နိုင်ငံသားဖြစ်နေတဲ့ ဆစ်ခ်ခေါင်းဆောင် အသတ်ခံရမှုမှာ နယူးဒေလီ အေးဂျင့်များ ပါဝင်ပတ်သက်ကြောင်း သံသယရှိဟု ကနေဒါ ပြော

 607

Htay Oung (NP News) - စက်တင်ဘာ ၁၉

လွန်ခဲ့တဲ့ ဇွန်လ ဗြိတိသျှကိုလံဘီယာပြည်နယ်မှာ ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရမှုမှာ အိန္ဒိယအစိုးရရဲ့အေးဂျင့်များနဲ့ ဆက်နွယ်ကြောင်း ယုံကြည်ရလောက်တဲ့ စွပ်စွဲချက်များကို ထိရောက်စွာ ရှာဖွေနေတယ်လို့ ကနေဒါက တနင်္လာနေ့တွင် ပြောဆိုကြောင်း Reuters က ယနေ့ စက်တင်ဘာလ ၁၉ ရက်မှာ ရေးသားခဲ့ပါတယ်။

ကနေဒါနိုင်ငံသားတစ်ဦး အသတ်ခံရမှုမှာ နိုင်ငံရပ်ခြားအစိုးရရဲ့ ပါဝင်ပတ်သက်မှုမှန်သမျှဟာ နိုင်ငံအချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းဖြင်းဖြစ်ပြီး လက်ခံနိုင်စရာမရှိဘူးလို့ ၀န်ကြီးချုပ် ဂျတ်စတင် ထရူးဒိုးက အောက်လွှတ်တော် အရေးပေါ်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗန်ကူးဗားမြို့တော် ဆင်ခြေဖုံး ဆစ်ခ်ဘာသာ၀င်အများအပြားနေထိုင်တဲ့ ဆာရီရပ်ကွက် ဆစ်ခ်ဘုရားကျောင်း အပြင်ဘက်မှာ “ဟာဒစ်_ဆင်း_နီဂျား" ဟာ ဇွန်လ ၁၈ ရက်က ပစ်သတ်ခံခဲ့ရပါတယ်။ နီဂျားဟာ ဆစ်ခ်တို့ ဘာသာဝင်အများဆုံးနေထိုင်ရာ “ပန်ဂျပ်ပြည်နယ်" ကို လွတ်လပ်သော ခါလစ်စတန်နိုင်ငံ ထူထောင်ရေးလှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်။

၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လမှာ အိန္ဒိယနိုင်ငံက ဟာဒစ်ဆင်းနီဂျားက အကြမ်းဖက်အဖြစ် သတ်မှတ်ကြေညာခဲ့ပါတယ်။

နီဂျားသေဆုံးမှုမှာ အိန္ဒိယအစိုးရအေးဂျင့်များနဲ့ ဆက်စပ်မှုရှိကြောင်း ယုံကြည်ရလောက်တဲ့ စွပ်စွဲချက်များကို ကနေဒါလုံခြုံရေးအေဂျင်စီများက အပြင်းအထန် ရှာဖွေနေကြကြောင်း၊ ပြီးခဲ့တဲ့သီတင်းပတ် နယူးဒေလီမှာ ကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးပြင်ပမှာ လူသတ်မှုနဲ့ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီကို တိုက်ရိုက်ပြောကြားခဲ့ကြောင်း၊ အောက်ခြေအဆင့်ထိ ဖော်ထုတ်ရာမှာ ကနေဒါနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အိန္ဒိယအစိုးရကို တိုက်တွန်းခဲ့ကြောင်း ထရူဒိုးက ပြောဆိုပါတယ်။

အိန္ဒိယအစိုးရရဲ့ထိပ်တန်းထောက်လှမ်းရေးနဲ့ လုံခြုံရေးအရာရှိတွေအတွက် ကနေဒါက စိတ်၀င်စားကြောင်း၊ သူတို့နဲ့ပတ်သက်လို့ သံသယအချက်အလက်တွေကို ပြီးခဲ့တဲ့ G20 အစည်းအဝေးမှာ ဝန်ကြီးချုပ် မိုဒီဆီထံ ပုဂ္ဂိုလ်ရေးအရ တိုက်ရိုက်ပြောဆိုခဲ့တယ်လို့ ထရူးဒိုးက ဆိုပါတယ်။

