တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား လစ်ဗျားသို့ ပို့၍ ချုပ်နှောင်ထားရန် ထရမ့်အစိုးရ စီစဉ်

 437

Htay Oung (NP News) - မေ ၁၁

ဒေါ်နယ်ထရမ့်အစိုးရဟာ အမေရိကန်ရောက် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို လစ်ဗျားနိုင်ငံထံ နှင် ထုတ်မယ့်အကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ အာဖရိကတိုက်မြောက်ပိုင်းမှာ တည်ရှိတဲ့ လစ်ဗျားဟာ ၂၀၁၁-ခုနှစ် နေတိုးစစ်အုပ်စု R2P လက်ချက်ကြောင့် တိုင်းပြည်ပြိုကွဲပြီး ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ လစ်ဗျား စင်ပြိုင်အစိုးရ နှစ်ခုလုံးဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ စစ်ဘေးကြောင့် အခက်ပွေနေရတဲ့ နေရပ်ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ဥပဒေမဲ့ အလွဲသုံးစားပြုလုပ်ကြောင်း မှတ်တမ်းဝင်နိုင်ငံ ဖြစ်တယ်လို့ AP သတင်းအေဂျင်စီက မေလ ၁၁ ရက်မှာ ရေးသားခဲ့ပါတယ်။
လစ်ဗျားနိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူတွေကို မတရားဖမ်းဆီးချုပ်နှောင်ပြီး ငွေညှစ်ခြင်း၊ အလွဲသုံးစား လုပ်ခြင်း၊ ညစ်ပတ်နံစော်နေတဲ့ ထိန်းသိမ်းရေးစခန်းများမှာ ချုပ်နှောင်ထားလေ့ရှိပါတယ်။ အဲဒီ အချုပ်ခန်းတွေ မှာ မုဒိမ်းကျင့်ခြင်းနဲ့ လက်လွတ်စပယ် သတ်ဖြတ်ခြင်းများလည်း ဖြစ်ပွားနေကြောင်း သတင်းများလည်း ထွက် ပေါ်နေပါတယ်။ လူ လူချင်း ကျွန်ပြုခြင်း၊ ဥပဒေမဲ့ လက်စဖျောက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ သတ်ဖြတ်ခြင်း ခံနေကြရပြီး အခြားရာဇဝတ်မှုများလည်း ကျူးလွန်ရာရောက်ရှိကြောင်း၊ နိုင်ငံတစ်ဝှမ်းရှိ သင်္ချိုင်းများမှာ အစုအပုံ လိုက် သေဆုံးနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရကြောင်း၊ လူမှောင်ခိုသမားများ စီစဉ်ပေးတဲ့ လှေများဖြင့် လစ်ဗျားမှ ထွက်ပြေးရန် ကြိုးပမ်းနေစဉ် လူပေါင်းထောင်ချီ ရေနစ်သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု “လွတ်လပ်သော အချက်အလက်ရှာဖွေရေးမစ်ရှင်” က တွေ့ရှိထားပါတယ်။
