“ အခုအချိန်က ဆောက်လုပ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲဖို့ အကောင်းဆုံးပဲ”

299

ယွန်း (NP News)
မေး - လက်ရှိမှာ ငလျင်ဒဏ်ခံတဲ့အဆောက်အအုံတွေ လိုလာပြီလား။
ဖြေ- လိုတယ်။ အခုမှလိုတာမဟုတ်ဘူး။ သူရဲ့ဇုန် အတိုင်းကို သတ်မှတ်ချက်က ကျွန်တော်တို့အဘွား လောက်ကတည်းကရှိတယ်။ (၂၀၁၃)လောက်မှာ တစ်ခါထွက်တယ်။ (၂၀၁၈)မှာ တစ်ခါပြင်တယ်။ (၂၀၁၈) ဦးဖြိုးမင်းသိန်းလက်ထက်မှာ ထပ်ထွက်တယ်။ မန္တလေးမှာလည်း မန္တလေးဟာ ထွက်လိမ့်မယ်။ ဂျပန်နဲ့လုပ်ထားတဲ့ သုတေသနစာတမ်းတွေရှိတယ်။ကျွန်တော်သိသလောက်က ရှိလိမ့်မယ်။ အဲဒီအပေါ် မှာ Reference လုပ်ပြီးတော့ ပြောတာပေါ့နော်။ သူတို့လည်းသေချာစစ်မယ်။ ကြပ်ခိုင်းတာမဟုတ်ဘူး။ ကျွန်တော်တို့ဆီကစစ်မယ်ဆိုရင် အလုပ်လုပ်လို့မရအောင်ကြပ်ပစ်တာ။ အဲဒီလိုဆိုလိုချင်တာမဟုတ်ဘူး။ အလုပ်မှန်မှန်ကန်ကန်လုပ်လို့ လွယ်အောင် Supporting ပေးရမယ်။ မှန်မှန်ကန်ကန်မလုပ်တဲ့လူကို မှန် မှန်ကန်ကန်လုပ်အောင် GuideLine ထဲကိုထည့်အောင်လုပ်ဖို့လိုတယ်ပြောတာ။ ဥပမာ ဒီမှာက ကြပ် တယ်ဆိုရင် လုပ်မရအောင်လုပ်ပစ်တာ။ အဲဒါကြီးကျ တော့လည်းအဆင်မပြေဘူး။ မှန်မှန်ကန်ကန် လုပ် တဲ့ လူလုပ်လို့ရအောင်အားပေးရမယ်။ ကူညီရမယ် ဥပမာ နိုင်ငံခြားကနေ Quality မီတဲ့ပစ္စည်းတွေ သွင်း မယ်ဆိုရင်ပေးသွင်းလိုက် ကြပ်မထားနဲ့။ ပါမစ်ကို ရောင်းစားတဲ့ဟာကျတော့ ဥပမာ သံပါမစ်ကို တကယ် သွင်းတဲ့လူမဟုတ်ဘဲ လက်နီးရာကိုပေးလိုက်ရော။ အဲဒီပါမစ်ကိုယူပြီးတော့ အပြင်ကိုထွက်သွားရော။ သွင်းတဲ့လူလက်ထက်ကိုရောက်သွားရော။ ပါမစ်ကြေး ကပေါင်းလိုက်ရော။ ပေါင်းလိုက်ပြီး Market အထဲ မှာ မကိုက်ကိုက်အောင် HRD သတ်မှတ်ချက်တွေ ရှိတယ်။ သူရဲ့ Pressure ပေါ့။ အဲဒီဟာတွေနဲ့ သတ် မှတ်ချက်မပြည့်တဲ့ဟာတွေကိုသွင်းချလာရော။ ဈေးကွက်ထဲမှာရောင်းလို့ရအောင်ဆိုပြီးတော့။ အဲဒီလို ဟာ မျိုးတော့မဖြစ်အောင်လုပ်ရမှာ။ နိုင်ငံတော်က ကိုယ်တိုင်လည်း စံပြဖြစ်အောင်လုပ်ဖို့လိုသွားပြီ။ နိုင်ငံတော်က လုပ်ပြမှ နောက်လူတွေကလုပ်လာမှာ။ အဲဒီတော့ နိုင်ငံတော်က ဘယ်လိုစထိန်းမလဲ။ သူတို့ကိုယ်တိုင် ဒီလိုကောင်းတဲ့ Quality ကိုစသုံးရမယ်။ အဲဒီလို Quality ဆောက်တဲ့ကြေးကို သေချာ ပေးရမယ်။ စပေးကတည်းက ပစ္စည်းတောင်ဝယ်မရတဲ့ဈေးနဲ့ ပေးတယ်။ (၁၀%) လျှော့မှအောင်မယ်။ ပြီးရင် တင်ဒါ အောင်ဖို့ ကြေးကလည်းရှိဦးမယ်။ ပြီးတဲ့အခါကျတော့ Structure ကြေးတွေလည်း ပေးရ မယ်။ အာမခံကြေး တွေ QC စစ်တာ။ QC က နိုင်ငံတော်စစ်ရမှာ။ နိုင်ငံတော် ပိုက်ဆံနဲ့စစ်လေ ဟုတ် တယ်မလား။ အစိုးရ ကိုယ်တိုင်ကလည်း Train ပေးဖို့လိုတယ်။ လုပ်ငန်းရှင်တွေ လမ်းတည့်လာအောင် မှန်မှန်ကန်ကန်လုပ် လာနိုင်အောင်ဆိုတာ အစိုးရကိုယ်တိုင်က တချို့ဟာတွေက ပါဝင်ဆောင်ရွက်ပေးမှ ရတာ။ လုပ်ပြီးတော့ ကြပ်ပြီးတော့မှ အစိုးရကိုယ်တိုင် သေချာလုပ်မှရတာ။ အခုကျတော့ ဘာဖြစ်လဲဆို တော့ အကုန်လုံးက မ ကြောက်ကြဘူး။ အစိုးရဟာတွေဆောက်တာဆိုပြီး အဖြစ်ဆောက်နေတာပေါ့ နော်။ ပြိုစရာရှိရင် သူတို့ အရင်ပြိုမှာ။ သူတို့အရင်ရှင်းရမှာဆိုတဲ့ အတွေးအခေါ်ပဲ။ ကန်ထရိုက်လုပ်တဲ့ တချို့ လူတွေမှာရှိနေတယ်။ Develope တိုင်းမဟုတ်ဘူးနော်။ ကျွန်တော် ပြောချင်တာက။ ဒီဘက် (၂၀၁၀) မှာဝင်လာတဲ့ Develope တွေမှာ Mind set အများကြီးချိန်းလာတာ ရှိတယ်။ အစည်းအဝေးတိုင်း မှာပေါ့နော်။ အစည်းအဝေးမှာ Developer တွေကအစ (၂၀၁၀)နောက်ပိုင်းမှာ ဝင်လာတဲ့လူတွေမှာ နည်းနည်းစဉ်းစားလာပြီ။ ကိုယ် ကျိုးဆိုတာတစ်ခုတည်းထက်စာရင်ပေါ့နော် ဒါတွေက ဒီလိုဖြစ်နိုင်တယ် ဆိုတဲ့ သုံးသပ်လာတဲ့လူတွေ များလာတယ် နောက်ပိုင်း။ ဆိုတော့ အဓိကကတော့ ကျွန်တော်ဆိုလိုချင် တာက ဒီ Sector ကြီးက ဒီအချိန်က ပြင်ဖို့အကောင်းဆုံးပဲ။ နိုင်ငံခြားမှာဆိုရင် ဂျပန်နဲ့ယှဉ်ပြမယ်။ ဂျပန် မှာဆိုရင် နှစ်ထပ်အိမ် ဆောက်ရင်တောင်မှ သစ်က သစ်ပွသားတို့ ဘာတို့ သုံးတာ။ မြန်မာအိမ်မှာ ပျဉ် ထောင်အိမ်နေတယ်ဆိုပြီးတော့လည်း စိတ်သိပ်ချရတယ်၊ မသေဘူးမထင်နဲ့။ အဲဒီထုပ်တန်းတွေပြုတ်ကျ လို့ သေတဲ့လူတွေရှိတယ်။ အဲဒီတော့ အရမ်းကြီးတဲ့ဟာလည်း ထည့်လို့မရဘူး။ မြန်မာတွေက ကြီးရင် ခိုင်တယ်လို့တွက်တာ။ အကြီး ကြီးတွေထည့်မယ် သစ်သားတွေ။ သိတယ်မလား။ သစ်သားအိမ်တောင် ပြိုကျရင်လူသေနိုင်သေးတယ်။ နောက်ပြီးတော့ ငလျင်ခိုင်တဲ့ဟာရှိပြီးသား။ သစ်သား နဲ့ပဲလုပ်လုပ် ဘာနဲ့ပဲလုပ်လုပ် သူ့ဘာသာရှိပြီး သား။ ဒီမှာက မဟုတ်ဘူး။ အကန့်တစ်ကန့်ကို ဘယ်လောက်။ လက် သမားက ရက်မ ဘယ်လောက် အကြီးကြီးတွေ လုပ်ထားတာ ခိုင်ပါတယ်တို့၊ ဘာတို့ ညာတို့။ အောက်က Foundation မခိုင်တော့ အုတ်ဖိနပ်နဲ့ သွားတယ်။ သွားမှာပဲ။ အဲဒီတော့ ပြောချင်တာ ဘာလဲဆိုတော့ သစ်သား အိမ်ဆောက်ရင် တောင်မှ Engineering ကလိုတယ်။ လက်သမားနဲ့ အရပ်ထဲဆောက်တဲ့ ပုံစံ မျိုးက လျှော့ဖို့လိုတယ်။ အခုဖြစ်တဲ့အဖြစ်အပျက် အများဆုံးသည် Earthquake Zone ထဲ ဝင်တယ် မဟုတ်ဘူး။ မန္တလေးတို့၊ နေပြည်တော်တို့မှာလည်း ပြိုတာ သွားကြည့်လိုက်ဦး။ နှစ်ထပ်အိမ်တွေ ပြိုတာ အများဆုံး။ စည်ပင်ရိပ်သာက တစ်လုံးလေးတောင် ပြိုပါတယ်ဆိုမှ။ ဘန်ဂလိုလေး။ ပြိုတဲ့ဟာမှာ စော စောက ကျွန်တော်ပြောတဲ့ သုံးထားတဲ့သစ်သားက သစ်မာသားသုံးထားမယ် Size ကြီးရင် ပြုတ်ကျရင် သေမှာ။ မပူနဲ့။ အဓိကက