ညွှန်ကြားချက်များကို မလိုက်နာသည့် ကုမ္ပဏီပေါင်း (၁၀၀)ကျော်၏ နိုင်ငံခြားငွေရောင်းဝယ်ရေးလိုင်စင်များကို ရုပ်သိမ်းကြောင်း ဗဟိုဘဏ်ကြေညာ

 2668

မျိုးကြီး (NP News) - စက်တင်ဘာ ၂၀

ညွှန်ကြားချက်များကို မလိုက်နာသည့် ကုမ္ပဏီပေါင်း (၁၀၀)ကျော်၏ နိုင်ငံခြားငွေရောင်းဝယ်ရေးလိုင်စင်များကို ရုပ်သိမ်းလိုက်ကြောင်း ဗဟိုဘဏ်က အသိပေးကြေညာလိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယမန်နေ့(စက်တင်ဘာလ ၁၉ ရက်)ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးကြေညာလိုက်ခြင်းဖြစ်သည်။

ဗဟိုဘဏ်က ခွင့်ပြုပေးထားသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရကုမ္ပဏီ(၁၂၃)ခုသည် နိုင်ငံခြားသုံးငွေစီမံခန့်မှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အမှုဆောင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ကုမ္ပဏီ(၁၂၃)ခု၏ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်(Money Changer License)ကို ရုပ်သိမ်းလိုက်ကြောင်း ကြေညာထားသည်။

ယင်းကဲ့သို့ လိုင်စင်ရုပ်သိမ်းခံခဲ့ရသည့် ကုမ္ပဏီများထဲတွင် Myanma Power Spectrum၊ Apex Exchange Trading၊ Yong Xin၊ တိုးတက်အောင်ဝန်ဆောင်မှုကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။

အလားတူ Shwe Nan Taw Wyn၊ Royal Lake Hotel၊ Mandalay Swan Hotel၊ Global Max Asia၊ Asia Oceanid Group၊ Grand Park Hotel နှင့် Sedona Hotel (Straits Greenfield Limited) ကုမ္ပဏီများ၏ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်များလည်း ရုပ်သိမ်းခံခဲ့ရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၂ဝ၂၃ ခုနှစ်အတွင်း နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီတစ်ခုချင်းစီ၏ နိုင်ငံခြားငွေရောင်းဝယ်ရေးလိုင်စင်ရုပ်သိမ်းခဲ့သည့် ဖြစ်စဉ်သည် (၃)ခုထက်မနည်းရှိခဲ့ပြီး ကုမ္ပဏီ(၁ဝ)ခုနှင့်အထက်၏ နိုင်ငံခြားငွေရောင်းဝယ်ရေးလိုင်စင်များတစ်ပြိုင်နက်တည်း ရုပ်သိမ်းကြောင်းကြေညာသည့် ဖြစ်စဉ်သည် (၄)ခုခန့်ရှိခဲ့သည်။

အဆိုပါ ကုမ္ပဏီ(၁ဝ)ခုနှင့်အထက်၏ နိုင်ငံခြားငွေရောင်းဝယ်ရေးလိုင်စင်များတစ်ပြိုင်နက်တည်း ရုပ်သိမ်းကြောင်းကြေညာသည့် ဖြစ်စဉ်တွင် မတ်လ ၁၄ ရက်၌ ကုမ္ပဏီ (၂ဝ)ကိုလည်းကောင်း၊ ဇူလိုင်လ ၁၂ရက်၌ ကုမ္ပဏီ (၁၂)ခုကိုလည်းကောင်း၊ ဩဂုတ်လ ၁၄ ရက်၌ ကုမ္ပဏီ (၁၃)ခုကိုလည်းကောင်း၊ စက်တင်ဘာလ ၁၉ ရက်၌ ကုမ္ပဏီ (၁၂၃) ခုကိုလည်းကောင်း ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယခုနှစ်အတွင်း အချို့သော ကုမ္ပဏီများ၏ Money Changer လိုင်စင်များကို ဆိုင်းငံ့သည့်ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း ဗဟိုဘဏ်၏ စာရင်းအချက်အလက်များအရ သိရသည်။

zawgyi version
ၫႊန္ၾကားခ်က္မ်ားကို မလိုက္နာသည့္ ကုမၸဏီေပါင္း (၁၀၀)ေက်ာ္၏ ႏိုင္ငံျခားေငြေရာင္းဝယ္ေရးလိုင္စင္မ်ားကို ႐ုပ္သိမ္းေၾကာင္း ဗဟိုဘဏ္ေၾကညာ
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၀