၂၀၁၁-ခုနှစ် တူနီရှားနိုင်ငံမှာ စတင်ဖြစ်ပွားတဲ့ အာရပ်နွေဦး လူထုအုံကြွမှုဟာ အချိန်တိုအတွင်း အာရပ်နိုင်ငံ အချို့ကို ကူးစက်သွားပါတယ်။ အာဏာရှင်ဖယ်ရှားရေးနဲ့ ဒီမိုကရေစီအခွင့်တောင်းဆိုကြတဲ့ ပြည်သူတို့အပေါ် ကဒါဖီ အစိုးရက လက်နက်အသုံးပြုပြီး ဖြိုခွင်းနှိမ်နင်းနေတယ်လို့ နေတိုးစစ်မဟာမိတ်တပ်များအပါအဝင် ညွန့် ပေါင်းအဖွဲ့က လစ်ဗျားနိုင်ငံကို စစ်ရေးကျုးကျော်ခဲ့ပါတယ်။ “လူသားချင်းစာနာတဲ့အနေနဲ့ အကူအညီပေးရမယ့် တာဝန်” R2P ကို အကြောင်းပြတဲ့ အနောက်အုပ်စုရဲ့ လုပ်ရပ်ဟာ ကဒါဖီအသတ်ခံရအောင် ပုန်ကန်သူများကို အထောက်အပံ့ ပေးသလို ဖြစ်သွားပြီး လစ်ဗျားစစ်တပ် ကျဆုံးခြင်းနဲ့အတူ “လစ်ဗျား အာရပ် ဂျမာဟီရီယာ” နိုင်ငံတော် ပြိုကွဲသွားရပါတယ်။ ပြည်တွင်းစစ်မီး အရှိန်ပြင်းစွာ တောက်လောင်နေတဲ့ တိုင်းပြည်မှာ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း နှစ်ခြမ်း ကွဲပြီး စင်ပြိုင်အစိုးရ နှစ်ရပ်က အုပ်ချုပ်နေတယ်လို့ ဆိုပါတယ်။ ဘာသာရေး အစွန်း ရောက်အကြမ်းဖက်များ၊ ပြည်သူ့ကာကွယ်ရေး အမည်ခံ ဆိုးသွမ်း လက်နက်ကိုင် ဒေသန္တရ စစ်ဘုရင်ငယ်များ က တိုင်းပြည်အနှံ့ မင်းမူနေပါတယ်။
(လစ်ဗျား အရှေ့ပိုင်းကို ကဒါဖီလိုလားတဲ့ စစ်ခေါင်းဆောင် ခလီဖာ_ဟက်ဖ်တာက စိုးမိုးထားပြီး ဘင်ဂါဇီမြိုံ့မှာ အခြေစိုက်ပါတယ်၊ ကုလသမဂ္ဂနဲ့ နိုင်ငံအတော်များများ အသိအမှတ်ပြုတဲ့ “ လစ်ဗျား အမျိုးသား ညီညွတ်ရေး အစိုးရ” (GNU) ကတော့ နိုင်ငံ့အနောက်ပိုင်းကို စိုးမိုးထားပြီး ထရီပိုလီမြို့မှာ ရုံးစိုက်ပါတယ်။ မငြိမ်မသက်နဲ့ ဘယ် ဥဗဒကို လိုက်နာရမှန်းမသိ ပရမ်းပတာ ပြိုကွဲတိုင်းပြည်ဟာ မြေထဲပင်လယ်ကို ဖြတ်သန်းပြီး ဥရောပစက် မှုနိုင်ငံများအတွင်း ခိုးဝင်လိုသူများအတွက် စားကျက်ကောင်းကြီး ဖြစ်နေပါတယ်။)
လစ်ဗျားမှာ (သြဇာအာဏာပြနိုင်သူ) အားလုံးတို့ဟာ မှောင်ခိုစီးပွားရေးလုပ်ငန်းတစ်မျိုးမျိုးနဲ့ ပတ်သက်နေ ကြပြီး လူမှောင်ခိုလုပ်ငန်က အဓိက အစိတ်အပိုင်းဖြစ်တယ်လို့ ဥရောပကောင်စီ နိုင်ငံခြားဆက်ဆံရေးဋ္ဌာန ပေါ်လစီရေးရာ အကြီးတန်း အဖွဲ့ဝင်တစ်ဦးက AP သတင်းအေဂျင်စီကို ပြောပါတယ်။
(လစ်ဗျားကျူးကျော်မှုဟာ ၂၀၁၁-ခုနှစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၉၇၃/၂၀၁၁ အရ ဖြစ်တယ်ဆိုပေမယ့် အမေရိကန် ကွန်ဂရက်လွှတ်တော် ခွင့်ပြုချက်မပါပဲ အဲ့ဒီအချိန် သမ္မတဖြစ်သူ အိုဘားမား က သူ့ရဲ့အခွင့်အာဏာသုံးစွဲပြီး R2P ခဲ့ခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ ရာထူးသက်တမ်းတလျောက် နောင်တအရမိဆုံး ကိစ္စဖြစ်တယ်လို့ အိုဘားမားကိုယ်တိုင် ထုတ်ဖော်ဝန်ခံခဲ့ရသလို လစ်ဗျားတစ်တိုင်းပြည်လုံးမှာလည်း “အမေရိကန်” နာမည်ကြားသူတိုင်း တံတွေး ထွေးနေကြပါတယ်။)
