ပွင့်လင်းရာသီကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ဦးစားပေးသွားရောက်လည်ပတ်သင့်သည့် ခရီးစဥ်ဒေသ(၁၄)ခုကို ဟိုတယ်/ခရီးထုတ်ပြန်

 2026

ယွန်း (NP News) - စက်တင်ဘာ ၂၁

လာမည့် ပွင့်လင်းရာသီကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ဦးစားပေးသွားရောက်လည်ပတ်သင့်သည့် ခရီးစဥ်ဒေသ(၁၄)ခုကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ယနေ့(စက်တင်ဘာလ ၂၁ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးဖော်ပြထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်များဖြင့် ထင်ရှားကျော်ကြားသည့် သမိုင်းဝင်ဘုရား၊ စေတီပုထိုးများ၊ ရှေးဟောင်းအဆောက်အဦများနှင့် တောတောင်ရေမြေ သဘာဝအလှအပများအား လေ့လာကြည့်ရှုခံစားနိုင်ရန် ဦးစားပေးသွားရောက်လည်ပတ်သင့်သည့် ခရီးစဥ်ဒေသများကို ဝန်ကြီးဌာနမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ ခရီးစဥ်ဒေသ (၁၄)ခုတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော-တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင် နှင့် ပူတာအို တို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အထက်ပါခရီးစဥ်ဒေသများ၏ ဒေသတစ်ခုချင်းစီအလိုက် ခရီးသွားဆွဲဆောင်ရာနေရာများနှင့် သွားလာလည်ပတ်ရာတွင် ဆောင်ရွက်နိုင်မည့် ဖော်ပြချက်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ website များဖြစ်သော www.tourism.gov.mm နှင့် www.tourisminmyanmar.com တို့တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့ပြင် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများသည့် နေပြည်တော်တွင် လည်ပတ်ရန်ခရီးစဥ်ဒေသ(၃၈)ခုရှိကြောင်း ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌက ပြီးခဲ့သည့် ရက်ပိုင်းတွင် အသိပေးထားသည်။

zawgyi version
ပြင့္လင္းရာသီကာလအတြင္း ျပည္တြင္း၊ ျပည္ပခရီးသြားဧည့္သည္မ်ား ဦးစားေပးသြားေရာက္လည္ပတ္သင့္သည့္ ခရီးစဥ္ေဒသ(၁၄)ခုကို ဟိုတယ္/ခရီးထုတ္ျပန္
ယြန္း (NP News) - စက္တင္ဘာ ၂၁

လာမည့္ ပြင့္လင္းရာသီကာလအတြင္း ျပည္တြင္း၊ ျပည္ပခရီးသြားဧည့္သည္မ်ား ဦးစားေပးသြားေရာက္လည္ပတ္သင့္သည့္ ခရီးစဥ္ေဒသ(၁၄)ခုကို ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။

ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနက ယေန႔(စက္တင္ဘာလ ၂၁ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးေဖာ္ျပထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံရွိ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္မ်ားျဖင့္ ထင္ရွားေက်ာ္ၾကားသည့္ သမိုင္းဝင္ဘုရား၊ ေစတီပုထိုးမ်ား၊ ေရွးေဟာင္းအေဆာက္အဦမ်ားႏွင့္ ေတာေတာင္ေရေျမ သဘာဝအလွအပမ်ားအား ေလ့လာၾကည့္ရႈခံစားႏိုင္ရန္ ဦးစားေပးသြားေရာက္လည္ပတ္သင့္သည့္ ခရီးစဥ္ေဒသမ်ားကို ဝန္ႀကီးဌာနမွ ထုတ္ျပန္ထားျခင္းျဖစ္သည္။

အဆိုပါ ခရီးစဥ္ေဒသ (၁၄)ခုတြင္ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး၊ ပုဂံ၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ငပလီ၊ ျပင္ဦးလြင္၊ အင္းေလး၊ ကေလာ-ေတာင္ႀကီး၊ ေကာ့ေသာင္း၊ ေက်ာက္ျဖဴ၊ မာန္ေအာင္ ႏွင့္ ပူတာအို တို႔ ပါဝင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အထက္ပါခရီးစဥ္ေဒသမ်ား၏ ေဒသတစ္ခုခ်င္းစီအလိုက္ ခရီးသြားဆြဲေဆာင္ရာေနရာမ်ားႏွင့္ သြားလာလည္ပတ္ရာတြင္ ေဆာင္႐ြက္ႏိုင္မည့္ ေဖာ္ျပခ်က္မ်ားကို ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၏ website မ်ားျဖစ္ေသာ www.tourism.gov.mm ႏွင့္ www.tourisminmyanmar.com တို႔တြင္ ဝင္ေရာက္ေလ့လာႏိုင္ေၾကာင္း ဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

ထို႔ျပင္ ခရီးသြားဧည့္သည္မ်ား လာေရာက္လည္ပတ္မႈမ်ားသည့္ ေနျပည္ေတာ္တြင္ လည္ပတ္ရန္ခရီးစဥ္ေဒသ(၃၈)ခုရွိေၾကာင္း ခရီးသြားလုပ္ငန္းေကာ္မတီဥကၠ႒က ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ အသိေပးထားသည္။

Related news

© 2021. All rights reserved.