၾကာင္း၊ ေသာက္စရာေရလည္း မရွိသလို ေသာက္ေရရႏိုင္တဲ့ေနရာလည္း မရွိဘူးလို႔ ေျပာပါတယ္။

အိုးမဲ့အိမ္မဲ့ျဖစ္သြားရသူေတြဟာ ယာယီအမိုးအကာမ်ား၊ စာသင္ေက်ာင္းမ်ား (သို႔မဟုတ္) ေဆြမ်ိဳးမ်ား (သို႔မဟုတ္) မိတ္ေဆြမ်ားရဲ႕အိမ္မ်ားမွာ စုၿပဳံေနထိုင္ေနၾကရတယ္လို႔ OCHA က ဆိုပါတယ္။

ေရႀကီးမႈေၾကာင့္ ေျမျမႇဳပ္မိုင္းမ်ားနဲ႔ ေပါက္ကြဲေစတတ္တဲ့ အျခားလက္နက္ေတြကို ေနရာေ႐ႊ႕ေပးလိုက္သလို ျဖစ္သြားပါတယ္။ ႏွစ္ေပါင္းမ်ားစြာပဋိပကၡမ်ားအတြင္း အသက္ရွင္က်န္ရွိေနတဲ့ ေ႐ႊ႕ေျပာင္းဒုကၡသည္ ေထာင္ေပါင္းမ်ားစြာတို႔အတြက္ အႏၲရာယ္ ပိုမ်ားလာေၾကာင္း၊ လစ္ဗ်ားအေရွ႕ေျမာက္ပိုင္းတလႊားမွာ ေ႐ႊ႕ေျပာင္းေနထိုင္သူ ၄ဝဝဝဝ ေက်ာ္ ရွိတယ္လို႔ ႏိုင္ငံတကာေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားအဖြဲ႕ရဲ႕ေနာက္ဆုံးစာရင္းမ်ားအရ သိရွိရေပမယ့္ အဲဒီ အေရအတြက္ထက္ ပိုမိုမ်ားျပားႏိုင္တယ္လို႔ OCHA က သတိေပးပါတယ္။

အကူအညီေပးေရးအဖြဲ႕အစည္းအသီးသီးတို႔က အေရးေပၚအကူအညီမ်ား ေပးပို႔ထားၿပီး အခ်ိဳ႕ႏိုင္ငံကေတာ့ ေထာက္ပံ့ေရးပစၥည္းမ်ား ေပးပို႔ထားပါတယ္။ ဘင္ဂါဇီမွ ဒါနာၿမိဳ႕ကို အသြား ယာဥ္မေတာ္တဆမႈ ျဖစ္ပြားခဲ့ၿပီး မိမိႏိုင္ငံ ကယ္ဆယ္ေရးအဖြဲ႕မွ အဖြဲ႕ဝင္ သုံးဦးေသဆုံး ၂ ဦး ေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ ဂရိ စစ္တပ္က ေျပာပါတယ္။

ျပင္သစ္ႏိုင္ငံကလည္း အေရးေပၚ ေဆး႐ုံတစ္ခု လာေရာက္ဖြင့္လွစ္ဖို႔အတြက္ ေရႀကီးေရလွ်ံလြတ္ကင္းေအာင္ ယာယီေရတားတမံတစ္ခုကို အျမန္တည္ေဆာက္ေနရပါတယ္။ အယ္လ္ဂ်ီးရီးယားႏိုင္ငံမွ အရပ္ဘက္လုပ္သားမ်ားနဲ႔ ဒါနာၿမိဳ႕ခံအခ်ိဳ႕ဟာ ကူညီကယ္ဆယ္ေရး လုပ္ေဆာင္ေနၾကပါတယ္။ စစ္ေၾကာင့္ ပ်က္စီးေနတဲ့ အေဆာက္အအုံ ႏွစ္ခုအၾကား သံေခ်းတက္ေနတဲ့ တိုင္တစ္ခုကို သူတို႔က လက္ညႇိဳးထိုးျပၿပီး ေရႀကီးေရလွ်ံလို႔ ႐ႊံ႕ႏြံေတြ ဖုံးလႊမ္းလာသည့္တိုင္ အသက္ရွင္ဖို႔အတြက္ သူတို႔ေနထိုင္ရာ ေနရာေလးမွာ တြယ္ကပ္ေနရဆဲ မိသားစုေတြ ရွိေနေသးတယ္လို႔ ေျပာပါတယ္။

#လစ္ဗ်ားေရႀကီးေရလွ်ံ #အာရပ္ေႏြဦး #မြမ္မာကဒါဖီ #အာဏာရွင္ဖယ္ရွားမႈေတာ္လွန္ေရး #ဒါနာၿမိဳ႕ #ထရီပိုလီအစိုးရ #တိုဘ႐ုခ္အစိုးရ #ဘင္ဂါဇီ #ေျမထဲပင္လယ္ဒယ္နီယယ္_မုန္တိုင္း #R2P

(Reuters.,17 September 2023,” Libyan flood survivors weigh water shortages against landmine risk.” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.