ဒေါ်နယ်ထရမ့်ရဲ့ ပြည်နှင်ဒဏ်ပေးကိစ္စမှာ သဘောတူလက်မှတ်ရေးထိုးထားတယ်ဆိုတာ မဟုတ်မမှန်ကြောင်း လစ်ဗျား အစိုးရ နှစ်ရပ်လုံးက ငြင်းဆိုကြပါတယ်။ အလုပ်အကိုင် ရှာဖွေနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၈၀၀,၀၀၀ ခန့်ဟာ လစ်ဗျားမှာ နေထိုင်ကြတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ရဲ့ အဆိုအရ သိရပါတယ်။ မြောက်အာဖရိကနိုင်ငံမှ နှစ်စဉ် လူထောင်ပေါင်းများတို့ဟာ အန္တရာယ်များလှတဲ့ မြေထဲပင်လယ်ကို ဖြတ်ကျော် ပြီး ဥရောပနိုင်ငံများအတွင်း ဝင်ရောက်ရန် ကြိုးစားကြပါတယ်။ အလွဲသုံးစားမှု မှတ်တမ်းများ ပြည့်နှက်နေသည့်တိုင် ဥရောပသမဂ္ဂနဲ့ အီတလီတို့က လစ်ဗျားကမ်းခြေစောင့်တပ်အပါအဝင် လစ်ဗျားအဖွဲ့အစည်းများကို နှစ်ပေါင်းများစွာ ငွေကြေးထောက်ပံ့၊ လေ့ကျင့်သင်ကြား၊ ပစ္စည်းကိရိယာ တပ်ဆင်ပေးနေပါတယ်။ (လူသားချင်း စာနာမှုနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးအတွက် လစ်ဗျားကို ထောက်ပံ့လှူဒါန်းတယ်ဆိုတဲ့ ဒီလုပ်ရပ်ဟာ သူတို့ဆီကို ခိုးဝင်တွေ ရောက်မလာဖို့ တားဆီးနိုင်သူများကို လာဘ်ထိုးခြင်းသာ ဖြစ်တယ်လို့ စွပ်စွဲနေကြပါတယ်)
၂၀၁၉ ခုနှစ် AP သတင်းအေဂျင်စီရဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုအရ ရွှေ့ပြောင်းနေထိုင်သူတို့ အခြေအနေများ တိုးတက်ကောင်းမွန်စေရေး ဥရောပသမဂ္ဂရဲ့ ရန်ပုံငွေအများအပြားဟာ ပြည်သူ့စစ်များ၊ လူကုန်ကူးသူများနဲ့ ကမ်းခြေစောင့်အဖွဲ့ဝင်များရဲ့ လက်ထဲတွင်သာ လမ်းဆုံးသွားကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီအတွက် ကန့် သတ်မှုတွေ လုပ်ခဲ့ရင်လည်း ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် လစ်ဗျားအဖွဲ့များက မကူညီနိုင်အောင် အတားအဆီးဖြစ်နိုင်ပါတယ်
ဒေါ်နယ်ထရမ့်က လစ်ဗျားကို ပြည်နှင်ဒဏ်ပေးမယ့်သူတွေဟာ ဘယ်တိုင်းပြည်က ခိုးဝင်လာသူတွေ ဖြစ်ကြောင်း အတိအကျ မသိရှိရပါဘူး၊ ဒါပေမယ့် အမေရိကန်နိုင်ငံအတွင်း ပြစ်မှုကျုးလွန်တဲ့ ခိုးဝင်များဖြစ်ပြီး၊ စစ်လေယာဉ်နဲ့ ပို့ဆောင်ပေးမှာဖြစ်တယ်လို့ အမေရိကန် အမိမြေလုံခြုံရေးဌာနသတင်းရင်းမြစ်များအရ သိရှိရပါတယ်။ ထရမ့်ရဲ့ အစီအစဉ်ကို ခရိုင်ဖက်ဒရယ်တရားရုံးက တားမြစ်ထားပြီး တက်သုတ်ရိုက် ပို့လွှတ်မယ်ဆိုရင် တရားရုံးရဲ့ အမိန့်ကို ဖောက်ဖျက်ကျုးလွန်ရာ ရောက်ရှိလိမ့်မယ်လို့ သတိပေးနေပါတယ်။
.
