မတ္တရာမြို့နယ်၌ တစ်ရက်အတွင်း သတ်ဖြတ်ခံထားရသည့် အမျိုးသားအလောင်း(၆)လောင်း တွေ့ရှိခဲ့ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်

1071

NP News - စက်တင်ဘာ ၂၂
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စက်တင်ဘာလ (၁၉)ရက် တစ်ရက်တည်းအတွင်း အမျိုးသား(၆)ဦး သတ်ဖြတ်ခံ ခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က စက်တင်ဘာ ၂၁ ရက်တွင် အထက်ပါကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မတ္တရာမြို့နယ်၊ နံ့သာမြို့င်ကျေးရွာတွင်နေထိုင်သည့် ရာအိမ်မှုးဖြစ်သူ ဦးဝင်းကျော်ကျော်သည် စက်တင်ဘာ(၁၉) ရက် နံနက်(၇)နာရီ အချိန်ခန့်တွင် ဥက္ကံကျေးရွာမှ ၎င်းနေထိုင်ရာရွာသို့ ဆိုင်ကယ်ဖြင့်တစ်ဦးတည်း ပြန်လာစဉ် ပြန်လည်သန်စွမ်းဆေးရုံ(အထက်မြန်မာပြည်) အနီးအရောက်၌ PDFအဖွဲ့ အင်အား(၄)ဦးက နောက်မှဆိုင်ကယ် (၂)စီးဖြင့်လိုက်လာကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင်း ဦးဝင်းကျော်ကျော်(၄၄)နှစ်သည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာ နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၈ နာရီအချိန်တွင် ထန်းပင်ကုန်းကျေးရွာ၊ အယ်ဖာဘိလပ်မြေစက်ရုံသွားသည့် လမ်းခွဲအနီးတွင် အမျိုးသား (၄)ဦး သေနတ်၊ ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။
သေဆုံးနေသည့်အမျိုးသား(၄)ဦးမှာ အသက်(၅၆)နှစ်၊ အသက်(၄၃)နှစ်၊ အသက်(၃၈)နှစ်နှင့် အသက်(၅၂)နှစ်တို့ ရှိ ကြပြီး ၎င်းတို့တွင် သေနတ်၊ ဓားဒဏ်ရာများဖြင့် သေဆုံးနေသဖြင့် စစ်ဆေးနိုင်ရေး မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထို့ပြင် အဆိုပါနေ့ ည ၈နာရီအချိန်တွင် ထန်းပင်ကုန်းကျေးရွာတွင်နေထိုင်သည့် ဦးစိုးမိုး(ခ)စွန်ရဲသည် ၎င်း၏ နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် PDFအဖွဲ့ အင်အား(၁ဝ)ဦးက လက်နက်များကိုင်ဆောင်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။
ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ဦးစိုးမိုး(ခ)စွန်ရဲ(၄၁)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်များ၏ သတ်ဖြတ်မှုများကြောင့် စက်တင်ဘာ(၁၉)ရက် တစ်ရက်ထဲ၌ အမျိုးသား(၆)ဦးသေဆုံးခဲ့ပြီး ဖြစ်စဥ်နှင့်ပတ်သက်၍ ကျူးလွန်သူများ အား ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အလားတူ မတ္တရာမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက အမျိုးသား(၈)ဦး အမျိုးသမီး(၁)ဦး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ ရပြီး မိုင်းပေါက်ကွဲမှုကြောင့် အသက်(၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

Zawgyi Version;
မတၱရာၿမိဳ႕နယ္၌ တစ္ရက္အတြင္း သတ္ျဖတ္ခံထားရသည့္ အမ်ိဳးသားအေလာင္း(၆)ေလာင္း ေတြ႕ရွိခဲ့ဟု ရဲတပ္ဖြဲ႕ ထုတ္ျပန္
NP News - စက္တင္ဘာ ၂၂
မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္တြင္ စက္တင္ဘာလ (၁၉)ရက္ တစ္ရက္တည္းအတြင္း အမ်ိဳးသား(၆)ဦး သတ္ျဖတ္ခံ ခဲ့ရေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က စက္တင္ဘာ ၂၁ ရက္တြင္ အထက္ပါကဲ့သို႔ သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
မတၱရာၿမိဳ႕နယ္၊ နံ႔သာၿမိဳ႕င္ေက်း႐ြာတြင္ေနထိုင္သည့္ ရာအိမ္မႈးျဖစ္သူ ဦးဝင္းေက်ာ္ေက်ာ္သည္ စက္တင္ဘာ(၁၉) ရက္ နံနက္(၇)နာရီ အခ်ိန္ခန႔္တြင္ ဥကၠံေက်း႐ြာမွ ၎ေနထိုင္ရာ႐ြာသို႔ ဆိုင္ကယ္ျဖင့္တစ္ဦးတည္း ျပန္လာစဥ္ ျပန္လည္သန္စြမ္းေဆး႐ုံ(အထက္ျမန္မာျပည္) အနီးအေရာက္၌ PDFအဖြဲ႕ အင္အား(၄)ဦးက ေနာက္မွဆိုင္ကယ္ (၂)စီးျဖင့္လိုက္လာကာ ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ပစ္ခတ္ခံရမႈေၾကာင္း ဦးဝင္းေက်ာ္ေက်ာ္(၄၄)ႏွစ္သည္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာ ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အလားတူ နံနက္ ၈ နာရီအခ်ိန္တြင္ ထန္းပင္ကုန္းေက်း႐ြာ၊ အယ္ဖာဘိလပ္ေျမစက္႐ုံသြားသည့္ လမ္းခြဲအနီးတြင္ အမ်ိဳးသား (၄)ဦး ေသနတ္၊ ဓားဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။
ေသဆုံးေနသည့္အမ်ိဳးသား(၄)ဦးမွာ အသက္(၅၆)ႏွစ္၊ အသက္(၄၃)ႏွစ္၊ အသက္(၃၈)ႏွစ္ႏွင့္ အသက္(၅၂)ႏွစ္တို႔ ရွိ ၾကၿပီး ၎တို႔တြင္ ေသနတ္၊ ဓားဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသျဖင့္ စစ္ေဆးႏိုင္ေရး မတၱရာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
ထို႔ျပင္ အဆိုပါေန႔ ည ၈နာရီအခ်ိန္တြင္ ထန္းပင္ကုန္းေက်း႐ြာတြင္ေနထိုင္သည့္ ဦးစိုးမိုး(ခ)စြန္ရဲသည္ ၎၏ ေနအိမ္၌ မိသားစုႏွင့္အတူ ရွိေနစဥ္ PDFအဖြဲ႕ အင္အား(၁ဝ)ဦးက လက္နက္မ်ားကိုင္ေဆာင္ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ ထားသည္။
ပစ္ခတ္သတ္ျဖတ္ခံရမႈေၾကာင့္ ဦးစိုးမိုး(ခ)စြန္ရဲ(၄၁)ႏွစ္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာ ေနရာ၌ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အၾကမ္းဖက္မ်ား၏ သတ္ျဖတ္မႈမ်ားေၾကာင့္ စက္တင္ဘာ(၁၉)ရက္ တစ္ရက္ထဲ၌ အမ်ိဳးသား(၆)ဦးေသဆုံးခဲ့ၿပီး ျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ား အား ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
အလားတူ မတၱရာၿမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ရက္ပိုင္းက အမ်ိဳးသား(၈)ဦး အမ်ိဳးသမီး(၁)ဦး အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ ရၿပီး မိုင္းေပါက္ကြဲမႈေၾကာင့္ အသက္(၁၂)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။