Covid-19 ဟာ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိ

 1382

ရောင်နီ (NP News) - စက်တင်ဘာ ၂၄

Covid-19 ကူးစက်မှုကြောင့် ဆေးရုံတက်နေရသူ သုံးပုံတစ်ပုံဟာ ကူးစက်ခံရပြီးနောက် လပေါင်းများစွာအတွင်း ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများစွာမှာ မူမမှန်မှုတွေ တွေ့ရှိလာရတယ်လို့ ဗြိတိန်လေ့လာမှုတစ်ခုက စနေနေ့(စက်တင်ဘာလ ၂၃ ရက်)မှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ သန်းနဲ့ချီတဲ့ Covid ကူးစက်ခံလူနာတွေဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ပထမဆုံး အသက်ရှူကြပ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းစတဲ့ လက္ခဏာတွေကို ခံစားကြရပြီး ရေရှည်မှာ Covid-19 က ဘယ်လို ရောဂါလက္ခဏာတွေ ဖြစ်စေနိုင်သလဲ အပါအဝင် ဘယ် လိုအခြေအနေတွေအထိ ဖြစ်စေနိုင်လဲဆိုတာ လေ့လာခဲ့ကြပါတယ်။ လေ့လာမှုကို The Lancet Respiratory Medicine ဂျာနယ်မှ ထုတ်ဝေဖော်ပြခဲ့တာဖြစ်ပါတယ်။

အဆိုပါလေ့လာမှုဟာ Covid-19 ကြောင့် ဆေးရုံတက်ကုသမှုခံရသူတွေကို ဦးနှောက်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နဲ့ အဆုတ်စတဲ့ ကိုယ်တွင်းအင်္ဂါရပ်တွေကို MRI စကင်န်ဖတ်ကြည့်ရှုခြင်းမှတွေ့ရှိလာတဲ့ ရလဒ်တွေဖြစ်ပါတယ်။ ၎င်းဟာ ၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ဗြိတိန်တစ်ဝှမ်း Covid-19 နဲ့ ဆေးရုံတက်ခဲ့ရတဲ့အရွယ်ရောက်ပြီးသူ ၂၅၉ ဦးရဲ့ ကိုယ်တွင်းအင်္ဂါ ကို စကင်ဖတ်ပြီး ဗိုင်းရပ်စ်ပိုးမကူးစက်ဖူးသူ ၅၂ ဦးနဲ့ နှိုင်းယှဉ် ကြည့်ရှုလေ့လာခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီတွေ့ရှိချက်မှာ Covid-19 လူနာ သုံးပုံတစ်ပုံနီးပါးဟာ ဆေးရုံမှဆင်းပြီးနောက် ပျမ်းမျှငါးလအကြာမှာ ကိုယ်တွင်းအင်္ဂါ တစ်ခုထက်ပိုပြီး မူမမှန်မှုတွေ တွေ့ရှိရတယ်လို့ လေ့လာမှုက ဆိုပါတယ်။ Covid-19 နဲ့ ဆေးရုံတင်ထားသူတွေမှာ အဆုတ်ပုံမမှန် ဖြစ်နိုင်ခြေ ၁၄ ဆပိုများပြီး ၎င်းတို့ရဲ့ ဦးနှောက်မူမမှန်ဖြစ်နိုင်ခြေဟာလည်း သုံးဆပိုများတယ်လို့ လေ့လာမှုက ဆိုပါတယ်။

ကိုယ်တွင်းအင်္ဂါမူမမှန်မှုများစွာ ဖြစ်ပေါ်လာပြီဆိုရင် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေရှိလာနိုင်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကိုတောင် ကောင်းကောင်းလုပ်ဆောင်နိုင်တော့မှာ မဟုတ်ဘူးလို့ Oxford တက္ကသိုလ်မှ အဆိုပါ လေ့လာမှုရဲ့ ဦးဆောင်စာရေးဆရာ ဘက်တီရာမန် က အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

zawgyi version
Covid-19 ဟာ ကိုယ္တြင္းအဂၤါ အစိတ္အပိုင္းေတြကို ေျပာင္းလဲမႈေတြ ျဖစ္ေစႏိုင္ေၾကာင္း ေလ့လာေတြ႕ရွိ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၄

Covid-19 ကူးစက္မႈေၾကာင့္ ေဆး႐ုံတက္ေနရသူ သုံးပုံတစ္ပုံဟာ ကူးစက္ခံရၿပီးေနာက္ လေပါင္းမ်ားစြာအတြင္း ကိုယ္တြင္း အဂၤါအစိတ္အပိုင္းမ်ားစြာမွာ မူမမွန္မႈေတြ ေတြ႕ရွိလာရတယ္လို႔ ၿဗိတိန္ေလ့လာမႈတစ္ခုက စေနေန႔(စက္တင္ဘာလ ၂၃ ရက္)မွာ ေျပာၾကားခဲ့ပါတယ္။

ကမာၻတစ္ဝွမ္းရွိ သန္းနဲ႔ခ်ီတဲ့ Covid ကူးစက္ခံလူနာေတြဟာ ဗိုင္းရပ္စ္ကူးစက္ခံရၿပီးေနာက္ ပထမဆုံး အသက္ရႉၾကပ္ျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္းစတဲ့ လကၡဏာေတြကို ခံစားၾကရၿပီး ေရရွည္မွာ Covid-19 က ဘယ္လို ေရာဂါလကၡဏာေတြ ျဖစ္ေစႏိုင္သလဲ အပါအဝင္ ဘယ္ လိုအေျခအေနေတြအထိ ျဖစ္ေစႏိုင္လဲဆိုတာ ေလ့လာခဲ့ၾကပါတယ္။ ေလ့လာမႈကို The Lancet Respiratory Medicine ဂ်ာနယ္မွ ထုတ္ေဝေဖာ္ျပခဲ့တာျဖစ္ပါတယ္။

အဆိုပါေလ့လာမႈဟာ Covid-19 ေၾကာင့္ ေဆး႐ုံတက္ကုသမႈခံရသူေတြကို ဦးေႏွာက္၊ ႏွလုံး၊ အသည္း၊ ေက်ာက္ကပ္နဲ႔ အဆုတ္စတဲ့ ကိုယ္တြင္းအဂၤါရပ္ေတြကို MRI စကင္န္ဖတ္ၾကည့္ရႈျခင္းမွေတြ႕ရွိလာတဲ့ ရလဒ္ေတြျဖစ္ပါတယ္။ ၎ဟာ ၂၀၂၀ ခုႏွစ္မွ ၂၀၂၁ ခုႏွစ္အတြင္း ၿဗိတိန္တစ္ဝွမ္း Covid-19 နဲ႔ ေဆး႐ုံတက္ခဲ့ရတဲ့အ႐ြယ္ေရာက္ၿပီးသူ ၂၅၉ ဦးရဲ႕ ကိုယ္တြင္းအဂၤါ ကို စကင္ဖတ္ၿပီး ဗိုင္းရပ္စ္ပိုးမကူးစက္ဖူးသူ ၅၂ ဦးနဲ႔ ႏႈိင္းယွဥ္ ၾကည့္ရႈေလ့လာခဲ့ျခင္းျဖစ္ပါတယ္။

အဲဒီေတြ႕ရွိခ်က္မွာ Covid-19 လူနာ သုံးပုံတစ္ပုံနီးပါးဟာ ေဆး႐ုံမွဆင္းၿပီးေနာက္ ပ်မ္းမွ်ငါးလအၾကာမွာ ကိုယ္တြင္းအဂၤါ တစ္ခုထက္ပိုၿပီး မူမမွန္မႈေတြ ေတြ႕ရွိရတယ္လို႔ ေလ့လာမႈက ဆိုပါတယ္။ Covid-19 နဲ႔ ေဆး႐ုံတင္ထားသူေတြမွာ အဆုတ္ပုံမမွန္ ျဖစ္ႏိုင္ေျခ ၁၄ ဆပိုမ်ားၿပီး ၎တို႔ရဲ႕ ဦးေႏွာက္မူမမွန္ျဖစ္ႏိုင္ေျခဟာလည္း သုံးဆပိုမ်ားတယ္လို႔ ေလ့လာမႈက ဆိုပါတယ္။

ကိုယ္တြင္းအဂၤါမူမမွန္မႈမ်ားစြာ ျဖစ္ေပၚလာၿပီဆိုရင္ ျပင္းထန္တဲ့ စိတ္ပိုင္းဆိုင္ရာနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈေတြရွိလာႏိုင္ၿပီး ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားကိုေတာင္ ေကာင္းေကာင္းလုပ္ေဆာင္ႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ Oxford တကၠသိုလ္မွ အဆိုပါ ေလ့လာမႈရဲ႕ ဦးေဆာင္စာေရးဆရာ ဘက္တီရာမန္ က အြန္လိုင္းသတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.