ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း မှောင်ခိုရောင်းဝယ်ဖောက်ကညးတဲ့ မျောက်ဦးခေါင်းခွံ ၄ဝဝ နီးပါး သိမ်းဆည်းရမိ

909

ရောင်နီ (NP News) - စက်တင်ဘာ ၂၃
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ချာလက်စ်ဒဲဂါလက်လေဆိပ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း မျိုးတုန်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိတဲ့ မျောက်မျိုးစိတ်တွေရဲ့ ဦးခေါင်းခွံ ၄ဝဝ နီးပါးခန့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ အကောက်ခွန်အရာရှိတွေက ကြာသပတေးနေ့ (စက်တင်ဘာ ၂၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ မြို့တော်ရဲ့အကြီးဆုံးလေဆိပ်ဖြစ်တဲ့ ချာလက်စ်ဒဲဂါလက်လေဆိပ်မှာ အကောက်ခွန်အေးဂျင့်တွေဟာ ၂ဝ၂၂ ခုနှစ် မေလမှ ဒီဇင်ဘာလအတွင်း ကင်မရွန်းနိုင်ငံမှ ပြင်သစ်မှာ တဆင့်ခံကာ အမေရိကန်ကို ပို့ဆောင်မယ့် တိရစ္ဆာန်ဦးခေါင်းခွံတွေ ပါရှိတဲ့ အထုပ် ၃၉၂ ထုပ်ထိ တွေ့ရှိခဲ့ရတယ်လို့ ကြာသပတေးနေ့ (စက်တင်ဘာ ၂၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။
မျိုးတုန်းအန္တရာယ်ရှိ ကာကွယ်ခံ မျိုးစိတ်တွေရဲ့ဦးခေါင်းခွံတွေ (သို့မဟုတ်) အရိုးတွေ ပါရှိတဲ့ ရာနဲ့ချီတဲ့ အထုပ်တွေ သိမ်းဆည်းရမိခဲ့ပြီး ကာကွယ်ခံမျိုးစိတ်တွေကို ရောင်းဝယ်ဖောက်ကားခြင်းဟာ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ လူကုန်ကူးမှုလိုဘဲ ငွေအလွန်ရတဲ့ မကောင်းတဲ့ကုန်သွယ်မှုတစ်ခုဖြစ်တယ်လို့ လေဆိပ်အကောက်ခွန်အကြီးအကဲ ဂီဘက်ဘက်လ်တရန် က ဆိုပါတယ်။
ဒီလုပ်ငန်းဟာ တစ်နှစ်ကို ယူရို ၈ ဘီလျံမှ ၂ဝ ဘီလျံ (ဒေါ်လာ ၈.၅ ဘီလျံ မှ ၂၁.၃ ဘီလျံျံ ထိ ရရှိနိုင်တယ်လို့ ၎င်းက ထပ်လောင်းဆိုပါတယ်။
အကောက်ခွန်အရာရှိတွေဟာ ၂ဝ၂၂ ခုနှစ် မေလက အာဖရိကမှ တင်ဆောင်လာတဲ့ ဦးခေါင်းခွံခုနစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်မှာ မျောက်ဦးခေါင်းခွံ ရောင်းဝယ်ဖောက်ကားမှုကို ပထမဆုံး သိရှိလာခဲ့တာဖြစ်ပြီး အရှိန်မြှင့် ရှာဖွေမှုတွေပြုလုပ်ခဲ့ပါတယ်။ တွေ့ရှိလာရတဲ့ မှောင်ခိုရောင်းဝယ်ဖောက်ကားမှု ပစ္စည်း အများစုဟာ Macaques၊ baboons ၊ mandrills နဲ့ ချင်ပန်ဇီတွေဖြစ်တယ်လို့ သိရပါတယ်။
