UNWG ၏ ရန်ပုံငွေ ဈေးရောင်းပွဲတော်တွင် မြန်မာနိုင်ငံပါဝင်ခဲ့

 798

ယွန်း (NP News) - စက်တင်ဘာ ၂၁

United Nations Women's Guild of Vienna ၏ မိခင်နှင့်ကလေးသူငယ်များအား ထောက်ပံ့ကူညီပေးရေး ရန်ပုံငွေအတွက် ဈေးရောင်းပွဲတော်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးပါဝင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

"မိခင် နှင့် ကလေးသူငယ်များအား ထောက်ပံ့ကူညီပေးရေးရန်ပုံငွေအတွက် နေ့လယ်စာ ဈေးရောင်းပွဲတော်"ကို United Nations Women's Guild of Vienna (UNWG) က ကြီးမှူး၍ စက်တင်ဘာလ(၂၀)ရက်တွင် Vienna International Centre ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါဈေးရောင်းပွဲတော်တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ မြန်မာအစားအစာများကို ပါဝင်ရောင်းချ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဈေးရောင်းပွဲတော်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့်အတူ သြစတြီးယား၊ အမေရိကန်၊ သြစတြေးလျ၊ အာမေးနီးယားအပါအဝင် နိုင်ငံပေါင်း(၃၅)နိုင်ငံမှ အဖွဲ့ရုံးများ ပါဝင်ခဲ့ကြောင်း သိရသည်။

United Nations Women's Guild of Vienna သည် ၁၉၆၇ ခုနှစ်တွင် တည်ထောင်ခဲ့သော ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် အကူအညီလိုအပ်နေသော မိခင်နှင့်ကလေးသူငယ်များအား ထောက်ပံ့ကူညီပေးရန်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဖွဲ့အစည်း၌ နိုင်ငံပေါင်း (၁၀၀)ကျော်မှ အဖွဲ့ဝင်(၅၀၀)ခန့်ပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှအသိပေးထားသည်။

UNWG အဖွဲ့ဝင်များသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများမှ အမျိုးသမီးဝန်ထမ်းနှင့် ဇနီးများဖြစ်ကြပြီး အခကြေးငွေမယူဘဲ စေတနာ့ဝန်ထမ်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
UNWG ၏ ရန္ပုံေငြ ေဈးေရာင္းပြဲေတာ္တြင္ ျမန္မာႏိုင္ငံပါဝင္ခဲ့
ယြန္း (NP News) - စက္တင္ဘာ ၂၁

United Nations Women's Guild of Vienna ၏ မိခင္ႏွင့္ကေလးသူငယ္မ်ားအား ေထာက္ပံ့ကူညီေပးေရး ရန္ပုံေငြအတြက္ ေဈးေရာင္းပြဲေတာ္တြင္ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕႐ုံးပါဝင္ခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

"မိခင္ ႏွင့္ ကေလးသူငယ္မ်ားအား ေထာက္ပံ့ကူညီေပးေရးရန္ပုံေငြအတြက္ ေန႔လယ္စာ ေဈးေရာင္းပြဲေတာ္"ကို United Nations Women's Guild of Vienna (UNWG) က ႀကီးမႉး၍ စက္တင္ဘာလ(၂၀)ရက္တြင္ Vienna International Centre ၌ က်င္းပခဲ့ျခင္းျဖစ္သည္။

အဆိုပါေဈးေရာင္းပြဲေတာ္တြင္ ဩစႀတီးယားႏိုင္ငံ၊ ဗီယင္နာၿမိဳ႕အေျခစိုက္ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕႐ုံးမွ ျမန္မာအစားအစာမ်ားကို ပါဝင္ေရာင္းခ် လႉဒါန္းေပးခဲ့ေၾကာင္း သိရသည္။

ေဈးေရာင္းပြဲေတာ္တြင္ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕႐ုံးႏွင့္အတူ ၾသစႀတီးယား၊ အေမရိကန္၊ ၾသစေၾတးလ်၊ အာေမးနီးယားအပါအဝင္ ႏိုင္ငံေပါင္း(၃၅)ႏိုင္ငံမွ အဖြဲ႕႐ုံးမ်ား ပါဝင္ခဲ့ေၾကာင္း သိရသည္။

United Nations Women's Guild of Vienna သည္ ၁၉၆၇ ခုႏွစ္တြင္ တည္ေထာင္ခဲ့ေသာ ပရဟိတအဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ကမာၻတစ္ဝွမ္းတြင္ အကူအညီလိုအပ္ေနေသာ မိခင္ႏွင့္ကေလးသူငယ္မ်ားအား ေထာက္ပံ့ကူညီေပးရန္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ အဖြဲ႕အစည္း၌ ႏိုင္ငံေပါင္း (၁၀၀)ေက်ာ္မွ အဖြဲ႕ဝင္(၅၀၀)ခန္႔ပါဝင္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွအသိေပးထားသည္။

UNWG အဖြဲ႕ဝင္မ်ားသည္ ကုလသမဂၢႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ အၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕႐ုံးမ်ားမွ အမ်ိဳးသမီးဝန္ထမ္းႏွင့္ ဇနီးမ်ားျဖစ္ၾကၿပီး အခေၾကးေငြမယူဘဲ ေစတနာ့ဝန္ထမ္းလုပ္ငန္းမ်ားကို ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.