ဟားမတ်စ်အဖွဲ့အပေါ်လုပ်ဆောင်ခဲ့သည့်အတိုင်း အီရန်အပေါ် ပြုမူသွားနိုင်ကြောင်း အစ္စရေး သတိပေး

177

Pika (NP News) - မေ ၁၁
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့အပေါ်လုပ်ဆောင်ခဲ့သည့်ပုံစံအတိုင်း အီရန်အပေါ် ပြုမူသွားနိုင်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က သတိပေးပြောဆိုခဲ့သည်။ အစ္စရေးတပ်ဖွဲ့များက အီရန်ကျောထောက်နောက်ခံပြု ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် လေကြောင်းတိုက်ခိုက်မှုများကိုလုပ်ဆောင်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် အဆိုပါသတိပေးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ်က “ဟူသီလက်နက်ကိုင်အဖွဲ့ကို ငွေကြေးနဲ့ စစ်ဘက်ဆိုင်ရာထောက်ပံ့ပေးမှုတွေလုပ်ဆောင်နေတဲ့ အီရန်ခေါင်းဆောင်တွေကို သတိပေးလိုပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အီရန်မှာ တိုက်ရိုက်တာဝန်ရှိပါတယ်။ အစ္စရေးက လက်ဘနွန်အခြေစိုက် ဟစ္စဘိုလာ လက်နက်ကိုင်အဖွဲ့အပေါ် လုပ်ဆောင်ခဲ့တဲ့ ပုံစံတွေ၊ ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ် လက်နက်ကိုင်အဖွဲ့အပေါ် လုပ်ဆောင်ခဲ့တဲ့ပုံစံတွေအတိုင်း အီရန်အပေါ်မှာလည်း လုပ်ဆောင်သွားနိုင်ပါတယ်” ဟု သတိပေးပြောဆိုခဲ့သည်။
ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့၊ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့တို့နှင့်အတူ ယီမင်အခြေစိုက် ဟူသီ လက်နက်ကိုင်အဖွဲ့သည် အစ္စရေးနှင့် ၎င်း၏ မဟာမိတ် အမေရိကန်နိုင်ငံတို့ကို ဆန့်ကျင်မှုများ လုပ် ဆောင်နေသည့် အီရန်ကျောထောက်နောက်ခံပြုအဖွဲ့အစည်းများဖြစ်ကြောင်း သိရသည်။
(၂၀၂၃)ခုနှစ် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ဂါဇာ ကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည် သူများကို ထောက်ခံသည့်အနေဖြင့် အစ္စရေးအပေါ် တိုက်ခိုက်မှုများကို ဟူသီလက်နက်ကိုင်အဖွဲ့က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ဟားမတ္စ္အဖြဲ႕အေပၚလုပ္ေဆာင္ခဲ့သည့္အတိုင္း အီရန္အေပၚ ျပဳမူသြားႏိုင္ေၾကာင္း အစၥေရး သတိေပး
Pika (NP News) - ေမ ၁၁
အစၥေရးက ဂါဇာကမ္းေျမာင္ေဒသရွိ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕အေပၚလုပ္ေဆာင္ခဲ့သည့္ပုံစံအတိုင္း အီရန္အေပၚ ျပဳမူသြားႏိုင္ေၾကာင္း အစၥေရးကာကြယ္ေရးဝန္ႀကီး အစၥေရးကတ္ဇ္က သတိေပးေျပာဆိုခဲ့သည္။ အစၥေရးတပ္ဖြဲ႕မ်ားက အီရန္ေက်ာေထာက္ေနာက္ခံျပဳ ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕အေပၚ ေလေၾကာင္းတိုက္ခိုက္မႈမ်ားကိုလုပ္ေဆာင္ခဲ့ၿပီးေနာက္ ရက္အနည္းငယ္အၾကာတြင္ အဆိုပါသတိေပးမႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
အစၥေရးကာကြယ္ေရးဝန္ႀကီး အစၥေရး ကတ္ဇ္က “ဟူသီလက္နက္ကိုင္အဖြဲ႕ကို ေငြေၾကးနဲ႔ စစ္ဘက္ဆိုင္ရာေထာက္ပံ့ေပးမႈေတြလုပ္ေဆာင္ေနတဲ့ အီရန္ေခါင္းေဆာင္ေတြကို သတိေပးလိုပါတယ္။ ဒီကိစၥေတြနဲ႔ပတ္သက္ၿပီး အီရန္မွာ တိုက္႐ိုက္တာဝန္ရွိပါတယ္။ အစၥေရးက လက္ဘႏြန္အေျခစိုက္ ဟစၥဘိုလာ လက္နက္ကိုင္အဖြဲ႕အေပၚ လုပ္ေဆာင္ခဲ့တဲ့ ပုံစံေတြ၊ ဂါဇာကမ္းေျမာင္ေဒသက ဟားမတ္စ္ လက္နက္ကိုင္အဖြဲ႕အေပၚ လုပ္ေဆာင္ခဲ့တဲ့ပုံစံေတြအတိုင္း အီရန္အေပၚမွာလည္း လုပ္ေဆာင္သြားႏိုင္ပါတယ္” ဟု သတိေပးေျပာဆိုခဲ့သည္။
ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕၊ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕တို႔ႏွင့္အတူ ယီမင္အေျခစိုက္ ဟူသီ လက္နက္ကိုင္အဖြဲ႕သည္ အစၥေရးႏွင့္ ၎၏ မဟာမိတ္ အေမရိကန္ႏိုင္ငံတို႔ကို ဆန႔္က်င္မႈမ်ား လုပ္ ေဆာင္ေနသည့္ အီရန္ေက်ာေထာက္ေနာက္ခံျပဳအဖြဲ႕အစည္းမ်ားျဖစ္ေၾကာင္း သိရသည္။
(၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္တြင္ အစၥေရး-ဟားမတ္စ္စစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ ဂါဇာ ကမ္းေျမာင္ေဒသရွိ ပါလက္စတိုင္းျပည္ သူမ်ားကို ေထာက္ခံသည့္အေနျဖင့္ အစၥေရးအေပၚ တိုက္ခိုက္မႈမ်ားကို ဟူသီလက္နက္ကိုင္အဖြဲ႕က စတင္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။