များသောအားဖြင့် မျောက်ဝံတွေရဲ့ဦးခေါင်းခွံတွေကို အဓိကထား ရောင်းဝယ်ဖောက်ကားခြင်းဖြစ်တယ်လို့ အကောက်ခွန်ကျွမ်းကျင်သူ ဖာဘရစ်ဂါရက် က ပြောကြားခဲ့ပါတယ်။ မျောက်ဝံငယ်တွေရဲ့ ဦးခေါင်းခွံတွေဟာ တစ်လုံးကို ယူရို ၃ဝ မှ ၅ဝ (ဒေါ်လာ ၃၂ မှ ၅၃ ဒေါ်လာ)ရှိပြီး၊ ပိုကြီးတဲ့ ဦးခေါင်းခွံတွေဟာ ယူရို ၄ဝဝ မှ ၅ဝဝ (ဒေါ်လာ ၄၂၆ မှ ၅၃၂ ဒေါ်လာ) အထိ ပေါက်စျေးရှိတယ်လို့ သိရပါတယ်။
ဖျံ၊ ကျား၊ အိမ်မြှောင်နဲ့ ငှက်တွေ အပါအဝင် အခြားမျိုးစိတ်တွေရဲ့ အကြွင်းအကျန်တွေကို ရောင်းဝယ်ဖောက်ကားတဲ့စျေးကွက်တွေလည်း ရှိပါတယ်။ အဆိုပါ သိမ်းဆည်းရမိတဲ့ ဦးခေါင်းခွံတွေကို ပြင်သစ်နိုင်ငံတောင်ပိုင်း Aix-en-Provence ရှိ သဘာဝသမိုင်းပြတိုက်ကို သိပ္ပံနည်းကျ အကဲဖြတ်ဖို့အတွက် လွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။

Zawgyi Version;
ျပင္သစ္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္အတြင္း ေမွာင္ခိုေရာင္းဝယ္ေဖာက္ကညးတဲ့ ေမ်ာက္ဦးေခါင္းခြံ ၄ဝဝ နီးပါး သိမ္းဆည္းရမိ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၃
ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕ရွိ ခ်ာလက္စ္ဒဲဂါလက္ေလဆိပ္မွာ ၿပီးခဲ့တဲ့ႏွစ္အတြင္း မ်ိဳးတုန္းေပ်ာက္ကြယ္ဖို႔ အႏၲရာယ္ရွိတဲ့ ေမ်ာက္မ်ိဳးစိတ္ေတြရဲ႕ ဦးေခါင္းခြံ ၄ဝဝ နီးပါးခန္႔ကို သိမ္းဆည္းရမိခဲ့တယ္လို႔ အေကာက္ခြန္အရာရွိေတြက ၾကာသပေတးေန႔ (စက္တင္ဘာ ၂၁ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
ျပင္သစ္ႏိုင္ငံ ၿမိဳ႕ေတာ္ရဲ႕အႀကီးဆုံးေလဆိပ္ျဖစ္တဲ့ ခ်ာလက္စ္ဒဲဂါလက္ေလဆိပ္မွာ အေကာက္ခြန္ေအးဂ်င့္ေတြဟာ ၂ဝ၂၂ ခုႏွစ္ ေမလမွ ဒီဇင္ဘာလအတြင္း ကင္မ႐ြန္းႏိုင္ငံမွ ျပင္သစ္မွာ တဆင့္ခံကာ အေမရိကန္ကို ပို႔ေဆာင္မယ့္ တိရစာၦန္ဦးေခါင္းခြံေတြ ပါရွိတဲ့ အထုပ္ ၃၉၂ ထုပ္ထိ ေတြ႕ရွိခဲ့ရတယ္လို႔ ၾကာသပေတးေန႔ (စက္တင္ဘာ ၂၁ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
