ကမ္ဘာမှာ မညီမျှမှုများဖြစ်ပွားနေခြင်းများမြင့်တက်နေပြီး ကမ္ဘာ့အချမ်းသာဆုံးလူ ၁ဝ ဦးရဲ့ကြွယ်ဝချမ်းသာမှုက ကမ္ဘာ့လူဦးရေ ၄ဝ ရာခိုင်နှုန်းရဲ့ပိုင်ဆိုင်မှုထက် ပိုများနေဟု ဘရာဇီးသမ္မတ ဝေဖန်

745

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၁
ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားက နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ ကမ္ဘာမှာ မညီမျှမှုတွေဖြစ်ပေါ်နေခြင်း နဲ့ ကမ္ဘာရေးရာစိန်ခေါ်မှုတွေကို ကြိုးပမ်းအားထုတ်မှုပိုမိုလုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ညီလာခံမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဘရာဇီးသမ္မတက လက်ရှိအချိန်မှာ ကမ္ဘာကြီးကိုမတည်ငြိမ်မှုများဖြစ်အောင် ခြိမ်းခြောက်နေခြင်း၊ ကမ္ဘာ့နိုင်ငံတွေ ကြား မညီမျှမှုတွေ မြင့်မားစွာဖြစ်ပေါ်နေခြင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာပြဿနာများအပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ အပေါ် သက်ရောက်မှုများစွာဖြစ်စေခဲ့တဲ့ အချိုးမညီမှုတွေကို ဖြေရှင်းရမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက် ပါတယ်။
ဘရာဇီးသမ္မတက "ကမ္ဘာမှာ မညီမျှမှုတွေများစွာဖြစ်နေတယ်။ ကမ္ဘာ့အချမ်းသာဆုံး လူ ၁ဝ ဦးရဲ့ ကြွယ်ဝချမ်းသာမှု တွေဟာ ကမ္ဘာ့အဆင်းရဲဆုံး လူဦးရေ ၄ဝ ရာခိုင်နှုန်းထက် ပိုမိုချမ်းသာနေတယ်။ ကမ္ဘာတဝန်းမှာ မညီမှုတွေဖြစ်ပေါ်နေခြင်းကြောင့် နိုင်ငံတွေရဲ့စီးပွားရေးလူမှုရေး စတဲ့ကိစ္စတွေကို သက်ရောက်မှုများစွာဖြစ်လာစေခဲ့တယ်။ ကမ္ဘာတဝန်းရှိ လူဦးရေ ၇၃၅ သန်းဟာ နေ့စဉ် အစားစာမလုံခြုံမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ လက်ရှိချမ်းသာတဲ့ နိုင်ငံ တွေ မျှဝေပေးနိုင်တဲ့ အရေအတွက်ထက် ပိုများနေတယ်။ ကမ္ဘာ့နိုင်ငံတွေကြား မညီမျှမှုတွေ ဖြစ်ပေါ်နေခြင်း ကြောင့် ကမ္ဘာ့နေရာအချို့မှာ ကလေးငယ်တွေဟာ မိခင်ဝမ်းဗိုက်ထဲမှာကတည်းက ဘဝတစ်လျှောက်လုံး အခွင့် အရေးရမလားဆိုတာကို ဆုံးဖြတ်ခံရဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
အစိုးရတွေဟာ မညီမျှမှုတွေကို အဆုံးသတ်နိုင်အောင် လုပ်ဆောင်ဖို့ စိတ်ဝင်စားခြင်းမရှိကြောင်း၊ ချမ်းသာတဲ့နိုင်ငံ တွေဟာ လူမှုရေးပြဿနာတွေကို ဖြေရှင်းနိုင်အောင် တိုးမြှင့်ကြိုးပမ်းရမယ့်အစား စစ်ပွဲတွေအတွက် အရင်းအမြစ် တွေကို ဖြည့်ဆည်းပေးဖို့သာ ပိုမိုအာရုံစိုက်နေကြောင်း ဘရာဇီးသမ္မတက ဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် ဘရာဇီးသမ္မတက ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ခွင့်ပြုချက်မရှိဘဲ စစ်ပွဲဆင်နွဲနေတဲ့နိုင်ငံတွေကို အရေးယူဖို့ ပျက်ကွက်နေဆဲဖြစ်ကြောင်း၊ ယူကရိန်းစစ်ပွဲဟာ ကုလသမဂ္ဂကြေညာစာတမ်းနဲ့ ရည်ရွယ်ချက်တွေကိုအကောင်အထည်ဖော်ဖို့ ကမ္ဘာ့နိုင်ငံတွေ စုပေါင်းဆောင်ရွက်နိုင်မှုမရှိခြင်းကို ညွှန်ပြနေကြောင်း ပြောပါတယ်။
ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ စေ့စပ်ဆွေးနွေးမှုကို အခြေခံမဖြေရှင်းဘူးဆိုရင် စစ်ပွဲအဆုံးသတ်ဖို့ အဖြေရမှာ မဟုတ်ကြောင်း ဘရာဇီးသမ္မတက ပြောပါတယ်။

Zawgyi Version;
ကမာၻမွာ မညီမွ်မႈမ်ားျဖစ္ပြားေနျခင္းမ်ားျမင့္တက္ေနၿပီး ကမာၻ႔အခ်မ္းသာဆုံးလူ ၁ဝ ဦးရဲ႕ႂကြယ္ဝခ်မ္းသာမႈက ကမာၻ႔လူဦးေရ ၄ဝ ရာခိုင္ႏႈန္းရဲ႕ပိုင္ဆိုင္မႈထက္ ပိုမ်ားေနဟု ဘရာဇီးသမၼတ ေဝဖန္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၁
ဘရာဇီးသမၼတ လူလာဒါေဆးလ္ဗားက ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားအေနနဲ႔ ကမာၻမွာ မညီမွ်မႈေတြျဖစ္ေပၚေနျခင္း နဲ႔ ကမာၻေရးရာစိန္ေခၚမႈေတြကို ႀကိဳးပမ္းအားထုတ္မႈပိုမိုလုပ္ေဆာင္ဖို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ ကုလသမဂၢ ညီလာခံမွာ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း ထည့္သြင္းေျပာဆိုခဲ့ေၾကာင္း သိရပါတယ္။
ဘရာဇီးသမၼတက လက္ရွိအခ်ိန္မွာ ကမာၻႀကီးကိုမတည္ၿငိမ္မႈမ်ားျဖစ္ေအာင္ ၿခိမ္းေျခာက္ေနျခင္း၊ ကမာၻ႔ႏိုင္ငံေတြ ၾကား မညီမွ်မႈေတြ ျမင့္မားစြာျဖစ္ေပၚေနျခင္း၊ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာျပႆနာမ်ားအျပင္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား အေပၚ သက္ေရာက္မႈမ်ားစြာျဖစ္ေစခဲ့တဲ့ အခ်ိဳးမညီမႈေတြကို ေျဖရွင္းရမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ ပါတယ္။
ဘရာဇီးသမၼတက "ကမာၻမွာ မညီမွ်မႈေတြမ်ားစြာျဖစ္ေနတယ္။ ကမာၻ႔အခ်မ္းသာဆုံး လူ ၁ဝ ဦးရဲ႕ ႂကြယ္ဝခ်မ္းသာမႈ ေတြဟာ ကမာၻ႔အဆင္းရဲဆုံး လူဦးေရ ၄ဝ ရာခိုင္ႏႈန္းထက္ ပိုမိုခ်မ္းသာေနတယ္။ ကမာၻတဝန္းမွာ မညီမႈေတြျဖစ္ေပၚေနျခင္းေၾကာင့္ ႏိုင္ငံေတြရဲ႕စီးပြားေရးလူမႈေရး စတဲ့ကိစၥေတြကို သက္ေရာက္မႈမ်ားစြာျဖစ္လာေစခဲ့တယ္။ ကမာၻတဝန္းရွိ လူဦးေရ ၇၃၅ သန္းဟာ ေန႔စဥ္ အစားစာမလုံၿခဳံမႈေတြနဲ႔ ရင္ဆိုင္ေနရတယ္။ လက္ရွိခ်မ္းသာတဲ့ ႏိုင္ငံ ေတြ မွ်ေဝေပးႏိုင္တဲ့ အေရအတြက္ထက္ ပိုမ်ားေနတယ္။ ကမာၻ႔ႏိုင္ငံေတြၾကား မညီမွ်မႈေတြ ျဖစ္ေပၚေနျခင္း ေၾကာင့္ ကမာၻ႔ေနရာအခ်ိဳ႕မွာ ကေလးငယ္ေတြဟာ မိခင္ဝမ္းဗိုက္ထဲမွာကတည္းက ဘဝတစ္ေလွ်ာက္လုံး အခြင့္ အေရးရမလားဆိုတာကို ဆုံးျဖတ္ခံရဖြယ္ရွိေနပါတယ္" လို႔ ေျပာပါတယ္။
အစိုးရေတြဟာ မညီမွ်မႈေတြကို အဆုံးသတ္ႏိုင္ေအာင္ လုပ္ေဆာင္ဖို႔ စိတ္ဝင္စားျခင္းမရွိေၾကာင္း၊ ခ်မ္းသာတဲ့ႏိုင္ငံ ေတြဟာ လူမႈေရးျပႆနာေတြကို ေျဖရွင္းႏိုင္ေအာင္ တိုးျမႇင့္ႀကိဳးပမ္းရမယ့္အစား စစ္ပြဲေတြအတြက္ အရင္းအျမစ္ ေတြကို ျဖည့္ဆည္းေပးဖို႔သာ ပိုမိုအာ႐ုံစိုက္ေနေၾကာင္း ဘရာဇီးသမၼတက ေဝဖန္ခဲ့ပါတယ္။
ဒါ့အျပင္ ဘရာဇီးသမၼတက ကုလသမဂၢလုံၿခဳံေရးေကာင္စီဟာ ခြင့္ျပဳခ်က္မရွိဘဲ စစ္ပြဲဆင္ႏြဲေနတဲ့ႏိုင္ငံေတြကို အေရးယူဖို႔ ပ်က္ကြက္ေနဆဲျဖစ္ေၾကာင္း၊ ယူကရိန္းစစ္ပြဲဟာ ကုလသမဂၢေၾကညာစာတမ္းနဲ႔ ရည္႐ြယ္ခ်က္ေတြကိုအေကာင္အထည္ေဖာ္ဖို႔ ကမာၻ႔ႏိုင္ငံေတြ စုေပါင္းေဆာင္႐ြက္ႏိုင္မႈမရွိျခင္းကို ၫႊန္ျပေနေၾကာင္း ေျပာပါတယ္။
ယူကရိန္းစစ္ပြဲအဆုံးသတ္ဖို႔ ေစ့စပ္ေဆြးေႏြးမႈကို အေျခခံမေျဖရွင္းဘူးဆိုရင္ စစ္ပြဲအဆုံးသတ္ဖို႔ အေျဖရမွာ မဟုတ္ေၾကာင္း ဘရာဇီးသမၼတက ေျပာပါတယ္။