ထရမ့် ထောက်ခံသူတွေကတော့ တရားရုံးရဲ့ တားမြစ်ချက်ဟာ အရပ်ဖက် အဖွဲ့အစည်းများအတွက်ဖြစ်ပြီး ယခုကိစ္စဟာ ဖက်ဒရယ်ပြည်ထောင်စုရဲ့ စစ်မက်ရေးရာဖြစ်တယ်လို့ ချေပ ပြောဆိုနေကြပါတယ်။
#HtayOung #OungMarine

Zawgyi Version:
တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားအား လစ္ဗ်ားသို႔ ပို႔၍ ခ်ဳပ္ေႏွာင္ထားရန္ ထရမ့္အစိုးရ စီစဥ္
Htay Oung (NP News) - ေမ ၁၁

ေဒၚနယ္ထရမ့္အစိုးရဟာ အေမရိကန္ေရာက္ တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကို လစ္ဗ်ားႏိုင္ငံထံ ႏွင္ ထုတ္မယ့္အေၾကာင္း သတင္းမ်ားထြက္ေပၚေနပါတယ္။ အာဖရိကတိုက္ေျမာက္ပိုင္းမွာ တည္ရွိတဲ့ လစ္ဗ်ားဟာ ၂၀၁၁-ခုႏွစ္ ေနတိုးစစ္အုပ္စု R2P လက္ခ်က္ေၾကာင့္ တိုင္းျပည္ၿပိဳကြဲၿပီး ျပည္တြင္းစစ္ျဖစ္ပြားေနတဲ့ တိုင္းျပည္ ျဖစ္ပါတယ္။ လစ္ဗ်ား စင္ၿပိဳင္အစိုးရ ႏွစ္ခုလုံးဟာ ဆိုး႐ြားတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားနဲ႔ စစ္ေဘးေၾကာင့္ အခက္ေပြေနရတဲ့ ေနရပ္ေ႐ႊ႕ေျပာင္းေနထိုင္သူေတြအေပၚ ဥပေဒမဲ့ အလြဲသုံးစားျပဳလုပ္ေၾကာင္း မွတ္တမ္းဝင္ႏိုင္ငံ ျဖစ္တယ္လို႔ AP သတင္းေအဂ်င္စီက ေမလ ၁၁ ရက္မွာ ေရးသားခဲ့ပါတယ္။
လစ္ဗ်ားႏိုင္ငံအတြင္း ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကို မတရားဖမ္းဆီးခ်ဳပ္ေႏွာင္ၿပီး ေငြညႇစ္ျခင္း၊ အလြဲသုံးစား လုပ္ျခင္း၊ ညစ္ပတ္နံေစာ္ေနတဲ့ ထိန္းသိမ္းေရးစခန္းမ်ားမွာ ခ်ဳပ္ေႏွာင္ထားေလ့ရွိပါတယ္။ အဲဒီ အခ်ဳပ္ခန္းေတြ မွာ မုဒိမ္းက်င့္ျခင္းနဲ႔ လက္လြတ္စပယ္ သတ္ျဖတ္ျခင္းမ်ားလည္း ျဖစ္ပြားေနေၾကာင္း သတင္းမ်ားလည္း ထြက္ ေပၚေနပါတယ္။ လူ လူခ်င္း ကြၽန္ျပဳျခင္း၊ ဥပေဒမဲ့ လက္စေဖ်ာက္ျခင္း၊ ညႇဥ္းပန္းႏွိပ္စက္ျခင္းနဲ႔ သတ္ျဖတ္ျခင္း ခံေနၾကရၿပီး အျခားရာဇဝတ္မႈမ်ားလည္း က်ဴးလြန္ရာေရာက္ရွိေၾကာင္း၊ ႏိုင္ငံတစ္ဝွမ္းရွိ သခ်ႋဳင္းမ်ားမွာ အစုအပုံ လိုက္ ေသဆုံးေနတဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူ ႐ုပ္အေလာင္းမ်ားကို ေတြ႕ရွိခဲ့ရေၾကာင္း၊ လူေမွာင္ခိုသမားမ်ား စီစဥ္ေပးတဲ့ ေလွမ်ားျဖင့္ လစ္ဗ်ားမွ ထြက္ေျပးရန္ ႀကိဳးပမ္းေနစဥ္ လူေပါင္းေထာင္ခ်ီ ေရနစ္ေသဆုံးခဲ့ေၾကာင္း ကုလသမဂၢ ေက်ာေထာက္ေနာက္ခံျပဳ “လြတ္လပ္ေသာ အခ်က္အလက္ရွာေဖြေရးမစ္ရွင္” က ေတြ႕ရွိထားပါတယ္။
၂၀၁၁-ခုႏွစ္ တူနီရွားႏိုင္ငံမွာ စတင္ျဖစ္ပြားတဲ့ အာရပ္ေႏြဦး လူထုအုံႂကြမႈဟာ အခ်ိန္တိုအတြင္း အာရပ္ႏိုင္ငံ အခ်ိဳ႕ကို ကူးစက္သြားပါတယ္။ အာဏာရွင္ဖယ္ရွားေရးနဲ႔ ဒီမိုကေရစီအခြင့္ေတာင္းဆိုၾကတဲ့ ျပည္သူတို႔အေပၚ ကဒါဖီ အစိုးရက လက္နက္အသုံးျပဳၿပီး ၿဖိဳခြင္းႏွိမ္နင္းေနတယ္လို႔ ေနတိုးစစ္မဟာမိတ္တပ္မ်ားအပါအဝင္ ၫြန႔္ ေပါင္းအဖြဲ႕က လစ္ဗ်ားႏိုင္ငံကို စစ္ေရးက်ဳးေက်ာ္ခဲ့ပါတယ္။ “လူသားခ်င္းစာနာတဲ့အေနနဲ႔ အကူအညီေပးရမယ့္ တာဝန္” R2P ကို အေၾကာင္းျပတဲ့ အေနာက္အုပ္စုရဲ႕ လုပ္ရပ္ဟာ ကဒါဖီအသတ္ခံရေအာင္ ပုန္ကန္သူမ်ားကို အေထာက္အပံ့ ေပးသလို ျဖစ္သြားၿပီး လစ္ဗ်ားစစ္တပ္ က်ဆုံးျခင္းနဲ႔အတူ “လစ္ဗ်ား အာရပ္ ဂ်မာဟီရီယာ” ႏိုင္ငံေတာ္ ၿပိဳကြဲသြားရပါတယ္။ ျပည္တြင္းစစ္မီး အရွိန္ျပင္းစြာ ေတာက္ေလာင္ေနတဲ့ တိုင္းျပည္မွာ အေရွ႕ပိုင္းနဲ႔ အေနာက္ပိုင္း ႏွစ္ျခမ္း ကြဲၿပီး စင္ၿပိဳင္အစိုးရ ႏွစ္ရပ္က အုပ္ခ်ဳပ္ေနတယ္လို႔ ဆိုပါတယ္။ ဘာသာေရး အစြန္း ေရာက္အၾကမ္းဖက္မ်ား၊ ျပည္သူ႔ကာကြယ္ေရး အမည္ခံ ဆိုးသြမ္း လက္နက္ကိုင္ ေဒသႏၲရ စစ္ဘုရင္ငယ္မ်ား က တိုင္းျပည္အႏွံ႔ မင္းမူေနပါတယ္။
(လစ္ဗ်ား အေရွ႕ပိုင္းကို ကဒါဖီလိုလားတဲ့ စစ္ေခါင္းေဆာင္ ခလီဖာ_ဟက္ဖ္တာက စိုးမိုးထားၿပီး ဘင္ဂါဇီၿမိဳံ႕မွာ အေျခစိုက္ပါတယ္၊ ကုလသမဂၢနဲ႔ ႏိုင္ငံအေတာ္မ်ားမ်ား အသိအမွတ္ျပဳတဲ့ “ လစ္ဗ်ား အမ်ိဳးသား ညီၫြတ္ေရး အစိုးရ” (GNU) ကေတာ့ ႏိုင္ငံ့အေနာက္ပိုင္းကို စိုးမိုးထားၿပီး ထရီပိုလီၿမိဳ႕မွာ ႐ုံးစိုက္ပါတယ္။ မၿငိမ္မသက္နဲ႔ ဘယ္ ဥဗဒကို လိုက္နာရမွန္းမသိ ပရမ္းပတာ ၿပိဳကြဲတိုင္းျပည္ဟာ ေျမထဲပင္လယ္ကို ျဖတ္သန္းၿပီး ဥေရာပစက္ မႈႏိုင္ငံမ်ားအတြင္း ခိုးဝင္လိုသူမ်ားအတြက္ စားက်က္ေကာင္းႀကီး ျဖစ္ေနပါတယ္။)