မ်ိဳးတုန္းအႏၲရာယ္ရွိ ကာကြယ္ခံ မ်ိဳးစိတ္ေတြရဲ႕ဦးေခါင္းခြံေတြ (သို႔မဟုတ္) အ႐ိုးေတြ ပါရွိတဲ့ ရာနဲ႔ခ်ီတဲ့ အထုပ္ေတြ သိမ္းဆည္းရမိခဲ့ၿပီး ကာကြယ္ခံမ်ိဳးစိတ္ေတြကို ေရာင္းဝယ္ေဖာက္ကားျခင္းဟာ မူးယစ္ေဆးဝါး၊ လက္နက္နဲ႔ လူကုန္ကူးမႈလိုဘဲ ေငြအလြန္ရတဲ့ မေကာင္းတဲ့ကုန္သြယ္မႈတစ္ခုျဖစ္တယ္လို႔ ေလဆိပ္အေကာက္ခြန္အႀကီးအကဲ ဂီဘက္ဘက္လ္တရန္ က ဆိုပါတယ္။
ဒီလုပ္ငန္းဟာ တစ္ႏွစ္ကို ယူ႐ို ၈ ဘီလ်ံမွ ၂ဝ ဘီလ်ံ (ေဒၚလာ ၈.၅ ဘီလ်ံ မွ ၂၁.၃ ဘီလ်ံ်ံ ထိ ရရွိႏိုင္တယ္လို႔ ၎က ထပ္ေလာင္းဆိုပါတယ္။
အေကာက္ခြန္အရာရွိေတြဟာ ၂ဝ၂၂ ခုႏွစ္ ေမလက အာဖရိကမွ တင္ေဆာင္လာတဲ့ ဦးေခါင္းခြံခုနစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္မွာ ေမ်ာက္ဦးေခါင္းခြံ ေရာင္းဝယ္ေဖာက္ကားမႈကို ပထမဆုံး သိရွိလာခဲ့တာျဖစ္ၿပီး အရွိန္ျမႇင့္ ရွာေဖြမႈေတြျပဳလုပ္ခဲ့ပါတယ္။ ေတြ႕ရွိလာရတဲ့ ေမွာင္ခိုေရာင္းဝယ္ေဖာက္ကားမႈ ပစၥည္း အမ်ားစုဟာ Macaques၊ baboons ၊ mandrills နဲ႔ ခ်င္ပန္ဇီေတြျဖစ္တယ္လို႔ သိရပါတယ္။
မ်ားေသာအားျဖင့္ ေမ်ာက္ဝံေတြရဲ႕ဦးေခါင္းခြံေတြကို အဓိကထား ေရာင္းဝယ္ေဖာက္ကားျခင္းျဖစ္တယ္လို႔ အေကာက္ခြန္ကြၽမ္းက်င္သူ ဖာဘရစ္ဂါရက္ က ေျပာၾကားခဲ့ပါတယ္။ ေမ်ာက္ဝံငယ္ေတြရဲ႕ ဦးေခါင္းခြံေတြဟာ တစ္လုံးကို ယူ႐ို ၃ဝ မွ ၅ဝ (ေဒၚလာ ၃၂ မွ ၅၃ ေဒၚလာ)ရွိၿပီး၊ ပိုႀကီးတဲ့ ဦးေခါင္းခြံေတြဟာ ယူ႐ို ၄ဝဝ မွ ၅ဝဝ (ေဒၚလာ ၄၂၆ မွ ၅၃၂ ေဒၚလာ) အထိ ေပါက္ေစ်းရွိတယ္လို႔ သိရပါတယ္။
ဖ်ံ၊ က်ား၊ အိမ္ေျမႇာင္နဲ႔ ငွက္ေတြ အပါအဝင္ အျခားမ်ိဳးစိတ္ေတြရဲ႕ အႂကြင္းအက်န္ေတြကို ေရာင္းဝယ္ေဖာက္ကားတဲ့ေစ်းကြက္ေတြလည္း ရွိပါတယ္။ အဆိုပါ သိမ္းဆည္းရမိတဲ့ ဦးေခါင္းခြံေတြကို ျပင္သစ္ႏိုင္ငံေတာင္ပိုင္း Aix-en-Provence ရွိ သဘာဝသမိုင္းျပတိုက္ကို သိပၸံနည္းက် အကဲျဖတ္ဖို႔အတြက္ လႊဲေျပာင္းေပးသြားမယ္လို႔ သိရပါတယ္။