ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ စက်တင်ဘာလကုန်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ဟု မိုးဇလခန့်မှန်း

 632

ယွန်း (NP News) - စက်တင်ဘာ ၂၁

ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် စက်တင်ဘာလကုန်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(စက်တင်ဘာလ ၂၁ ရက်)တွင် ထုတ်ပြန်သည့် စက်တင်ဘာ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွင် အထက်ပါကဲ့သို့ ခန့်မှန်းထားခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ပြီး အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ (၂၂)ရက်မှ (၂၇) ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာလ (၂၈) ရက်မှ အောက်တိုဘာလ(၃)ရက်အတွင်း မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ် ဒေသများမှလည်းကောင်း ဆုတ်ခွာသွားနိုင်ကြောင်း မိုးဇလမှ အသိပေးထားသည်။

အဆိုပါကာလအတွင်း မိုးရွာသွန်းမှုအခြေအနေသည် စစ်ကိုင်းနှင့် မန္တလေးတို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး နေပြည် တော်၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ချင်း၊ ကယား၊ ကရင်နှင့် မွန်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ထိုသို့ ရွာသွန်းရာတွင် စစ်ကိုင်းအထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ကရင် နှင့် မွန်တို့တွင် (၇)ရက်မှ (၉)ရက်ခန့် ရွာသွန်းနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။

ထို့ပြင် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်း၊ ရခိုင်နှင့် ကယားတို့၌ (၄)ရက်မှ (၆)ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

zawgyi version
ရန္ကုန္ အပါအဝင္ တိုင္းႏွင့္ျပည္နယ္မ်ား၌ စက္တင္ဘာလကုန္အထိ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ဟု မိုးဇလခန႔္မွန္း
ယြန္း (NP News) - စက္တင္ဘာ ၂၁

ရန္ကုန္ အပါအဝင္ တိုင္းႏွင့္ ျပည္နယ္မ်ားတြင္ စက္တင္ဘာလကုန္အထိ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထားသည္။

မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ယေန႔(စက္တင္ဘာလ ၂၁ ရက္)တြင္ ထုတ္ျပန္သည့္ စက္တင္ဘာ တတိယ(၁၀)ရက္ပတ္အတြက္ မိုးေလဝသခန႔္မွန္းခ်က္တြင္ အထက္ပါကဲ့သို႔ ခန႔္မွန္းထားျခင္းျဖစ္သည္။

ဘဂၤလားပင္လယ္ေအာ္တြင္ ေလဖိအားနည္းရပ္ဝန္း (၁)ႀကိမ္ျဖစ္ေပၚႏိုင္ၿပီး အားေကာင္းလာကာ မုန္တိုင္းငယ္အျဖစ္သို႔ ေရာက္ရွိႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အေနာက္ေတာင္မုတ္သုံေလသည္ စက္တင္ဘာလ (၂၂)ရက္မွ (၂၇) ရက္အတြင္း ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသမ်ားမွလည္းေကာင္း၊ စက္တင္ဘာလ (၂၈) ရက္မွ ေအာက္တိုဘာလ(၃)ရက္အတြင္း ျမန္မာႏိုင္ငံျမစ္ဝကြၽန္းေပၚ ေဒသမ်ားမွလည္းေကာင္း ဆုတ္ခြာသြားႏိုင္ေၾကာင္း မိုးဇလမွ အသိေပးထားသည္။

အဆိုပါကာလအတြင္း မိုး႐ြာသြန္းမႈအေျခအေနသည္ စစ္ကိုင္းႏွင့္ မႏၲေလးတို႔တြင္ ႐ြာသြန္းၿမဲထက္ပိုႏိုင္ၿပီး ေနျပည္ ေတာ္၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီ၊ ကခ်င္၊ ရွမ္း၊ ခ်င္း၊ ကယား၊ ကရင္ႏွင့္ မြန္တို႔တြင္ ႐ြာသြန္းၿမဲခန႔္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း သိရသည္။

ထိုသို႔ ႐ြာသြန္းရာတြင္ စစ္ကိုင္းအထက္ပိုင္း၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီ၊ ကခ်င္၊ ခ်င္း၊ ကရင္ ႏွင့္ မြန္တို႔တြင္ (၇)ရက္မွ (၉)ရက္ခန႔္ ႐ြာသြန္းႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထားသည္။

ထို႔ျပင္ ေနျပည္ေတာ္၊ စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ ရွမ္း၊ ရခိုင္ႏွင့္ ကယားတို႔၌ (၄)ရက္မွ (၆)ရက္ခန႔္ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.