ကနေဒါက အိန္ဒိယရဲ့ထိပ်တန်းထောက်လှမ်းရေး အေးဂျင့်ကို တနင်္လာနေ့မှာ နှင်ထုတ်ခဲ့တယ်လို့ အော့တဝါ နိုင်ငံရေးဝန်ကြီး မယ်လာနီ_ဂျိုလီက ပြောဆိုပေမယ့် အသေးစိတ်ဖော်ပြခြင်းမရှိပါဘူး။ အော့တဝါအခြေစိုက် အိန္ဒိယအဆင့်မြင့် ကော်မရှင်ကတော့ မှတ်ချက်ပေးဖို့အတွက် မေတ္တာရပ်ခံမှုကို တုံ့ပြန်ခြင်း မရှိပါဘူး။

ထရူးဒိုးရဲ့ ပြောဆိုချက်ဟာ ကနေဒါရှိ ဆစ်ခ်ခွဲထွက်ရေးလှုပ်ရှားမှုအပေါ် နယူးဒေလီက မကျေမနပ်ဖြစ်နေစဉ် ကနေဒါနဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယတို့အကြား တင်းမာမှုများ တိုးမြင့်လာကြောင်း သိသာထင်ရှားနေပါတယ်။

မကြာသေးမီက ကနေဒါမှာ ဆစ်ခ်လူမျိုးများက လွတ်လပ်သောနိုင်ငံအဖြစ် တောင်းဆိုကြတဲ့ ဆန္ဒပြမှုများနဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်မိတယ်လို့ G20 ထိပ်သီးအစည်းအဝေးမှာ မိုဒီက ထရူးဒိုးကို ပြောပြခဲ့ကြောင်း သိရှိရပါတယ်။

နှစ်နိုင်ငံအကြား သံတမန်ရေးတင်းမာမှုတွေဟာ ယခုအခါ ကုန်သွယ်ဆက်ဆံရေးအပေါ် ခြိမ်းခြောက်လာနေပါတယ်။ ယခင် အဆိုပြုထားတဲ့ ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးပွဲများကလည်း ရပ်တန့်သွားပါတယ်။ အချို့သော နိုင်ငံရေးဖြစ်စဉ်များမှာ ကနေဒါအနေနဲ့ ပြတ်ပြတ်သားသားကိုင်တွယ်ခြင်း မရှိဘူးလို့ အသေးစိတ်အချက်အလတ်များနဲ့တကွ အိန္ဒိယက ပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံအကြား စုစုပေါင်း ကုန်သွယ်မှုဟာ ကနေဒါငွေကြေး ၁.၅၂ ထရီလီယံ ရှိရာမှ ၂ဝ၂၂ ခုနှစ်မှာ ၁၃.၇ ဘီလျံသို့ ကျဆင်းသွားကြောင်း အော့တဝါ စာရင်းအင်းများအရ သိရှိရပါတယ်။

လူသတ်မှုမှာ အိန္ဒိယက ပါဝင်ပတ်သက်နေတယ်လို့ ထရူးဒိုးက တိုက်ရိုက်စွပ်စွဲတာတော့ မဟုတ်ပါဘူး။ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဂျိုလီကလည်း ဒီအကြောင်း နောက်ပိုင်းပြောဆိုရာမှာ အသုံးအနှုန်း ပိုမိုသတိထားလာပေမယ့် သက်သေမပြနိုင်ဘဲ စွပ်စွဲတိုင်း မှန်တယ်လို့တော့ လက်ခံမှာ မဟုတ်ဖူးလို့ ဆိုပါတယ်။

သံသယရှိသူ ၃ ဦး ပါဝင်ပေမယ့် ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ ဗြိတိသျှကိုလံဘီယာပြည်နယ် လူသတ်မှုဆိုင် ရာ ဘက်စုံပေါင်းစည်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြီးခဲတဲ့လမှာ ပြောပါတယ်။

ကနေဒါနိုင်ငံဟာ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်အပြင်ဘက်မှာ ဆစ်ခ်ဘာသာဝင် အများဆုံးနေထိုင်ရာ တိုင်းပြည်ဖြစ်ပြီး အဲ့ဒီပြည်နယ်ကလည်း အိန္ဒိယကို ဒေါသထွက်စေတဲ့ ဆန္ဒပြပွဲများစွာရဲ့ ဘူမိနက်သန်ဖြစ်နေပါတယ်။

