ဆိုမာလီနိုင်ငံ အလယ်ပိုင်း စစ်ဆေးရေးဂိတ်တစ်ခုမှာ ထရပ်ကား ပေါက်ကွဲမှုဖြစ်ပွား

392

ရောင်နီ (NP News) - စက်တင်ဘာ ၂၄
ဆိုမာလီနိုင်ငံအလယ်ပိုင်း ဟစ်ရှိဘယ်လာပြည်နယ်၊ ဘဲလက်ဝေးနီ မြို့မှာ အာဖရိကခေါင်းဆောင်တွေနဲ့ လက်နက် ကိုင်အဖွဲ့တွေ ထိပ်တိုက်တွေ့နေစဉ်မှာဘဲ ထရပ်ကားဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ ၁၈ ဦးအထိ ရှိခဲ့ တယ်လို့ ဒေသတွင်း ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။
ဟစ်ရှ်ဘယ်လာပြည်နယ် ပြည်ထဲရေးဝန်ကြီး အက်ဒါရက်မန်းဒါဟာဂူရီက လူနေရပ်ကွက်ရှိ လုံခြုံရေးစစ်ဆေးရေး ဂိတ်ကို ပစ်မှတ်ထား ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် လူ ၄ဝ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဟစ်ရှ်ဘယ်လာ လူသားချင်းစာနာထောက်ထားမှုနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် အက်ဒီဖက်တက်မိုဟာမက်ယူဆက်ဖ် က ပြောကြားခဲ့ပါတယ်။
ဒဏ်ရာရရှိသူထဲမှာ အယောက် ၂ဝ ခန့်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။
အယ်လ်ကေးဒါးနဲ့ ဆက်နွယ်နေတဲ့ အယ်လ်ရှာဘတ်လက်နက်ကိုင်အဖွဲ့ကို အစိုးရတပ်ဖွဲ့တွေက စစ်ဆင်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်လာခဲ့တဲ့နောက်မှာ အခုလို လူအသေအပျောက်များတဲ့ ပေါက်ကွဲမှုဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။ ဖြစ်စဉ်မှာ ပေါက်ကွဲစေတတ်တဲ့ကိရိယာတွေ တင်ဆောင်လာတဲ့ ထရပ်ကားတစ်စီး အစိုးရစစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ မျက်မြင်သက်သေတစ်ဦးက ဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် အဲဒီဒေသမှာ အယ်လ်ကေးဒါး၊ အယ်ရှာဘတ်နဲ့ အစိုးရအဖွဲ့တွေအကြား တိုက်ခိုက်မှုတွေဖြစ်နေတာကြောင့် ၎င်းတို့ထဲက တစ်ဖွဲ့ရဲ့လက်ချက်ဖြစ် မယ်လို့ ယူဆထားပါတယ်။
အာဖရိကဦးချိုနိုင်ငံဖြစ်တဲ့ ဆိုမာလီဟာ အယ်လ်ရှာဘတ်နဲ့ ISIS ဆက်စပ်တဲ့ (ISIL) လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်ကိုင်ပုန်ကန်မှုတွေကို ရင်ဆိုင်နေရတာဟာ ၁၅ နှစ်ကြာထိ ရှိခဲ့ပြီဖြစ်ပါတယ်။

Zawgyi Version;
ဆိုမာလီႏိုင္ငံ အလယ္ပိုင္း စစ္ေဆးေရးဂိတ္တစ္ခုမွာ ထရပ္ကား ေပါက္ကြဲမႈျဖစ္ပြား
ေရာင္နီ (NP News) - စက္တင္ဘာ ၂၄
ဆိုမာလီႏိုင္ငံအလယ္ပိုင္း ဟစ္ရွိဘယ္လာျပည္နယ္၊ ဘဲလက္ေဝးနီ ၿမိဳ႕မွာ အာဖရိကေခါင္းေဆာင္ေတြနဲ႔ လက္နက္ ကိုင္အဖြဲ႕ေတြ ထိပ္တိုက္ေတြ႕ေနစဥ္မွာဘဲ ထရပ္ကားဗုံး ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ေသဆုံးသူဦးေရ ၁၈ ဦးအထိ ရွိခဲ့ တယ္လို႔ ေဒသတြင္း ထိပ္တန္းအရာရွိတစ္ဦးက ေျပာပါတယ္။
ဟစ္ရွ္ဘယ္လာျပည္နယ္ ျပည္ထဲေရးဝန္ႀကီး အက္ဒါရက္မန္းဒါဟာဂူရီက လူေနရပ္ကြက္ရွိ လုံၿခဳံေရးစစ္ေဆးေရး ဂိတ္ကို ပစ္မွတ္ထား ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။ ေပါက္ကြဲမႈေၾကာင့္ လူ ၄ဝ ေက်ာ္ ဒဏ္ရာ ရရွိခဲ့တယ္လို႔ ဟစ္ရွ္ဘယ္လာ လူသားခ်င္းစာနာေထာက္ထားမႈနဲ႔ ေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ အက္ဒီဖက္တက္မိုဟာမက္ယူဆက္ဖ္ က ေျပာၾကားခဲ့ပါတယ္။
ဒဏ္ရာရရွိသူထဲမွာ အေယာက္ ၂ဝ ခန္႔ဟာ စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိတယ္လို႔ သိရပါတယ္။
အယ္လ္ေကးဒါးနဲ႔ ဆက္ႏြယ္ေနတဲ့ အယ္လ္ရွာဘတ္လက္နက္ကိုင္အဖြဲ႕ကို အစိုးရတပ္ဖြဲ႕ေတြက စစ္ဆင္ေရးေတြ အရွိန္ျမႇင့္လုပ္ေဆာင္လာခဲ့တဲ့ေနာက္မွာ အခုလို လူအေသအေပ်ာက္မ်ားတဲ့ ေပါက္ကြဲမႈျဖစ္လာခဲ့ျခင္းျဖစ္ပါတယ္။ ျဖစ္စဥ္မွာ ေပါက္ကြဲေစတတ္တဲ့ကိရိယာေတြ တင္ေဆာင္လာတဲ့ ထရပ္ကားတစ္စီး အစိုးရစစ္ေဆးေရးဂိတ္ကို ျဖတ္ေက်ာ္ခ်ိန္မွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္တယ္လို႔ မ်က္ျမင္သက္ေသတစ္ဦးက ဆိုပါတယ္။ အဆိုပါ တိုက္ခိုက္မႈကို ဘယ္အဖြဲ႕က လုပ္ေဆာင္ခဲ့တယ္ဆိုတာ မသိရေသးပါဘူး။ ဒါေပမယ့္ အဲဒီေဒသမွာ အယ္လ္ေကးဒါး၊ အယ္ရွာဘတ္နဲ႔ အစိုးရအဖြဲ႕ေတြအၾကား တိုက္ခိုက္မႈေတြျဖစ္ေနတာေၾကာင့္ ၎တို႔ထဲက တစ္ဖြဲ႕ရဲ႕လက္ခ်က္ျဖစ္ မယ္လို႔ ယူဆထားပါတယ္။
အာဖရိကဦးခ်ိဳႏိုင္ငံျဖစ္တဲ့ ဆိုမာလီဟာ အယ္လ္ရွာဘတ္နဲ႔ ISIS ဆက္စပ္တဲ့ (ISIL) လက္နက္ကိုင္အဖြဲ႕ေတြရဲ႕ လက္နက္ကိုင္ပုန္ကန္မႈေတြကို ရင္ဆိုင္ေနရတာဟာ ၁၅ ႏွစ္ၾကာထိ ရွိခဲ့ၿပီျဖစ္ပါတယ္။