Earthquake ဖြစ်ရင် အသက်ကို ဘယ်လိုကယ်ဆယ်မလဲ။ ဘယ်လိုပြေးရ မလဲ။ ဘယ်လိုရှောင်ရမလဲ။ အဲဒါတွေကအစ ကျောင်းတွေမှာ ထည့်သွင်းသင်ဖို့လိုပြီ။ ဒါတွေက အထပ် နိမ့်တယ်၊ မြင့်တယ် ဆိုတဲ့ ပြဿနာတွေတော့ မဟုတ်တော့ဘူး။ အားလုံးမှာ ပြဿနာရှိတယ်။ ဆောက် လုပ်ရေး Sector တစ်ခုလုံးပြင်ရမှာ။ အဲဒီတော့ နောက်ပိုင်း လုံးချင်းအိမ်တွေဆောက်နေမယ်။ တကယ် နားလည်တတ်ြွကမ်းတဲ့လူတွေနဲ့ တကယ်နာ မည်ရှိတဲ့ ကုမ္ပဏီနဲ့ ဆောက်ဖို့လိုတယ်။ အရပ်ထဲမှာ သိ တယ်မလား ဆောက်ပြီး အိမ်ကိုလှအောင်လို့ မဆလာ သနပ်ခါးလေးလိမ်းပြီးတော့ ရောင်းတာမျိုး၊ ဆောက်တာမျိုးတွေကတော့ ဆင်ခြင်သင့်ပြီ။ အဲဒါတွေနဲ့အပ်တာကိုလည်း အတတ်နိုင်ဆုံး ဆင်ခြင်သင့် ပြီ။ ဝယ်ကတည်းက အထပ်မြင့်အဆောက်အအုံဝယ် တော့မယ်ဆိုလည်း သေချာမေးသင့်တယ်။ ဥပမာ ဒီအဆောက်အအုံက Earthquake ဘယ်လောက်နဲ့ ဆောက်ထားလဲဆိုတာ ရှိတယ်။ အထပ်မြင့်တွေက များသောအားဖြင့် အထပ်မြင့်အဆောက်အအုံကြီး ကြပ်ရေးကော်မတီဆိုတာရှိတယ်။ ရှိတော့ အခု မန္တ လေးမှာ ကွန်ဒိုပြိုကျတယ်။ အားလုံးတော့ ပြိုတာ မဟုတ်ဘူး။ Developer ပေါ်မှာ အများကြီးမူတည် တယ်။ နောက်တစ်ခုက Earthquake ကို (၇.၇) ခံနိုင်တဲ့အဆောက်အအုံက တစ်ခုမှမရှိဘူး ပြိုမှာပဲ။ နောက်တစ်ခုက Earthquake ထွက်ထားတယ်ဆိုပေမယ့်လည်း Earthquake အများစုတွက်ချက်မှု တွေမှာ တစ်ကြိမ်လာတဲ့ဟာနဲ့တွက်တာ။ (၃) ၊ (၄) ကြိမ်လာရင်ကောဆိုတာ ထည့်မစဉ်းစားဘူး။ လူပဲ ဖြစ်ပါစေ တစ်ခါဒဏ်ရာရထားရင် အဲဒီနေရာက ပျော့ကွက်ရှိတယ်။ ဘာမှတော့ဖြစ်မသွားဘူး။ (၂)ကြိမ် (၃)ကြိမ်လာရင် ဖြစ်သွားနိုင်တယ်။ ဒါက အဆောက်အအုံလည်း ဒီအတိုင်းပဲ။ အဲဒီသဘော။ (၄၊ ၅၊ ၆) ကြိမ်လာနေတဲ့ Earthquake နဲ့တွက်ထားတာတော့ အင်မတန်နည်းတယ်။ ရန်ကုန်ကျရင် အဓိကက ပိုပြီး စဉ်းစားရမှာ။ ဘာစဉ်းစားရမလဲဆိုရင် Earthquake တစ်ခုတည်းအတွက်မဟုတ်ဘူး။ အဲဒီထက် ဆိုးတာ Wind Load ဆိုတဲ့ဟာပါစဉ်းစားရမှာ အဆောက် အအုံဆောက်ရင်။ ဥပမာ ကိုဗစ်တုန်းကလိုမျိုး 120mph တို့ လေတိုက်လာတဲ့အခါကျရင် အဆောက်အအုံပါ ယိမ်းလာမယ်။ ငလျင်လိုပဲ သူလည်း ပြင်းတာပဲ။ အဲဒါ ကြောင့် ပြိုတာတွေလည်းရှိတယ်။ ဆိုတော့ အဓိက ရန်ကုန်က Earthquake နဲ့စာရင် Wind Load လည်း ထည့်စဉ်းစားရမယ်။ အဲဒါတွေဝယ်တဲ့လူတွေက Earthquake ဖြစ်နေတာ Wind Load ရော ထည့် စဉ်းစားလားဆိုတာမေးရမယ် နောက်ပိုင်းကျရင်။ အဲဒီတော့ ဒီဌာနဆိုင်ရာတွေ သတ် မှတ်တဲ့ဌာနဆိုင် ရာတွေကအစ ဒါတွေကို အကုန်စဉ်းစားရတော့မယ်။ အဲဒီလိုဟာတွေကို အကုန်လုံး ကိုထည့်မစဉ်းစားဘဲ အဆောက်အအုံက လူတွေနေတာဖြစ်တဲ့အတွက် မထားသင့်ဘူး။ ဆိုလိုတာက အဲဒီလိုအချိန်တွေမှာ ဘယ်လိုအသက်ကယ်တာတွေ လုပ်ရမလဲ။ အဓိကကတော့ ပြေးကိုပြေးရမယ်။ ဆင်းပြေးတဲ့အချိန်မှာ အ ရေးပေါ်အခြေအနေမှာ မစဉ်းစားတတ်ဘူး။ ဂျပန်လို နိုင်ငံတွေမှာကျတော့ အမြဲတမ်းလေ့ကျင့်ခန်းတွေရှိ တယ်။ တစ်နှစ်တစ်ခါ။ ဥပမာ ဒီအဆောက်အအုံဆိုကြပါစို့။ Fire Alarm ပေါ်မယ်။ အဲဒီအခါကျရင် လူကဘာဖြစ်လဲဆိုတော့ အရေးပေါ်လှေခါးကို ပြေးရမယ်။ ပထမကတော့ ပျာယာခတ်ချင်ခတ်မယ်။ နောက်ပိုင်း လုပ်ပါများတော့ ခန္ဓာကိုယ်က မှတ်မိသွားရော။ ဂျပန်မှာကျတော့ Body Learning လို့ခေါ် တယ်။ ဦးနှောက်ကမှတ်ထားပြီး အဆင်မပြေဘူး။ Body နဲ့ အကြိမ်ကြိမ်လုပ်ပါ များရင် အော်တိုဖြစ်တယ်။ ဥပမာ ရေကူးတတ်တဲ့လူတစ်ယောက် ရေထဲ ကျသွားရင် (၁) ဘယ်လိုလုပ်၊ (၂) ဘယ်လိုလုပ် သူ့ ဘော်ဒီက အလိုလိုမှတ်သွားရော။ ဆိုတော့ အဲဒီအတိုင်းပဲ ခဏခဏကျင့်ပေးတဲ့ အခါကျတော့ ပြေးရမယ်ဆိုတာ အလိုလိုသိတယ်။ အဲဒီလိုမျိုး ကျင့်ကျင့်ယူပေးရတယ်။ ဆိုတော့ တစ်နှစ်တစ်ခါ မီးသတ်နဲ့ ပတ်သက်တာ Alarm ပေးပြီးလုပ်တယ်။ ငလျင်ဆိုတဲ့ဟာမျိုးနဲ့ လေ့ကျင့်ခန်း တွေ သူတို့မှာရှိတယ်။ ဥပမာ ကျောင်း တွေမှာဆို အမြဲလုပ်တယ်။ ကျောင်းတွေမှာ Alarm ပေးပြီး ငလျင် လှုပ်တယ် ဘာညာဆိုတာမျိုး ကလေးတွေကို သင်ပေးတာ။ အဲဒီတော့ ကလေးတွေက ဘာလုပ်ရမယ်ဆို တာ အကုန်သိတယ် ဘာ Alarm ပေါ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာ။ ဆိုတော့ အဲဒီလိုဖြစ်နေအောင်တော့ Train ထားဖို့လိုတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်တော်တို့သည် မြန်မာနိုင်ငံက ငလျင်ဆိုလည်း ငလျင် ဇုန်ထဲမှာကျနေတယ်။ မုန် တိုင်းဆိုလည်း မုန်တိုင်းဟာထဲမှာကျနေတယ်။ နောက် မီးဆိုရင် မီးလောင်ရင် ဘယ်လိုလုပ်ရမယ်ဆို တာ သင်ထားဖို့ကိုလိုနေတာ အားလုံးက။ အဲဒါတွေ ရှိမှသာလျှင် လူဦးရေ အနည်း ဆုံး သေအောင်လုပ်နိုင် မှာ။ Management အရမ်းအရေးကြီးတယ်။ ဒီလိုနိုင်ငံမျိုးတွေက တဖြည်းဖြည်း နဲ့ အခုတွေ့လာပြီပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် စိုးရိမ်တာက ခဏပဲ မဖြစ်သွားပါစေနဲ့ ဆုတောင်းတယ်။ ကောက်ရိုး မီးလို။ ဒီမှာ ဌာနဆိုင်ရာကလည်း ပိုက်ဆံတစ်ခုတည်းကိုကြည့်ပြီးတော့ လိုက်လျောပေးတာ ရှိတယ်။ ဆိုတော့လူ့အသက်တွေနဲ့ယှဉ်လာရင် စဉ်းစားဖို့သင့်လာပြီ အားလုံးက။ မလုပ်သင့်တော့ဘူး ဒီလို ဟာမျိုးတွေကို။ အခုထိကတော့ အားလုံးက ဒီအတိုင်းပဲသွားနေမှာ။ အခုတောင်မှ ပွင့်ပွင့်လင်းလင်း ပြောရရင် For Show တွေလုပ်ပြီးတော့ အမြန်ဆုံးပြန်ပြီးတော့ Recovery ဖြစ်တယ်ဆိုတာ လုပ်ဖို့လုပ် နေတယ် တချို့ဟာတွေ။ ဥပမာ ဆေးရုံတွေ တစ်ထပ်ပြိုကျတယ်၊ ပြန်ပြင်တယ်။ ဖြိုချရမယ့်ဟာကို ပြန်ပြင်တယ်ဆိုတော့။ ဆေးရုံလိုဟာမျိုးက ဘယ်လောက်အရေးကြီးလဲ။ လူနာတွေ ထပြေးလို့ ရတာလည်း မဟုတ်။ တကယ့်တကယ်အရေးကြောင်း ဖြစ်ရင် နိုင်ငံခြားလိုနေရာမှာဆိုရင် တချို့ စာသင် ကျောင်းလိုဟာမျိုးတွေ ကလေးတွေရှိတယ်။ ကလေး တွေရဲ့အသက် အရေးကြီးတယ်။ အဲဒီလို အရေး ကြီးတဲ့ဟာမျိုးကို ဘယ်လိုဆောက်မလဲ။ အဲဒီလိုမလုပ်ဘဲ ပြိုကျတာလေးကို For Show လေး လုပ်ပြီး ပြန်ပြင်မယ်၊ စာပြန်သင်နိုင်ပြီတို့ မလုပ်သင့်ဘူး။ လိုအပ်ရင် ကျွန်တော်တို့ လောလောဆယ် တဲထိုး ပြီးတော့ စာသင်ရင် သင်၊ အဆောက်အအုံကိုတော့ သေချာ Save ဖြစ်အောင်လုပ်။ အဲဒါမှ အခုကတည်း ကက လေးတွေလည်းသိလာနိုင်မှာ။ ဒီအဆောက်အအုံတွေ ကခိုင်တယ်။ အဲဒီတော့မှ သူတို့လည်း ယုံကြည်မှု ရှိရှိနဲ့ ဆက်စာသင်လို့ရနိုင်မှာ။ ဆေးရုံလည်း လူနာတွေက စိတ်အေးအေးနဲ့ ဆေးရုံ တက်လို့ ရမှာ။ နေမကောင်းလို့ ဆေးရုံတက်တယ်၊ ငလျင်နဲ့ထပ်သေမယ်ဆိုတဲ့ ပုံစံမျိုး၊ ဘယ်တော့သေမလဲဆို တာ စိုးရိမ်စိတ် တစ်ချိန်လုံးဖြစ်နေရတာမျိုးဆိုရင်တော့ အဓိပ္ပာယ်သိပ်မရှိတော့ဘူး။ အခု For Show နဲ့ အဲဒီလို ပုံစံမျိုး ပြန်ပြင်ဖို့လုပ်နေတယ်။ အဲဒါတွေက တကယ်တော့ မလုပ်သင့်ဘူး ရပ် ထားရမှာ။ နောက် (၃) လလောက်နေမှ အခြေကျမှ ပြန်လုပ်ရင်ကော ဘာဖြစ်သွားမှာမိုလို့လဲ။ လတ်တလော ယာယီဆေးရုံ တွေ လုပ်လို့ရတာပဲ။
မေး - အခုဆိုရင် အဆောက်အအုံတွေလည်း တော်တော်ပြိုတယ်ပေါ့နော်။ အဆောက်အအုံတစ်လုံး ဆောက်ပြီဆိုတာနဲ့ ဒီအဆောက်အအုံ ငလျင်ဒဏ်ခံနိုင်ရမယ်ဆိုတာ ဝယ်သူကမသိရင်တောင် ဆောက် တဲ့ လူတွေကသိသင့်တယ်လေ။ ဘာကြောင့် သူတို့ဒီလို မဆောက်ကြတာလဲ။ ဘာတွေလိုအပ်နေလို့လဲ။
ဖြေ - အဓိကက ခုနကပြောသလိုပေါ့။ ဈေးနှုန်း ယှဉ်ပြိုင်မှု။ ဝယ်သူက ဈေးနှုန်းသက်သာမှဝယ်တယ်။ ယှဉ်ရောင်းရင်။ အဲဒီတော့ မဟုတ်မမှန်ဆောက်တဲ့ လူဆိုတာကလည်းရှိနေတယ်။ ဒါကတော့ ဒီနိုင်ငံမှ မဟုတ်ဘူး နိုင်ငံခြားမှာလည်းရှိတယ်။ အခု ယိုးဒယားမှာ ပြိုသွားတာဆိုရင် တရုတ်ဆောက်တာ။ အဲဒီ တော့ ခိုတဲ့ဟာတွေလည်းရှိတယ်။ စီးပွားရေးသမားကတော့ အကျိုးအမြတ် ဘယ်လိုရအောင်လုပ်မလဲ ဆိုတာပဲပေါ့။ တကယ်တော့ နိုင်ငံတော်ကလည်း ကြီးကြပ်ရမှာ တချို့ဟာတွေက။ အနှောင့်အယှက် ပေးတာမဟုတ်ဘူးနော်။ မှန်လား မမှန်လား သုံးတဲ့ဟာကိုစစ်ခိုင်းတာ။ ဒီမှာက ကြီးကြပ်ဆိုရင် သေရော။ ကြီးကြပ်ဆိုတာနဲ့ လာပြီဆိုတာနဲ့ ခွင်ဖြစ်ပြီဆိုပြီးတော့ လုပ်မရအောင်ကြပ်တော့တာဆိုတော့ ငွေပေးပြီး ရင်းနှီးအောင်လုပ်တယ်။ ရင်းနှီးအောင်လုပ်ပြီးတော့ လုပ်လို့ လွယ်သွားပြီဆိုရင် လုပ်ချင်ရာ လုပ်တယ်။ ဒီမြန်မာ ပြည်ရဲ့ထုံးစံ။ အဲဒီပြဿနာတက်နေတာ။ တကယ်ဖြစ်သင့်တဲ့ဟာက ကျွန်တော် ပြောပြမယ်။ တကယ် သေချာဆောက်လား မဆောက်လားဆိုတာကိုပဲ ကြည့်ခိုင်းတာ။ ပစ္စည်းမှန် သုံးလား မသုံးလား ဆိုတာ ကြည့်။ အဲဒီတော့ အစောကပြောသလို ဈေးနှုန်းမရတဲ့အခါ ရသလိုဆောက်တယ်။ ဥပမာ အလုပ် တစ်ခု လက်ခံထားတယ်။ လက်ခံပြီးနောက်နေ့ကစ ဈေးနှုန်းတွေတက်တယ်။ ရှုံးတယ်။ ရှုံးတော့ မဖြစ် ဖြစ်အောင် လုပ်ကြတယ်။ မဖြစ်ဖြစ်အောင်လုပ်တဲ့အခါကျတော့ ခုနကပြောသလိုတွေ ဖြစ်လာတယ်။ သိ တယ်။ ဆောက်တဲ့လူတွေ ဘာလို့မသိရမှာလဲ။ ကိုယ့်အဆောက်အအုံ ဘယ်လောက်လဲဆိုတာသိတယ်။ ဒါပေမဲ့ မားကက်ပြိုင်ဆိုင်မှုနဲ့ ဖြစ်နေတဲ့လူက သူများနိုင်ငံမှာ အလုပ်လုပ်တယ် ဆိုတာက ပစ္စည်းဝယ် မရမှာ မပူရဘူး။ ပစ္စည်းကို အချိန်မီမရောက်မှာမပူရဘူး။ ကိုယ့်အလုပ်ကို ခေါင်းအေးအေး နဲ့လုပ်လို့ ရ တယ်။ ဒီနိုင်ငံမှာ ကိုယ့်အလုပ်တစ်ခုကို ခေါင်းအေးအေးနဲ့ လုပ်လို့ရတဲ့အလုပ်က ဘာတစ်ခုမှမရှိဘူး။ ချဉ် ပေါင်း ရောင်းတဲ့လူပဲကြည့်။ ဥပမာ သူ့မှာ ဒီပစ္စည်းတွေ စစ်လိုက်တဲ့အခါ အန္တရာယ်ကင်းဖို့ဆိုတာ ငရုတ် သီးကကော ကောင်းကောင်းရှိလို့လား။ သူ့ Error ဖြစ်ချင်မှဖြစ်မယ်နော်။ သူက ဒီပစ္စည်းတွေအားလုံးကို မဟုတ်တရုတ် Chemical တွေထည့်ရင်တော့ တစ်မျိုးလေ။ ဟုတ်တယ် မလား။ ဥပမာ သကြား။ သကြားက အရည်အသွေးမီတဲ့သကြားဈေးကွက်ထဲမှာရှိလား။ ငရုတ်သီးမှုန့် အရည်အသွေးမီတာရှိလား။ မှိုတက်မှုန့်တွေကိုကြိတ်တယ်၊ အစုံရောပြီးလုပ်တယ်။ အဲဒီ ပစ္စည်းတွေကို ထည့်မိရင် အဲဒီအချဉ်ပေါင်း ကိုသွားစစ်။ ဘယ်လိုမှ FDA Guide Line နဲ့ ကိုက်ညီမှာမဟုတ်ဘူး။ မှိုပါတယ် ဘာညာဖြစ်မှာပဲ။ ကျန်းမာ ရေးအတွက် မစားသင့်ဘူးဆိုတာ ဖြစ်မှာပဲ။ အဲဒီတော့ ဒီနိုင်ငံမှာ အလုပ်လုပ် ရတာ အဲဒီအဆင့်တောင် အဲဒီလိုပြဿနာရှိတယ်။ ဟုတ်တယ်နော်။ အဓိကက ဒီနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာက ပစ္စည်းသွင်းလို့ မရတဲ့ပြဿနာလည်း ပူရတယ်။ အချိန်မီမရောက်မှာလည်းပူရတယ်။ ဒေါ် လာဈေးကြောင့် ဈေးပြောင်း နေမှာလည်း ပူရတယ်။ စိုးရိမ်မှုပေါင်းများစွာနဲ့ အလုပ်လုပ်ရတာ ဒီနိုင်ငံမှာ။ သူများနိုင်ငံမှာ အဲဒီလို မဟုတ်ဘူး။ ကျွန်တော် အိမ် တစ်လုံးဆောက်မယ်။ ကျွန်တော် Developer ဆိုရင် ဒီဘက်ဂျက် လျာထား ရင် ပြောင်းရင်စပြီး အာမခံဝယ်လို့ရတယ်။ အာမခံဝယ်ရင် ဈေးတက်သွားတာကြောင့် ဖြစ်တာကို အာမခံ ကုမ္ပဏီကဝင်ခုပေးတာတွေရှိ တယ်။ ဥပမာ ဒေါ်လာဝယ်ရမယ်ဆိုရင် ဒေါ်လာကို ဝယ်ထားလိုက်။ အာမခံ တင်ထားလိုက်။ အဲဒီအခါကျရင် အဲဒါကြောင့်ဖြစ်တာကို ဆောက်တဲ့ လူကသိတယ်။ အဲဒီတော့ သူ့ဈေးသူ ကိုက်အောင်ဆောက်ကြတယ်။ အဲဒီလိုဟာမျိုးတွေရှိနေတဲ့ အခါ ကျတော့ ဘယ်လိုပြောမလဲ။ ဒီတိုင်းပြည်က အလုပ်လုပ်ဖို့တော့ မလွယ်ဘူး။ အမှန်တိုင်းပြောရင် မလွယ်ဘူး။ ဥပမာ တံခါး။ ကျွန်း တံခါးသုံးချင်တယ်။ သစ်သားပါကေး သုံးချင်တယ်။ ကိုယ်ကတော့ မသိဘူး။ စက်ရုံကိုမှာ လိုက်တာပဲ။ Site ရောက်တော့မှ အဲဒီသစ်က ခိုးသစ် ဖြစ်နေလို့ဆိုပြီး ခံလိုက်ရ တာရှိတယ်။ ပြီးရင် အဲဒီလိုပဲ လိုင်စင် မရှိတဲ့သစ်ကိုထိုးထားတဲ့ ပါကေးဆိုပြီး Site ရောက်တော့မှ ပြဿနာတက်တယ်။ အဲဒါမျိုးတွေလည်း ရှိတယ်။ ဆိုတော့ ဒီနိုင်ငံက စိတ်အေးအေးနဲ့ အလုပ်လုပ်လို့ရ တဲ့အထဲမှာ မရှိဘူး။ သူများနိုင်ငံမှာ အဲဒါ တွေမရှိဘူး။ ကိုယ့်ဆီရောက်လာတဲ့ပစ္စည်းက တရားဝင် သူ့ဟာ နဲ့သူ လုပ်ပိုင်ခွင့်တွေ၊ လွတ်လွတ် လပ် လပ် လုပ်လို့ရတဲ့အတွက် တော်တော်များများ ပစ္စည်းက တရားဝင် တွေချည်းပဲ စီးပွားရေးက။ ဒီမှာ ဘာ လုပ်လုပ် ဥပဒေနဲ့လိုက်ငြိနေသလိုဖြစ်တာ။ အဲဒီတော့ စိတ်အေး အေးနဲ့လုပ်လို့မရဘူး။ အဲဒီဟာတွေ လည်း ရှိတယ်။ အဲဒါတွေကြောင့်ဖြစ်လာတဲ့ မထင်မှတ်တဲ့ Cost တွေ လည်းရှိနေတယ်။ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ Developer တွေ အများစုလည်း ခိုလာကြတယ်။ အဲဒီထဲကမှ ငါ့နာမည်ကို ငါ အဆုံးရှုံး တော့မခံနိုင်ဘူး။ ဖြစ်သလောက်တော့ ပြီးအောင်လုပ်မယ်ဆိုတဲ့လူလည်း ရှိတယ်။ အဲဒီလိုလူမျိုး တွေ လည်း ရှိတယ်။ အဲဒီလိုလူမျိုးတွေက ဘာဖြစ်သွားလဲဆိုတော့ နောက် အလုပ်မလုပ်ချင်ဘူး။ ဒီအ လုပ်က လုပ်လို့အဆင်မပြေပါဘူးဆိုပြီးတော့ လုပ်ငန်းပြောင်းပြီး ထွက်ကုန်တဲ့လူနဲ့ နိုင်ငံခြားပြောင်းတဲ့ လူနဲ့ ဖြစ်ကုန်ကြတယ်။ Developer က သူ့အဆောက်အအုံတော့ သူသိကြတယ်။ ဘယ်လောက်ထိ ကောင်းလဲ။ ဘာတွေလုပ်ထားလဲဆိုတာသိတယ်။
မေး - အဲဒါဆိုရင် လက်ရှိ ရန်ကုန်မှာဆိုရင် ငလျင်ဒဏ်ခံနိုင်တဲ့အဆောက်အအုံ ဘယ်လောက်လောက်ရှိ လဲ။ ပြီးတော့ အဲဒီအဆောက်အအုံတွေကကော အမြင့်ဆုံးပြင်းအား ဘယ်လောက်ထိ ခံနိုင်ရည်ရှိနိုင် လောက်မလဲ။
ဖြေ - အခု ကျွန်တော့်အမြင်ပေါ့နော်။ လက်တွေ့ပြသွားပြီ။ ရန်ကုန်မှာ ဟိုတစ်နေ့က (၄ ဒသမ ၈) လား မသိ သူတို့မှန်းတယ်။ အခုထိမပြိုဘူးဆိုရင် အဲဒီလောက်ခံတာတော့ကျိန်းသေတယ် လောလောဆယ်။
မေး - ငလျင်ဒဏ်ခံ အဆောက်အအုံကကော ဘယ်လောက်လောက်ရှိမလဲရှင့်။ ရန်ကုန်မှာဆိုရင်။
ဖြေ - စောစောကပြောတဲ့ (၄ ဒသမ ၈) လောက်တော့ ခံနိုင်ကြသေးတယ်လို့မှန်းတယ်။ ဇုန်ကလည်း Weak Zone ထဲမှာပဲရှိသေးတယ်။ နောက်တစ်ခါကျတော့ Engineering Calculation မှာလည်း (၂)တို့ ဘာတို့ ယူတာရှိတယ်။ နှစ်ဆသံသုံးတာတို့ ဘာတို့။ Safety Factor သုံးတာကိုး။ Safety ထဲမှာဝင်နေ သေးတယ်လို့ ကျွန်တော်တို့ထင်တယ်။ နောက်တစ်ခုက ဟိုတစ်နေ့ကလှုပ်တဲ့ငလျင်ဆို ကြာတယ်ပြော တယ်။ ဒါပေမဲ့ အကြိမ်ကြိမ် အဲဒီလိုလှုပ်နေရင်တော့ material က ကြာရင် အထဲမှာ Bite ဖြစ်လာနိုင် တယ်။ သုံးတဲ့ materials ပေါ့နော်။ နိုင်ငံခြားမှာက ကျွန်တော်တို့ ကျောက်ကို ကွန်ကရစ်ဖျော်တဲ့ နေရာ မှာမသုံးဘူး အဆောက်အအုံဆောက်တဲ့နေရာမှာ။ ဘာလို့ဆို မြစ်ကျောက်က ကုပ်အားမကောင်း ဘူး ပြောင်ချောနေလို့။ ကုပ်အားမကောင်းတဲ့အတွက်ကြောင့် သံနဲ့ ကြားမှာ ဆွဲအားမကောင်းဘူး။ မကောင်း တော့ အဲဒီလိုဟာမျိုးကို ပေးမသုံးဘူး။ ကျောက်တောင်ကနေ ကျောက်တွေကို အစိတ်စိတ် အမြွှာမြွှာလုပ် တဲ့ဟာရှိတယ်။ အဲဒီကောင်တွေက ကုပ်အားကောင်းတယ်။ အဲဒီတော့ အဲဒါမျိုးမှ ပေးသုံး တယ်။ နောက် အစောကပြောတဲ့ တစ်ထပ်အိမ် နှစ်ထပ်အိမ်တွေမှာ ဘိလပ်မြေ ဖျော်တယ်။ အဲဒီဖျော်တဲ့ ဒေသကရေက ဆားဓာတ်ပါလားလဲ မသိ၊ ထုံးဓာတ်ပါလားလဲ မသိ။ အဲဒီရေနဲ့ ကောက်ဖျော်တယ်။ အဲဒီထဲမှာဆားဓာတ် ပါရင်၊ ထုံးဓာတ်ပါရင် ရေက ကွန်ကရစ်တွေမှာဖျော်တာက ရေ အသန့်နီးပါးနဲ့ ဖော်မြူလာနဲ့ ထုတ်ထား ပြီးတော့ ဖျော်တဲ့ဟာဖြစ်တယ်။ သဲကကော ဘယ်လိုသဲလဲ။ ဥပမာ ပင်လယ်ထွက်တဲ့ သဲဆို မသုံးကြဘူး အများစုက။ ပင်လယ်ကထွက်ရင် ဆားဓာတ်ပါတယ်။ ဆား ဓာတ်ပါတဲ့အခါကျတော့ အဲဒီဆားဓာတ်ကပဲ အဲဒီ သံချောင်းကို ပြန်စားသွားပြီးတော့ သံချေးတက်တယ်။ ပျက်တယ်။ နောက်တစ်ခါ အစောက ပြော တဲ့ မြစ် ကျောက်ကိုသုံးမယ်ဆိုရင် အဲဒီကောင်နဲ့သံချောင်းတွေနဲ့ ဟနေတဲ့ အတွက်တော့ သံက အထဲ ထဲမှာ နည်းနည်းသံချေးကိုက်တယ်။ အစောကပြောတဲ့ ရေမှာလည်းပြဿနာရှိတယ်။ အဲဒီတော့ အကုန် လုံး က ဂရုစိုက်ပြီးဆောက်ရမှာ။ အားလုံးကိုတော့ Knowledge လေးလည်းပေးမှရမှာ။ Materials အရမ်း အရေးကြီးတယ်။ အခု ဒီမှာဖြစ်နေတာ Materials ပြဿနာလည်း အများကြီးရှိတယ်။ Market ထဲမှာ အဓိကက သံတွေက ဘယ်လိုမှကို အရည်အသွေးမမီဘူး။ သူက ဆိုက်ပြည့်တယ်သာ ပြောနေကြတာ။ ဒီဇိုင်းတွက်တဲ့အခါမှာ သံကို Weight နဲ့တွက်တဲ့အခါကျတော့ တစ်တန်မှာ Weight ဘယ်လောက်ရော သွားရင် ဒီ Structure က မှားသွားပြီ။ အမှန်မဖြစ်နိုင်တော့ဘူး။ အလုပ်သမားတွေရဲ့ ဘယ်လောက် တိကျလဲ အလုပ်လုပ်တာ။ ဒါပေမဲ့ အဲဒီ Error အနည်းအကျဉ်းတော့ ရှိတယ်။ Error ကို ကာဗာပေးထား တဲ့အတွက် ခုနကပြောတဲ့ Safety Factor တွေဘာတွေ တွက်တော့တာပဲ။ Workmanship မှာရှိတဲ့ Error ရှိမယ်။ Materials Error ရှိမယ်။ အဲဒါကိုထည့်တွက်ပြီးတော့မှ Safety Factor ယူထားတာ။ အခု ချိန်က ပြင်ဖို့အကောင်းဆုံး။ အားလုံးကြောက်နေတဲ့စိတ်၊ စိုးရိမ်တဲ့ စိတ်တွေရှိနေတဲ့အချိန်မှာ ပြင်တာ အကောင်းဆုံးပဲ။ ပြင်ကိုပြင်ရတော့မှာ။ အခုမှစတဲ့ဟာတွေ ပြင်ကို ပြင်ရတော့မှာ။