ပစိဖိတ်နဲ့ အတ္တလန်တိတ် သမုဒ္ဒရာနှစ်စင်းအကြား စုစုပေါင်း အကျယ်အဝန်းအားဖြင့် ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံ ကနေဒါမှာ လူဦးရေ သန်း ၄ဝ ခန့်သာ ရှိပါတယ်။ အဲဒီအထဲမှာ ၁.၄ သန်းခန့်ဟာ အိန္ဒိယနွယ်ဖွားများဖြစ်ကြပြီး ကနေဒါရောက် ပြည်ပအသိုင်းအဝိုင်းမှာ အများဆုံး ဦးရေဖြစ်ပါတယ်။

၂ဝ၂၁ ခုနှစ် သန်းခေါင်စာရင်းအရ ဆစ်ခ်ဘာသာစကားပြောဆိုသူ ၈ သိန်းခန့်ရှိပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ အိန္ဒိယနိုင်ငံလိုလားသူ အမျိုးသားရေးသမားများနဲ့ ဆန့်ကျင်သူ ခွဲထွက်သမားတို့ဆန္ဒပြရာမှ မကြာခ ထိပ်တိုက်တွေ့လေ့ရှိပါ တယ်။

ကနေဒါအစိုးရရဲ့ စိုးရိမ်ပူပန်မှုကို ဖော်ပြရန်အတွက် မကြာသေးမီက အစိုးရအကြီးတန်းအရာရှိများ နယူးဒေလီကို သွားရောက်ခဲ့ပါတယ်။ ဒေါင်းနင်းလမ်းအနေနဲ့ လန်ဒန်ရောက် ဆစ်ခ်ခွဲထွက်ရေးလှုပ်ရှားမှုထောက်ပို့များကို တိုးမြှင့်စောင့်ကြည့်ပေးဖို့ ဧပြီလမှာ အိန္ဒိယက ဗြိတိန်ကို တောင်းဆိုခဲ့ပါတယ်။

ဧပြီလတွင် အိန္ဒိယနိုင်ငံသည် ဆစ်ခ်ခွဲထွက်ရေးလှုပ်ရှားမှုကို ထောက်ခံအားပေးသူများကို ဗြိတိန်အခြေစိုက် တိုးမြှင့်စောင့်ကြည့်ရန် ဗြိတိန်ကို တောင်းဆိုခဲ့သည်။ လန်ဒန်မြို့ အိန္ဒိယသံရုံးရှေ့မှာ “ခါလစ်စတန်နိုင်ငံ” ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသူများရဲ့ဆန္ဒပြပွဲတွေဟာ နယူးဒေလီကို ဒေါသထွက်ခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ် ဇာတိ အသက် ၄၅ နှစ်အရွယ်ဟာ ဒစ်ဆင်းနီဂျားဟာ ကနေဒါမှာ ရောက်ရှိနေတာ နှစ်ပေါင်းအတော်ကြာခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်း ဆစ်ခ်ဘာသာဝင်များအတွက် သီးခြားနိုင်ငံထူထောင်ရေး တက်ကြွလှုံ့ဆော်သူတစ်ဦးဖြစ်ပါတယ်။

ခွဲထွက်ရေးလှုပ်ရှားနေတဲ့ ပါကစ္စတန်လိုလားသူများ ခါလစ်စတန်_ကျား_တပ် ခေါင်းဆောင်အဖြစ် နယူးဒေလီက စွပ်စွဲ အလိုရှိနေပြီး ကနေဒါနိုင်ငံ တရားမျှတမှုအဖွဲ့မှာ ဆစ်ခ်ဌာနခွဲရဲ့ခေါင်းဆောင်နဲ့ ဗြိတိသျှကိုလံဘီ ယာပြည်နယ် ဆာရီ_ဆစ်ခ်ဘုရားကျောင်းရဲ့ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအတွင်း ပစ်မှတ်ထား သတ်ဖြတ်ခြင်းများအတွက် နီဂျားမှာ တာ၀န်ရှိတယ်လို့ နယူးဒေလီက ပြောဆိုပေမယ့် သူက ငြင်းဆိုခဲ့ပါတယ်။ နီဂျား အပါအဝင် ၂ဝ၁၈ ခုနှစ် အိန္ဒိယနိုင်ငံက အလိုရှိဆုံးသူများစာရင်းကို နယူးဒေလီက ကနေဒါထံ ပေးပို့ခဲ့ဖူးပြီး စုံစမ်းစစ်ဆေးရန် အဲဒီနှစ် ဧပြီလမှာ အော့တဝါ ရဲတပ်ဖွဲ့က ခေတ္တထိန်းသိမ်းခဲ့ပေမယ့် စွဲချက်အတင်ပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။

