မန္တလေးမြို့တွင် အမျိုသား(၂)ဦးအား ပုဆိန်ဖြင့်ခုတ်ကာ အုပ်စုဖွဲ့ဆိုင်ကယ်လုယက်မှု ဖြစ်ပွား

 1614

သန့်ဇင် (NP News) - စက်တင်ဘာ ၂၂

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အမျိုးသား(၂)ဦးအား ပုဆိန်ဖြင့်ခုတ်ကာ အုပ်စုဖွဲ့ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂၂ ရက်) မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်း နှင့် ၁၃၆ လမ်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အဲဒီလမ်းက လူပျက်တယ်လို့လဲသိရပါတယ်။ အခုတ်ခံရတဲ့ ဦးလေးက သူ့သားမက်နဲ့ ဆိုင်ကယ်စီးလာတာကို လူ(၄)ယောက်က တားပြီး ပုဆိန်နဲ့ခုတ်ပြီး ဆိုင်ကယ်လုပြေးတာပေါ့” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ ပုဆိန်ဖြင့်အခုတ်ခံရမှုကြောင့် အသက်(၅၀)ဝန်ကျင်အမျိုးသားတစ်ဦးတွင် ယာဘက်ပါး နှင့် နှာခေါင်းပြတ်ရှ ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဒဏ်ရာရရှိသူအမျိုးသားအား လောကပါလ လူမှုကူညီရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

“လုယက်မှုဖြစ်စဉ်တွေကတော့ မန္တလေးမှာ နေရာတိုင်းလိုလို တွေ့လာရတယ်။ နေခင်းတွေမှာတောင် လုပ်လာကြ တာဆိုတော့ လုံခြံရေးအားနည်းမှုကြောင့်လို့ ထင်တယ်ပေါ့နော်။ ပစ္စည်းကိုလုတာတင်မကဘဲ လူကိုလုပ်တဲ့ဖြစ်ရပ် တွေလဲ ရှိတယ်။ ဒီမှာဆိုရင် တစ်လအတွင်း လုယက်မှု (၁ဝ)ခုထက်မနည်းရှိမယ်” ဟု ၎င်းက ဆက်လက်ပြော သည်။

မန္တလေးမြို့တွင် ယခုလအတွင်း အကြမ်းဖက်လုယက်မှုများ မကြာခဏရှိခဲ့ရာ လွန်ခဲ့သော စက်တင်ဘာ ၉ ရက် ကလည်း စုံတွဲတစ်တွဲထံမှ ဓားထောက်၍ ဆိုင်ကယ်လုယက်သူများအား ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်။

Zawgyi Version;
မႏၲေလးၿမိဳ႕တြင္ အမ်ိဳသား(၂)ဦးအား ပုဆိန္ျဖင့္ခုတ္ကာ အုပ္စုဖြဲ႕ဆိုင္ကယ္လုယက္မႈ ျဖစ္ပြား
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂၂

မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ အမ်ိဳးသား(၂)ဦးအား ပုဆိန္ျဖင့္ခုတ္ကာ အုပ္စုဖြဲ႕ဆိုင္ကယ္လုယက္မႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာလ ၂၂ ရက္) မြန္းလြဲ ၁၂ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၆၁ လမ္း ႏွင့္ ၁၃၆ လမ္းအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“အဲဒီလမ္းက လူပ်က္တယ္လို႔လဲသိရပါတယ္။ အခုတ္ခံရတဲ့ ဦးေလးက သူ႔သားမက္နဲ႔ ဆိုင္ကယ္စီးလာတာကို လူ(၄)ေယာက္က တားၿပီး ပုဆိန္နဲ႔ခုတ္ၿပီး ဆိုင္ကယ္လုေျပးတာေပါ့” ဟု ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ ပုဆိန္ျဖင့္အခုတ္ခံရမႈေၾကာင့္ အသက္(၅၀)ဝန္က်င္အမ်ိဳးသားတစ္ဦးတြင္ ယာဘက္ပါး ႏွင့္ ႏွာေခါင္းျပတ္ရွ ဒဏ္ရာတစ္ခ်က္ ရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဒဏ္ရာရရွိသူအမ်ိဳးသားအား ေလာကပါလ လူမႈကူညီေရးအသင္းမွ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

“လုယက္မႈျဖစ္စဥ္ေတြကေတာ့ မႏၲေလးမွာ ေနရာတိုင္းလိုလို ေတြ႕လာရတယ္။ ေနခင္းေတြမွာေတာင္ လုပ္လာၾက တာဆိုေတာ့ လုံၿခံေရးအားနည္းမႈေၾကာင့္လို႔ ထင္တယ္ေပါ့ေနာ္။ ပစၥည္းကိုလုတာတင္မကဘဲ လူကိုလုပ္တဲ့ျဖစ္ရပ္ ေတြလဲ ရွိတယ္။ ဒီမွာဆိုရင္ တစ္လအတြင္း လုယက္မႈ (၁ဝ)ခုထက္မနည္းရွိမယ္” ဟု ၎က ဆက္လက္ေျပာ သည္။

မႏၲေလးၿမိဳ႕တြင္ ယခုလအတြင္း အၾကမ္းဖက္လုယက္မႈမ်ား မၾကာခဏရွိခဲ့ရာ လြန္ခဲ့ေသာ စက္တင္ဘာ ၉ ရက္ ကလည္း စုံတြဲတစ္တြဲထံမွ ဓားေထာက္၍ ဆိုင္ကယ္လုယက္သူမ်ားအား ျပည္သူမ်ားက ဝိုင္းဝန္းဖမ္းဆီးေပးခဲ့သည့္ ျဖစ္စဥ္ရွိခဲ့ဖူးသည္။

Related news

© 2021. All rights reserved.