တောခေါင်းတစ်ဦးအား အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

7053
Pearl (NP News) - စက်တင်ဘာ ၂၃
သစ်တောဦးစီးဌာန၊ တောခေါင်းတစ်ဦးအား အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၂၂ရက်)၊ နံနက် (၈)နာရီ အချိန်ခန့်တွင် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် ၊ ထန်းပင်ကုန်းကျေးရွာအနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာအနီးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ တောခေါင်းဖြစ်သူ ဦးအုန်းလှိုင်အား အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ် ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ၎င်းထံမှ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကျပ် (၃)သိန်းနီးပါးကို အကြမ်းဖက်အဖွဲ့မှလုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးအုန်းလှိုင်အား မြေအောက်ပျောက်ကျားတပ်ဖွဲ့ - အုတ်ဖိုမှ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ (စက်တင်ဘာလ ၂၂ရက်)တွင် ၎င်းတို့မှ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
zawgyi version
ေတာေခါင္းတစ္ဦးအား အၾကမ္းဖက္အဖြဲ႕မွ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္
Pearl (NP News) - စက္တင္ဘာ ၂၃
သစ္ေတာဦးစီးဌာန၊ ေတာေခါင္းတစ္ဦးအား အၾကမ္းဖက္အဖြဲ႕မွ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာလ ၂၂ရက္)၊ နံနက္ (၈)နာရီ အခ်ိန္ခန႔္တြင္ ပဲခူးတိုင္း၊ အုတ္ဖိုၿမိဳ႕နယ္ ၊ ထန္းပင္ကုန္းေက်း႐ြာအနီးတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေက်း႐ြာအနီးတြင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ သစ္ေတာဦးစီးဌာန၏ ေတာေခါင္းျဖစ္သူ ဦးအုန္းလႈိင္အား အၾကမ္းဖက္အဖြဲ႕မွ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံသတ္ ျဖတ္သြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ၎တြင္ က်ည္ထိမွန္ ဒဏ္ရာမ်ားရရွိခဲ့၍ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ၿပီး ၎ထံမွ ဆိုင္ကယ္၊ ဖုန္း ႏွင့္ ေငြက်ပ္ (၃)သိန္းနီးပါးကို အၾကမ္းဖက္အဖြဲ႕မွလုယက္ ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဦးအုန္းလႈိင္အား ေျမေအာက္ေပ်ာက္က်ားတပ္ဖြဲ႕ - အုတ္ဖိုမွ ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ယမန္ေန႔ (စက္တင္ဘာလ ၂၂ရက္)တြင္ ၎တို႔မွ ထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။