၂ဝ၂၃ ခုနှစ် ဇွန်လ ၁၈ ရက်တုန်းက ဆာရီဘုရားကျောင်းရှေ့ ကားရပ်နားရာနေရာ သူ့ရဲ့ ထရပ်ကားအတွင်းမှာ နီဂျားကို မျက်နှာဖုံးစွပ် သေနတ်သမားနှစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ နီဂျားအသတ်ခံရမှုမှာ အိန္ဒိယသံတမန်များက အဓိက ပါဝင်ပတ်သက်နေတယ်လို့ ဆစ်ဘာသာဝင်အတော်များများက စွပ်စွဲကြပါတယ်။ စွပ်စွဲတဲ့အတိုင်းလည်း အိန္ဒိယ RAW ထောက်လှမ်းရေး ပြည်ပအေးဂျင့်များက ကျူးလွန်ကြောင်း ကနေဒါအစိုးရက အထောက်အထားတွေ့ရှိရပြီး ကြိုးကိုင်ကြောင်း သံသယရှိသူ အိန္ဒိယသံတမန်ကို နိုင်ငံမှ နှင်ထုတ်ခဲ့ကြောင်း သတင်းများထွက်ပေါ် ခဲ့ပါတယ်။

#ကနေဒါနိုင်ငံသားဆစ်ခ်ခေါင်းဆောင်အသတ်ခံရမှု #ဆာရီရပ်ကွက် #ဟာဒစ်_ဆင်း_နီဂျား ရက်နေ့က #ပန်ဂျပ်ပြည်နယ် #ခါလစ်စတန်နိုင်ငံ #အိန္ဒိယ_RAW_ထောက်လှမ်းရေး #ခါလစ်စတန်_ကျား_တပ်

(Reuters., 19 September 2023,” Canada says it suspects India involved in Sikh leader murder” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ႏိုင္ငံသားျဖစ္ေနတဲ့ ဆစ္ခ္ေခါင္းေဆာင္ အသတ္ခံရမႈမွာ နယူးေဒလီ ေအးဂ်င့္မ်ား ပါဝင္ပတ္သက္ေၾကာင္း သံသယရွိဟု ကေနဒါ ေျပာ
Htay Oung (NP News) - စက္တင္ဘာ ၁၉

လြန္ခဲ့တဲ့ ဇြန္လ ၿဗိတိသွ်ကိုလံဘီယာျပည္နယ္မွာ ဆစ္ခ္ခြဲထြက္ေရးေခါင္းေဆာင္တစ္ဦး သတ္ျဖတ္ခံရမႈမွာ အိႏၵိယအစိုးရရဲ႕ေအးဂ်င့္မ်ားနဲ႔ ဆက္ႏြယ္ေၾကာင္း ယုံၾကည္ရေလာက္တဲ့ စြပ္စြဲခ်က္မ်ားကို ထိေရာက္စြာ ရွာေဖြေနတယ္လို႔ ကေနဒါက တနလၤာေန႔တြင္ ေျပာဆိုေၾကာင္း Reuters က ယေန႔ စက္တင္ဘာလ ၁၉ ရက္မွာ ေရးသားခဲ့ပါတယ္။

