လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ(၁ဝ)ဦးသေဆုံးပြီးနောက် မိုးလေဝသ သတိပေးချက်များကို တရုတ်အစိုးရ တိုးမြှင့်ထုတ်ပြန်

1027

Pika (NP News) - စက်တင်ဘာ ၂၁
တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsu ပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အနည်းဆုံးလူ(၁ဝ)ဦး သေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာတွင် တရုတ်မိုးလေဝသတာဝန်ရှိသူများသည် ဒေသအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်နိုင်ချေများနှင့်ပတ်သက်ပြီး သတိပေးချက်များကို တိုးမြှင့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
Jiangsu ပြည်နယ်တွင် လူအသေအပျောက်ရှိခဲ့သည့် လေဆင်နှာမောင်းတိုက်ခတ်ပြီးနောက် အာဏာပိုင်များသည် သတိထားနေကြရန် ပြည်သူများကို တိုက်တွန်းခဲ့ကြောင်း သိရသည်။ လေဆင်နှာမောင်းတိုက်ခတ်မှုသည် စက်တင်ဘာလ(၁၉)ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုရှယ်မီဒီယာများပေါ်တွင်တင်ထားသော ဓါတ်ပုံများတွင် ကားများ မှောက်နေခြင်း၊ ဓါတ်အားလိုင်းများ ပြတ်တောက်နေခြင်း နှင့် လမ်းမများပေါ်တွင် အပျက်အစီးများ ပြန့်ကျဲနေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
မျက်မြင်သက်သေတစ်ဦး က "ကျွန်တော် တံခါးဝမှာရပ်နေတဲ့အချိန်မှာ ဆိုလာပစ္စည်းတွေနဲ့ သစ်ပင်တွေ လေထဲမှာ လွင့်ပါနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တကယ်ကို အံ့ဩသွားခဲ့ပါတယ်" ဟု ပြောခဲ့သည်။ လေဆင် နှာမောင်းတိုက်ခတ်မှုသည် Jiangsu ပြည်နယ် Suqian မြို့ နှင့် Yancheng မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Suqian မြို့တွင် လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အနည်းဆုံးလူ(၅)ဦးသေဆုံးခဲ့ကာ အခြားလူ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပေါင်း(၁၆၄၆)လုံး ထိခိုက်ပျက်စီးခဲ့သလို သီးနှံစိုက်ခင်းဧကများစွာ ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
ထို့နောက် Yancheng မြို့တွင် လေဆင်နှာမောင်းထပ်မံတိုက်ခတ်ခဲ့ပြီး လူ(၅)ဦးသေဆုံးကာ အခြားလူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CCTV သတင်းဌာနက ဖော်ပြခဲ့သည်။ အာဏာပိုင်များသည် Chongqing မြူနီစီပယ်၊ Guizhou ပြည်နယ်ရှိ ဒေသများ၊ ဟူနန်ပြည်နယ်၊ Anhui ပြည်နယ် နှင့် Hubei ပြည်နယ်တို့အတွက်လည်း မိုးလေဝသသတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ လူ(၁ဝ)ဦးေသဆုံးၿပီးေနာက္ မိုးေလဝသ သတိေပးခ်က္မ်ားကို တ႐ုတ္အစိုးရ တိုးျမႇင့္ထုတ္ျပန္
Pika (NP News) - စက္တင္ဘာ ၂၁
တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း Jiangsu ျပည္နယ္တြင္ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ အနည္းဆုံးလူ(၁ဝ)ဦး ေသဆုံးခဲ့ၿပီးေနာက္ တစ္ရက္အၾကာတြင္ တ႐ုတ္မိုးေလဝသတာဝန္ရွိသူမ်ားသည္ ေဒသအမ်ားအျပားတြင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္း၊ ေလျပင္းတိုက္ခတ္ႏိုင္ေခ်မ်ားႏွင့္ပတ္သက္ၿပီး သတိေပးခ်က္မ်ားကို တိုးျမႇင့္ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
Jiangsu ျပည္နယ္တြင္ လူအေသအေပ်ာက္ရွိခဲ့သည့္ ေလဆင္ႏွာေမာင္းတိုက္ခတ္ၿပီးေနာက္ အာဏာပိုင္မ်ားသည္ သတိထားေနၾကရန္ ျပည္သူမ်ားကို တိုက္တြန္းခဲ့ေၾကာင္း သိရသည္။ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈသည္ စက္တင္ဘာလ(၁၉)ရက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ဆိုရွယ္မီဒီယာမ်ားေပၚတြင္တင္ထားေသာ ဓါတ္ပုံမ်ားတြင္ ကားမ်ား ေမွာက္ေနျခင္း၊ ဓါတ္အားလိုင္းမ်ား ျပတ္ေတာက္ေနျခင္း ႏွင့္ လမ္းမမ်ားေပၚတြင္ အပ်က္အစီးမ်ား ျပန႔္က်ဲေနသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။
မ်က္ျမင္သက္ေသတစ္ဦး က "ကြၽန္ေတာ္ တံခါးဝမွာရပ္ေနတဲ့အခ်ိန္မွာ ဆိုလာပစၥည္းေတြနဲ႔ သစ္ပင္ေတြ ေလထဲမွာ လြင့္ပါေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ကြၽန္ေတာ္တကယ္ကို အံ့ဩသြားခဲ့ပါတယ္" ဟု ေျပာခဲ့သည္။ ေလဆင္ ႏွာေမာင္းတိုက္ခတ္မႈသည္ Jiangsu ျပည္နယ္ Suqian ၿမိဳ႕ ႏွင့္ Yancheng ၿမိဳ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Suqian ၿမိဳ႕တြင္ ေလဆင္ႏွာေမာင္းဝင္ေရာက္တိုက္ခတ္ခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၅)ဦးေသဆုံးခဲ့ကာ အျခားလူ (၄) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေနအိမ္ေပါင္း(၁၆၄၆)လုံး ထိခိုက္ပ်က္စီးခဲ့သလို သီးႏွံစိုက္ခင္းဧကမ်ားစြာ ပ်က္စီးခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ေနာက္ Yancheng ၿမိဳ႕တြင္ ေလဆင္ႏွာေမာင္းထပ္မံတိုက္ခတ္ခဲ့ၿပီး လူ(၅)ဦးေသဆုံးကာ အျခားလူ(၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း CCTV သတင္းဌာနက ေဖာ္ျပခဲ့သည္။ အာဏာပိုင္မ်ားသည္ Chongqing ျမဴနီစီပယ္၊ Guizhou ျပည္နယ္ရွိ ေဒသမ်ား၊ ဟူနန္ျပည္နယ္၊ Anhui ျပည္နယ္ ႏွင့္ Hubei ျပည္နယ္တို႔အတြက္လည္း မိုးေလဝသသတိေပးခ်က္မ်ား ထုတ္ျပန္ခဲ့ေၾကာင္းလည္း သိရသည္။