လစ္ဗ်ားမွာ (ၾသဇာအာဏာျပႏိုင္သူ) အားလုံးတို႔ဟာ ေမွာင္ခိုစီးပြားေရးလုပ္ငန္းတစ္မ်ိဳးမ်ိဳးနဲ႔ ပတ္သက္ေန ၾကၿပီး လူေမွာင္ခိုလုပ္ငန္က အဓိက အစိတ္အပိုင္းျဖစ္တယ္လို႔ ဥေရာပေကာင္စီ ႏိုင္ငံျခားဆက္ဆံေရး႒ာန ေပၚလစီေရးရာ အႀကီးတန္း အဖြဲ႕ဝင္တစ္ဦးက AP သတင္းေအဂ်င္စီကို ေျပာပါတယ္။
(လစ္ဗ်ားက်ဴးေက်ာ္မႈဟာ ၂၀၁၁-ခုႏွစ္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္အမွတ္ ၁၉၇၃/၂၀၁၁ အရ ျဖစ္တယ္ဆိုေပမယ့္ အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္ ခြင့္ျပဳခ်က္မပါပဲ အဲ့ဒီအခ်ိန္ သမၼတျဖစ္သူ အိုဘားမား က သူ႔ရဲ႕အခြင့္အာဏာသုံးစြဲၿပီး R2P ခဲ့ျခင္း ျဖစ္ပါတယ္။ သူ႔ရဲ႕ ရာထူးသက္တမ္းတေလ်ာက္ ေနာင္တအရမိဆုံး ကိစၥျဖစ္တယ္လို႔ အိုဘားမားကိုယ္တိုင္ ထုတ္ေဖာ္ဝန္ခံခဲ့ရသလို လစ္ဗ်ားတစ္တိုင္းျပည္လုံးမွာလည္း “အေမရိကန္” နာမည္ၾကားသူတိုင္း တံေတြး ေထြးေနၾကပါတယ္။)
ေဒၚနယ္ထရမ့္ရဲ႕ ျပည္ႏွင္ဒဏ္ေပးကိစၥမွာ သေဘာတူလက္မွတ္ေရးထိုးထားတယ္ဆိုတာ မဟုတ္မမွန္ေၾကာင္း လစ္ဗ်ား အစိုးရ ႏွစ္ရပ္လုံးက ျငင္းဆိုၾကပါတယ္။ အလုပ္အကိုင္ ရွာေဖြေနတဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူ ၈၀၀,၀၀၀ ခန႔္ဟာ လစ္ဗ်ားမွာ ေနထိုင္ၾကတယ္လို႔ ႏိုင္ငံတကာ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားအဖြဲ႕ရဲ႕ အဆိုအရ သိရပါတယ္။ ေျမာက္အာဖရိကႏိုင္ငံမွ ႏွစ္စဥ္ လူေထာင္ေပါင္းမ်ားတို႔ဟာ အႏၲရာယ္မ်ားလွတဲ့ ေျမထဲပင္လယ္ကို ျဖတ္ေက်ာ္ ၿပီး ဥေရာပႏိုင္ငံမ်ားအတြင္း ဝင္ေရာက္ရန္ ႀကိဳးစားၾကပါတယ္။ အလြဲသုံးစားမႈ မွတ္တမ္းမ်ား ျပည့္ႏွက္ေနသည့္တိုင္ ဥေရာပသမဂၢနဲ႔ အီတလီတို႔က လစ္ဗ်ားကမ္းေျခေစာင့္တပ္အပါအဝင္ လစ္ဗ်ားအဖြဲ႕အစည္းမ်ားကို ႏွစ္ေပါင္းမ်ားစြာ ေငြေၾကးေထာက္ပံ့၊ ေလ့က်င့္သင္ၾကား၊ ပစၥည္းကိရိယာ တပ္ဆင္ေပးေနပါတယ္။ (လူသားခ်င္း စာနာမႈနဲ႔ ေကာင္းမြန္တဲ့ အုပ္ခ်ဳပ္ေရးအတြက္ လစ္ဗ်ားကို ေထာက္ပံ့လႉဒါန္းတယ္ဆိုတဲ့ ဒီလုပ္ရပ္ဟာ သူတို႔ဆီကို ခိုးဝင္ေတြ ေရာက္မလာဖို႔ တားဆီးႏိုင္သူမ်ားကို လာဘ္ထိုးျခင္းသာ ျဖစ္တယ္လို႔ စြပ္စြဲေနၾကပါတယ္)
၂၀၁၉ ခုႏွစ္ AP သတင္းေအဂ်င္စီရဲ႕ စုံစမ္းစစ္ေဆးမႈတစ္ခုအရ ေ႐ႊ႕ေျပာင္းေနထိုင္သူတို႔ အေျခအေနမ်ား တိုးတက္ေကာင္းမြန္ေစေရး ဥေရာပသမဂၢရဲ႕ ရန္ပုံေငြအမ်ားအျပားဟာ ျပည္သူ႔စစ္မ်ား၊ လူကုန္ကူးသူမ်ားနဲ႔ ကမ္းေျခေစာင့္အဖြဲ႕ဝင္မ်ားရဲ႕ လက္ထဲတြင္သာ လမ္းဆုံးသြားေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။ ဒီအတြက္ ကန႔္ သတ္မႈေတြ လုပ္ခဲ့ရင္လည္း ေ႐ႊ႕ေျပာင္းေနထိုင္သူေတြအေပၚ လစ္ဗ်ားအဖြဲ႕မ်ားက မကူညီႏိုင္ေအာင္ အတားအဆီးျဖစ္ႏိုင္ပါတယ္
ေဒၚနယ္ထရမ့္က လစ္ဗ်ားကို ျပည္ႏွင္ဒဏ္ေပးမယ့္သူေတြဟာ ဘယ္တိုင္းျပည္က ခိုးဝင္လာသူေတြ ျဖစ္ေၾကာင္း အတိအက် မသိရွိရပါဘူး၊ ဒါေပမယ့္ အေမရိကန္ႏိုင္ငံအတြင္း ျပစ္မႈက်ဳးလြန္တဲ့ ခိုးဝင္မ်ားျဖစ္ၿပီး၊ စစ္ေလယာဥ္နဲ႔ ပို႔ေဆာင္ေပးမွာျဖစ္တယ္လို႔ အေမရိကန္ အမိေျမလုံၿခဳံေရးဌာနသတင္းရင္းျမစ္မ်ားအရ သိရွိရပါတယ္။ ထရမ့္ရဲ႕ အစီအစဥ္ကို ခ႐ိုင္ဖက္ဒရယ္တရား႐ုံးက တားျမစ္ထားၿပီး တက္သုတ္႐ိုက္ ပို႔လႊတ္မယ္ဆိုရင္ တရား႐ုံးရဲ႕ အမိန႔္ကို ေဖာက္ဖ်က္က်ဳးလြန္ရာ ေရာက္ရွိလိမ့္မယ္လို႔ သတိေပးေနပါတယ္။
.
ထရမ့္ ေထာက္ခံသူေတြကေတာ့ တရား႐ုံးရဲ႕ တားျမစ္ခ်က္ဟာ အရပ္ဖက္ အဖြဲ႕အစည္းမ်ားအတြက္ျဖစ္ၿပီး ယခုကိစၥဟာ ဖက္ဒရယ္ျပည္ေထာင္စုရဲ႕ စစ္မက္ေရးရာျဖစ္တယ္လို႔ ေခ်ပ ေျပာဆိုေနၾကပါတယ္။
#HtayOung #OungMarine

Related news

© 2021. All rights reserved.