ကေနဒါႏိုင္ငံသားတစ္ဦး အသတ္ခံရမႈမွာ ႏိုင္ငံရပ္ျခားအစိုးရရဲ႕ ပါဝင္ပတ္သက္မႈမွန္သမွ်ဟာ ႏိုင္ငံအခ်ဳပ္အျခာအာဏာကို ထိပါးေစာ္ကားျခင္းျဖင္းျဖစ္ၿပီး လက္ခံႏိုင္စရာမရွိဘူးလို႔ ၀န္ႀကီးခ်ဳပ္ ဂ်တ္စတင္ ထ႐ူးဒိုးက ေအာက္လႊတ္ေတာ္ အေရးေပၚသတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဗန္ကူးဗားၿမိဳ႕ေတာ္ ဆင္ေျခဖုံး ဆစ္ခ္ဘာသာ၀င္အမ်ားအျပားေနထိုင္တဲ့ ဆာရီရပ္ကြက္ ဆစ္ခ္ဘုရားေက်ာင္း အျပင္ဘက္မွာ “ဟာဒစ္_ဆင္း_နီဂ်ား" ဟာ ဇြန္လ ၁၈ ရက္က ပစ္သတ္ခံခဲ့ရပါတယ္။ နီဂ်ားဟာ ဆစ္ခ္တို႔ ဘာသာဝင္အမ်ားဆုံးေနထိုင္ရာ “ပန္ဂ်ပ္ျပည္နယ္" ကို လြတ္လပ္ေသာ ခါလစ္စတန္ႏိုင္ငံ ထူေထာင္ေရးလႈပ္ရွားသူတစ္ဦးျဖစ္ပါတယ္။

၂ဝ၂ဝ ျပည့္ႏွစ္ ဇူလိုင္လမွာ အိႏၵိယႏိုင္ငံက ဟာဒစ္ဆင္းနီဂ်ားက အၾကမ္းဖက္အျဖစ္ သတ္မွတ္ေၾကညာခဲ့ပါတယ္။

နီဂ်ားေသဆုံးမႈမွာ အိႏၵိယအစိုးရေအးဂ်င့္မ်ားနဲ႔ ဆက္စပ္မႈရွိေၾကာင္း ယုံၾကည္ရေလာက္တဲ့ စြပ္စြဲခ်က္မ်ားကို ကေနဒါလုံၿခဳံေရးေအဂ်င္စီမ်ားက အျပင္းအထန္ ရွာေဖြေနၾကေၾကာင္း၊ ၿပီးခဲ့တဲ့သီတင္းပတ္ နယူးေဒလီမွာ က်င္းပတဲ့ G20 ထိပ္သီးအစည္းအေဝးျပင္ပမွာ လူသတ္မႈနဲ႔ပတ္သက္ၿပီး အိႏၵိယဝန္ႀကီးခ်ဳပ္ နာရင္ျဒာ မိုဒီကို တိုက္႐ိုက္ေျပာၾကားခဲ့ေၾကာင္း၊ ေအာက္ေျခအဆင့္ထိ ေဖာ္ထုတ္ရာမွာ ကေနဒါနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ အိႏၵိယအစိုးရကို တိုက္တြန္းခဲ့ေၾကာင္း ထ႐ူဒိုးက ေျပာဆိုပါတယ္။

အိႏၵိယအစိုးရရဲ႕ထိပ္တန္းေထာက္လွမ္းေရးနဲ႔ လုံၿခဳံေရးအရာရွိေတြအတြက္ ကေနဒါက စိတ္၀င္စားေၾကာင္း၊ သူတို႔နဲ႔ပတ္သက္လို႔ သံသယအခ်က္အလက္ေတြကို ၿပီးခဲ့တဲ့ G20 အစည္းအေဝးမွာ ဝန္ႀကီးခ်ဳပ္ မိုဒီဆီထံ ပုဂၢိဳလ္ေရးအရ တိုက္႐ိုက္ေျပာဆိုခဲ့တယ္လို႔ ထ႐ူးဒိုးက ဆိုပါတယ္။

ကေနဒါက အိႏၵိယရဲ႕ထိပ္တန္းေထာက္လွမ္းေရး ေအးဂ်င့္ကို တနလၤာေန႔မွာ ႏွင္ထုတ္ခဲ့တယ္လို႔ ေအာ့တဝါ ႏိုင္ငံေရးဝန္ႀကီး မယ္လာနီ_ဂ်ိဳလီက ေျပာဆိုေပမယ့္ အေသးစိတ္ေဖာ္ျပျခင္းမရွိပါဘူး။ ေအာ့တဝါအေျခစိုက္ အိႏၵိယအဆင့္ျမင့္ ေကာ္မရွင္ကေတာ့ မွတ္ခ်က္ေပးဖို႔အတြက္ ေမတၱာရပ္ခံမႈကို တုံ႔ျပန္ျခင္း မရွိပါဘူး။