ၫႊန္ၾကားခ်က္မ်ားကို မလိုက္နာသည့္ ကုမၸဏီေပါင္း (၁၀၀)ေက်ာ္၏ ႏိုင္ငံျခားေငြေရာင္းဝယ္ေရးလိုင္စင္မ်ားကို ႐ုပ္သိမ္းလိုက္ေၾကာင္း ဗဟိုဘဏ္က အသိေပးေၾကညာလိုက္သည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ယမန္ေန႔(စက္တင္ဘာလ ၁၉ ရက္)ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာလိုက္ျခင္းျဖစ္သည္။

ဗဟိုဘဏ္က ခြင့္ျပဳေပးထားသည့္ ႏိုင္ငံျခားေငြမ်ား ဝယ္ယူေရာင္းခ်လဲလွယ္ေပးခြင့္လိုင္စင္ရကုမၸဏီ(၁၂၃)ခုသည္ ႏိုင္ငံျခားသုံးေငြစီမံခန႔္မႈဥပေဒ၊ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈစည္းမ်ဥ္း ႏွင့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ထုတ္ျပန္ထားသည့္ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာမႈမရွိေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၊ အမႈေဆာင္ေကာ္မတီအစည္းအေဝးဆုံးျဖတ္ခ်က္အရ ကုမၸဏီ(၁၂၃)ခု၏ ႏိုင္ငံျခားေငြမ်ား ဝယ္ယူေရာင္းခ်လဲလွယ္ေပးခြင့္လိုင္စင္(Money Changer License)ကို ႐ုပ္သိမ္းလိုက္ေၾကာင္း ေၾကညာထားသည္။

ယင္းကဲ့သို႔ လိုင္စင္႐ုပ္သိမ္းခံခဲ့ရသည့္ ကုမၸဏီမ်ားထဲတြင္ Myanma Power Spectrum၊ Apex Exchange Trading၊ Yong Xin၊ တိုးတက္ေအာင္ဝန္ေဆာင္မႈကုမၸဏီမ်ား ပါဝင္ေၾကာင္း သိရသည္။

အလားတူ Shwe Nan Taw Wyn၊ Royal Lake Hotel၊ Mandalay Swan Hotel၊ Global Max Asia၊ Asia Oceanid Group၊ Grand Park Hotel ႏွင့္ Sedona Hotel (Straits Greenfield Limited) ကုမၸဏီမ်ား၏ ႏိုင္ငံျခားေငြမ်ားဝယ္ယူေရာင္းခ်လဲလွယ္ေပးခြင့္လိုင္စင္မ်ားလည္း ႐ုပ္သိမ္းခံခဲ့ရသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ ၂ဝ၂၃ ခုႏွစ္အတြင္း ႏိုင္ငံျခားေငြမ်ားဝယ္ယူေရာင္းခ်လဲလွယ္ေပးခြင့္လိုင္စင္ရ ကုမၸဏီတစ္ခုခ်င္းစီ၏ ႏိုင္ငံျခားေငြေရာင္းဝယ္ေရးလိုင္စင္႐ုပ္သိမ္းခဲ့သည့္ ျဖစ္စဥ္သည္ (၃)ခုထက္မနည္းရွိခဲ့ၿပီး ကုမၸဏီ(၁ဝ)ခုႏွင့္အထက္၏ ႏိုင္ငံျခားေငြေရာင္းဝယ္ေရးလိုင္စင္မ်ားတစ္ၿပိဳင္နက္တည္း ႐ုပ္သိမ္းေၾကာင္းေၾကညာသည့္ ျဖစ္စဥ္သည္ (၄)ခုခန႔္ရွိခဲ့သည္။

အဆိုပါ ကုမၸဏီ(၁ဝ)ခုႏွင့္အထက္၏ ႏိုင္ငံျခားေငြေရာင္းဝယ္ေရးလိုင္စင္မ်ားတစ္ၿပိဳင္နက္တည္း ႐ုပ္သိမ္းေၾကာင္းေၾကညာသည့္ ျဖစ္စဥ္တြင္ မတ္လ ၁၄ ရက္၌ ကုမၸဏီ (၂ဝ)ကိုလည္းေကာင္း၊ ဇူလိုင္လ ၁၂ရက္၌ ကုမၸဏီ (၁၂)ခုကိုလည္းေကာင္း၊ ဩဂုတ္လ ၁၄ ရက္၌ ကုမၸဏီ (၁၃)ခုကိုလည္းေကာင္း၊ စက္တင္ဘာလ ၁၉ ရက္၌ ကုမၸဏီ (၁၂၃) ခုကိုလည္းေကာင္း ႐ုပ္သိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အလားတူ ယခုႏွစ္အတြင္း အခ်ိဳ႕ေသာ ကုမၸဏီမ်ား၏ Money Changer လိုင္စင္မ်ားကို ဆိုင္းငံ့သည့္ျဖစ္စဥ္မ်ားလည္း ရွိခဲ့ေၾကာင္း ဗဟိုဘဏ္၏ စာရင္းအခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.