(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
“ အခုအခ်ိန္က ေဆာက္လုပ္ေရးက႑ကို ျပဳျပင္ေျပာင္းလဲဖို႔ အေကာင္းဆုံးပဲ”
ယြန္း (NP News)
ေမး - လက္ရွိမွာ ငလ်င္ဒဏ္ခံတဲ့အေဆာက္အအုံေတြ လိုလာၿပီလား။
ေျဖ- လိုတယ္။ အခုမွလိုတာမဟုတ္ဘူး။ သူရဲ႕ဇုန္ အတိုင္းကို သတ္မွတ္ခ်က္က ကြၽန္ေတာ္တို႔အဘြား ေလာက္ကတည္းကရွိတယ္။ (၂၀၁၃)ေလာက္မွာ တစ္ခါထြက္တယ္။ (၂၀၁၈)မွာ တစ္ခါျပင္တယ္။ (၂၀၁၈) ဦးၿဖိဳးမင္းသိန္းလက္ထက္မွာ ထပ္ထြက္တယ္။ မႏၲေလးမွာလည္း မႏၲေလးဟာ ထြက္လိမ့္မယ္။ ဂ်ပန္နဲ႔လုပ္ထားတဲ့ သုေတသနစာတမ္းေတြရွိတယ္။ကြၽန္ေတာ္သိသေလာက္က ရွိလိမ့္မယ္။ အဲဒီအေပၚ မွာ Reference လုပ္ၿပီးေတာ့ ေျပာတာေပါ့ေနာ္။ သူတို႔လည္းေသခ်ာစစ္မယ္။ ၾကပ္ခိုင္းတာမဟုတ္ဘူး။ ကြၽန္ေတာ္တို႔ဆီကစစ္မယ္ဆိုရင္ အလုပ္လုပ္လို႔မရေအာင္ၾကပ္ပစ္တာ။ အဲဒီလိုဆိုလိုခ်င္တာမဟုတ္ဘူး။ အလုပ္မွန္မွန္ကန္ကန္လုပ္လို႔ လြယ္ေအာင္ Supporting ေပးရမယ္။ မွန္မွန္ကန္ကန္မလုပ္တဲ့လူကို မွန္ မွန္ကန္ကန္လုပ္ေအာင္ GuideLine ထဲကိုထည့္ေအာင္လုပ္ဖို႔လိုတယ္ေျပာတာ။ ဥပမာ ဒီမွာက ၾကပ္ တယ္ဆိုရင္ လုပ္မရေအာင္လုပ္ပစ္တာ။ အဲဒါႀကီးက် ေတာ့လည္းအဆင္မေျပဘူး။ မွန္မွန္ကန္ကန္ လုပ္ တဲ့ လူလုပ္လို႔ရေအာင္အားေပးရမယ္။ ကူညီရမယ္ ဥပမာ ႏိုင္ငံျခားကေန Quality မီတဲ့ပစၥည္းေတြ သြင္း မယ္ဆိုရင္ေပးသြင္းလိုက္ ၾကပ္မထားနဲ႔။ ပါမစ္ကို ေရာင္းစားတဲ့ဟာက်ေတာ့ ဥပမာ သံပါမစ္ကို တကယ္ သြင္းတဲ့လူမဟုတ္ဘဲ လက္နီးရာကိုေပးလိုက္ေရာ။ အဲဒီပါမစ္ကိုယူၿပီးေတာ့ အျပင္ကိုထြက္သြားေရာ။ သြင္းတဲ့လူလက္ထက္ကိုေရာက္သြားေရာ။ ပါမစ္ေၾကး ကေပါင္းလိုက္ေရာ။ ေပါင္းလိုက္ၿပီး Market အထဲ မွာ မကိုက္ကိုက္ေအာင္ HRD သတ္မွတ္ခ်က္ေတြ ရွိတယ္။ သူရဲ႕ Pressure ေပါ့။ အဲဒီဟာေတြနဲ႔ သတ္ မွတ္ခ်က္မျပည့္တဲ့ဟာေတြကိုသြင္းခ်လာေရာ။ ေဈးကြက္ထဲမွာေရာင္းလို႔ရေအာင္ဆိုၿပီးေတာ့။ အဲဒီလို ဟာ မ်ိဳးေတာ့မျဖစ္ေအာင္လုပ္ရမွာ။ ႏိုင္ငံေတာ္က ကိုယ္တိုင္လည္း စံျပျဖစ္ေအာင္လုပ္ဖို႔လိုသြားၿပီ။ ႏိုင္ငံေတာ္က လုပ္ျပမွ ေနာက္လူေတြကလုပ္လာမွာ။ အဲဒီေတာ့ ႏိုင္ငံေတာ္က ဘယ္လိုစထိန္းမလဲ။ သူတို႔ကိုယ္တိုင္ ဒီလိုေကာင္းတဲ့ Quality ကိုစသုံးရမယ္။ အဲဒီလို Quality ေဆာက္တဲ့ေၾကးကို ေသခ်ာ ေပးရမယ္။ စေပးကတည္းက ပစၥည္းေတာင္ဝယ္မရတဲ့ေဈးနဲ႔ ေပးတယ္။ (၁၀%) ေလွ်ာ့မွေအာင္မယ္။ ၿပီးရင္ တင္ဒါ ေအာင္ဖို႔ ေၾကးကလည္းရွိဦးမယ္။ ၿပီးတဲ့အခါက်ေတာ့ Structure ေၾကးေတြလည္း ေပးရ မယ္။ အာမခံေၾကး ေတြ QC စစ္တာ။ QC က ႏိုင္ငံေတာ္စစ္ရမွာ။ ႏိုင္ငံေတာ္ ပိုက္ဆံနဲ႔စစ္ေလ ဟုတ္ တယ္မလား။ အစိုးရ ကိုယ္တိုင္ကလည္း Train ေပးဖို႔လိုတယ္။ လုပ္ငန္းရွင္ေတြ လမ္းတည့္လာေအာင္ မွန္မွန္ကန္ကန္လုပ္ လာႏိုင္ေအာင္ဆိုတာ အစိုးရကိုယ္တိုင္က တခ်ိဳ႕ဟာေတြက ပါဝင္ေဆာင္႐ြက္ေပးမွ ရတာ။ လုပ္ၿပီးေတာ့ ၾကပ္ၿပီးေတာ့မွ အစိုးရကိုယ္တိုင္ ေသခ်ာလုပ္မွရတာ။ အခုက်ေတာ့ ဘာျဖစ္လဲဆို ေတာ့ အကုန္လုံးက မ ေၾကာက္ၾကဘူး။ အစိုးရဟာေတြေဆာက္တာဆိုၿပီး အျဖစ္ေဆာက္ေနတာေပါ့ ေနာ္။ ၿပိဳစရာရွိရင္ သူတို႔ အရင္ၿပိဳမွာ။ သူတို႔အရင္ရွင္းရမွာဆိုတဲ့ အေတြးအေခၚပဲ။ ကန္ထ႐ိုက္လုပ္တဲ့ တခ်ိဳ႕ လူေတြမွာရွိေနတယ္။ Develope တိုင္းမဟုတ္ဘူးေနာ္။ ကြၽန္ေတာ္ ေျပာခ်င္တာက။ ဒီဘက္ (၂၀၁၀) မွာဝင္လာတဲ့ Develope ေတြမွာ Mind set အမ်ားႀကီးခ်ိန္းလာတာ ရွိတယ္။ အစည္းအေဝးတိုင္း မွာေပါ့ေနာ္။ အစည္းအေဝးမွာ Developer ေတြကအစ (၂၀၁၀)ေနာက္ပိုင္းမွာ ဝင္လာတဲ့လူေတြမွာ နည္းနည္းစဥ္းစားလာၿပီ။ ကိုယ္ က်ိဳးဆိုတာတစ္ခုတည္းထက္စာရင္ေပါ့ေနာ္ ဒါေတြက ဒီလိုျဖစ္ႏိုင္တယ္ ဆိုတဲ့ သုံးသပ္လာတဲ့လူေတြ မ်ားလာတယ္ ေနာက္ပိုင္း။ ဆိုေတာ့ အဓိကကေတာ့ ကြၽန္ေတာ္ဆိုလိုခ်င္ တာက ဒီ Sector ႀကီးက ဒီအခ်ိန္က ျပင္ဖို႔အေကာင္းဆုံးပဲ။ ႏိုင္ငံျခားမွာဆိုရင္ ဂ်ပန္နဲ႔ယွဥ္ျပမယ္။ ဂ်ပန္ မွာဆိုရင္ ႏွစ္ထပ္အိမ္ ေဆာက္ရင္ေတာင္မွ သစ္က သစ္ပြသားတို႔ ဘာတို႔ သုံးတာ။ ျမန္မာအိမ္မွာ ပ်ဥ္ ေထာင္အိမ္ေနတယ္ဆိုၿပီးေတာ့လည္း စိတ္သိပ္ခ်ရတယ္၊ မေသဘူးမထင္နဲ႔။ အဲဒီထုပ္တန္းေတြျပဳတ္က် လို႔ ေသတဲ့လူေတြရွိတယ္။ အဲဒီေတာ့ အရမ္းႀကီးတဲ့ဟာလည္း ထည့္လို႔မရဘူး။ ျမန္မာေတြက ႀကီးရင္ ခိုင္တယ္လို႔တြက္တာ။ အႀကီး ႀကီးေတြထည့္မယ္ သစ္သားေတြ။ သိတယ္မလား။ သစ္သားအိမ္ေတာင္ ၿပိဳက်ရင္လူေသႏိုင္ေသးတယ္။ ေနာက္ၿပီးေတာ့ ငလ်င္ခိုင္တဲ့ဟာရွိၿပီးသား။ သစ္သား နဲ႔ပဲလုပ္လုပ္ ဘာနဲ႔ပဲလုပ္လုပ္ သူ႔ဘာသာရွိၿပီး သား။ ဒီမွာက မဟုတ္ဘူး။ အကန႔္တစ္ကန႔္ကို ဘယ္ေလာက္။ လက္ သမားက ရက္မ ဘယ္ေလာက္ အႀကီးႀကီးေတြ လုပ္ထားတာ ခိုင္ပါတယ္တို႔၊ ဘာတို႔ ညာတို႔။ ေအာက္က Foundation မခိုင္ေတာ့ အုတ္ဖိနပ္နဲ႔ သြားတယ္။ သြားမွာပဲ။ အဲဒီေတာ့ ေျပာခ်င္တာ ဘာလဲဆိုေတာ့ သစ္သား အိမ္ေဆာက္ရင္ ေတာင္မွ Engineering ကလိုတယ္။ လက္သမားနဲ႔ အရပ္ထဲေဆာက္တဲ့ ပုံစံ မ်ိဳးက ေလွ်ာ့ဖို႔လိုတယ္။ အခုျဖစ္တဲ့အျဖစ္အပ်က္ အမ်ားဆုံးသည္ Earthquake Zone ထဲ ဝင္တယ္ မဟုတ္ဘူး။ မႏၲေလးတို႔၊ ေနျပည္ေတာ္တို႔မွာလည္း ၿပိဳတာ သြားၾကည့္လိုက္ဦး။ ႏွစ္ထပ္အိမ္ေတြ ၿပိဳတာ အမ်ားဆုံး။ စည္ပင္ရိပ္သာက တစ္လုံးေလးေတာင္ ၿပိဳပါတယ္ဆိုမွ။ ဘန္ဂလိုေလး။ ၿပိဳတဲ့ဟာမွာ ေစာ ေစာက ကြၽန္ေတာ္ေျပာတဲ့ သုံးထားတဲ့သစ္သားက