ထ႐ူးဒိုးရဲ႕ ေျပာဆိုခ်က္ဟာ ကေနဒါရွိ ဆစ္ခ္ခြဲထြက္ေရးလႈပ္ရွားမႈအေပၚ နယူးေဒလီက မေက်မနပ္ျဖစ္ေနစဥ္ ကေနဒါနဲ႔ ကမာၻ႔အႀကီးဆုံး ဒီမိုကေရစီႏိုင္ငံ အိႏၵိယတို႔အၾကား တင္းမာမႈမ်ား တိုးျမင့္လာေၾကာင္း သိသာထင္ရွားေနပါတယ္။

မၾကာေသးမီက ကေနဒါမွာ ဆစ္ခ္လူမ်ိဳးမ်ားက လြတ္လပ္ေသာႏိုင္ငံအျဖစ္ ေတာင္းဆိုၾကတဲ့ ဆႏၵျပမႈမ်ားနဲ႔ပတ္သက္ၿပီး အလြန္အမင္း စိုးရိမ္မိတယ္လို႔ G20 ထိပ္သီးအစည္းအေဝးမွာ မိုဒီက ထ႐ူးဒိုးကို ေျပာျပခဲ့ေၾကာင္း သိရွိရပါတယ္။

ႏွစ္ႏိုင္ငံအၾကား သံတမန္ေရးတင္းမာမႈေတြဟာ ယခုအခါ ကုန္သြယ္ဆက္ဆံေရးအေပၚ ၿခိမ္းေျခာက္လာေနပါတယ္။ ယခင္ အဆိုျပဳထားတဲ့ ကုန္သြယ္ေရးသေဘာတူညီခ်က္အတြက္ ေဆြးေႏြးပြဲမ်ားကလည္း ရပ္တန္႔သြားပါတယ္။ အခ်ိဳ႕ေသာ ႏိုင္ငံေရးျဖစ္စဥ္မ်ားမွာ ကေနဒါအေနနဲ႔ ျပတ္ျပတ္သားသားကိုင္တြယ္ျခင္း မရွိဘူးလို႔ အေသးစိတ္အခ်က္အလတ္မ်ားနဲ႔တကြ အိႏၵိယက ေျပာဆိုခဲ့ပါတယ္။

ႏွစ္ႏိုင္ငံအၾကား စုစုေပါင္း ကုန္သြယ္မႈဟာ ကေနဒါေငြေၾကး ၁.၅၂ ထရီလီယံ ရွိရာမွ ၂ဝ၂၂ ခုႏွစ္မွာ ၁၃.၇ ဘီလ်ံသို႔ က်ဆင္းသြားေၾကာင္း ေအာ့တဝါ စာရင္းအင္းမ်ားအရ သိရွိရပါတယ္။

လူသတ္မႈမွာ အိႏၵိယက ပါဝင္ပတ္သက္ေနတယ္လို႔ ထ႐ူးဒိုးက တိုက္႐ိုက္စြပ္စြဲတာေတာ့ မဟုတ္ပါဘူး။ ကေနဒါ ႏိုင္ငံျခားေရးဝန္ႀကီးဂ်ိဳလီကလည္း ဒီအေၾကာင္း ေနာက္ပိုင္းေျပာဆိုရာမွာ အသုံးအႏႈန္း ပိုမိုသတိထားလာေပမယ့္ သက္ေသမျပႏိုင္ဘဲ စြပ္စြဲတိုင္း မွန္တယ္လို႔ေတာ့ လက္ခံမွာ မဟုတ္ဖူးလို႔ ဆိုပါတယ္။

သံသယရွိသူ ၃ ဦး ပါဝင္ေပမယ့္ ဖမ္းဆီးႏိုင္ျခင္း မရွိေသးဘူးလို႔ ၿဗိတိသွ်ကိုလံဘီယာျပည္နယ္ လူသတ္မႈဆိုင္ ရာ ဘက္စုံေပါင္းစည္း စုံစမ္းစစ္ေဆးေရးအဖြဲ႕က ၿပီးခဲတဲ့လမွာ ေျပာပါတယ္။

