မြဝတီမြို့နယ်၌ ချောင်းတစ်ခုအတွင်းမျောပါလာသည့် ဆာလာအိတ်အတွင်းမှ ဓားဒဏ်ရာများစွာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ

 12433

သန့်ဇင် (NP News) - စက်တင်ဘာ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ချောင်းတစ်ခုအတွင်းမျောပါလာသည့် ဆာလာအိတ်အတွင်းမှ ဓားဒဏ်ရာများစွာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားအလောင်းကို ယမန်နေ့(စက်တင်ဘာလ ၁၇ရက်)၊ မွန်းလွဲ ၂နာရီအချိန်တွင် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောက်မြို့သစ်၊ ရွာသစ်ချောင်းအတွင်း၌ တွေ့ရှိခဲ့ကြောင်း သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

“အသတ်ခံရပြီး ဆာလာအိတ်နဲ့ထုတ်ထားတာ။ အဲဒါချောင်းထဲမှာမျောလာတာပါ။ အသတ်ခံရတဲ့လူက အရင်ရက်ကပျောက်သွားတဲ့ တက္ကစီသမားလို့တော့ သိရတယ်ဗျ”ဟု သင်္ကန်းညီနောက်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါသေဆုံးသူအမျိုးသားသည် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်တွင်နေထိုင်သည့် အသက် (၂၃)နှစ်အရွယ် အောင်ချမ်းလင်းဆိုသူဖြစ်ပြီး လွန်ခဲ့သည့် စက်တင်ဘာလ ၁၆ ရက်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဓားဒဏ်ရာကတော့များတယ်ဗျ။ အလောင်းကိုတွေ့တော့လဲ တက္ကစီအသင်းအင်္ကျီနဲ့ပါ”ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူအမျိုသားအား သင်္ဃန်းညီနောင်လူမှုကူညီရေးအသင်းမှ မြဝတီမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ျမဝတီၿမိဳ႕နယ္၌ ေခ်ာင္းတစ္ခုအတြင္းေမ်ာပါလာသည့္ ဆာလာအိတ္အတြင္းမွ ဓားဒဏ္ရာမ်ားစြာျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသားအေလာင္းေတြ႕ရွိ
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၈

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္ရွိ ေခ်ာင္းတစ္ခုအတြင္းေမ်ာပါလာသည့္ ဆာလာအိတ္အတြင္းမွ ဓားဒဏ္ရာမ်ားစြာျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသားအေလာင္းေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါအမ်ိဳးသားအေလာင္းကို ယမန္ေန႔(စက္တင္ဘာလ ၁၇ရက္)၊ မြန္းလြဲ ၂နာရီအခ်ိန္တြင္ ျမဝတီၿမိဳ႕နယ္၊ သဃၤန္းညီေနာက္ၿမိဳ႕သစ္၊ ႐ြာသစ္ေခ်ာင္းအတြင္း၌ ေတြ႕ရွိခဲ့ေၾကာင္း သဃၤန္းညီေနာင္ၿမိဳ႕သစ္လူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

“အသတ္ခံရၿပီး ဆာလာအိတ္နဲ႔ထုတ္ထားတာ။ အဲဒါေခ်ာင္းထဲမွာေမ်ာလာတာပါ။ အသတ္ခံရတဲ့လူက အရင္ရက္ကေပ်ာက္သြားတဲ့ တကၠစီသမားလို႔ေတာ့ သိရတယ္ဗ်”ဟု သကၤန္းညီေနာက္လူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါေသဆုံးသူအမ်ိဳးသားသည္ ျမဝတီၿမိဳ႕၊ အမွတ္(၅)ရပ္ကြက္တြင္ေနထိုင္သည့္ အသက္ (၂၃)ႏွစ္အ႐ြယ္ ေအာင္ခ်မ္းလင္းဆိုသူျဖစ္ၿပီး လြန္ခဲ့သည့္ စက္တင္ဘာလ ၁၆ ရက္က ေပ်ာက္ဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဓားဒဏ္ရာကေတာ့မ်ားတယ္ဗ်။ အေလာင္းကိုေတြ႕ေတာ့လဲ တကၠစီအသင္းအက်ႌနဲ႔ပါ”ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူအမ်ိဳသားအား သဃၤန္းညီေနာင္လူမႈကူညီေရးအသင္းမွ ျမဝတီၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.