သစ္မာသားသုံးထားမယ္ Size ႀကီးရင္ ျပဳတ္က်ရင္ ေသမွာ။ မပူနဲ႔။ အဓိကက Earthquake ျဖစ္ရင္ အသက္ကို ဘယ္လိုကယ္ဆယ္မလဲ။ ဘယ္လိုေျပးရ မလဲ။ ဘယ္လိုေရွာင္ရမလဲ။ အဲဒါေတြကအစ ေက်ာင္းေတြမွာ ထည့္သြင္းသင္ဖို႔လိုၿပီ။ ဒါေတြက အထပ္ နိမ့္တယ္၊ ျမင့္တယ္ ဆိုတဲ့ ျပႆနာေတြေတာ့ မဟုတ္ေတာ့ဘူး။ အားလုံးမွာ ျပႆနာရွိတယ္။ ေဆာက္ လုပ္ေရး Sector တစ္ခုလုံးျပင္ရမွာ။ အဲဒီေတာ့ ေနာက္ပိုင္း လုံးခ်င္းအိမ္ေတြေဆာက္ေနမယ္။ တကယ္ နားလည္တတ္ျြကမ္းတဲ့လူေတြနဲ႔ တကယ္နာ မည္ရွိတဲ့ ကုမၸဏီနဲ႔ ေဆာက္ဖို႔လိုတယ္။ အရပ္ထဲမွာ သိ တယ္မလား ေဆာက္ၿပီး အိမ္ကိုလွေအာင္လို႔ မဆလာ သနပ္ခါးေလးလိမ္းၿပီးေတာ့ ေရာင္းတာမ်ိဳး၊ ေဆာက္တာမ်ိဳးေတြကေတာ့ ဆင္ျခင္သင့္ၿပီ။ အဲဒါေတြနဲ႔အပ္တာကိုလည္း အတတ္ႏိုင္ဆုံး ဆင္ျခင္သင့္ ၿပီ။ ဝယ္ကတည္းက အထပ္ျမင့္အေဆာက္အအုံဝယ္ ေတာ့မယ္ဆိုလည္း ေသခ်ာေမးသင့္တယ္။ ဥပမာ ဒီအေဆာက္အအုံက Earthquake ဘယ္ေလာက္နဲ႔ ေဆာက္ထားလဲဆိုတာ ရွိတယ္။ အထပ္ျမင့္ေတြက မ်ားေသာအားျဖင့္ အထပ္ျမင့္အေဆာက္အအုံႀကီး ၾကပ္ေရးေကာ္မတီဆိုတာရွိတယ္။ ရွိေတာ့ အခု မႏၲ ေလးမွာ ကြန္ဒိုၿပိဳက်တယ္။ အားလုံးေတာ့ ၿပိဳတာ မဟုတ္ဘူး။ Developer ေပၚမွာ အမ်ားႀကီးမူတည္ တယ္။ ေနာက္တစ္ခုက Earthquake ကို (၇.၇) ခံႏိုင္တဲ့အေဆာက္အအုံက တစ္ခုမွမရွိဘူး ၿပိဳမွာပဲ။ ေနာက္တစ္ခုက Earthquake ထြက္ထားတယ္ဆိုေပမယ့္လည္း Earthquake အမ်ားစုတြက္ခ်က္မႈ ေတြမွာ တစ္ႀကိမ္လာတဲ့ဟာနဲ႔တြက္တာ။ (၃) ၊ (၄) ႀကိမ္လာရင္ေကာဆိုတာ ထည့္မစဥ္းစားဘူး။ လူပဲ ျဖစ္ပါေစ တစ္ခါဒဏ္ရာရထားရင္ အဲဒီေနရာက ေပ်ာ့ကြက္ရွိတယ္။ ဘာမွေတာ့ျဖစ္မသြားဘူး။ (၂)ႀကိမ္ (၃)ႀကိမ္လာရင္ ျဖစ္သြားႏိုင္တယ္။ ဒါက အေဆာက္အအုံလည္း ဒီအတိုင္းပဲ။ အဲဒီသေဘာ။ (၄၊ ၅၊ ၆) ႀကိမ္လာေနတဲ့ Earthquake နဲ႔တြက္ထားတာေတာ့ အင္မတန္နည္းတယ္။ ရန္ကုန္က်ရင္ အဓိကက ပိုၿပီး စဥ္းစားရမွာ။ ဘာစဥ္းစားရမလဲဆိုရင္ Earthquake တစ္ခုတည္းအတြက္မဟုတ္ဘူး။ အဲဒီထက္ ဆိုးတာ Wind Load ဆိုတဲ့ဟာပါစဥ္းစားရမွာ အေဆာက္ အအုံေဆာက္ရင္။ ဥပမာ ကိုဗစ္တုန္းကလိုမ်ိဳး 120mph တို႔ ေလတိုက္လာတဲ့အခါက်ရင္ အေဆာက္အအုံပါ ယိမ္းလာမယ္။ ငလ်င္လိုပဲ သူလည္း ျပင္းတာပဲ။ အဲဒါ ေၾကာင့္ ၿပိဳတာေတြလည္းရွိတယ္။ ဆိုေတာ့ အဓိက ရန္ကုန္က Earthquake နဲ႔စာရင္ Wind Load လည္း ထည့္စဥ္းစားရမယ္။ အဲဒါေတြဝယ္တဲ့လူေတြက Earthquake ျဖစ္ေနတာ Wind Load ေရာ ထည့္ စဥ္းစားလားဆိုတာေမးရမယ္ ေနာက္ပိုင္းက်ရင္။ အဲဒီေတာ့ ဒီဌာနဆိုင္ရာေတြ သတ္ မွတ္တဲ့ဌာနဆိုင္ ရာေတြကအစ ဒါေတြကို အကုန္စဥ္းစားရေတာ့မယ္။ အဲဒီလိုဟာေတြကို အကုန္လုံး ကိုထည့္မစဥ္းစားဘဲ အေဆာက္အအုံက လူေတြေနတာျဖစ္တဲ့အတြက္ မထားသင့္ဘူး။ ဆိုလိုတာက အဲဒီလိုအခ်ိန္ေတြမွာ ဘယ္လိုအသက္ကယ္တာေတြ လုပ္ရမလဲ။ အဓိကကေတာ့ ေျပးကိုေျပးရမယ္။ ဆင္းေျပးတဲ့အခ်ိန္မွာ အ ေရးေပၚအေျခအေနမွာ မစဥ္းစားတတ္ဘူး။ ဂ်ပန္လို ႏိုင္ငံေတြမွာက်ေတာ့ အၿမဲတမ္းေလ့က်င့္ခန္းေတြရွိ တယ္။ တစ္ႏွစ္တစ္ခါ။ ဥပမာ ဒီအေဆာက္အအုံဆိုၾကပါစို႔။ Fire Alarm ေပၚမယ္။ အဲဒီအခါက်ရင္ လူကဘာျဖစ္လဲဆိုေတာ့ အေရးေပၚေလွခါးကို ေျပးရမယ္။ ပထမကေတာ့ ပ်ာယာခတ္ခ်င္ခတ္မယ္။ ေနာက္ပိုင္း လုပ္ပါမ်ားေတာ့ ခႏၶာကိုယ္က မွတ္မိသြားေရာ။ ဂ်ပန္မွာက်ေတာ့ Body Learning လို႔ေခၚ တယ္။ ဦးေႏွာက္ကမွတ္ထားၿပီး အဆင္မေျပဘူး။ Body နဲ႔ အႀကိမ္ႀကိမ္လုပ္ပါ မ်ားရင္ ေအာ္တိုျဖစ္တယ္။ ဥပမာ ေရကူးတတ္တဲ့လူတစ္ေယာက္ ေရထဲ က်သြားရင္ (၁) ဘယ္လိုလုပ္၊ (၂) ဘယ္လိုလုပ္ သူ႔ ေဘာ္ဒီက အလိုလိုမွတ္သြားေရာ။ ဆိုေတာ့ အဲဒီအတိုင္းပဲ ခဏခဏက်င့္ေပးတဲ့ အခါက်ေတာ့ ေျပးရမယ္ဆိုတာ အလိုလိုသိတယ္။ အဲဒီလိုမ်ိဳး က်င့္က်င့္ယူေပးရတယ္။ ဆိုေတာ့ တစ္ႏွစ္တစ္ခါ မီးသတ္နဲ႔ ပတ္သက္တာ Alarm ေပးၿပီးလုပ္တယ္။ ငလ်င္ဆိုတဲ့ဟာမ်ိဳးနဲ႔ ေလ့က်င့္ခန္း ေတြ သူတို႔မွာရွိတယ္။ ဥပမာ ေက်ာင္း ေတြမွာဆို အၿမဲလုပ္တယ္။ ေက်ာင္းေတြမွာ Alarm ေပးၿပီး ငလ်င္ လႈပ္တယ္ ဘာညာဆိုတာမ်ိဳး ကေလးေတြကို သင္ေပးတာ။ အဲဒီေတာ့ ကေလးေတြက ဘာလုပ္ရမယ္ဆို တာ အကုန္သိတယ္ ဘာ Alarm ေပၚရင္ ဘယ္လိုလုပ္ရမလဲဆိုတာ။ ဆိုေတာ့ အဲဒီလိုျဖစ္ေနေအာင္ေတာ့ Train ထားဖို႔လိုတယ္။ ဘာျဖစ္ လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔သည္ ျမန္မာႏိုင္ငံက ငလ်င္ဆိုလည္း ငလ်င္ ဇုန္ထဲမွာက်ေနတယ္။ မုန္ တိုင္းဆိုလည္း မုန္တိုင္းဟာထဲမွာက်ေနတယ္။ ေနာက္ မီးဆိုရင္ မီးေလာင္ရင္ ဘယ္လိုလုပ္ရမယ္ဆို တာ သင္ထားဖို႔ကိုလိုေနတာ အားလုံးက။ အဲဒါေတြ ရွိမွသာလွ်င္ လူဦးေရ အနည္း ဆုံး ေသေအာင္လုပ္ႏိုင္ မွာ။ Management အရမ္းအေရးႀကီးတယ္။ ဒီလိုႏိုင္ငံမ်ိဳးေတြက တျဖည္းျဖည္း နဲ႔ အခုေတြ႕လာၿပီေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုရင္ စိုးရိမ္တာက ခဏပဲ မျဖစ္သြားပါေစနဲ႔ ဆုေတာင္းတယ္။ ေကာက္႐ိုး မီးလို။ ဒီမွာ ဌာနဆိုင္ရာကလည္း ပိုက္ဆံတစ္ခုတည္းကိုၾကည့္ၿပီးေတာ့ လိုက္ေလ်ာေပးတာ ရွိတယ္။ ဆိုေတာ့လူ႔အသက္ေတြနဲ႔ယွဥ္လာရင္ စဥ္းစားဖို႔သင့္လာၿပီ အားလုံးက။ မလုပ္သင့္ေတာ့ဘူး ဒီလို ဟာမ်ိဳးေတြကို။ အခုထိကေတာ့ အားလုံးက ဒီအတိုင္းပဲသြားေနမွာ။ အခုေတာင္မွ ပြင့္ပြင့္လင္းလင္း ေျပာရရင္ For Show ေတြလုပ္ၿပီးေတာ့ အျမန္ဆုံးျပန္ၿပီးေတာ့ Recovery ျဖစ္တယ္ဆိုတာ လုပ္ဖို႔လုပ္ ေနတယ္ တခ်ိဳ႕ဟာေတြ။ ဥပမာ ေဆး႐ုံေတြ တစ္ထပ္ၿပိဳက်တယ္၊ ျပန္ျပင္တယ္။ ၿဖိဳခ်ရမယ့္ဟာကို ျပန္ျပင္တယ္ဆိုေတာ့။ ေဆး႐ုံလိုဟာမ်ိဳးက ဘယ္ေလာက္အေရးႀကီးလဲ။ လူနာေတြ ထေျပးလို႔ ရတာလည္း မဟုတ္။ တကယ့္တကယ္အေရးေၾကာင္း ျဖစ္ရင္ ႏိုင္ငံျခားလိုေနရာမွာဆိုရင္ တခ်ိဳ႕ စာသင္ ေက်ာင္းလိုဟာမ်ိဳးေတြ ကေလးေတြရွိတယ္။ ကေလး ေတြရဲ႕အသက္ အေရးႀကီးတယ္။ အဲဒီလို အေရး ႀကီးတဲ့ဟာမ်ိဳးကို ဘယ္လိုေဆာက္မလဲ။ အဲဒီလိုမလုပ္ဘဲ ၿပိဳက်တာေလးကို For Show ေလး လုပ္ၿပီး ျပန္ျပင္မယ္၊ စာျပန္သင္ႏိုင္ၿပီတို႔ မလုပ္သင့္ဘူး။ လိုအပ္ရင္ ကြၽန္ေတာ္တို႔ ေလာေလာဆယ္ တဲထိုး ၿပီးေတာ့ စာသင္ရင္ သင္၊ အေဆာက္အအုံကိုေတာ့ ေသခ်ာ Save ျဖစ္ေအာင္လုပ္။ အဲဒါမွ အခုကတည္း ကက ေလးေတြလည္းသိလာႏိုင္မွာ။ ဒီအေဆာက္အအုံေတြ ကခိုင္တယ္။ အဲဒီေတာ့မွ သူတို႔လည္း ယုံၾကည္မႈ ရွိရွိနဲ႔ ဆက္စာသင္လို႔ရႏိုင္မွာ။ ေဆး႐ုံလည္း လူနာေတြက စိတ္ေအးေအးနဲ႔ ေဆး႐ုံ တက္လို႔ ရမွာ။ ေနမေကာင္းလို႔ ေဆး႐ုံတက္တယ္၊ ငလ်င္နဲ႔ထပ္ေသမယ္ဆိုတဲ့ ပုံစံမ်ိဳး၊ ဘယ္ေတာ့ေသမလဲဆို တာ စိုးရိမ္စိတ္ တစ္ခ်ိန္လုံးျဖစ္ေနရတာမ်ိဳးဆိုရင္ေတာ့ အဓိပၸာယ္သိပ္မရွိေတာ့ဘူး။ အခု For Show နဲ႔ အဲဒီလို ပုံစံမ်ိဳး ျပန္ျပင္ဖို႔လုပ္ေနတယ္။ အဲဒါေတြက တကယ္ေတာ့ မလုပ္သင့္ဘူး ရပ္ ထားရမွာ။ ေနာက္ (၃) လေလာက္ေနမွ အေျခက်မွ ျပန္လုပ္ရင္ေကာ ဘာျဖစ္သြားမွာမိုလို႔လဲ။ လတ္တေလာ ယာယီေဆး႐ုံ ေတြ လုပ္လို႔ရတာပဲ။
ေမး - အခုဆိုရင္ အေဆာက္အအုံေတြလည္း ေတာ္ေတာ္ၿပိဳတယ္ေပါ့ေနာ္။ အေဆာက္အအုံတစ္လုံး ေဆာက္ၿပီဆိုတာနဲ႔ ဒီအေဆာက္အအုံ ငလ်င္ဒဏ္ခံႏိုင္ရမယ္ဆိုတာ ဝယ္သူကမသိရင္ေတာင္ ေဆာက္ တဲ့ လူေတြကသိသင့္တယ္ေလ။ ဘာေၾကာင့္ သူတို႔ဒီလို မေဆာက္ၾကတာလဲ။ ဘာေတြလိုအပ္ေနလို႔လဲ။
ေျဖ - အဓိကက ခုနကေျပာသလိုေပါ့။ ေဈးႏႈန္း ယွဥ္ၿပိဳင္မႈ။ ဝယ္သူက ေဈးႏႈန္းသက္သာမွဝယ္တယ္။ ယွဥ္ေရာင္းရင္။ အဲဒီေတာ့ မဟုတ္မမွန္ေဆာက္တဲ့ လူဆိုတာကလည္းရွိေနတယ္။ ဒါကေတာ့ ဒီႏိုင္ငံမွ မဟုတ္ဘူး ႏိုင္ငံျခားမွာလည္းရွိတယ္။ အခု ယိုးဒယားမွာ ၿပိဳသြားတာဆိုရင္ တ႐ုတ္ေဆာက္တာ။ အဲဒီ ေတာ့ ခိုတဲ့ဟာေတြလည္းရွိတယ္။ စီးပြားေရးသမားကေတာ့ အက်ိဳးအျမတ္ ဘယ္လိုရေအာင္လုပ္မလဲ ဆိုတာပဲေပါ့။ တကယ္ေတာ့ ႏိုင္ငံေတာ္ကလည္း ႀကီးၾကပ္ရမွာ တခ်ိဳ႕ဟာေတြက။ အေႏွာင့္အယွက္ ေပးတာမဟုတ္ဘူးေနာ္။ မွန္လား မမွန္လား သုံးတဲ့ဟာကိုစစ္ခိုင္းတာ။ ဒီမွာက ႀကီးၾကပ္ဆိုရင္ ေသေရာ။ ႀကီးၾကပ္ဆိုတာနဲ႔ လာၿပီဆိုတာနဲ႔ ခြင္ျဖစ္ၿပီဆိုၿပီးေတာ့ လုပ္မရေအာင္ၾကပ္ေတာ့တာဆိုေတာ့ ေငြေပးၿပီး ရင္းႏွီးေအာင္လုပ္တယ္။ ရင္းႏွီးေအာင္လုပ္ၿပီးေတာ့ လုပ္လို႔ လြယ္သြားၿပီဆိုရင္ လုပ္ခ်င္ရာ လုပ္တယ္။ ဒီျမန္မာ ျပည္ရဲ႕ထုံးစံ။ အဲဒီျပႆနာတက္ေနတာ။ တကယ္ျဖစ္သင့္တဲ့ဟာက ကြၽန္ေတာ္ ေျပာျပမယ္။ တကယ္ ေသခ်ာေဆာက္လား မေဆာက္လားဆိုတာကိုပဲ ၾကည့္ခိုင္းတာ။ ပစၥည္းမွန္ သုံးလား မသုံးလား ဆိုတာ ၾကည့္။ အဲဒီေတာ့ အေစာကေျပာသလို ေဈးႏႈန္းမရတဲ့အခါ ရသလိုေဆာက္တယ္။ ဥပမာ အလုပ္ တစ္ခု လက္ခံထားတယ္။ လက္ခံၿပီးေနာက္ေန႔ကစ ေဈးႏႈန္းေတြတက္တယ္။ ရႈံးတယ္။ ရႈံးေတာ့ မျဖစ္ ျဖစ္ေအာင္ လုပ္ၾကတယ္။ မျဖစ္ျဖစ္ေအာင္လုပ္တဲ့အခါက်ေတာ့ ခုနကေျပာသလိုေတြ ျဖစ္လာတယ္။ သိ တယ္။ ေဆာက္တဲ့လူေတြ ဘာလို႔မသိရမွာလဲ။ ကိုယ့္အေဆာက္အအုံ ဘယ္ေလာက္လဲဆိုတာသိတယ္။ ဒါေပမဲ့ မားကက္ၿပိဳင္ဆိုင္မႈနဲ႔ ျဖစ္ေနတဲ့လူက သူမ်ားႏိုင္ငံမွာ အလုပ္လုပ္တယ္ ဆိုတာက ပစၥည္းဝယ္ မရမွာ မပူရဘူး။ ပစၥည္းကို အခ်ိန္မီမေရာက္မွာမပူရဘူး။ ကိုယ့္အလုပ္ကို ေခါင္းေအးေအး နဲ႔လုပ္လို႔ ရ တယ္။ ဒီႏိုင္ငံမွာ ကိုယ့္အလုပ္တစ္ခုကို ေခါင္းေအးေအးနဲ႔ လုပ္လို႔ရတဲ့အလုပ္က ဘာတစ္ခုမွမရွိဘူး။ ခ်ဥ္ ေပါင္း ေရာင္းတဲ့လူပဲၾကည့္။ ဥပမာ သူ႔မွာ ဒီပစၥည္းေတြ စစ္လိုက္တဲ့အခါ အႏၲရာယ္ကင္းဖို႔ဆိုတာ င႐ုတ္ သီးကေကာ ေကာင္းေကာင္းရွိလို႔လား။ သူ႔ Error ျဖစ္ခ်င္မွျဖစ္မယ္ေနာ္။ သူက ဒီပစၥည္းေတြအားလုံးကို မဟုတ္တ႐ုတ္ Chemical ေတြထည့္ရင္ေတာ့ တစ္မ်ိဳးေလ။ ဟုတ္တယ္ မလား။ ဥပမာ သၾကား။ သၾကားက အရည္အေသြးမီတဲ့သၾကားေဈးကြက္ထဲမွာရွိလား။ င႐ုတ္သီးမႈန႔္ အရည္အေသြးမီတာရွိလား။ မႈိတက္မႈန႔္ေတြကိုႀကိတ္တယ္၊ အစုံေရာၿပီးလုပ္တယ္။ အဲဒီ ပစၥည္းေတြကို ထည့္မိရင္ အဲဒီအခ်ဥ္ေပါင္း ကိုသြားစစ္။ ဘယ္လိုမွ FDA Guide Line နဲ႔ ကိုက္ညီမွာမဟုတ္ဘူး။ မႈိပါတယ္ ဘာညာျဖစ္မွာပဲ။ က်န္းမာ ေရးအတြက္ မစားသင့္ဘူးဆိုတာ ျဖစ္မွာပဲ။ အဲဒီေတာ့ ဒီႏိုင္ငံမွာ အလုပ္လုပ္ ရတာ အဲဒီအဆင့္ေတာင္ အဲဒီလိုျပႆနာရွိတယ္။ ဟုတ္တယ္ေနာ္။ အဓိကက ဒီႏိုင္ငံမွာျဖစ္ေနတဲ့ ျပႆနာက ပစၥည္းသြင္းလို႔ မရတဲ့ျပႆနာလည္း ပူရတယ္။ အခ်ိန္မီမေရာက္မွာလည္းပူရတယ္။ ေဒၚ လာေဈးေၾကာင့္ ေဈးေျပာင္း ေနမွာလည္း ပူရတယ္။ စိုးရိမ္မႈေပါင္းမ်ားစြာနဲ႔ အလုပ္လုပ္ရတာ ဒီႏိုင္ငံမွာ။ သူမ်ားႏိုင္ငံမွာ အဲဒီလို မဟုတ္ဘူး။ ကြၽန္ေတာ္ အိမ္ တစ္လုံးေဆာက္မယ္။ ကြၽန္ေတာ္ Developer ဆိုရင္ ဒီဘက္ဂ်က္ လ်ာထား ရင္ ေျပာင္းရင္စၿပီး အာမခံဝယ္လို႔ရတယ္။ အာမခံဝယ္ရင္ ေဈးတက္သြားတာေၾကာင့္ ျဖစ္တာကို အာမခံ ကုမၸဏီကဝင္ခုေပးတာေတြရွိ တယ္။ ဥပမာ ေဒၚလာဝယ္ရမယ္ဆိုရင္ ေဒၚလာကို ဝယ္ထားလိုက္။ အာမခံ တင္ထားလိုက္။ အဲဒီအခါက်ရင္ အဲဒါေၾကာင့္ျဖစ္တာကို ေဆာက္တဲ့ လူကသိတယ္။ အဲဒီေတာ့ သူ႔ေဈးသူ ကိုက္ေအာင္ေဆာက္ၾကတယ္။ အဲဒီလိုဟာမ်ိဳးေတြရွိေနတဲ့ အခါ က်ေတာ့ ဘယ္လိုေျပာမလဲ။ ဒီတိုင္းျပည္က အလုပ္လုပ္ဖို႔ေတာ့ မလြယ္ဘူး။ အမွန္တိုင္းေျပာရင္ မလြယ္ဘူး။ ဥပမာ တံခါး။ ကြၽန္း တံခါးသုံးခ်င္တယ္။ သစ္သားပါေကး သုံးခ်င္တယ္။ ကိုယ္ကေတာ့ မသိဘူး။ စက္႐ုံကိုမွာ လိုက္တာပဲ။ Site ေရာက္ေတာ့မွ အဲဒီသစ္က ခိုးသစ္ ျဖစ္ေနလို႔ဆိုၿပီး ခံလိုက္ရ တာရွိတယ္။ ၿပီးရင္ အဲဒီလိုပဲ လိုင္စင္ မရွိတဲ့သစ္ကိုထိုးထားတဲ့ ပါေကးဆိုၿပီး Site ေရာက္ေတာ့မွ ျပႆနာတက္တယ္။ အဲဒါမ်ိဳးေတြလည္း ရွိတယ္။ ဆိုေတာ့ ဒီႏိုင္ငံက စိတ္ေအးေအးနဲ႔ အလုပ္လုပ္လို႔ရ တဲ့အထဲမွာ မရွိဘူး။ သူမ်ားႏိုင္ငံမွာ အဲဒါ ေတြမရွိဘူး။ ကိုယ့္ဆီေရာက္လာတဲ့ပစၥည္းက တရားဝင္ သူ႔ဟာ နဲ႔သူ လုပ္ပိုင္ခြင့္ေတြ၊ လြတ္လြတ္ လပ္ လပ္ လုပ္လို႔ရတဲ့အတြက္ ေတာ္ေတာ္မ်ားမ်ား ပစၥည္းက တရားဝင္ ေတြခ်ည္းပဲ စီးပြားေရးက။ ဒီမွာ ဘာ လုပ္လုပ္ ဥပေဒနဲ႔လိုက္ၿငိေနသလိုျဖစ္တာ။ အဲဒီေတာ့ စိတ္ေအး ေအးနဲ႔လုပ္လို႔မရဘူး။ အဲဒီဟာေတြ လည္း ရွိတယ္။ အဲဒါေတြေၾကာင့္ျဖစ္လာတဲ့ မထင္မွတ္တဲ့ Cost ေတြ လည္းရွိေနတယ္။ အဲဒီေတာ့ ဘာျဖစ္လာလဲဆိုေတာ့ Developer ေတြ အမ်ားစုလည္း ခိုလာၾကတယ္။ အဲဒီထဲကမွ ငါ့နာမည္ကို ငါ အဆုံးရႈံး ေတာ့မခံႏိုင္ဘူး။ ျဖစ္သေလာက္ေတာ့ ၿပီးေအာင္လုပ္မယ္ဆိုတဲ့လူလည္း ရွိတယ္။ အဲဒီလိုလူမ်ိဳး ေတြ လည္း ရွိတယ္။ အဲဒီလိုလူမ်ိဳးေတြက ဘာျဖစ္သြားလဲဆိုေတာ့ ေနာက္ အလုပ္မလုပ္ခ်င္ဘူး။ ဒီအ လုပ္က လုပ္လို႔အဆင္မေျပပါဘူးဆိုၿပီးေတာ့ လုပ္ငန္းေျပာင္းၿပီး ထြက္ကုန္တဲ့လူနဲ႔ ႏိုင္ငံျခားေျပာင္းတဲ့ လူနဲ႔ ျဖစ္ကုန္ၾကတယ္။ Developer က သူ႔အေဆာက္အအုံေတာ့ သူသိၾကတယ္။ ဘယ္ေလာက္ထိ ေကာင္းလဲ။ ဘာေတြလုပ္ထားလဲဆိုတာသိတယ္။
ေမး - အဲဒါဆိုရင္ လက္ရွိ ရန္ကုန္မွာဆိုရင္ ငလ်င္ဒဏ္ခံႏိုင္တဲ့အေဆာက္အအုံ ဘယ္ေလာက္ေလာက္ရွိ လဲ။ ၿပီးေတာ့ အဲဒီအေဆာက္အအုံေတြကေကာ အျမင့္ဆုံးျပင္းအား ဘယ္ေလာက္ထိ ခံႏိုင္ရည္ရွိႏိုင္ ေလာက္မလဲ။
ေျဖ - အခု ကြၽန္ေတာ့္အျမင္ေပါ့ေနာ္။ လက္ေတြ႕ျပသြားၿပီ။ ရန္ကုန္မွာ ဟိုတစ္ေန႔က (၄ ဒသမ ၈) လား မသိ သူတို႔မွန္းတယ္။ အခုထိမၿပိဳဘူးဆိုရင္ အဲဒီေလာက္ခံတာေတာ့က်ိန္းေသတယ္ ေလာေလာဆယ္။
ေမး - ငလ်င္ဒဏ္ခံ အေဆာက္အအုံကေကာ ဘယ္ေလာက္ေလာက္ရွိမလဲရွင့္။ ရန္ကုန္မွာဆိုရင္။
ေျဖ - ေစာေစာကေျပာတဲ့ (၄ ဒသမ ၈) ေလာက္ေတာ့ ခံႏိုင္ၾကေသးတယ္လို႔မွန္းတယ္။ ဇုန္ကလည္း Weak Zone ထဲမွာပဲရွိေသးတယ္။ ေနာက္တစ္ခါက်ေတာ့ Engineering Calculation မွာလည္း (၂)တို႔ ဘာတို႔ ယူတာရွိတယ္။ ႏွစ္ဆသံသုံးတာတို႔ ဘာတို႔။ Safety Factor သုံးတာကိုး။ Safety ထဲမွာဝင္ေန ေသးတယ္လို႔ ကြၽန္ေတာ္တို႔ထင္တယ္။ ေနာက္တစ္ခုက ဟိုတစ္ေန႔ကလႈပ္တဲ့ငလ်င္ဆို ၾကာတယ္ေျပာ တယ္။ ဒါေပမဲ့ အႀကိမ္ႀကိမ္ အဲဒီလိုလႈပ္ေနရင္ေတာ့ material က ၾကာရင္ အထဲမွာ Bite ျဖစ္လာႏိုင္ တယ္။ သုံးတဲ့ materials ေပါ့ေနာ္။ ႏိုင္ငံျခားမွာက ကြၽန္ေတာ္တို႔ ေက်ာက္ကို ကြန္ကရစ္ေဖ်ာ္တဲ့ ေနရာ မွာမသုံးဘူး အေဆာက္အအုံေဆာက္တဲ့ေနရာမွာ။ ဘာလို႔ဆို ျမစ္ေက်ာက္က ကုပ္အားမေကာင္း ဘူး ေျပာင္ေခ်ာေနလို႔။ ကုပ္အားမေကာင္းတဲ့အတြက္ေၾကာင့္ သံနဲ႔ ၾကားမွာ ဆြဲအားမေကာင္းဘူး။ မေကာင္း ေတာ့ အဲဒီလိုဟာမ်ိဳးကို ေပးမသုံးဘူး။ ေက်ာက္ေတာင္ကေန ေက်ာက္ေတြကို အစိတ္စိတ္ အႁမႊာႁမႊာလုပ္ တဲ့ဟာရွိတယ္။ အဲဒီေကာင္ေတြက ကုပ္အားေကာင္းတယ္။ အဲဒီေတာ့ အဲဒါမ်ိဳးမွ ေပးသုံး တယ္။ ေနာက္ အေစာကေျပာတဲ့ တစ္ထပ္အိမ္ ႏွစ္ထပ္အိမ္ေတြမွာ ဘိလပ္ေျမ ေဖ်ာ္တယ္။ အဲဒီေဖ်ာ္တဲ့ ေဒသကေရက ဆားဓာတ္ပါလားလဲ မသိ၊ ထုံးဓာတ္ပါလားလဲ မသိ။ အဲဒီေရနဲ႔ ေကာက္ေဖ်ာ္တယ္။ အဲဒီထဲမွာဆားဓာတ္ ပါရင္၊ ထုံးဓာတ္ပါရင္ ေရက ကြန္ကရစ္ေတြမွာေဖ်ာ္တာက ေရ အသန႔္နီးပါးနဲ႔ ေဖာ္ျမဴလာနဲ႔ ထုတ္ထား ၿပီးေတာ့ ေဖ်ာ္တဲ့ဟာျဖစ္တယ္။ သဲကေကာ ဘယ္လိုသဲလဲ။ ဥပမာ ပင္လယ္ထြက္တဲ့ သဲဆို မသုံးၾကဘူး အမ်ားစုက။ ပင္လယ္ကထြက္ရင္ ဆားဓာတ္ပါတယ္။ ဆား ဓာတ္ပါတဲ့အခါက်ေတာ့ အဲဒီဆားဓာတ္ကပဲ အဲဒီ သံေခ်ာင္းကို ျပန္စားသြားၿပီးေတာ့ သံေခ်းတက္တယ္။ ပ်က္တယ္။ ေနာက္တစ္ခါ အေစာက ေျပာ တဲ့ ျမစ္ ေက်ာက္ကိုသုံးမယ္ဆိုရင္ အဲဒီေကာင္နဲ႔သံေခ်ာင္းေတြနဲ႔ ဟေနတဲ့ အတြက္ေတာ့ သံက အထဲ ထဲမွာ နည္းနည္းသံေခ်းကိုက္တယ္။ အေစာကေျပာတဲ့ ေရမွာလည္းျပႆနာရွိတယ္။ အဲဒီေတာ့ အကုန္ လုံး က ဂ႐ုစိုက္ၿပီးေဆာက္ရမွာ။ အားလုံးကိုေတာ့ Knowledge ေလးလည္းေပးမွရမွာ။ Materials အရမ္း အေရးႀကီးတယ္။ အခု ဒီမွာျဖစ္ေနတာ Materials ျပႆနာလည္း အမ်ားႀကီးရွိတယ္။ Market ထဲမွာ အဓိကက သံေတြက ဘယ္လိုမွကို အရည္အေသြးမမီဘူး။ သူက ဆိုက္ျပည့္တယ္သာ ေျပာေနၾကတာ။ ဒီဇိုင္းတြက္တဲ့အခါမွာ သံကို Weight နဲ႔တြက္တဲ့အခါက်ေတာ့ တစ္တန္မွာ Weight ဘယ္ေလာက္ေရာ သြားရင္ ဒီ Structure က မွားသြားၿပီ။ အမွန္မျဖစ္ႏိုင္ေတာ့ဘူး။ အလုပ္သမားေတြရဲ႕ ဘယ္ေလာက္ တိက်လဲ အလုပ္လုပ္တာ။ ဒါေပမဲ့ အဲဒီ Error အနည္းအက်ဥ္းေတာ့ ရွိတယ္။ Error ကို ကာဗာေပးထား တဲ့အတြက္ ခုနကေျပာတဲ့ Safety Factor ေတြဘာေတြ တြက္ေတာ့တာပဲ။ Workmanship မွာရွိတဲ့ Error ရွိမယ္။ Materials Error ရွိမယ္။ အဲဒါကိုထည့္တြက္ၿပီးေတာ့မွ Safety Factor ယူထားတာ။ အခု ခ်ိန္က ျပင္ဖို႔အေကာင္းဆုံး။ အားလုံးေၾကာက္ေနတဲ့စိတ္၊ စိုးရိမ္တဲ့ စိတ္ေတြရွိေနတဲ့အခ်ိန္မွာ ျပင္တာ အေကာင္းဆုံးပဲ။ ျပင္ကိုျပင္ရေတာ့မွာ။ အခုမွစတဲ့ဟာေတြ ျပင္ကို ျပင္ရေတာ့မွာ။
(ဆက္လက္ေဖာ္ျပပါမည္)