ကေနဒါႏိုင္ငံဟာ အိႏၵိယႏိုင္ငံ ပန္ဂ်ပ္ျပည္နယ္အျပင္ဘက္မွာ ဆစ္ခ္ဘာသာဝင္ အမ်ားဆုံးေနထိုင္ရာ တိုင္းျပည္ျဖစ္ၿပီး အဲ့ဒီျပည္နယ္ကလည္း အိႏၵိယကို ေဒါသထြက္ေစတဲ့ ဆႏၵျပပြဲမ်ားစြာရဲ႕ ဘူမိနက္သန္ျဖစ္ေနပါတယ္။

ပစိဖိတ္နဲ႔ အတၱလန္တိတ္ သမုဒၵရာႏွစ္စင္းအၾကား စုစုေပါင္း အက်ယ္အဝန္းအားျဖင့္ ကမာၻ႔ဒုတိယအႀကီးဆုံးႏိုင္ငံ ကေနဒါမွာ လူဦးေရ သန္း ၄ဝ ခန္႔သာ ရွိပါတယ္။ အဲဒီအထဲမွာ ၁.၄ သန္းခန္႔ဟာ အိႏၵိယႏြယ္ဖြားမ်ားျဖစ္ၾကၿပီး ကေနဒါေရာက္ ျပည္ပအသိုင္းအဝိုင္းမွာ အမ်ားဆုံး ဦးေရျဖစ္ပါတယ္။

၂ဝ၂၁ ခုႏွစ္ သန္းေခါင္စာရင္းအရ ဆစ္ခ္ဘာသာစကားေျပာဆိုသူ ၈ သိန္းခန္႔ရွိပါတယ္။ ကေနဒါႏိုင္ငံ တို႐ြန္တိုၿမိဳ႕ အိႏၵိယႏိုင္ငံလိုလားသူ အမ်ိဳးသားေရးသမားမ်ားနဲ႔ ဆန္႔က်င္သူ ခြဲထြက္သမားတို႔ဆႏၵျပရာမွ မၾကာခ ထိပ္တိုက္ေတြ႕ေလ့ရွိပါ တယ္။

ကေနဒါအစိုးရရဲ႕ စိုးရိမ္ပူပန္မႈကို ေဖာ္ျပရန္အတြက္ မၾကာေသးမီက အစိုးရအႀကီးတန္းအရာရွိမ်ား နယူးေဒလီကို သြားေရာက္ခဲ့ပါတယ္။ ေဒါင္းနင္းလမ္းအေနနဲ႔ လန္ဒန္ေရာက္ ဆစ္ခ္ခြဲထြက္ေရးလႈပ္ရွားမႈေထာက္ပို႔မ်ားကို တိုးျမႇင့္ေစာင့္ၾကည့္ေပးဖို႔ ဧၿပီလမွာ အိႏၵိယက ၿဗိတိန္ကို ေတာင္းဆိုခဲ့ပါတယ္။

ဧၿပီလတြင္ အိႏၵိယႏိုင္ငံသည္ ဆစ္ခ္ခြဲထြက္ေရးလႈပ္ရွားမႈကို ေထာက္ခံအားေပးသူမ်ားကို ၿဗိတိန္အေျခစိုက္ တိုးျမႇင့္ေစာင့္ၾကည့္ရန္ ၿဗိတိန္ကို ေတာင္းဆိုခဲ့သည္။ လန္ဒန္ၿမိဳ႕ အိႏၵိယသံ႐ုံးေရွ႕မွာ “ခါလစ္စတန္ႏိုင္ငံ” ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္ထားသူမ်ားရဲ႕ဆႏၵျပပြဲေတြဟာ နယူးေဒလီကို ေဒါသထြက္ခဲ့ပါတယ္။

ပန္ဂ်ပ္ျပည္နယ္ ဇာတိ အသက္ ၄၅ ႏွစ္အ႐ြယ္ဟာ ဒစ္ဆင္းနီဂ်ားဟာ ကေနဒါမွာ ေရာက္ရွိေနတာ ႏွစ္ေပါင္းအေတာ္ၾကာခဲ့ၿပီး အိႏၵိယႏိုင္ငံအတြင္း ဆစ္ခ္ဘာသာဝင္မ်ားအတြက္ သီးျခားႏိုင္ငံထူေထာင္ေရး တက္ႂကြလႈံ႕ေဆာ္သူတစ္ဦးျဖစ္ပါတယ္။

ခြဲထြက္ေရးလႈပ္ရွားေနတဲ့ ပါကစၥတန္လိုလားသူမ်ား ခါလစ္စတန္_က်ား_တပ္ ေခါင္းေဆာင္အျဖစ္ နယူးေဒလီက စြပ္စြဲ အလိုရွိေနၿပီး ကေနဒါႏိုင္ငံ တရားမွ်တမႈအဖြဲ႕မွာ ဆစ္ခ္ဌာနခြဲရဲ႕ေခါင္းေဆာင္နဲ႔ ၿဗိတိသွ်ကိုလံဘီ ယာျပည္နယ္ ဆာရီ_ဆစ္ခ္ဘုရားေက်ာင္းရဲ႕ ဥကၠ႒အျဖစ္လည္း ေဆာင္႐ြက္ခဲ့ပါတယ္။

အိႏၵိယႏိုင္ငံအတြင္း ပစ္မွတ္ထား သတ္ျဖတ္ျခင္းမ်ားအတြက္ နီဂ်ားမွာ တာ၀န္ရွိတယ္လို႔ နယူးေဒလီက ေျပာဆိုေပမယ့္ သူက ျငင္းဆိုခဲ့ပါတယ္။ နီဂ်ား အပါအဝင္ ၂ဝ၁၈ ခုႏွစ္ အိႏၵိယႏိုင္ငံက အလိုရွိဆုံးသူမ်ားစာရင္းကို နယူးေဒလီက ကေနဒါထံ ေပးပို႔ခဲ့ဖူးၿပီး စုံစမ္းစစ္ေဆးရန္ အဲဒီႏွစ္ ဧၿပီလမွာ ေအာ့တဝါ ရဲတပ္ဖြဲ႕က ေခတၱထိန္းသိမ္းခဲ့ေပမယ့္ စြဲခ်က္အတင္ပဲ ျပန္လႊတ္ေပးခဲ့ပါတယ္။

၂ဝ၂၃ ခုႏွစ္ ဇြန္လ ၁၈ ရက္တုန္းက ဆာရီဘုရားေက်ာင္းေရွ႕ ကားရပ္နားရာေနရာ သူ႔ရဲ႕ ထရပ္ကားအတြင္းမွာ နီဂ်ားကို မ်က္ႏွာဖုံးစြပ္ ေသနတ္သမားႏွစ္ဦးက ေသနတ္နဲ႔ ပစ္သတ္ခဲ့ပါတယ္။ နီဂ်ားအသတ္ခံရမႈမွာ အိႏၵိယသံတမန္မ်ားက အဓိက ပါဝင္ပတ္သက္ေနတယ္လို႔ ဆစ္ဘာသာဝင္အေတာ္မ်ားမ်ားက စြပ္စြဲၾကပါတယ္။ စြပ္စြဲတဲ့အတိုင္းလည္း အိႏၵိယ RAW ေထာက္လွမ္းေရး ျပည္ပေအးဂ်င့္မ်ားက က်ဴးလြန္ေၾကာင္း ကေနဒါအစိုးရက အေထာက္အထားေတြ႕ရွိရၿပီး ႀကိဳးကိုင္ေၾကာင္း သံသယရွိသူ အိႏၵိယသံတမန္ကို ႏိုင္ငံမွ ႏွင္ထုတ္ခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚ ခဲ့ပါတယ္။

#ကေနဒါႏိုင္ငံသားဆစ္ခ္ေခါင္းေဆာင္အသတ္ခံရမႈ #ဆာရီရပ္ကြက္ #ဟာဒစ္_ဆင္း_နီဂ်ား ရက္ေန႔က #ပန္ဂ်ပ္ျပည္နယ္ #ခါလစ္စတန္ႏိုင္ငံ #အိႏၵိယ_RAW_ေထာက္လွမ္းေရး #ခါလစ္စတန္_က်ား_တပ္

(Reuters., 19 September 2023,” Canada says it suspects India involved in Sikh leader murder” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.